ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မ်က္ႏွာ၊ ႏွာေခါင္းႏွင့္ ပါးမ်ားေပၚမွာ ဝက္ၿခံအမဲစက္ေတြ ထြက္တာကို ျမင္ဖူး၊ ၾကားဖူး သိဖူးၾကပါတယ္။ အဲဒီအတြက္ ေဆးေတြေၾကာ္ျငာတာ ေရာင္းခ်ေနတာလည္း ေတြ႕ဖူးေတာ့ အဆန္းတၾကယ္မဟုတ္လွပါဘူး။ ဒါေပမယ့္ နားၾကပ္မ်ားကို ၾကာၾကာသုံးစြဲျခင္းေၾကာင့္ နားထဲမွာလည္း အလားတူအမဲစက္ေတြ ထြက္လာႏိုင္တယ္လို႔ ေဆးပညာရွင္မ်ားရဲ႕ သတိေပးခ်က္ကေတာ့ ထူးဆန္းေနပါတယ္။

အမဲစက္နဲ႔ ဝက္ၿခံမ်ားဟာ ေဟာ္မုန္းနဲ႔ မ်ိဳး႐ိုးဗီဇေတြေၾကာင့္ ျဖစ္ေပၚႏိုင္သလို ေန႔စဥ္ အေလ့အက်င့္ဆိုးမ်ား ေၾကာင့္လည္း အေရျပားကိုထိခိုက္ေစႏိုင္ပါတယ္။ ဥပမာအေနနဲ႔ေျပာျပရရင္ နားၾကပ္မ်ား အခ်ိန္ၾကာၾကာတပ္ ဆင္သုံးစြဲျခင္းပင္ျဖစ္ပါတယ္။

လူအခ်ိဳ႕ဟာ အားကစားခန္းမေတြ၊ ေက်ာင္း၊ အလုပ္၊ လမ္းမေပၚႏွင့္ အခ်ိန္ၾကာၾကာ ဘတ္စ္ကား စီးတဲ့အခါမွာ နားၾကပ္ကို သီခ်င္းနားေထာင္ဖို႔အသုံးျပဳၾကပါတယ္။ သီခ်င္းနားေထာင္ျခင္းဟာ သင့္ကို စိတ္ေျဖေဖ်ာက္မႈ ေပးစြမ္းႏိုင္ေသာ္လည္း သင့္ရဲ႕ နားထဲမွအေရျပားကို ထိခိုက္ေစႏိုင္ပါတယ္။

ပုံမွန္အားျဖင့္ အမဲစက္ေတြဟာ ႏွာေခါင္းနဲ႔ ပါးတစ္ဝိုက္မွာ အမ်ားဆုံးျဖစ္ေလ့ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအမဲစက္ေတြဟာ နားထဲမွာပါျဖစ္ႏိုင္တယ္ဆိုတာ သင္သိပါသလား။ ၾကားရတာေတာ့ တစ္မ်ိဳးႀကီး ျဖစ္ေန ပါလိမ့္မယ္။ သို႔ပင္မယ့္ ေဆးပညာရွင္မ်ားရဲ႕ အဆိုအရ နားၾကပ္ေတြကို ၾကာၾကာအသုံးျပဳျခင္းဟာ အထက္ပါ အေျခအေနေတြကို ဦးတည္ေစပါတယ္။ နားရဲ႕အျပင္ဘက္ အစိတ္အပိုင္းေတြမွာ ႏွာေခါင္းနဲ႔ ပါးကဲ့သို႔ပင္ အဆီဂလင္းေတြပါေၾကာင္း၊ အဆီဂလင္းေတြဟာ အမဲစက္ေတြကို ျဖစ္ေစေၾကာင္း သိရပါတယ္။

မျဖစ္ေအာင္ကာကြယ္ဖို႔ဆိုရင္ေတာ့ နားအျပင္ဖက္ကို စနစ္တက် သန႔္ရွင္းျခင္းျဖင့္ နားကိုမပိတ္ဆို႔ေအာင္ ျပဳလုပ္ပါ၊ နားၾကပ္အသုံးျပဳခ်ိန္ ေလ်ာ့ခ်ျခင္းကလည္း အသားအေရ ယားယံမႈကို ကာကြယ္ႏိုင္ေၾကာင္း သိရပါတယ္။ တကယ္လို႔ျဖစ္လာခဲ့ရင္လည္း ေရာဂါ ကူးစက္မခံရေအာင္ ကိုယ္တိုင္မျပဳလုပ္သင့္ပဲ ဆရာဝန္ႏွင့္ ျပသင့္ေၾကာင္း သတိေပးထားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
မျက်နှာ၊ နှာခေါင်းနှင့် ပါးများပေါ်မှာ ဝက်ခြံအမဲစက်တွေ ထွက်တာကို မြင်ဖူး၊ ကြားဖူး သိဖူးကြပါတယ်။ အဲဒီအတွက် ဆေးတွေကြော်ငြာတာ ရောင်းချနေတာလည်း တွေ့ဖူးတော့ အဆန်းတကြယ်မဟုတ်လှပါဘူး။ ဒါပေမယ့် နားကြပ်များကို ကြာကြာသုံးစွဲခြင်းကြောင့် နားထဲမှာလည်း အလားတူအမဲစက်တွေ ထွက်လာနိုင်တယ်လို့ ဆေးပညာရှင်များရဲ့ သတိပေးချက်ကတော့ ထူးဆန်းနေပါတယ်။

အမဲစက်နဲ့ ဝက်ခြံများဟာ ဟော်မုန်းနဲ့ မျိုးရိုးဗီဇတွေကြောင့် ဖြစ်ပေါ်နိုင်သလို နေ့စဉ် အလေ့အကျင့်ဆိုးများ ကြောင့်လည်း အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောပြရရင် နားကြပ်များ အချိန်ကြာကြာတပ် ဆင်သုံးစွဲခြင်းပင်ဖြစ်ပါတယ်။

လူအချို့ဟာ အားကစားခန်းမတွေ၊ ကျောင်း၊ အလုပ်၊ လမ်းမပေါ်နှင့် အချိန်ကြာကြာ ဘတ်စ်ကား စီးတဲ့အခါမှာ နားကြပ်ကို သီချင်းနားထောင်ဖို့အသုံးပြုကြပါတယ်။ သီချင်းနားထောင်ခြင်းဟာ သင့်ကို စိတ်ဖြေဖျောက်မှု ပေးစွမ်းနိုင်သော်လည်း သင့်ရဲ့ နားထဲမှအရေပြားကို ထိခိုက်စေနိုင်ပါတယ်။

ပုံမှန်အားဖြင့် အမဲစက်တွေဟာ နှာခေါင်းနဲ့ ပါးတစ်ဝိုက်မှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအမဲစက်တွေဟာ နားထဲမှာပါဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ကြားရတာတော့ တစ်မျိုးကြီး ဖြစ်နေ ပါလိမ့်မယ်။ သို့ပင်မယ့် ဆေးပညာရှင်များရဲ့ အဆိုအရ နားကြပ်တွေကို ကြာကြာအသုံးပြုခြင်းဟာ အထက်ပါ အခြေအနေတွေကို ဦးတည်စေပါတယ်။ နားရဲ့အပြင်ဘက် အစိတ်အပိုင်းတွေမှာ နှာခေါင်းနဲ့ ပါးကဲ့သို့ပင် အဆီဂလင်းတွေပါကြောင်း၊ အဆီဂလင်းတွေဟာ အမဲစက်တွေကို ဖြစ်စေကြောင်း သိရပါတယ်။

မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ နားအပြင်ဖက်ကို စနစ်တကျ သန့်ရှင်းခြင်းဖြင့် နားကိုမပိတ်ဆို့အောင် ပြုလုပ်ပါ၊ နားကြပ်အသုံးပြုချိန် လျော့ချခြင်းကလည်း အသားအရေ ယားယံမှုကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။ တကယ်လို့ဖြစ်လာခဲ့ရင်လည်း ရောဂါ ကူးစက်မခံရအောင် ကိုယ်တိုင်မပြုလုပ်သင့်ပဲ ဆရာဝန်နှင့် ပြသင့်ကြောင်း သတိပေးထားပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top