မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ဇူလိုင္လ ၈ ရက္ေန့ ညေန ၄ နာရီအခ်ိန္ခန့္တြင္ ရာဘာ ျခံအနီး ခ်ိန္းေတြ ့ေနၾကေသာ ခ်စ္သူစုံတြဲအား လူတစ္ေယာက္က ဓါးျဖင့္ေထာက္ျပီး လက္ကိုင္ဖုန္းကို လုယူသြားခဲ့သည္ဟု သိရသည္ ။

ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္ မိုးညွင္းျမိဳ ့ရာဘာျခံအနီးတြင္ မ --------- သည္ ခ်စ္သူႏွင့္ခ်ိန္းေတြ ့ေနစဥ္ အမည္မသိအမ်ိဳးသားတဦးက ေရာက္လာျပီး မ -------- အား ဓါးျဖင့္ေထာက္၍ေငြ (၂၀၀၀၀) က်ပ္ေတာင္းခံခဲ့ရာေငြ (၂၀၀၀၀) က်ပ္မပါသျဖင့္ VIVO ဖုန္းအမ်ိဳးအစားကို လုယူသြားခဲ့သည္ ။ အဆိုပါ အမည္မသိအမ်ိဳးသားက မ ------ အားဓါးျဖင့္ေထာက္လ်က္ ကိုက္ ( ၁၀၀ ) ခန့္ အကြာထိေခၚေဆာင္သြားျပီးေနာက္ မ -------- ၏ ပါးအားနမ္းကား ထြက္ေျပးသြားခဲ့သည္ ။

မိခင္ျဖစ္သူက အဆိုပါျဖစ္စဥ္အား ၾကားသိရသျဖင့္ သမီးျဖစ္သူကို ေမးျမန္းစုံစမ္းခဲ့ျပီးေနာက္ ဇူလိုင္လ ၉ ရက္ေန့ ညေန ၆ နာရီအခ်ိန္တြင္ မိုးညွင္းျမိဳ ့မရဲစခန္း၌ အမွဳဖြင့္လွစ္ခဲ့သည္ ။ ထိုရာတြင္ ရဲတပ္ဖြဲ ့မ်ားက တရားခံအား အျမန္ဆုံးစုံစမ္းရွာေဖြၾကရာ ျဖစ္မွုက်ဴးလြန္သူ ေအာင္ေက်ာ္ျဖိဳးဆိုသူကို ၄င္းေနထိုင္ရာ ေအာင္သေျပ ၃ ရပ္ကြက္ေနအိမ္တြင္ သက္ေသခံ ပစၥည္းနွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ျပီး ျပစ္မႈက်ဴးလြန္သူ ေအာင္ေက်ာ္ျဖိဳး ၂၅ ႏွစ္ကို မိုးညွင္းျမိဳ ့မရဲစခန္းမွ တရားဥပေဒႏွင့္အညီ အမႈဖြင့္ အေရးယူ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY

#Unicode Version#
 ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ရာဘာခြံအနီး ချိန်းတွေ့နေကြသော ချစ်သူစုံတွဲအား လူတစ်ယောက်က ဓါးဖြင့်ထောက်ပြီး လက်ကိုင်ဖုန်းကို လုယူသွားခဲ့သည်ဟု သိရသည် ။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့ရာဘာခြံအနီးတွင် မ --------- သည် ချစ်သူနှင့်ချိန်းတွေ့နေစဉ် အမည်မသိအမျိုးသားတဦးက ရောက်လာပြီး မ -------- အား ဓါးဖြင့်ထောက်၍ငွေ (၂၀၀၀၀) ကျပ်တောင်းခံခဲ့ရာငွေ (၂၀၀၀၀) ကျပ်မပါသဖြင့် VIVO ဖုန်းအမျိုးအစားကို လုယူသွားခဲ့သည် ။ အဆိုပါ အမည်မသိအမျိုးသားက မ ------ အားဓါးဖြင့်ထောက်လျက် ကိုက် ( ၁၀၀ ) ခန့် အကွာထိခေါ်ဆောင်သွားပြီးနောက် မ -------- ၏ ပါးအားနမ်းကား ထွက်ပြေးသွားခဲ့သည် ။

မိခင်ဖြစ်သူက အဆိုပါဖြစ်စဉ်အား ကြားသိရသဖြင့် သမီးဖြစ်သူကို မေးမြန်းစုံစမ်းခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မိုးညှင်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည် ။ ထိုရာတွင် ရဲတပ်ဖွဲ့များက တရားခံအား အမြန်ဆုံးစုံစမ်းရှာဖွေကြရာ ဖြစ်မှုကျူးလွန်သူ အောင်ကျော်ဖြိုးဆိုသူကို ၎င်းနေထိုင်ရာ အောင်သပြေ ၃ ရပ်ကွက်နေအိမ်တွင် သက်သေခံ ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ အောင်ကျော်ဖြိုး ၂၅ နှစ်ကို မိုးညှင်းမြို့မရဲစခန်းမှ တရားဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top