စင္ကာပူ -- စင္ကာပူတြင္ ေနထိုင္ေသာ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ ၎၏ ေနအိမ္တြင္ အိမ္အကူလုပ္ရန္ ျမန္မာျပည္မွ အိမ္ေဖာ္တစ္ဦးကို ေခၚယူၿပီး မၾကာမီမွာပင္ ႏွိပ္စက္ခဲ့ေသာေၾကာင့္ ဇူလိုင္ ၁၇ ရက္ေန႔တြင္ ေထာင္ဒဏ္ ႏွစ္ႏွစ္ႏွင့္ တစ္လ ခ်မွတ္ခံရသည္။

စင္ကာပူႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရသူ အသက္ ၃၉ ႏွစ္ရွိ မခ်မ္းျမေအး သည္ မအိမ္ျဖဴထြန္းအား ၂၀၁၅ ခုႏွစ္ ဧၿပီလမွ စတင္၍ အိမ္ေဖာ္အျဖစ္ ငွားရမ္းခဲ့သည္။ မခ်မ္းျမေအးသည္ မအိျဖဴထြန္းႏွင့္ အမ်ိဳးေတာ္သူ၏ သူငယ္ခ်င္းမွတဆင့္ မအိျဖဴထြန္းအား သိကၽြမ္းခဲ့ျခင္းျဖစ္ၿပီး ေအးဂ်င့္မပါဘဲ မအိျဖဴထြန္းအား ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

အသက္ ၂၂ ႏွစ္ အ႐ြယ္ မအိျဖဴထြန္းသည္ ခၽြာခ်ဴကန္ရွိ မခ်မ္းျမေအး၏ တိုက္ခန္းတြင္ လာေရာက္ အလုပ္လုပ္ကိုင္ခဲ့သည္။ ထိုတိုက္ခန္းတြင္ မခ်မ္းျမေအးႏွင့္ အတူ ၎၏ မိခင္၊ ခင္ပြန္းႏွင့္ ၂၀၁၅ မတ္လတြင္ ေမြးဖြားခဲ့ေသာ သမီးငယ္အျပင္ အိမ္ငွားတစ္ဦးပါ ေနထိုင္သည္။

အလုပ္ခန္႔ၿပီး တစ္လအၾကာတြင္ မခ်မ္းျမေအးသည္ မအိျဖဴထြန္းအား အိမ္မႈကိစၥလုပ္ရာတြင္ မွားယြင္းသည္၊ အခ်ိန္ၾကာသည္ စသည္ျဖင့္ စတင္ ဆူပူခဲ့သည္။ ၂၀၁၅ ခုႏွစ္ ဇြန္လအကုန္တြင္မူ ဆူပူရာမွ ႐ိုက္ႏွက္သည္အထိ ဆိုး႐ြားလာခဲ့သည္။

သံတုတ္ျဖင့္ ႐ိုက္

၂၀၁၅ စက္တင္ဘာလတြင္ မခ်မ္းျမေအးသည္ ပန္းကန္ေဆးေနေသာ မအိျဖဴထြန္းအား သံခ်ိတ္ျဖင့္ မ်က္ႏွာ၊ လည္ပင္းႏွင့္ ရင္ဘတ္ကို အႀကိမ္ေပါင္းမ်ားစြာ ႐ိုက္ႏွက္ခဲ့ရာ မအိျဖဴထြန္း၏ မ်က္ႏွာတြင္ ႏွစ္စင္တီမီတာ (တစ္လက္မနီးပါး) အ႐ြယ္ခန္႔ ဒဏ္ရာျဖစ္က်န္ခဲ့သည္။

ရက္အနည္းငယ္အၾကာတြင္ မအိျဖဴထြန္းအား အလုပ္လုပ္ရာတြင္ မေသသပ္ဟုဆိုကာ မခ်မ္းျမေအးက အႀကိမ္မ်ားစြာ ပါး႐ိုက္ၿပီး သံတုတ္ျဖင့္ ႐ိုက္ႏွက္ခဲ့ျပန္သည္။

မအိျဖဴထြန္းသည္ အနာသက္သာေစရန္ လိမ္းေဆးမ်ားလိမ္းေနေၾကာင္း မခ်မ္းျမေအးသိရွိသြားရာ ပိုမိုေဒါသထြက္လာၿပီး သံတုတ္ျဖင့္ အႀကိမ္မ်ားစြာ ႐ိုက္ႏွက္ခဲ့ျပန္သည္။ ထိုအျဖစ္အပ်က္ျဖစ္ပြားၿပီးေနာက္ အလုပ္ရွင္မ်ား အလုပ္႐ႈပ္ေနခ်ိန္တြင္ မအိျဖဴထြန္းသည္ ေနအိမ္မွ ထြက္ေျပးလာၿပီး လမ္းသြားလမ္းလာမ်ား အကူအညီျဖင့္ ကားငွားစီးကာ အလုပ္သမားဝန္ႀကီးဌာန (MOM) သို႔သြားေရာက္၍ အျဖစ္အပ်က္မ်ားကို တိုင္ၾကားခဲ့သည္။

ျပစ္ဒဏ္ခ်

ေဆးစစ္ခ်က္အရ မအိျဖဴထြန္း၏ နံ႐ိုးတစ္ေခ်ာင္းက်ိဳးေနသည့္အျပင္ နဖူးဒဏ္ရာ၊ ပါးေရာင္ကိုင္းဒဏ္ရာ၊ နားႏွင့္ ေက်ာတြင္ ျပတ္ရွဒဏ္ရာမ်ား၊ ေျခေထာက္တြင္ အၫိုအမည္းစြဲဒဏ္ရာမ်ား ေတြ႕ရွိရသည္။

ယမန္ႏွစ္ ဇန္နဝါရီတြင္ မခ်မ္းျမေအးသည္ လက္နက္ျဖင့္ အနာတရျဖစ္ေစမႈ ႏွစ္မႈႏွင့္ ရည္႐ြယ္၍ နာက်င္ေစမႈ တစ္မႈ တို႔တြင္ အျပစ္ရွိေၾကာင္းဝန္ခံခဲ့သည္။ မခ်မ္းျမေအးသည္ စိတ္ေရာဂါခံစားေနရေၾကာင့္ ဆရာဝန္ ႏွစ္ဦးထံမွ ေဆးစာ တင္ျပခဲ့ေသာ္လည္း တရားသူႀကီး ဆာရာတန္ က မခ်မ္းျမေအးအား ေထာင္ဒဏ္ ၂၅ လ ခ်မွတ္ခဲ့သည္။ မခ်မ္းျမေအး၏ စိတ္ေရာဂါအေျခအေနသည္ အလြန္အမင္းဆိုး႐ြားသည့္ အေျခအေနမဟုတ္ေၾကာင္း၊ ျပစ္မႈက်ဴးလြန္ရာတြင္ တစ္ခ်က္တည္းမဟုတ္ဘဲ အႀကိမ္မ်ားစြား ႐ိုက္ႏွက္ခဲ့ေၾကာင္း၊ သုံးလမွ ေလးလအတြင္း အနည္းဆုံး ေျခာက္ႀကိမ္အထိ အၾကမ္းဖက္မႈ က်ဴးလြန္ခဲ့ေၾကာင္း တရားသူႀကီးက ေထာက္ျပခဲ့သည္။

တရားခြင္တက္ရန္ ျမန္မာျပည္မွ စင္ကာပူႏိုင္ငံသို႔ ေလယာဥ္စီး၍ လာခဲ့ေသာ မအိျဖဴထြန္းသည္ တရား႐ုံးမွ အထြက္တြင္ ဝမ္းနည္းစြာငိုေႂကြးခဲ့ၿပီး၊ ၎အား အၾကမ္းဖက္ခဲ့မႈမ်ားကို ျပန္လည္ျမင္ေယာင္လာကာ အလြန္အမင္း ဝမ္းနည္းမိေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားသည္။ ယခုတြင္ မအိျဖဴထြန္းသည္ ျမန္မာျပည္ရွိ အထည္ခ်ဴပ္စက္႐ုံတစ္႐ုံတြင္ အလုပ္လုပ္ကိုင္လ်က္ရွိသည္။

(ေဆြဇင္မိုး ဘာသာျပန္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Now
https://www.facebook.com/myanmarnownews/

#Unicode Version#
စင်ကာပူ -- စင်ကာပူတွင် နေထိုင်သော မြန်မာအမျိုးသမီးတစ်ဦးသည် ၎င်း၏ နေအိမ်တွင် အိမ်အကူလုပ်ရန် မြန်မာပြည်မှ အိမ်ဖော်တစ်ဦးကို ခေါ်ယူပြီး မကြာမီမှာပင် နှိပ်စက်ခဲ့သောကြောင့် ဇူလိုင် ၁၇ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်နှင့် တစ်လ ချမှတ်ခံရသည်။

စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသူ အသက် ၃၉ နှစ်ရှိ မချမ်းမြအေး သည် မအိမ်ဖြူထွန်းအား ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်၍ အိမ်ဖော်အဖြစ် ငှားရမ်းခဲ့သည်။ မချမ်းမြအေးသည် မအိဖြူထွန်းနှင့် အမျိုးတော်သူ၏ သူငယ်ချင်းမှတဆင့် မအိဖြူထွန်းအား သိကျွမ်းခဲ့ခြင်းဖြစ်ပြီး အေးဂျင့်မပါဘဲ မအိဖြူထွန်းအား ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၂၂ နှစ် အရွယ် မအိဖြူထွန်းသည် ချွာချူကန်ရှိ မချမ်းမြအေး၏ တိုက်ခန်းတွင် လာရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုတိုက်ခန်းတွင် မချမ်းမြအေးနှင့် အတူ ၎င်း၏ မိခင်၊ ခင်ပွန်းနှင့် ၂၀၁၅ မတ်လတွင် မွေးဖွားခဲ့သော သမီးငယ်အပြင် အိမ်ငှားတစ်ဦးပါ နေထိုင်သည်။

အလုပ်ခန့်ပြီး တစ်လအကြာတွင် မချမ်းမြအေးသည် မအိဖြူထွန်းအား အိမ်မှုကိစ္စလုပ်ရာတွင် မှားယွင်းသည်၊ အချိန်ကြာသည် စသည်ဖြင့် စတင် ဆူပူခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လအကုန်တွင်မူ ဆူပူရာမှ ရိုက်နှက်သည်အထိ ဆိုးရွားလာခဲ့သည်။

သံတုတ်ဖြင့် ရိုက်

၂၀၁၅ စက်တင်ဘာလတွင် မချမ်းမြအေးသည် ပန်းကန်ဆေးနေသော မအိဖြူထွန်းအား သံချိတ်ဖြင့် မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ရာ မအိဖြူထွန်း၏ မျက်နှာတွင် နှစ်စင်တီမီတာ (တစ်လက်မနီးပါး) အရွယ်ခန့် ဒဏ်ရာဖြစ်ကျန်ခဲ့သည်။

ရက်အနည်းငယ်အကြာတွင် မအိဖြူထွန်းအား အလုပ်လုပ်ရာတွင် မသေသပ်ဟုဆိုကာ မချမ်းမြအေးက အကြိမ်များစွာ ပါးရိုက်ပြီး သံတုတ်ဖြင့် ရိုက်နှက်ခဲ့ပြန်သည်။

မအိဖြူထွန်းသည် အနာသက်သာစေရန် လိမ်းဆေးများလိမ်းနေကြောင်း မချမ်းမြအေးသိရှိသွားရာ ပိုမိုဒေါသထွက်လာပြီး သံတုတ်ဖြင့် အကြိမ်များစွာ ရိုက်နှက်ခဲ့ပြန်သည်။ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလုပ်ရှင်များ အလုပ်ရှုပ်နေချိန်တွင် မအိဖြူထွန်းသည် နေအိမ်မှ ထွက်ပြေးလာပြီး လမ်းသွားလမ်းလာများ အကူအညီဖြင့် ကားငှားစီးကာ အလုပ်သမားဝန်ကြီးဌာန (MOM) သို့သွားရောက်၍ အဖြစ်အပျက်များကို တိုင်ကြားခဲ့သည်။

ပြစ်ဒဏ်ချ

ဆေးစစ်ချက်အရ မအိဖြူထွန်း၏ နံရိုးတစ်ချောင်းကျိုးနေသည့်အပြင် နဖူးဒဏ်ရာ၊ ပါးရောင်ကိုင်းဒဏ်ရာ၊ နားနှင့် ကျောတွင် ပြတ်ရှဒဏ်ရာများ၊ ခြေထောက်တွင် အညိုအမည်းစွဲဒဏ်ရာများ တွေ့ရှိရသည်။

ယမန်နှစ် ဇန်နဝါရီတွင် မချမ်းမြအေးသည် လက်နက်ဖြင့် အနာတရဖြစ်စေမှု နှစ်မှုနှင့် ရည်ရွယ်၍ နာကျင်စေမှု တစ်မှု တို့တွင် အပြစ်ရှိကြောင်းဝန်ခံခဲ့သည်။ မချမ်းမြအေးသည် စိတ်ရောဂါခံစားနေရကြောင့် ဆရာဝန် နှစ်ဦးထံမှ ဆေးစာ တင်ပြခဲ့သော်လည်း တရားသူကြီး ဆာရာတန် က မချမ်းမြအေးအား ထောင်ဒဏ် ၂၅ လ ချမှတ်ခဲ့သည်။ မချမ်းမြအေး၏ စိတ်ရောဂါအခြေအနေသည် အလွန်အမင်းဆိုးရွားသည့် အခြေအနေမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် တစ်ချက်တည်းမဟုတ်ဘဲ အကြိမ်များစွား ရိုက်နှက်ခဲ့ကြောင်း၊ သုံးလမှ လေးလအတွင်း အနည်းဆုံး ခြောက်ကြိမ်အထိ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။

တရားခွင်တက်ရန် မြန်မာပြည်မှ စင်ကာပူနိုင်ငံသို့ လေယာဉ်စီး၍ လာခဲ့သော မအိဖြူထွန်းသည် တရားရုံးမှ အထွက်တွင် ဝမ်းနည်းစွာငိုကြွေးခဲ့ပြီး၊ ၎င်းအား အကြမ်းဖက်ခဲ့မှုများကို ပြန်လည်မြင်ယောင်လာကာ အလွန်အမင်း ဝမ်းနည်းမိကြောင်း သတင်းထောက်များအား ပြောကြားသည်။ ယခုတွင် မအိဖြူထွန်းသည် မြန်မာပြည်ရှိ အထည်ချူပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

(ဆွေဇင်မိုး ဘာသာပြန်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Now
https://www.facebook.com/myanmarnownews/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top