×







Credit: Hlataw

#Unicode Version#
ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားတဲ့ Beauty Blogger နေခြည်ဦးဟာဆိုရင် Beauty Blogger လုပ်ရင်း သရုပ်ဆောင်လောကထဲ ကိုဝင်ရောက်လာသူလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီး၂ကား ရိုက်ကူးထားတဲ့ နေခြည်ဦးက ခုလောလောဆယ်မှာ သူမမျက်နှာပေါ်မှ အစိတ်အပိုင်းတချို့ကို ခွဲစိတ်ပြုပြင်ဖို့ ကိုးရီးယားကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူမက လူမှု့ကွန်ယက်ပေါ်မှာ ပြန့်နေတဲ့Loreal ပွဲတက်တုန်းကပြင်ဆင်ပုံနဲ့ ပတ်သက်ပြီး Troller တွေရဲ့ Trol ခြင်းကိုလည်း ခံနေရပါတယ်။ ဒီနေ့မှာတော့ နေခြည်က သူ့ဆီ အလုပ်လာလျှောက်သူကို အသည်းပေါက်တယ် ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးထားတာပဲ ဖြစ်ပါတယ်။  ချစ်ပရိသတ်တွေအတွက် နေခြည်ဦး က အလုပ်လာလျှောက်သူကို ဘာကြောင့် အသည်းပေါက်ရသလဲ ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦး ဒေါသထွက်နေရတဲ့ အကြောင်းရင်းကတော့ သူမရဲ့Beautyby Naychi Page မှာ July 9ရက်နေ့က အလုပ်ခေါ်စာတင်ခဲ့ တာပဲဖြစ်ပါတယ်။ နေခြည်ဦးဆီကို CV လာတင်တဲ့ သူလေးတစ်ယောက်က နေခြည်ဦးရဲ့ Loreal ပွဲတက်ခဲ့ တုန်းကပုံရိပ်ကလေးကို သရဲမကြောက်တယ် လို့ရေးပြီး Public တင်ပြီး ပြောထားတာတွေ့ပြီး ဒေါသထွက်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦး ပြောထားပုံက ” ဘာအသည်းပေါက်လဲသိလား CV တင်မှတော့ ဒီခေတ်မှာ facebook ဝင်ကြည့်ပြီပေါ့။ boss ခေါ်ရမယ့်သူကို “သရဲမ ကြောက်တယ်” လို့တော့ public တင်ပြီး မခေါ်ထားနဲ့လေကွာ ” လို့ ရေးထားတာပဲ ဖြစ်ပါတယ်။

နေခြည်ဦး က သူ့ဆီအလုပ်လာလျှောက်တဲ့ သူက သူကို မကောင်းပြောထားပြီး သူဆီ CV လာတင်တဲ့ အတွက် အသဲပေါက်နေတာပဲ ဖြစ်ပါတယ်။

Beauty Blogger နေခြည်ဦးရဲ့ အလုပ်လာလျှောက်တဲ့ သူဆီက အပြောခံရတဲ့အပေါ် အသည်းပေါက်နေတဲ့ အကြောင်းအရာတွေကို ပရိသတ်ကြီး တွေ့မြင်ရလောက်ပြီထင်ပါတယ်။ ချစ်ပရိသတ်ကြီးကလည်း နေခြည်ဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးပြီး သူမကို ချစ်ပေးကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top