စစ္ကိုင္းတိုင္းေဒသၾကီး ေရႊဘိုျမိဳ႕တြင္ ဆိုင္ကယ္စီးလာသူ သားအဖအား တုတ္မ်ားျဖင့္ရိုက္နွက္၍ ဆိုင္ကယ္နွင့္ဖုန္းကို လုယူထြက္ေျပးသြားေသာ သူမ်ားအား အခင္းျဖစ္ပြားျပီး ၂၄ နာရီအတြင္း ဖမ္းဆီး ရမိခဲ႔ေၾကာင္း ေရႊဘိုျမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးျမင့္ေမာင္က ေျပာသည္။

ျဖစ္စဥ္နွင့္ပတ္သက္၍ လုယူခံရေသာ ဖုန္းတြင္ GPS စနစ္ ထည့္သြင္းထားေၾကာင္း သိရ၍ အင္တာနက္ဖြင့္၍ ေျခရာခံစံုစမ္းခဲ႔ရာ ၎ဖုန္း၏တည္ေနရာမွာ အမွတ္(၁၀) ရပ္ကြက္ ထူေထာင္ေရးရပ္ သကၠယ္တန္းတံတားေျမာက္ဘက္ ေခ်ာင္းေဘးတြင္ေတြ႔ရွိရသျဖင့္ ဒုစခန္းမွဴး ရဲအုပ္ေနယုေမာင္ နွင့္အဖြဲ႔မွ တရားလိုမ်ားနွင့္အတူ သြားေရာက္ရွာေဖြရာ သကၠယ္တန္းေခ်ာင္းေဘးရွိ ေနအိမ္မွ ဆိုင္ကယ္စက္နိုးသံၾကားရာ ၎ဆိုင္ကယ္စက္သံမွာ တရားလို၏ေခ်ြးမ မဥမၼာစိုး(ခ)ပိုပို မွ ၎တို႔၏ ဆိုင္ကယ္စက္သံျဖစ္ေၾကာင္း ခဏအၾကာ ၎ဆိုင္ကယ္စက္သံျဖင့္ လူငယ္(၃) ဦး စီးျပီးထြက္သြားသည္ကို တရားလိုမွျမင္လိုက္၍ မွတ္မိခဲ႔ေၾကာင္းသိရသည္။

 တိုးဂိတ္မ်ားအားပိတ္ဆို႔ရွာေဖြျခင္းနီးစပ္ရာ ရဲစခန္းမ်ားသို႔ ဖုန္း Viber စနစ္ျဖင့္ ေပးပို႔အကူအညီေတာင္းခံခဲ႔စဥ္ ၎တရားခံ(၃)ဦးမွာ မႏၲေလးျမိဳ႕၌ ဆိုင္ကယ္လမ္းမွားဝင္၍ ယာဥ္စည္းကမ္းဥပေဒအရ အေရးယူခံထားရေၾကာင္း ၎တို႔(၃)ဦးအနက္မွ ေက်ာ္ရဲခိုင္(ခ)ဖိုးသားမွ တည္သီးေတာရြာေန ဦးသန္းဝင္း ထံ ဖုန္းဆက္ေျပာျပခဲ႔ေၾကာင္းသိရ၍ မႏၲေလးျမိဳ႕ အမွတ္(၂) ရဲစခန္းနွင့္ ခ်ိတ္ဆက္၍ ၎တရားခံ(၃)ဦး အား သက္ေသခံ ဆိုင္ကယ္ ဖုန္းမ်ားနွင့္အတူ အခင္းျဖစ္ပြားျပီး(၂၄) နာရီအတြင္း ဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။

အဆိုပါအမႈနွင့္ပတ္သက္၍ ျမတ္ေက်ာ္ခိုင္(သ) ၂၅ နွစ္ သီးလံုးေတာင္ရြာ ေရႊဘိုျမိဳ႕နယ္ ေဇာ္ရဲထြန္း(ခ)တက္ပု ၁၉ နွစ္ သီးလံုးေတာင္ရြာ ေရႊဘိုျမိဳ႕နယ္ ေနသူညီအကို(၂) ဦး နွင့္ ေက်ာ္ရဲခိုင္(ခ)ဖိုးသား ၁၉ နွစ္ တည္သီးေတာရြာ ေရႊဘိုျမိဳ႕နယ္ေနသူ တို႔အား ေရႊဘိုျမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်ွက္ရွိေၾကာင္း ေရႊဘိုျမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးေသာက္(ေရႊဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဆိုင်ကယ်စီးလာသူ သားအဖအား တုတ်များဖြင့်ရိုက်နှက်၍ ဆိုင်ကယ်နှင့်ဖုန်းကို လုယူထွက်ပြေးသွားသော သူများအား အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုယူခံရသော ဖုန်းတွင် GPS စနစ် ထည့်သွင်းထားကြောင်း သိရ၍ အင်တာနက်ဖွင့်၍ ခြေရာခံစုံစမ်းခဲ့ရာ ၎င်းဖုန်း၏တည်နေရာမှာ အမှတ်(၁၀) ရပ်ကွက် ထူထောင်ရေးရပ် သက္ကယ်တန်းတံတားမြောက်ဘက် ချောင်းဘေးတွင်တွေ့ရှိရသဖြင့် ဒုစခန်းမှူး ရဲအုပ်နေယုမောင် နှင့်အဖွဲ့မှ တရားလိုများနှင့်အတူ သွားရောက်ရှာဖွေရာ သက္ကယ်တန်းချောင်းဘေးရှိ နေအိမ်မှ ဆိုင်ကယ်စက်နိုးသံကြားရာ ၎င်းဆိုင်ကယ်စက်သံမှာ တရားလို၏ချွေးမ မဥမ္မာစိုး(ခ)ပိုပို မှ ၎င်းတို့၏ ဆိုင်ကယ်စက်သံဖြစ်ကြောင်း ခဏအကြာ ၎င်းဆိုင်ကယ်စက်သံဖြင့် လူငယ်(၃) ဦး စီးပြီးထွက်သွားသည်ကို တရားလိုမှမြင်လိုက်၍ မှတ်မိခဲ့ကြောင်းသိရသည်။

 တိုးဂိတ်များအားပိတ်ဆို့ရှာဖွေခြင်းနီးစပ်ရာ ရဲစခန်းများသို့ ဖုန်း Viber စနစ်ဖြင့် ပေးပို့အကူအညီတောင်းခံခဲ့စဉ် ၎င်းတရားခံ(၃)ဦးမှာ မန္တလေးမြို့၌ ဆိုင်ကယ်လမ်းမှားဝင်၍ ယာဉ်စည်းကမ်းဥပဒေအရ အရေးယူခံထားရကြောင်း ၎င်းတို့(၃)ဦးအနက်မှ ကျော်ရဲခိုင်(ခ)ဖိုးသားမှ တည်သီးတောရွာနေ ဦးသန်းဝင်း ထံ ဖုန်းဆက်ပြောပြခဲ့ကြောင်းသိရ၍ မန္တလေးမြို့ အမှတ်(၂) ရဲစခန်းနှင့် ချိတ်ဆက်၍ ၎င်းတရားခံ(၃)ဦး အား သက်သေခံ ဆိုင်ကယ် ဖုန်းများနှင့်အတူ အခင်းဖြစ်ပွားပြီး(၂၄) နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မြတ်ကျော်ခိုင်(သ) ၂၅ နှစ် သီးလုံးတောင်ရွာ ရွှေဘိုမြို့နယ် ဇော်ရဲထွန်း(ခ)တက်ပု ၁၉ နှစ် သီးလုံးတောင်ရွာ ရွှေဘိုမြို့နယ် နေသူညီအကို(၂) ဦး နှင့် ကျော်ရဲခိုင်(ခ)ဖိုးသား ၁၉ နှစ် တည်သီးတောရွာ ရွှေဘိုမြို့နယ်နေသူ တို့အား ရွှေဘိုမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးသောက်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top