iMyanmarHouse.com - Best Property Website for Myanmar
×






#Unicode Version#


လက်ရှိမှာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ကတော့ နေတိုးပဲဖြစ်ပါတယ်။ ဟာသရော၊ ဒရာမာပါ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ ပရိသတ်အချစ်တော် နေတိုးကတော့ လူပျိုကြီးဘဝကနေ ကျွတ်ဖို့ နီးစပ်လာလို့ လာပြီလို့ ဆိုရမှာပါ။

ယနေ့မှာတော့ လူမှုစာမျက်နှာပေါ်မှာ သရုပ်ဆောင်နေတိုးရဲ့ ချစ်သူလို့ သတင်းတွေထွက်ပေါ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်တွေကတော့ ထွက်ပေါ်လာပါတယ်။ဇွန်လေးဖြူဟာ မော်လမြိုင်ကို ပြောင်းလာတဲ့ မာန်အောင်သူလေးဖြစ်ပြီး ရခိုင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်လို့နေပါတယ်။သူမဟာ Rose Rider ထဲမှ မင်းသမီးလေးလည်းဖြစ်ပါတယ်။ အချစ်ရေးမှာ သိုသိုသိပ်သိပ်နေတတ်တဲ့ နေတိုးဟာ များမကြာမီကာလမှာ ပရိတ်သတ်တွေကို အချစ်ရေးနဲ့ ပတ်သက်ပြီး အသိပေးသွားမယ်လို့လဲ ကြေငြာထားပါသေးတယ်။

ချစ်ပရိသတ်တွေကလည်း အနုပညာအလုပ်တွေဖိလုပ်နေပြီး နှလုံးသားရေးလမ်းကြောင်းဘက်ကိုခြေဦးမလှည့်သေးတဲ့ လူပျိုကြီးနေတိုးရဲ့ မင်္ဂလာသတင်းလေးကိုလည်း ကြားချင်နေကြမယ်လို့ ထင်ပါတယ်။နေတိုးတစ်ယောက် လူပျိုကြီးဘဝကကျွတ်လွတ်ပြီး ပရိသတ်တွေနဲ့ ထပ်တူဝမ်းသာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးတစ်ခု အမှန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ဆုတောင်းပေးကြပါအုန်းနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:  http://www.petimyanmar.com
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top