×
သွေးအမျိုးစားသိတာနဲ့သူငယ်ချင်းတို့ရဲ့ ဘ၀ရေး အချစ်ရေးတွေကိုသိနိုင်ပါတယ်
အေသွေးပိုင်ရှင်များ
အားနည်းကြသည်။
ဘီသွေးပိုင်ရှင်များ
Credit : maymaydim
#Unicode Version#
သွေးအမျိုးစားသိတာနဲ့သူငယ်ချင်းတို့ရဲ့ ဘဝရေး အချစ်ရေးတွေကိုသိနိူင်ပါတယ်
အိုသွေးပိုင်ရှင်များသည်
    လွန်စွာပြင်းထန်စွာ တိကျသော ပျတ်သားသောသူများဖြစ်ကြပြီး ရည်မှန်းချက်ကြီးကာ
မဖြစ်မနေလုပ်ဆောင်တတ်ကြပြီး အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သည်။
    အချစ်ရေးနှင့် ပတ်သတ်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲလမ်းကြီးသည်ဟု
ထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်ဟုတ်ဘဲ ချစ်သူနှင့်
ခွဲခွါရလျှင် အကြာခင်ပြေပျောက်သူများ ဖြစ်ကြသည် ။
အေသွေးပိုင်ရှင်များ
    စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး ဝေဖန်ခံနိုင်ရည်လည်း
အားနည်းကြသည်။
    အချစ်ရေးနှင့်ပတ်သတ်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြပါသည်။ တစ်ဦးကိုတစ်ဦး
စွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါခဲ့ရလျှင် အခြားသူများထက် ပို၍ခံစားရတတ်သည်။
ဘီသွေးပိုင်ရှင်များ
    မိမိနေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်သည်။ အချုပ်အခြယ်မခံလိုပဲ
လွတ်လပ်စွာနေလိုစိတ် ပြင်းပြသူများဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည်။
    အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့စစ သဘောထားတတ်ကြသလို
မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
အေဘီသွေးပိုင်ရှင်များ
    အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်
ကိုမကြည်ပဲ အများရဲ့ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။
    အချစ်ရေးနှင့်ပတ်သတ်ပြီး စိတ်ကူးယဉ်အိပ်မက်မက်လွန်းသူများ ဖြစ်ကြသည်
အခြေအနေအမှန်နှင့် ကင်းကွာတတ်ကြပါသည် ။ ဘဝပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရ
ကွာခြားတတ်သည်သာ ခြားနားပါသည် ။
ဖိုးသူတော် (www.phothutaw.com)
Credit : maymaydim
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top