ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဗုဒၶဟူး ၊ ရာဟု သားသမီးေတြရဲ႕ စိတ္ေနသေဘာထားေလးေတြလည္း သိခ်င္ၾကမယ္ထင္ပါတယ္ ။ သူတို႔ရဲ႕ အေၾကာင္းေလးေတြ ေလ့လာထားသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္ ။အကုန္မွန္မယ္လို႔ မဆိုလိုပါဘူးေနာ္ ။ တိုက္ဆိုင္သြားတဲ့ အခ်က္ေတြရွိရင္လည္း ေျပာသြားၾကပါဦး..

– ဗုဒၶဟူး / ရာဟု ေတြကေတာ့ အသိဥာဏ္ပညာ နဲ႕ ျပည့္စံုျပီး အရာရာမွာ စဥ္းစားဆင္ျခင္တတ္ကာ အထူးသျဖင့္ အလုပ္နဲ႕ ပတ္သတ္လာလွ်င္ အရမ္းေတာ္ပါတယ္ ။

– အလြန္ရႈပ္ေထြး ခက္ခဲေသာ ကိစၥရပ္ေတြကိုလည္း ေကာင္းမြန္စြာ ေျဖရွင္းနိုင္ပါတယ္ ။

– မိမိပံုစံု ဒါမွမဟုတ္ အျခားသူေတြရဲ႕ ပံုစံေတြနဲ႕ ပတ္သတ္လို႔ ဘယ္လိုဘယ္ပံုဆိုတာကို ေခါင္းထဲမထားတတ္ဘဲ သူတို႔ရဲ႕ စိတ္ကိုက အရမ္းရိုးရွင္းပါတယ္ ။

– သို႔ေသာ္ စူးစမ္းတတ္တဲ့ သဘာဝရွိျပီး ေမးခြန္းေတြမ်ားစြာ ေမးကာ အေျဖရွာတတ္ပါတယ္ ။ အျပန္အလွန္ အသိပညာေတြ ဖလွယ္ရတဲ့အခါမ်ိဳးဆို အရမ္းကို တက္ၾကြေနတတ္ၾကပါတယ္တဲ့ ။

– ကိုယ့္ဘဝကို ေပ်ာ္ရႊင္ေက်နပ္ေနတတ္ျပီး ရွိတာနဲ႕ ေရာင့္ရဲတတ္ၾကပါတယ္။

– လုပ္ငန္းမွာလည္း ထူးခြ်န္ေအာင္ျမင္ေအာင္ လုပ္တတ္ျပီး သူတစ္ပါးကို ၾကီးၾကပ္ညႊန္ၾကားရတဲ့ အလုပ္မ်ိဳးနဲ႕ အရမ္းကို သင့္ေတာ္ပါတယ္။

– အလုပ္ၾကိဳးစားတတ္သူ ၊ အလုပ္မွာ စိတ္ပါဝင္စားတတ္သူမ်ားျဖစ္တာေၾကာင့္ အခ်စ္ေရးကိိစၥေတြမွာ လစ္ဟင္းနိုင္ပါတယ္ ။ ဒါ့ေၾကာင္ ့အလုပ္ နွင့္ အခ်စ္ ကို သပ္သပ္ခြဲထားဖုိ႔ လုိပါမယ္ ။

– ညေန ၆နာရီေနာက္ပိုင္းမွာ ေမြးဖြားတဲ့ ဗုဒၶဟူးသမီးေတြဟာ သူမ်ားနဲ႕မတူ တမူထူးျခားတဲ့ အက်င့္စရိုက္ ရွိသူေတြပါ ။ ရုပ္ဝါဒီသမားျဖစ္ျပီး ဥာဏ္ေကာင္းကာ အလြန္ပါးနပ္ၾကပါတယ္ ။ တစ္စံုတစ္ခု ျပဳလုပ္တိုင္း တန္ျပန္အက်ိုးသက္ေရာက္မႈ ရွိကိုရွိပါတယ္ ။

– အက်ဥ္းၿခံဳးေျပာရရင္ေတာ့ ဗုဒၶဟူးသားသမီးေတြက အသိဥာဏ္ၾကြယ္ဝတယ္ ၊အလုပ္အရမ္းၾကိဳးစားတယ္ ၊ သူတို႔ကိုသာ ေရြးခ်ယ္ရင္ ထမင္းမငတ္ေစရဘူးဆိုတာေတာ့ ေသခ်ာပါတယ္။

အာလံုးပဲ က်န္းမာေပ်ာ္ရႊင္ၾကပါေစ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
ဗုဒ္ဓဟူး ၊ ရာဟု သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေလည်း သိချင်ကြမယ်ထင်ပါတယ် ။ သူတို့ရဲ့ အကြောင်းလေးတွေ လေ့လာထားသလောက် ဖော်ပြပေးလိုက်ပါတယ် ။အကုန်မှန်မယ်လို့ မဆိုလိုပါဘူးနော် ။ တိုက်ဆိုင်သွားတဲ့ အချက်တွေရှိရင်လည်း ပြောသွားကြပါဦး..

– ဗုဒ္ဓဟူး / ရာဟု တွေကတော့ အသိဉာဏ်ပညာ နဲ့ ပြည့်စုံပြီး အရာရာမှာ စဉ်းစားဆင်ခြင်တတ်ကာ အထူးသဖြင့် အလုပ်နဲ့ ပတ်သတ်လာလျှင် အရမ်းတော်ပါတယ် ။

– အလွန်ရှုပ်ထွေး ခက်ခဲသော ကိစ္စရပ်တွေကိုလည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်ပါတယ် ။

– မိမိပုံစုံ ဒါမှမဟုတ် အခြားသူတွေရဲ့ ပုံစံတွေနဲ့ ပတ်သတ်လို့ ဘယ်လိုဘယ်ပုံဆိုတာကို ခေါင်းထဲမထားတတ်ဘဲ သူတို့ရဲ့ စိတ်ကိုက အရမ်းရိုးရှင်းပါတယ် ။

– သို့သော် စူးစမ်းတတ်တဲ့ သဘာဝရှိပြီး မေးခွန်းတွေများစွာ မေးကာ အဖြေရှာတတ်ပါတယ် ။ အပြန်အလှန် အသိပညာတွေ ဖလှယ်ရတဲ့အခါမျိုးဆို အရမ်းကို တက်ကြွနေတတ်ကြပါတယ်တဲ့ ။

– ကိုယ့်ဘဝကို ပျော်ရွှင်ကျေနပ်နေတတ်ပြီး ရှိတာနဲ့ ရောင့်ရဲတတ်ကြပါတယ်။

– လုပ်ငန်းမှာလည်း ထူးချွန်အောင်မြင်အောင် လုပ်တတ်ပြီး သူတစ်ပါးကို ကြီးကြပ်ညွှန်ကြားရတဲ့ အလုပ်မျိုးနဲ့ အရမ်းကို သင့်တော်ပါတယ်။

– အလုပ်ကြိုးစားတတ်သူ ၊ အလုပ်မှာ စိတ်ပါဝင်စားတတ်သူများဖြစ်တာကြောင့် အချစ်ရေးကိစ္စတွေမှာ လစ်ဟင်းနိုင်ပါတယ် ။ ဒါ့ကြောင့်အလုပ် နှင့် အချစ် ကို သပ်သပ်ခွဲထားဖို့ လိုပါမယ် ။

– ညနေ ၆နာရီနောက်ပိုင်းမှာ မွေးဖွားတဲ့ ဗုဒ္ဓဟူးသမီးတွေဟာ သူများနဲ့မတူ တမူထူးခြားတဲ့ အကျင့်စရိုက် ရှိသူတွေပါ ။ ရုပ်ဝါဒီသမားဖြစ်ပြီး ဉာဏ်ကောင်းကာ အလွန်ပါးနပ်ကြပါတယ် ။ တစ်စုံတစ်ခု ပြုလုပ်တိုင်း တန်ပြန်အကျိုးသက်ရောက်မှု ရှိကိုရှိပါတယ် ။

– အကျဉ်းခြုံးပြောရရင်တော့ ဗုဒ္ဓဟူးသားသမီးတွေက အသိဉာဏ်ကြွယ်ဝတယ် ၊အလုပ်အရမ်းကြိုးစားတယ် ၊ သူတို့ကိုသာ ရွေးချယ်ရင် ထမင်းမငတ်စေရဘူးဆိုတာတော့ သေချာပါတယ်။

အာလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ..


ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top