×

ကြ်န္ေတာ္မနက္က အိမ္ကထြက္လာေတာ့

ဒီေန႔ေတာ့ ဝယ္စရာဘာမွမရွိေလာက္ပါဘူးဆိုျပီး ပိုက္ဆံအိပ္ထဲကေငြကို စစ္မၾကည့္ခဲ့ဘူး

တစ္ေန႔လံုး သာမာန္အေသးအဖြဲေလာက္သာသံုးရင္း တကယ္လဲၾကီးၾကီးမားမားမရွိခဲ့ပါဘူး

ညေနအိမ္ျပန္ခါနီးေတာ့ ကြ်န္ေတာ့အလုပ္ထဲကို မထင္မွတ္ဘဲ ကြ်န္ေတာ့မိတ္ေဆြေတြေရာက္လာတယ္ဗ်ာ

ေသခ်ာျပီ အဲ့ဒါေငြကုန္ေပါက္ဘဲ

ဒီလိုညေနမွာ သူတို႔ေရာက္လာရင္ ဆိုင္တစ္ခုခုကိုသြားျပီး စားၾကေသာက္ၾကျပီးမွ အိမ္ျပန္တာထံုးစံပါဘဲ

ကြ်န္ေတာ္က ခ်မ္းသာျပည့္စံုတဲ့သူေတာ့မဟုတ္ပါဘူး

ဒါေပမယ့္ ရင္နွီးတဲ့မိတ္ေဆြေတြၾကားမွာ ဘယ္ေတာ့မွေအာက္က်မခံဘူး

ကြ်န္ေတာ္က ေသာက္တတ္စားတတ္တဲ့သူ သိပ္မဟုတ္ေပမယ့္

ပိုက္ဆံရွင္းရင္ ကိုယ္သာရွင္းလိုက္ရမွဆိုတာမ်ိဳးေပါ့

ဒီလိုနဲ႔ စားေသာက္ဆိုင္တစ္ခုကိုေရာက္ျပီး

စားၾကေသာက္ၾကရင္း ကုန္က်မယ့္အတိုင္းအတာကို ကြ်န္ေတာ္ခန္႔မွန္းၾကည့္လိုက္တယ္

အာပါးးး ဒီေန႔ေတာ့ မနဲဘူးရွင္းရမယ္

ခန္႔မွန္း တစ္သိန္းေက်ာ္ေလာက္ေတာ့က်မယ္လို႔ထင္တယ္

အဲ့ဒါေၾကာင့္ ကြ်န္ေတာ့အိပ္ထဲကေငြကို မသိမသာလွမ္းစစ္လိုက္တဲ့အခါမွာေတာ့

ေငြနွစ္သိန္းေက်ာ္ေလာက္ရွိေနတာေတြ႔လိုက္ရတယ္

ကြ်န္ေတာ္ျပံဳးလိုက္မိတယ္

ဘယ္အခ်ိန္က မိန္းမလုပ္သူက ကြ်န္ေတာ့ရဲ႕ပိုက္ဆံအိပ္ထဲကို ေငြထပ္ျဖည့္ေပးထားလဲဆိုတာ ကြ်န္ေတာ္မွမသိခဲ့တာ

အခုသိရေတာ့မွ မိန္းမလုပ္သူရဲ႕ဂရုစိုက္မူကို စိတ္ထဲကေက်းဇူးတင္မိလိုက္တယ္

စိတ္ထဲမွာအရမ္းကိုေပါ့ပါးသြားျပီး

လုပ္ေလဗ်ာ ထပ္မွာအံုးေလ ေတာ္ၾကာေရခ်ိန္မကိုက္ဘဲေနအံုးမယ္ဟု

ဒကာခံတဲ့သူတို႔ရဲ႕ထံုးစံအတိုင္း စိတ္ၾကိဳက္ထပ္မွာခိုင္းလိုက္ေတာ့ ဝိုင္းကပိုျပီးဆိုေျပသြားတယ္

ဒီလိုနဲ႔ေနာက္ဆံုး ပိုက္ဆံရွင္းတဲ့အခ်္ိန္မွာေတာ့

တစ္သိန္းေက်ာ္ရွင္းလိုက္ရပါတယ္

ဒါနဲ႔ဘဲ ကြ်န္ေတာ္အိမ္ျပန္ခဲ့လိုက္တယ္ဗ်ာ

အိမ္ေရာက္ေတာ့ မိန္းမလုပ္သူကို အိမ္ေပါက္ဝမွာတန္းျပီးေတြ႔လိုက္ရတယ္

မိန္းမအနားကို ကြ်န္ေတာ္ေရာက္တယ္ဆိုရင္ဘဲ

မိန္းမလုပ္သူက စကားအရင္စေျပာတယ္

ေယာက်ၤားဒီေန႔ ပင္ပန္းလာလားေတာ့မသိဘူး

ျဖစ္နိုင္ရင္ မိန္းမကိုသေျပကုန္း ညေနေစ်းကိုလိုက္ပို႔ပါလား

ဒီေန႔အိမ္မွာ အေမတို႔ေတြေရာက္ေနတယ္ အဲ့ဒါေၾကာင့္ ဟင္းခ်က္စရာေလးေတြထပ္ဝယ္ခ်င္လို႔ဟုေျပာေလသည္

ေအာ္ အေမတို႔ေရာက္ေနတာလား အင္းပါကြာ သြားတာေပါ့ဟုဆိုကာ

အိမ္ကိုအလည္လာေသာ အေမတို႔ကို ခရီးဦးၾကိဳစကားေျပာျပီး မိန္းမနဲ႔အတူေစ်းကို ထြက္လာခဲ့လိုက္တယ္

ကြ်န္ေတာ္က မိန္းမနဲ႔အတူ ေစ်းဝယ္ထြက္ခဲတဲ့သူပါ

အထူးသျဖင့္ ကုန္စိမ္းတန္းတို႔ အသားငါးေစ်းတန္းတို႔ဘက္ကို ကြ်န္ေတာ္မေရာက္ျဖစ္ပါဘူး

ဒါေပမယ့္ အခုေတာ့ မိန္းမနဲ႔အတူ ညေစ်းတန္းေလးမွာ ေစ်းဝယ္ဖို႔သူ႔ေဘးကေနလိုက္လာခဲ့လိုက္တယ္

ပထမဦးဆံုး ကြ်န္ေတာ့မိန္းမရဲ႕ ေစ်းဝယ္တာကို ကြ်န္ေတာ္အံ့ၾသသြားတယ္

” ငါးၾကင္းေရႊဝါဘယ္ေစ်းလဲ

‘ တစ္ေထာင္ေစ်းပါသမီး

ေစ်းသည္ကျပန္ေျဖတဲ့ေနာက္မွာေတာ့ ကြ်န္ေတာ့မိန္းမဟာ ဘာမွမေျပာဘဲ အဲ့ဒီ့ေစ်းသည္ကို ေျဖးေျဖးခ်င္းေက်ာ္သြားျပီး ခပ္လွမ္းလွမ္းက

ေနာက္ထပ္ငါးသည္အနားေရာက္ေတာ့

” ငါးၾကင္းေရႊဝါဘယ္ေစ်းလဲ

‘ တစ္ေထာင္ေစ်းေရာင္းတယ္သမီး ဒါေပမယ့္

ရွစ္ရာေစ်းဘဲေပးပါ

ဒီတစ္ခါေတာ့ မိန္းမလုပ္သူက ငါးေတြကိုကိုင္ၾကည့္တယ္

ျပီးေတာ့မွ

” ရွစ္ရာေစ်းဆိုရင္ သံုးဆယ္သားေလာက္ထည့္ေပးပါ ငါးေၾကးခြံခြ်တ္ျပီး တံုးေပးေနာ္အန္တီဟု ေျပာေလသည္

မိန္မလုပ္သူရဲ႕အေနာက္မွာရပ္ေနတဲ့ကြ်န္ေတာ္ဟာ အနဲငယ္ျပံဳးမိတယ္

ပိုက္ဆံနွစ္ရာသက္သာဖို႔ လူရႈပ္ေနတဲ့ညေနေစ်းကို ပတ္ေနတဲ့မိန္းမကို အလကားသက္သက္အပင္ပန္းခံတယ္လို႔အေတြးနဲ႔ေပါ့

ငါးဝယ္ျပီးေတာ့ ဟင္းသီးဟင္းရႊက္ထပ္ဝယ္ျပန္ေတာ့ ပိုေတာင္ဆိုးေနျပန္သည္

ေငြငါးဆယ္တစ္ရာသက္သာဖို႔အတြက္ တစ္ဆိုင္ျပီးတစ္ဆိုင္ ေစ်းစစ္ျပီးဝယ္သည္

ဒီလိုနဲ႔ဘဲ သူ႔စိတ္ကူးနဲ႔ လိုအပ္မယ္ထင္တာေလးေတြကို စိတ္တိုင္းက်ေစ်းစစ္ျပီး ဝယ္လို႔ျပီးတဲ့အခါမွာေတာ့

ကြ်န္ေတာ္တို႔နွစ္ေယာက္ ေစ်းထဲကျပန္ထြက္မည္အျပဳ

ကြ်န္ေတာ့ မိန္းမဟာ ခပ္လွမ္းလွမ္းမွ ေၾကးအိုး/ဆီခ်က္ေရာင္းတဲ့ဆိုင္ေလးကိုလွမ္းေငးေနတာေတြ႔လိုက္ရတယ္

ဒါကိုသိလိုက္တဲ့ကြ်န္ေတာ္က

‘ ဘာျဖစ္လို႔လဲမိန္းမ ေၾကးအိုးေသာက္ခ်င္လို႔လား

မိန္းမေသာက္ခ်င္ရင္ သြားေသာက္ရေအာင္ေလ

” ေသာက္မေနေတာ့ပါဘူးေယာက်ၤားရယ္ အိမ္ျပန္ေရာက္ရင္ ထမင္းစားေတာ့မွာဘဲ အပိုေတြကုန္ပါတယ္ ေနာက္မွဘဲေသာက္ေတာ့မယ္

ျပန္ၾကရေအာင္ေနာ္ ေစ်းဝယ္လို႔လဲစံုေနျပီဘဲဟုဆိုကာ ေစ်းထဲမွလွည့္ထြက္လာခဲ့လိုက္တဲ့အခါ

ကြ်န္ေတာ့စိတ္ထဲလံုးဝမေကာင္းခဲ့ဘူး

ေစ်းဆြဲျခင္းကို လက္တစ္ဖက္နဲ႔ဆြဲထားတဲ့ကြ်န္ေတာ္ဟာ က်န္လက္တစ္ဖက္ကို မိန္းမရဲ႕ပုခံုးေလးကိုဖတ္လိုက္တယ္

ျပီးေတာ့နွစ္ေယာက္အတူ ညေစ်းတန္းေလးကိုေက်ာခိုင္းခဲ့လိုက္ပါတယ္

ကြ်န္ေတာ့အေတြးထဲမွာေတာ့

ညေနအလုပ္ကအျပန္မွာ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ေသာက္စားျဖဳန္းတီးတဲ့ ေငြတစ္သိန္းေက်ာ္နဲ႔

အခုညေစ်းတန္းေလးမွာ အပင္ပန္းခံျပီးေစ်းစစ္ဝယ္ေနတဲ့ မိန္းမရဲ႕အျပဳအမူေတြကို နိုင္းယွဥ္ေနမိတယ္

ကြ်န္ေတာ္ဟာ ေတာ္ေတာ္အသံုးမက်တဲ့လူတစ္ေယာက္လို႔လဲ ခံစားရတယ္

ငါးဆယ္တစ္ရာကိုေတာင္ အပင္ပန္းခံျပီး ေစ့ေစ့စပ္စပ္လုပ္တတ္တဲ့မိန္းမရဲ႕ အလိုက္တစ္သိနဲ႔ ျဖည့္ေပးထားေသာ

သိန္းခ်ီတဲ့ေငြကို အလြယ္တကူသံုးျဖဳန္းျပစ္မိပါလားလို႔ေပါ့

ဒီလိုအျဖစ္ေတြက အၾကိမ္ေပါင္းေျမာက္မ်ားစြာရွိခဲ့ျပီဘဲ

ကြ်န္ေတာ္ဒီအေၾကာင္းေလးနဲ႔ပတ္သက္ျပီး အဓိကေျပာခ်င္တာကေတာ့

မ်ားေသာအားျဖင့္ေပါ့ေလ ကြ်န္ေတာ္တို႔ေယာက်ၤားေတြဟာ

ဇနီးမယားကိုေတာ့ သူတို႔မျမင္နိုင္တဲ့ ျပင္ပကမဟုတ္တဲ့ အေၾကာင္းေတြကိုျပျပီး

သံုးခ်င္တိုင္းသံုး ျဖဳန္းခ်င္တိုင္းျဖဳန္းတတ္ျပီး

အိမ္ကဇနီးမယားရဲ႕ ခ်ိဳးျခံေျခြတာတဲ့ အက်င့္ေကာင္းေလးေတြကို ေမ့ေနတတ္ၾကတယ္

မိမိကိုဂရုစိုက္ျခင္းေတြကိုေမ့ေနတတ္ၾကတယ္

တကယ္ဆိုရင္ ကြ်န္ေတာ္တို႔ေယာက်ၤားေတြက

အိမ္ေထာင္မူအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္ရမယ့္သူေတြမဟုတ္လား

ကြ်န္ေတာ္တို႔ေတြက မွားေနတယ္ဆိုရင္ လြန္တာေတြရွိေနတယ္ဆိုရင္ေတာ့

ဆင္ျခင္သင့္ပါတယ္ဗ်ာ

ဇနီးမယားကိုခ်စ္တတ္မယ္ဆိုရင္ေပါ့

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Zaw Latt
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်မနက်က အိမ်ကထွက်လာတော့

ဒီနေ့တော့ ဝယ်စရာဘာမှမရှိလောက်ပါဘူးဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး

တစ်နေ့လုံး သာမာန်အသေးအဖွဲလောက်သာသုံးရင်း တကယ်လဲကြီးကြီးမားမားမရှိခဲ့ပါဘူး

ညနေအိမ်ပြန်ခါနီးတော့ ကျွန်တော့အလုပ်ထဲကို မထင်မှတ်ဘဲ ကျွန်တော့မိတ်ဆွေတွေရောက်လာတယ်ဗျာ

သေချာပြီ အဲ့ဒါငွေကုန်ပေါက်ဘဲ

ဒီလိုညနေမှာ သူတို့ရောက်လာရင် ဆိုင်တစ်ခုခုကိုသွားပြီး စားကြသောက်ကြပြီးမှ အိမ်ပြန်တာထုံးစံပါဘဲ

ကျွန်တော်က ချမ်းသာပြည့်စုံတဲ့သူတော့မဟုတ်ပါဘူး

ဒါပေမယ့် ရင်နှီးတဲ့မိတ်ဆွေတွေကြားမှာ ဘယ်တော့မှအောက်ကျမခံဘူး

ကျွန်တော်က သောက်တတ်စားတတ်တဲ့သူ သိပ်မဟုတ်ပေမယ့်

ပိုက်ဆံရှင်းရင် ကိုယ်သာရှင်းလိုက်ရမှဆိုတာမျိုးပေါ့

ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုကိုရောက်ပြီး

စားကြသောက်ကြရင်း ကုန်ကျမယ့်အတိုင်းအတာကို ကျွန်တော်ခန့်မှန်းကြည့်လိုက်တယ်

အာပါးးး ဒီနေ့တော့ မနဲဘူးရှင်းရမယ်

ခန့်မှန်း တစ်သိန်းကျော်လောက်တော့ကျမယ်လို့ထင်တယ်

အဲ့ဒါကြောင့် ကျွန်တော့အိပ်ထဲကငွေကို မသိမသာလှမ်းစစ်လိုက်တဲ့အခါမှာတော့

ငွေနှစ်သိန်းကျော်လောက်ရှိနေတာတွေ့လိုက်ရတယ်

ကျွန်တော်ပြုံးလိုက်မိတယ်

ဘယ်အချိန်က မိန်းမလုပ်သူက ကျွန်တော့ရဲ့ပိုက်ဆံအိပ်ထဲကို ငွေထပ်ဖြည့်ပေးထားလဲဆိုတာ ကျွန်တော်မှမသိခဲ့တာ

အခုသိရတော့မှ မိန်းမလုပ်သူရဲ့ဂရုစိုက်မူကို စိတ်ထဲကကျေးဇူးတင်မိလိုက်တယ်

စိတ်ထဲမှာအရမ်းကိုပေါ့ပါးသွားပြီး

လုပ်လေဗျာ ထပ်မှာအုံးလေ တော်ကြာရေချိန်မကိုက်ဘဲနေအုံးမယ်ဟု

ဒကာခံတဲ့သူတို့ရဲ့ထုံးစံအတိုင်း စိတ်ကြိုက်ထပ်မှာခိုင်းလိုက်တော့ ဝိုင်းကပိုပြီးဆိုပြေသွားတယ်

ဒီလိုနဲ့နောက်ဆုံး ပိုက်ဆံရှင်းတဲ့အချိန်မှာတော့

တစ်သိန်းကျော်ရှင်းလိုက်ရပါတယ်

ဒါနဲ့ဘဲ ကျွန်တော်အိမ်ပြန်ခဲ့လိုက်တယ်ဗျာ

အိမ်ရောက်တော့ မိန်းမလုပ်သူကို အိမ်ပေါက်ဝမှာတန်းပြီးတွေ့လိုက်ရတယ်

မိန်းမအနားကို ကျွန်တော်ရောက်တယ်ဆိုရင်ဘဲ

မိန်းမလုပ်သူက စကားအရင်စပြောတယ်

ယောင်္ကျားဒီနေ့ ပင်ပန်းလာလားတော့မသိဘူး

ဖြစ်နိုင်ရင် မိန်းမကိုသပြေကုန်း ညနေဈေးကိုလိုက်ပို့ပါလား

ဒီနေ့အိမ်မှာ အမေတို့တွေရောက်နေတယ် အဲ့ဒါကြောင့် ဟင်းချက်စရာလေးတွေထပ်ဝယ်ချင်လို့ဟုပြောလေသည်

အော် အမေတို့ရောက်နေတာလား အင်းပါကွာ သွားတာပေါ့ဟုဆိုကာ

အိမ်ကိုအလည်လာသော အမေတို့ကို ခရီးဦးကြိုစကားပြောပြီး မိန်းမနဲ့အတူဈေးကို ထွက်လာခဲ့လိုက်တယ်

ကျွန်တော်က မိန်းမနဲ့အတူ ဈေးဝယ်ထွက်ခဲတဲ့သူပါ

အထူးသဖြင့် ကုန်စိမ်းတန်းတို့ အသားငါးဈေးတန်းတို့ဘက်ကို ကျွန်တော်မရောက်ဖြစ်ပါဘူး

ဒါပေမယ့် အခုတော့ မိန်းမနဲ့အတူ ညဈေးတန်းလေးမှာ ဈေးဝယ်ဖို့သူ့ဘေးကနေလိုက်လာခဲ့လိုက်တယ်

ပထမဦးဆုံး ကျွန်တော့မိန်းမရဲ့ ဈေးဝယ်တာကို ကျွန်တော်အံ့သြသွားတယ်

” ငါးကြင်းရွှေဝါဘယ်ဈေးလဲ

‘ တစ်ထောင်ဈေးပါသမီး

ဈေးသည်ကပြန်ဖြေတဲ့နောက်မှာတော့ ကျွန်တော့မိန်းမဟာ ဘာမှမပြောဘဲ အဲ့ဒီ့ဈေးသည်ကို ဖြေးဖြေးချင်းကျော်သွားပြီး ခပ်လှမ်းလှမ်းက

နောက်ထပ်ငါးသည်အနားရောက်တော့

” ငါးကြင်းရွှေဝါဘယ်ဈေးလဲ

‘ တစ်ထောင်ဈေးရောင်းတယ်သမီး ဒါပေမယ့်

ရှစ်ရာဈေးဘဲပေးပါ

ဒီတစ်ခါတော့ မိန်းမလုပ်သူက ငါးတွေကိုကိုင်ကြည့်တယ်

ပြီးတော့မှ

” ရှစ်ရာဈေးဆိုရင် သုံးဆယ်သားလောက်ထည့်ပေးပါ ငါးကြေးခွံချွတ်ပြီး တုံးပေးနော်အန်တီဟု ပြောလေသည်

မိန်မလုပ်သူရဲ့အနောက်မှာရပ်နေတဲ့ကျွန်တော်ဟာ အနဲငယ်ပြုံးမိတယ်

ပိုက်ဆံနှစ်ရာသက်သာဖို့ လူရှုပ်နေတဲ့ညနေဈေးကို ပတ်နေတဲ့မိန်းမကို အလကားသက်သက်အပင်ပန်းခံတယ်လို့အတွေးနဲ့ပေါ့

ငါးဝယ်ပြီးတော့ ဟင်းသီးဟင်းရွှက်ထပ်ဝယ်ပြန်တော့ ပိုတောင်ဆိုးနေပြန်သည်

ငွေငါးဆယ်တစ်ရာသက်သာဖို့အတွက် တစ်ဆိုင်ပြီးတစ်ဆိုင် ဈေးစစ်ပြီးဝယ်သည်

ဒီလိုနဲ့ဘဲ သူ့စိတ်ကူးနဲ့ လိုအပ်မယ်ထင်တာလေးတွေကို စိတ်တိုင်းကျဈေးစစ်ပြီး ဝယ်လို့ပြီးတဲ့အခါမှာတော့

ကျွန်တော်တို့နှစ်ယောက် ဈေးထဲကပြန်ထွက်မည်အပြု

ကျွန်တော့ မိန်းမဟာ ခပ်လှမ်းလှမ်းမှ ကြေးအိုး/ဆီချက်ရောင်းတဲ့ဆိုင်လေးကိုလှမ်းငေးနေတာတွေ့လိုက်ရတယ်

ဒါကိုသိလိုက်တဲ့ကျွန်တော်က

‘ ဘာဖြစ်လို့လဲမိန်းမ ကြေးအိုးသောက်ချင်လို့လား

မိန်းမသောက်ချင်ရင် သွားသောက်ရအောင်လေ

” သောက်မနေတော့ပါဘူးယောင်္ကျားရယ် အိမ်ပြန်ရောက်ရင် ထမင်းစားတော့မှာဘဲ အပိုတွေကုန်ပါတယ် နောက်မှဘဲသောက်တော့မယ်

ပြန်ကြရအောင်နော် ဈေးဝယ်လို့လဲစုံနေပြီဘဲဟုဆိုကာ ဈေးထဲမှလှည့်ထွက်လာခဲ့လိုက်တဲ့အခါ

ကျွန်တော့စိတ်ထဲလုံးဝမကောင်းခဲ့ဘူး

ဈေးဆွဲခြင်းကို လက်တစ်ဖက်နဲ့ဆွဲထားတဲ့ကျွန်တော်ဟာ ကျန်လက်တစ်ဖက်ကို မိန်းမရဲ့ပုခုံးလေးကိုဖတ်လိုက်တယ်

ပြီးတော့နှစ်ယောက်အတူ ညဈေးတန်းလေးကိုကျောခိုင်းခဲ့လိုက်ပါတယ်

ကျွန်တော့အတွေးထဲမှာတော့

ညနေအလုပ်ကအပြန်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သောက်စားဖြုန်းတီးတဲ့ ငွေတစ်သိန်းကျော်နဲ့

အခုညဈေးတန်းလေးမှာ အပင်ပန်းခံပြီးဈေးစစ်ဝယ်နေတဲ့ မိန်းမရဲ့အပြုအမူတွေကို နိုင်းယှဉ်နေမိတယ်

ကျွန်တော်ဟာ တော်တော်အသုံးမကျတဲ့လူတစ်ယောက်လို့လဲ ခံစားရတယ်

ငါးဆယ်တစ်ရာကိုတောင် အပင်ပန်းခံပြီး စေ့စေ့စပ်စပ်လုပ်တတ်တဲ့မိန်းမရဲ့ အလိုက်တစ်သိနဲ့ ဖြည့်ပေးထားသော

သိန်းချီတဲ့ငွေကို အလွယ်တကူသုံးဖြုန်းပြစ်မိပါလားလို့ပေါ့

ဒီလိုအဖြစ်တွေက အကြိမ်ပေါင်းမြောက်များစွာရှိခဲ့ပြီဘဲ

ကျွန်တော်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး အဓိကပြောချင်တာကတော့

များသောအားဖြင့်ပေါ့လေ ကျွန်တော်တို့ယောင်္ကျားတွေဟာ

ဇနီးမယားကိုတော့ သူတို့မမြင်နိုင်တဲ့ ပြင်ပကမဟုတ်တဲ့ အကြောင်းတွေကိုပြပြီး

သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းတတ်ပြီး

အိမ်ကဇနီးမယားရဲ့ ချိုးခြံခြွေတာတဲ့ အကျင့်ကောင်းလေးတွေကို မေ့နေတတ်ကြတယ်

မိမိကိုဂရုစိုက်ခြင်းတွေကိုမေ့နေတတ်ကြတယ်

တကယ်ဆိုရင် ကျွန်တော်တို့ယောင်္ကျားတွေက

အိမ်ထောင်မူအတွက် ရှေ့ဆောင်လမ်းပြဖြစ်ရမယ့်သူတွေမဟုတ်လား

ကျွန်တော်တို့တွေက မှားနေတယ်ဆိုရင် လွန်တာတွေရှိနေတယ်ဆိုရင်တော့

ဆင်ခြင်သင့်ပါတယ်ဗျာ

ဇနီးမယားကိုချစ်တတ်မယ်ဆိုရင်ပေါ့

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Zaw Latt
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top