န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အခ်စ္ဆိုတာ အရမ္းထူးဆန္း လွ်ိဳ႕ဝွက္ဆန္းၾကယ္ေပမဲ့ ကံတရားဆိုတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သုေတသန ေတြအရ Relationship တစ္ခုမွာ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ရံုေလးတင္မဟုတ္ဘဲ ေဟာ္မုန္း၊ လူတစ္ေယာက္ရဲ႕ အေတြးအျမင္၊ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ စိတ္ဝင္စားတတ္တဲ့အရာေတြ စသည္ျဖင့္ အားလံုးပါဝင္ေနပါတယ္။ ဒါေၾကာင့္ တစ္ခ်ိဳ႕ရူးေၾကာင္ေၾကာင္ အခ်က္ေတြက လူတစ္ေယာက္ကိုယ့္ကို မ်က္စိတစ္မွိတ္အတြင္းမွာပဲ အရမ္းခ်စ္သြားေစပါတယ္တဲ့။

၁။ တစ္ေယာက္နဲ႔တစ္ေယာက္က ပံုစံအရမ္းတူေနရင္

မ်က္ႏွာေပါက္ခ်င္းဆင္ေနတာမ်ိဳး၊ ပံုစံဆင္ေနတာမ်ိဳးေတြတင္မဟုတ္ဘဲ ေနပံုထိုင္ပံု၊ သြားလာစားေသာက္တဲ့ပံုစံေတြအျပင္ အႀကိဳက္ခ်င္းပါတူလို႔ စကားလမ္းေၾကာင္းတည့္ေနရင္ေတာ့ ဒီႏွစ္ေယာက္ကို တည့္ေပးစားလို႔ရပါၿပီ 😛  အျပင္ပန္းမွာေတာ့ အေၾကာက္အကန္ ျငင္းျပေနလိမ့္မယ္ဆိုေပမဲ့ အတြင္းစိတ္ထဲမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းႀကီးကို သေဘာက်ေနပါၿပီတဲ့… ဟုတ္လား?

၂။ ေျခဟန္လက္ဟန္ေတြနဲ႔ အားပါးတရစကားေျပာရင္

တစ္ခ်ိဳ႕ေတြက ရွိတယ္၊ ခုမွစစခ်င္းေတြ႔တယ္ဆိုေတာ့ စကားေျပာရမွာ အင္တင္တင္နဲ႔ ရွက္ရြံ႕ရြံ႕ျဖစ္ေနတာမ်ိဳးေတြဆိုေတာ့ မ်က္လႊာေလးခ်ၿပီး ေခါင္းငံု႕၊ လက္ကိုဟိုပြတ္ ဒီပြတ္နဲ႔ မ်က္လံုးကလည္း ေျပာေနတဲ့လူကိုတည့္တည့္မၾကည့္ဘဲ ဟိုေစာင္းဒီေစာင္းဆိုေတာ့ တစ္ဖက္လူကလည္း သူေျပာတာကို စိတ္မဝင္စားဘူး လို႔ထင္သြားတတ္ပါတယ္။ ဒါမ်ိဳးမဟုတ္ဘဲ သူ႔ကိုမ်က္လံုးခ်င္းဆံုၾကည့္ၿပီး ေျခကားယား လက္ကားယားနဲ႔ အားပါးတရေျပာေနၿပီဆိုရင္ေတာ့ တစ္ဖက္လူက ကိုယ့္ကိုစိတ္ဝင္စားၿပီး အရမ္းခ်စ္သြားတတ္ပါတယ္။ (အားပါးတရလို႔ေျပာတာေနာ္ ပရမ္းပတာေတြ ခါစိန္လုပ္မလာနဲ႔ဦး 😛 )

၃။ သူ႔ရဲ႕မ်က္လံုးကို ႏွစ္မိနစ္ေလာက္ ေသခ်ာစိုက္ၾကည့္ေနတဲ့အခါ

ကိုယ္ကေတာ့ ဘာရယ္မဟုတ္ သူၾကည့္လို႔ ျပန္စိုက္ၾကည့္လိုက္တာပဲ။ ဒါေပမဲ့ တစ္ဖက္လူမွာေတာ့ ဖိုးသိုးဖပ္သပ္ေတြျဖစ္က်န္ခဲ့ေရာေလ။ ပညာရွင္ေတြရဲ႕ေလ့လာခ်က္အရေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လံုးခ်င္းဆံုၿပီး ႏွစ္မိနစ္ထက္ပိုၾကည့္ရင္ ရိုးရိုးတန္းတန္းၾကည့္တာမဟုတ္ေတာ့ဘဲ တျခားအႏြယ္ေလးေတြပါလာတတ္ပါတယ္တဲ့။ (ဟိတ္ ရဲဇားရွိတဲ့လူေတြ အၾကည့္ကိုသတိထားၾကပါ။ :3 )

၄။ ေခြးေလးတစ္ေကာင္ရွိေနရင္

အကယ္၍ေယာင္းမွာ ေခြးေလးတစ္ေကာင္ရွိေနရင္ တစ္ဖက္လူက ေယာင္းကိုခ်စ္လာဖို႔အခြင့္အေရးမ်ားပါတယ္တဲ့။ ဘာလို႔လဲဆိုေတာ့ အိမ္ေမြးတိရစာၦန္တစ္ေကာင္ကို ေမြးရ၊ ထိန္းသိမ္းရတာ ကရိကထအရမ္းမ်ားၿပီး အလုပ္တအားရႈပ္တာေတာင္ ေယာင္းကေကာင္းေကာင္းေမြးႏိုင္ရင္ သူ႔ကိုလည္း ေကာင္းေကာင္းျပဳစုေစာင့္ေရွာက္ႏိုင္မွာ ဆိုတဲ့စိတ္မ်ိဳးက မသိစိတ္မွာ ကိန္းေအာင္းသြားလို႔ပါတဲ့။ (တူမလားလို႔ ဝုတ္တယ္ :D)

၅။ အရမ္းၾကည့္ေကာင္းတဲ့လူမ်ိဳးမဟုတ္ရင္

လူေတာ္ေတာ္မ်ားမ်ားက ေခ်ာတဲ့လူဆိုရင္ ‘သူ႔မွာ ရည္းစားရွိေနေလာက္မွာ’ ဆိုတဲ့အေတြးအသိရယ္၊ ‘သူကရုပ္ေခ်ာေတာ့ ငါ့ထက္သာတဲ့ လူေတြဝိုင္းေနမွာ’ ဆိုတဲ့အသိေတြနဲ႔တင္ ပြဲကသိမ္းေနပါၿပီ။ ဒါေပမဲ့ ေတာ္ရံုၾကည့္ေကာင္းတာ ဒါမွမဟုတ္ သိပ္ၾကည့္မေကာင္းတဲ့ လူမ်ိဳးဆိုရင္ေတာ့ တစ္ဖက္လူကလည္း သူနဲ႔လိုက္ဖက္တယ္လို႔ ခံစားရတာမို႔ သေဘာက်သြားတာနဲ႔ ေရွ႕ဆက္တိုးရဲ၊ ခ်စ္ရဲပါတယ္တဲ့။ (အဆန္းေနာ္.. 😀 )

၆။ တူရိယာတစ္ခုုခုတီးတတ္ရင္

ေယာက်ာ္းေလးေတြ ဂစ္တာတီး သီခ်င္းဆိုေနရင္ ဘာရယ္ညာရယ္မဟုတ္ သေဘာက်တယ္မလား။ ေယာက်ာ္းေလးေတြလည္း ဒီလိုပါပဲ။ ဂစ္တာမွမဟုတ္ ဘယ္တူရိယာကိုမဆို တီးတတ္တဲ့ မိန္းကေလးမ်ိဳးကို သူတို႔အျမင္မွာ အရမ္းဆြဲေဆာင္မႈရွိၿပီး သေဘာက်ႏွစ္သက္စရာေကာင္းေနပါတယ္တဲ့။

၇။ အနီေရာင္ဝတ္ထားရင္

အနီေရာင္ရဲ႕ အေရာင္သတ္မွတ္ခ်က္ကိုက လူအမ်ားၾကား ထင္ရွားၿပီး ရဲရင့္ျပတ္သားတဲ့ အသြင္ေပးႏိုင္မယ့္ အေရာင္မ်ိဳးပါ။ ေယာက်ား္ေလးေတြရဲ႕ အျမင္မွာေတာ့ အနီေရာင္ဝတ္ထားတဲ့ မိန္းကေလးက တျခားအေရာင္ဝတ္ထားတဲ့ မိန္းကေလးထက္ ဆြဲေဆာင္မႈရွိေနပါတယ္။ ဒီလိုဆြဲေဆာင္မႈရွိေနတာေၾကာင့္ပဲ လူတစ္ေယာက္က ကိုယ့္ကို မသိလိုက္မသိဘာသာနဲ႔ ခ်စ္မိသြားတတ္ပါတယ္။

၈။ ႏႈတ္ခမ္းေမႊးေရးေရးေလးရွိေနရင္

အမေလး၊ မိန္းကေလးက ႏႈတ္ခမ္းေမႊးႀကီးနဲ႔ ဘယ္လိုလွမွာလဲ မသိဘူးရိတ္မွာ ဆိုရင္ေတာ့ ေယာင္းအျမင္မွားသြားပါၿပီ။ ကမာၻတစ္ျခမ္းမွာ အဲ့ဒီႏႈတ္ခမ္းေမႊးေၾကာင့္ ကိုယ့္ကိုယ္ေဝါင္ေဝါင္ေရွးခ်င္တဲ့ လူေတြရွိေနသလို ကမာၻတစ္ျခမ္းမွာေတာ့ အဲ့ဒီႏႈတ္ခမ္းေမႊးကိုမွ နမ္းခ်င္တဲ့ လူေတြလည္း ရွိပါတယ္။ (အယ္လယ္ ရိုလက္သာ :’) ) ဆိုေတာ့ အဲဒီႏႈတ္ခမ္းေမႊးကလည္း တျခားလူတစ္ေယာက္ ကိုယ့္ကိုခ်စ္သြားေစႏိုင္တဲ့ အေၾကာင္းအရင္းထဲကတစ္ခ်က္ပါပဲ။

၉။ ကိုယ့္ရဲ႕ ကိုယ္သင္းနံ႔ေလးကို သူသေဘာက်သြားရင္

လူတစ္ေယာက္က အနံ႕အသက္လည္း အရမ္းအေရးႀကီးပါတယ္ေနာ္။ မ်က္ႏွာေလးက လွလွပပနဲ႔ ေခၽြးနံ႕ထြက္ေနရင္ေတာ့ ေအာ့ေအာ့ေပါ့ေနာ္။ ကိုယ္သင္းနံ႕ဆိုတာလည္း ေခၽြးနံ႔မဟုတ္ပါဘူး။ ကိုယ့္ခႏၶာကိုယ္က အနံ႔က အေမႊးနံ႔နဲ႔ေပါင္းသြားၿပီး သင္းသင္းေလးျဖစ္ေနတာကိုေျပာတာပါ။ အဲဒီအနံ႕ကေနတစ္ဆင့္ တစ္ဖက္လူက ကိုယ့္ကိုခ်စ္သြားႏိုင္ပါတယ္တဲ့။ (ခ်စ္ျခင္းအစ ႏွာေခါင္းကေပါ့ေအ :P)

၁၀။ ပထမဆံုးဒိတ္ကို ေႏြးေထြးတဲ့ေနရာတစ္ခုမွာ ဒိတ္လိုက္ရင္

ေပါက္ကရေတြမေတြးပါနဲ႔ ႏွင္းေျပာတာ ေကာ္ဖီဆိုင္လိုမ်ိဳး အစားအေသာက္ပူပူေႏြးေႏြးေတြ ရတဲ့ေနရာပါ။ တျခား အေအး၊ ေရခဲမုန္႔ဆိုင္ေတြထက္ အဲ့ဒီလိုေနရာမ်ိဳးေတြမွာ ဒိတ္ရင္ တစ္ဖက္လူရဲ႕စိတ္ထဲ ပိုၿပီးေႏြးေထြးေစတာမို႔ ကိုယ့္ကိုပိုခ်စ္သြားေစပါတယ္။ ဟုလား ဟုလား 😀

ဟိ အားလံုးက ထူးထူးဆန္းဆန္းေတြေနာ္။ စိတ္ပညာကလည္း ကိုယ္ေတြးတာထက္ ပိုေလးနက္တာကိုး… ဒီအခ်က္ေတြကို တစ္ဖက္လူက ခ်စ္သြားလိမ့္မယ္လို႔ ဘယ္သူက ထင္မိမွာတုန္း။ အခုေတာ့ ေယာင္းတို႔လည္း သိသြားၿပီဆိုေတာ့ ကိုယ္ကခရပ္ရွ္ေနတဲ့ လူေရွ႕ေရာက္ရင္ မသိမသာ လႈပ္ရွားမုန္႔စားလိုက္ေတာ့ေနာ္။ 😛

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ဆိုတာ အရမ်းထူးဆန်း လျှို့ဝှက်ဆန်းကြယ်ပေမဲ့ ကံတရားဆိုတာမျိုးတော့ မဟုတ်ပါဘူး။ သုတေသန တွေအရ Relationship တစ်ခုမှာ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ရုံလေးတင်မဟုတ်ဘဲ ဟော်မုန်း၊ လူတစ်ယောက်ရဲ့ အတွေးအမြင်၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဝင်စားတတ်တဲ့အရာတွေ စသည်ဖြင့် အားလုံးပါဝင်နေပါတယ်။ ဒါကြောင့် တစ်ချို့ရူးကြောင်ကြောင် အချက်တွေက လူတစ်ယောက်ကိုယ့်ကို မျက်စိတစ်မှိတ်အတွင်းမှာပဲ အရမ်းချစ်သွားစေပါတယ်တဲ့။

၁။ တစ်ယောက်နဲ့တစ်ယောက်က ပုံစံအရမ်းတူနေရင်

မျက်နှာပေါက်ချင်းဆင်နေတာမျိုး၊ ပုံစံဆင်နေတာမျိုးတွေတင်မဟုတ်ဘဲ နေပုံထိုင်ပုံ၊ သွားလာစားသောက်တဲ့ပုံစံတွေအပြင် အကြိုက်ချင်းပါတူလို့ စကားလမ်းကြောင်းတည့်နေရင်တော့ ဒီနှစ်ယောက်ကို တည့်ပေးစားလို့ရပါပြီ 😛  အပြင်ပန်းမှာတော့ အကြောက်အကန် ငြင်းပြနေလိမ့်မယ်ဆိုပေမဲ့ အတွင်းစိတ်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းကြီးကို သဘောကျနေပါပြီတဲ့… ဟုတ်လား?

၂။ ခြေဟန်လက်ဟန်တွေနဲ့ အားပါးတရစကားပြောရင်

တစ်ချို့တွေက ရှိတယ်၊ ခုမှစစချင်းတွေ့တယ်ဆိုတော့ စကားပြောရမှာ အင်တင်တင်နဲ့ ရှက်ရွံ့ရွံ့ဖြစ်နေတာမျိုးတွေဆိုတော့ မျက်လွှာလေးချပြီး ခေါင်းငုံ့၊ လက်ကိုဟိုပွတ် ဒီပွတ်နဲ့ မျက်လုံးကလည်း ပြောနေတဲ့လူကိုတည့်တည့်မကြည့်ဘဲ ဟိုစောင်းဒီစောင်းဆိုတော့ တစ်ဖက်လူကလည်း သူပြောတာကို စိတ်မဝင်စားဘူး လို့ထင်သွားတတ်ပါတယ်။ ဒါမျိုးမဟုတ်ဘဲ သူ့ကိုမျက်လုံးချင်းဆုံကြည့်ပြီး ခြေကားယား လက်ကားယားနဲ့ အားပါးတရပြောနေပြီဆိုရင်တော့ တစ်ဖက်လူက ကိုယ့်ကိုစိတ်ဝင်စားပြီး အရမ်းချစ်သွားတတ်ပါတယ်။ (အားပါးတရလို့ပြောတာနော် ပရမ်းပတာတွေ ခါစိန်လုပ်မလာနဲ့ဦး 😛 )

၃။ သူ့ရဲ့မျက်လုံးကို နှစ်မိနစ်လောက် သေချာစိုက်ကြည့်နေတဲ့အခါ

ကိုယ်ကတော့ ဘာရယ်မဟုတ် သူကြည့်လို့ ပြန်စိုက်ကြည့်လိုက်တာပဲ။ ဒါပေမဲ့ တစ်ဖက်လူမှာတော့ ဖိုးသိုးဖပ်သပ်တွေဖြစ်ကျန်ခဲ့ရောလေ။ ပညာရှင်တွေရဲ့လေ့လာချက်အရတော့ လူတစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး နှစ်မိနစ်ထက်ပိုကြည့်ရင် ရိုးရိုးတန်းတန်းကြည့်တာမဟုတ်တော့ဘဲ တခြားအနွယ်လေးတွေပါလာတတ်ပါတယ်တဲ့။ (ဟိတ် ရဲဇားရှိတဲ့လူတွေ အကြည့်ကိုသတိထားကြပါ။ :3 )

၄။ ခွေးလေးတစ်ကောင်ရှိနေရင်

အကယ်၍ယောင်းမှာ ခွေးလေးတစ်ကောင်ရှိနေရင် တစ်ဖက်လူက ယောင်းကိုချစ်လာဖို့အခွင့်အရေးများပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးရ၊ ထိန်းသိမ်းရတာ ကရိကထအရမ်းများပြီး အလုပ်တအားရှုပ်တာတောင် ယောင်းကကောင်းကောင်းမွေးနိုင်ရင် သူ့ကိုလည်း ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်မှာ ဆိုတဲ့စိတ်မျိုးက မသိစိတ်မှာ ကိန်းအောင်းသွားလို့ပါတဲ့။ (တူမလားလို့ ဝုတ်တယ် :D)

၅။ အရမ်းကြည့်ကောင်းတဲ့လူမျိုးမဟုတ်ရင်

လူတော်တော်များများက ချောတဲ့လူဆိုရင် ‘သူ့မှာ ရည်းစားရှိနေလောက်မှာ’ ဆိုတဲ့အတွေးအသိရယ်၊ ‘သူကရုပ်ချောတော့ ငါ့ထက်သာတဲ့ လူတွေဝိုင်းနေမှာ’ ဆိုတဲ့အသိတွေနဲ့တင် ပွဲကသိမ်းနေပါပြီ။ ဒါပေမဲ့ တော်ရုံကြည့်ကောင်းတာ ဒါမှမဟုတ် သိပ်ကြည့်မကောင်းတဲ့ လူမျိုးဆိုရင်တော့ တစ်ဖက်လူကလည်း သူနဲ့လိုက်ဖက်တယ်လို့ ခံစားရတာမို့ သဘောကျသွားတာနဲ့ ရှေ့ဆက်တိုးရဲ၊ ချစ်ရဲပါတယ်တဲ့။ (အဆန်းနော်.. 😀 )

၆။ တူရိယာတစ်ခုခုတီးတတ်ရင်

ယောကျာ်းလေးတွေ ဂစ်တာတီး သီချင်းဆိုနေရင် ဘာရယ်ညာရယ်မဟုတ် သဘောကျတယ်မလား။ ယောကျာ်းလေးတွေလည်း ဒီလိုပါပဲ။ ဂစ်တာမှမဟုတ် ဘယ်တူရိယာကိုမဆို တီးတတ်တဲ့ မိန်းကလေးမျိုးကို သူတို့အမြင်မှာ အရမ်းဆွဲဆောင်မှုရှိပြီး သဘောကျနှစ်သက်စရာကောင်းနေပါတယ်တဲ့။

၇။ အနီရောင်ဝတ်ထားရင်

အနီရောင်ရဲ့ အရောင်သတ်မှတ်ချက်ကိုက လူအများကြား ထင်ရှားပြီး ရဲရင့်ပြတ်သားတဲ့ အသွင်ပေးနိုင်မယ့် အရောင်မျိုးပါ။ ယောကျာ်းလေးတွေရဲ့ အမြင်မှာတော့ အနီရောင်ဝတ်ထားတဲ့ မိန်းကလေးက တခြားအရောင်ဝတ်ထားတဲ့ မိန်းကလေးထက် ဆွဲဆောင်မှုရှိနေပါတယ်။ ဒီလိုဆွဲဆောင်မှုရှိနေတာကြောင့်ပဲ လူတစ်ယောက်က ကိုယ့်ကို မသိလိုက်မသိဘာသာနဲ့ ချစ်မိသွားတတ်ပါတယ်။

၈။ နှုတ်ခမ်းမွှေးရေးရေးလေးရှိနေရင်

အမလေး၊ မိန်းကလေးက နှုတ်ခမ်းမွှေးကြီးနဲ့ ဘယ်လိုလှမှာလဲ မသိဘူးရိတ်မှာ ဆိုရင်တော့ ယောင်းအမြင်မှားသွားပါပြီ။ ကမ္ဘာတစ်ခြမ်းမှာ အဲ့ဒီနှုတ်ခမ်းမွှေးကြောင့် ကိုယ့်ကိုယ်ဝေါင်ဝေါင်ရှေးချင်တဲ့ လူတွေရှိနေသလို ကမ္ဘာတစ်ခြမ်းမှာတော့ အဲ့ဒီနှုတ်ခမ်းမွှေးကိုမှ နမ်းချင်တဲ့ လူတွေလည်း ရှိပါတယ်။ (အယ်လယ် ရိုလက်သာ :’) ) ဆိုတော့ အဲဒီနှုတ်ခမ်းမွှေးကလည်း တခြားလူတစ်ယောက် ကိုယ့်ကိုချစ်သွားစေနိုင်တဲ့ အကြောင်းအရင်းထဲကတစ်ချက်ပါပဲ။

၉။ ကိုယ့်ရဲ့ ကိုယ်သင်းနံ့လေးကို သူသဘောကျသွားရင်

လူတစ်ယောက်က အနံ့အသက်လည်း အရမ်းအရေးကြီးပါတယ်နော်။ မျက်နှာလေးက လှလှပပနဲ့ ချွေးနံ့ထွက်နေရင်တော့ အော့အော့ပေါ့နော်။ ကိုယ်သင်းနံ့ဆိုတာလည်း ချွေးနံ့မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်က အနံ့က အမွှေးနံ့နဲ့ပေါင်းသွားပြီး သင်းသင်းလေးဖြစ်နေတာကိုပြောတာပါ။ အဲဒီအနံ့ကနေတစ်ဆင့် တစ်ဖက်လူက ကိုယ့်ကိုချစ်သွားနိုင်ပါတယ်တဲ့။ (ချစ်ခြင်းအစ နှာခေါင်းကပေါ့အေ :P)

၁၀။ ပထမဆုံးဒိတ်ကို နွေးထွေးတဲ့နေရာတစ်ခုမှာ ဒိတ်လိုက်ရင်

ပေါက်ကရတွေမတွေးပါနဲ့ နှင်းပြောတာ ကော်ဖီဆိုင်လိုမျိုး အစားအသောက်ပူပူနွေးနွေးတွေ ရတဲ့နေရာပါ။ တခြား အအေး၊ ရေခဲမုန့်ဆိုင်တွေထက် အဲ့ဒီလိုနေရာမျိုးတွေမှာ ဒိတ်ရင် တစ်ဖက်လူရဲ့စိတ်ထဲ ပိုပြီးနွေးထွေးစေတာမို့ ကိုယ့်ကိုပိုချစ်သွားစေပါတယ်။ ဟုလား ဟုလား 😀

ဟိ အားလုံးက ထူးထူးဆန်းဆန်းတွေနော်။ စိတ်ပညာကလည်း ကိုယ်တွေးတာထက် ပိုလေးနက်တာကိုး… ဒီအချက်တွေကို တစ်ဖက်လူက ချစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတုန်း။ အခုတော့ ယောင်းတို့လည်း သိသွားပြီဆိုတော့ ကိုယ်ကခရပ်ရှ်နေတဲ့ လူရှေ့ရောက်ရင် မသိမသာ လှုပ်ရှားမုန့်စားလိုက်တော့နော်။ 😛

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top