မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အိႏၵိယႏုိင္ငံ ဗာဒူ ေကာ့ဒိုင္းဧရိယာမွာ အသက္ ၅၉ နွစ္အရြယ္ အမ်ိဳးသမီးတဦးဟာ မသန္စြမ္း ခင္ပြန္းသည္ေရွ႕မွာ အုပ္စုဖြဲ႔အဓမၼက်င့္ခံခဲ့ရတယ္လို႔ ဇြန္ ၁ ရက္ေန႔ Asia Tribune သတင္းမွာ ေဖာ္ျပပါတယ္။

ကနဦးထြက္ေပၚလာတဲ့ သတင္းေတြအရ က်ဴးလြန္သူဟာ ႏွစ္ေယာက္ျဖစ္တယ္လို႔ သိရၿပီး သူတို႔ဟာ ေဘာင္းဘီအတိုေတြ ဝတ္ဆင္ထားတယ္လို႔ ဆိုပါတယ္။

ထပ္မံထြက္ေပၚလာတဲ့ သတင္းေတြမွာ က်ဴးလြန္သူေတြဟာ မ်က္ႏွာဖံုးနဲ႔ လက္အိတ္ေတြအသံုးျပဳကာ ႐ုပ္ဖ်က္ထားတယ္လို႔လည္း သိရပါတယ္။

က်ဴးလြန္သူေတြဟာ အမ်ိဳးသမီးရဲ႕အိမ္ကို မနက္ ၁၁ နာရီဝန္းက်င္မွာ ေရာက္ရွိလာၿပီး မသန္စြမ္းျဖစ္ေနတဲ့ အမ်ိဳးသမီးရဲ႕ခင္ပြန္းသည္ကို ႀကိဳးနဲ႔တုပ္ကာ သူ၏ေရွ႕မွာတင္ အမ်ိဳးသမီးကို အုပ္စုဖြဲ႔ အဓမၼက်င့္ခဲ့ပါတယ္။

အဓမၼမႈ က်ဴးလြြန္ၿပီးတဲ့ေနာက္ က်ဴးလြန္သူေတြဟာ အမ်ိဳးသမီးထံက ေငြေတာင္းခဲ့ၿပီး ပိုက္ဆံေတြနဲ႔အတူ ႐ူပီးသန္းခ်ီ တန္ဖိုးရွိတဲ့ လက္ဝတ္ရတနာအမ်ိဳး ၂ဝ ေက်ာ္ကိုလည္း ယူေဆာင္သြားတယ္လို႔ သိရပါတယ္။

က်ဴးလြန္သူေတြဟာ အမ်ိဳးသမီးရဲ႕လက္မွာ ဝတ္ဆင္ထားတဲ့ လက္စြပ္ကိုပင္ ဆပ္ျပာနဲ႔ ခၽြတ္ခိုင္းကာ ယူေဆာင္သြားတယ္လို႔ သိရၿပီး အမ်ိဳးသမီးရဲ႕ မိန္းမ ကိုယ္တဝိုက္ကိုလည္း ခၽြန္ထက္တဲ့အရာနဲ႔ ဒဏ္ရာရေအာင္လုပ္ေဆာင္ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

က်ဴးလြန္သူနွစ္ဦး ထြက္ခြာသြားၿပီးေနာက္မွသာ အိမ္နီးခ်င္းေတြက သူတို႔ကို ေတြ႔ရွိကယ္တင္ႏုိင္ခဲ့ၿပီး အမ်ိဳးသမီးကိုေဆး႐ုံ ပို႔ေဆာင္ေပးခဲ့ပါတယ္။

ေဆး႐ုံရဲ႕ ေဆးစစ္ခ်က္ေတြအရလည္း အမ်ိဳးသမီးဟာ အုပ္စုဖြဲ႔ အဓမၼက်င့္ခံခဲ့ရတယ္ဆိုတာကို အတည္ျပဳနိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ က်ဴလြန္သူေတြကို ဖမ္းမိျခင္း မရွိေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ ဗာဒူ ကော့ဒိုင်းဧရိယာမှာ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတဦးဟာ မသန်စွမ်း ခင်ပွန်းသည်ရှေ့မှာ အုပ်စုဖွဲ့အဓမ္မကျင့်ခံခဲ့ရတယ်လို့ ဇွန် ၁ ရက်နေ့ Asia Tribune သတင်းမှာ ဖော်ပြပါတယ်။

ကနဦးထွက်ပေါ်လာတဲ့ သတင်းတွေအရ ကျူးလွန်သူဟာ နှစ်ယောက်ဖြစ်တယ်လို့ သိရပြီး သူတို့ဟာ ဘောင်းဘီအတိုတွေ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေမှာ ကျူးလွန်သူတွေဟာ မျက်နှာဖုံးနဲ့ လက်အိတ်တွေအသုံးပြုကာ ရုပ်ဖျက်ထားတယ်လို့လည်း သိရပါတယ်။

ကျူးလွန်သူတွေဟာ အမျိုးသမီးရဲ့အိမ်ကို မနက် ၁၁ နာရီဝန်းကျင်မှာ ရောက်ရှိလာပြီး မသန်စွမ်းဖြစ်နေတဲ့ အမျိုးသမီးရဲ့ခင်ပွန်းသည်ကို ကြိုးနဲ့တုပ်ကာ သူ၏ရှေ့မှာတင် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ပါတယ်။

အဓမ္မမှု ကျူးလွန်ပြီးတဲ့နောက် ကျူးလွန်သူတွေဟာ အမျိုးသမီးထံက ငွေတောင်းခဲ့ပြီး ပိုက်ဆံတွေနဲ့အတူ ရူပီးသန်းချီ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာအမျိုး ၂ဝ ကျော်ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေဟာ အမျိုးသမီးရဲ့လက်မှာ ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုပင် ဆပ်ပြာနဲ့ ချွတ်ခိုင်းကာ ယူဆောင်သွားတယ်လို့ သိရပြီး အမျိုးသမီးရဲ့ မိန်းမ ကိုယ်တဝိုက်ကိုလည်း ချွန်ထက်တဲ့အရာနဲ့ ဒဏ်ရာရအောင်လုပ်ဆောင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကျူးလွန်သူနှစ်ဦး ထွက်ခွာသွားပြီးနောက်မှသာ အိမ်နီးချင်းတွေက သူတို့ကို တွေ့ရှိကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးကိုဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။

ဆေးရုံရဲ့ ဆေးစစ်ချက်တွေအရလည်း အမျိုးသမီးဟာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံခဲ့ရတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကျူလွန်သူတွေကို ဖမ်းမိခြင်း မရှိသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top