မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×








Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ရုပ်ကနေ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်ရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ ကျော်ကျော်ဗိုကတော့ လတ်တလောမှာ ပြောင်းလဲလာတဲ့ သူ့ရဲ့ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ထားတာကြောင့် အခုလို ရုပ်ပြောင်းသွားရတာ ဆေးလိပ်ဖြတ်လိုက်တာကြောင့်လို့ အင်တာဗျူးတွေမှာ ဖြေထားတာကြောင့် အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတာပါ။ အခုလည်း သူငယ်ချင်းတစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ကို ဆေးလိပ်ဖြတ်စရာမလိုအောင် လုပ်ပေးလိုက်တဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစနောက်နောက်နဲ့ရေးသားထားတာပါနော်။

ကျော်ကျော်ဗိုကတော့ အရင်ကနဲ့မတူတော့ပဲ အရမ်းကိုပြောင်းလဲပြီး ကြည့်ကောင်းလာတာပါ။

ကျော်ကျော်ဗိုကတော့ “အိမ်ပြန်ရောက် …. လက်ဆောင်တထုတ်တွေ့ Mineral Water ဆိုတာ ( ရေသန့် ) လို့ပဲသိတဲ့သူဆိုတော့ Mineral Powder ( ပေါင်ဒါသန့် ) ဆိုတော့စိတ်ဝင်စားသွားတယ် ဪ …. လက်စသပ်တော့ SAI ကကိုး ကိုကြံ့ကို ပေါင်ဒါသန့် တွေလက်ဆောင်ပေးတဲ့အတွက်ကျေးဇူးပါ စိုင်းစိုင်း ရေ “ SAI ပေါင်ဒါသန့် ရှိနေပြီဆိုတော့ ဆေးလိပ်ဖြတ်စရာမလိုတော့ဘူး ” #SAI” ဆိုပြီး စိုင်းစိုင်းလက်ဆောင်ပေးတဲ့ ပေါင်ဒါလေးကြောင့် ဆေးလိပ်ဖြတ်စရာမလိုတော့ဘူးဆိုတဲ့အကြောင်းကို စစနောက်နောက်နဲ့ရေးသားထားတာပါ။

စိုင်းစိုင်းကတော့ လတ်တလောမှာ ပျိုပျိုမေတို့အတွက် အလှတိုးစေမယ့် ပေါင်ဒါတစ်မျိုးကို ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုနဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ တစ်ဦးနဲ့တစ်ဦး စစနောက်နောက်နဲ့ အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေရော ကျော်ကျော်ဗိုကို ဆေးလိပ်ဖြတ်စရာမလိုအောင် လုပ်ပေးလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို ဘာများပြောချင်ကြပါသေးလဲ?

Source:Kyaw Kyaw Bo’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top