ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ထိုင္းနိုင္ငံ မယ္ဆိုင္ရွိ ထမ္ေလာင္းလွိုဏ္ဂူအတြင္း ပိတ္မိေနခဲ့သူ ၁၃ ဦးထဲမွ အသက္ ၂၅ ႏွစ္အရြယ္ ေဘာလုံးနည္းျပျဖစ္သူ Ekkapol အပါအဝင္ ၃ ဦးမွာ ေနရပ္မဲ့ေနသူမ်ားျဖစ္ၾကၿပီး သူတို႔ ၃ ဦးကို ထိုင္းအစိုးရက နိုင္ငံသားအျဖစ္ အသိမွတ္ျပဳကာ နိုင္ငံသားကတ္မ်ား ထုတ္ေပးသြားမည္ျဖစ္သည္။

ခ်ဳင္းရိုင္ေဒသရွိ လွိုဏ္ဂူထဲမွ လြတ္ေျမာက္လာသူ ၁၃ ဦးထဲမွ ၃ ဦးဟာ ေနရပ္မဲ့သူမ်ား ျဖစ္ေနၾကေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌါနနဲ႔ ကေလးနဲ႔ လူငယ္ေစာင့္ေရွာက္ေရးဌါနမွ အတည္ျပဳေျပာၾကားခဲ့သည္။

Ekkapol Chantawong ၊ Phonchai Khamluang နဲ႔ Adul Sam-on တို႔ ၃ ဦးဟာ ေနရပ္မဲ့သူမ်ားအျဖစ္ သတ္မွတ္ခံထားရၿပီး ထိုသူ ၃ ဦးကို နိုင္ငံသားျဖစ္ေရးအတြက္ လိုအပ္ေသာ အခက္လက္မ်ား စစ္ေဆးသြားမည္ျဖစ္ၿပီး အခ်က္လက္မ်ား ျပည့္စုံပါက ၆ လအတြင္း နိုင္ငံသားကတ္ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ကတိျပဳခဲ့ၾကသည္။

ထိုင္းနိုင္ငံမွာ ေနရပ္မဲ့သူမ်ားအျဖစ္ သတ္မွတ္ခံထားရသ ၅ သိန္းေက်ာ္ရွိေနပါတယ္။ ေနရပ္မဲ့သူေတြဟာ ဥပေဒအရ အခြင့္အေရးသာတူညီမၽွ မရရွိၾကပါဘူး။ သူတို႔ေတြဟာ နိုင္ငံရဲ့ ျပင္ပကို ခရီးသြားလာခြင့္၊ ျမင့္မားတဲ့ ပညာေရးသင္ယူခြင့္၊ အခ်ိဳ႕အလုပ္ေတြကို လုပ္ကိုင္ခြင့္ မရၾကတဲ့အတြက္ သူတို႔ဘဝအတြက္ အခြင့္အေရးနဲ႔ တက္လမ္းဟာ ကန႔္သတ္ခ်က္ေတြနဲ႔ ပိတ္ပင္ခံထားရပါတယ္။

ေနရပ္မဲ့သူေတြအေနနဲ႔ သက္ဆိုင္ရာေဒသမွာ နိုင္ငံသားျဖစ္ခြင့္ ေလၽွာက္ထားနိုင္ပါတယ္။ ဒီလိုေလၽွာက္ထားဖို႔အတြက္ ထိုင္းနိုင္ငံမွာ ေမြးဖြားရမယ္၊ မိဘေတြဟာ ထိုင္းနိုင္ငံသားျဖစ္ရမယ္ ဆိုတဲ့ အခ်က္လက္ေတြကို သက္ေသျပနိုင္ဖို႔လိုပါတယ္၊ ဒါေပမယ့္ ဒီလိုအခ်က္လက္ေတြနဲ႔ ေလၽွာက္ထားၿပီး နိုင္ငံသားျဖစ္ခြင့္ရဖို႔ ဆယ္စုႏွစ္ေက်ာ္ၾကာေစာင့္ဆိုင္းေနတဲ့ သူေတြရွိပါတယ္။ ဌါနရဲ့ လုပ္ငန္းစဥ္ေတြက ေႏွးေကြးပါတယ္လို႔ လူ႔အခြင့္ေရးလွုပ္ရွားသူ Surapond Kongchantuk က ေျပာဆိုပါတယ္။

အခုလြတ္ေျမာက္လာသူေတြထဲက ၃ ေယာက္ဟာ ေနရပ္မဲ့သူေတြ ျဖစ္ေနတာေၾကာင့္ က်န္ေနရပ္မဲ့ေနတဲ့သူေတြ အခြင့္အေရးကို အမ်ားျပည္သူက အာ႐ုံစိုက္လာနိုင္ၿပီး အစိုးရအေနနဲ႔ အေျဖရွာကို ရွာေပးရေတာ့မယ့္ အေျခေနျဖစ္လာပါတယ္လို႔ သူက ဆက္လက္ေျပာဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်းလှိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သူ ၁၃ ဦးထဲမှ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်သူ Ekkapol အပါအဝင် ၃ ဦးမှာ နေရပ်မဲ့နေသူများဖြစ်ကြပြီး သူတို့ ၃ ဦးကို ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိမှတ်ပြုကာ နိုင်ငံသားကတ်များ ထုတ်ပေးသွားမည်ဖြစ်သည်။

ချုင်းရိုင်ဒေသရှိ လှိုဏ်ဂူထဲမှ လွတ်မြောက်လာသူ ၁၃ ဦးထဲမှ ၃ ဦးဟာ နေရပ်မဲ့သူများ ဖြစ်နေကြကြောင်း ပြည်ထဲရေးဝန်ကြီးဌါနနဲ့ ကလေးနဲ့ လူငယ်စောင့်ရှောက်ရေးဌါနမှ အတည်ပြုပြောကြားခဲ့သည်။

Ekkapol Chantawong ၊ Phonchai Khamluang နဲ့ Adul Sam-on တို့ ၃ ဦးဟာ နေရပ်မဲ့သူများအဖြစ် သတ်မှတ်ခံထားရပြီး ထိုသူ ၃ ဦးကို နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်သော အခက်လက်များ စစ်ဆေးသွားမည်ဖြစ်ပြီး အချက်လက်များ ပြည့်စုံပါက ၆ လအတွင်း နိုင်ငံသားကတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ကတိပြုခဲ့ကြသည်။

ထိုင်းနိုင်ငံမှာ နေရပ်မဲ့သူများအဖြစ် သတ်မှတ်ခံထားရသ ၅ သိန်းကျော်ရှိနေပါတယ်။ နေရပ်မဲ့သူတွေဟာ ဥပဒေအရ အခွင့်အရေးသာတူညီမျှ မရရှိကြပါဘူး။ သူတို့တွေဟာ နိုင်ငံရဲ့ ပြင်ပကို ခရီးသွားလာခွင့်၊ မြင့်မားတဲ့ ပညာရေးသင်ယူခွင့်၊ အချို့အလုပ်တွေကို လုပ်ကိုင်ခွင့် မရကြတဲ့အတွက် သူတို့ဘဝအတွက် အခွင့်အရေးနဲ့ တက်လမ်းဟာ ကန့်သတ်ချက်တွေနဲ့ ပိတ်ပင်ခံထားရပါတယ်။

နေရပ်မဲ့သူတွေအနေနဲ့ သက်ဆိုင်ရာဒေသမှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ပါတယ်။ ဒီလိုလျှောက်ထားဖို့အတွက် ထိုင်းနိုင်ငံမှာ မွေးဖွားရမယ်၊ မိဘတွေဟာ ထိုင်းနိုင်ငံသားဖြစ်ရမယ် ဆိုတဲ့ အချက်လက်တွေကို သက်သေပြနိုင်ဖို့လိုပါတယ်၊ ဒါပေမယ့် ဒီလိုအချက်လက်တွေနဲ့ လျှောက်ထားပြီး နိုင်ငံသားဖြစ်ခွင့်ရဖို့ ဆယ်စုနှစ်ကျော်ကြာစောင့်ဆိုင်းနေတဲ့ သူတွေရှိပါတယ်။ ဌါနရဲ့ လုပ်ငန်းစဉ်တွေက နှေးကွေးပါတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Surapond Kongchantuk က ပြောဆိုပါတယ်။

အခုလွတ်မြောက်လာသူတွေထဲက ၃ ယောက်ဟာ နေရပ်မဲ့သူတွေ ဖြစ်နေတာကြောင့် ကျန်နေရပ်မဲ့နေတဲ့သူတွေ အခွင့်အရေးကို အများပြည်သူက အာရုံစိုက်လာနိုင်ပြီး အစိုးရအနေနဲ့ အဖြေရှာကို ရှာပေးရတော့မယ့် အခြေနေဖြစ်လာပါတယ်လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top