ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ေၾကာင္ေလးေတြကို လူအမ်ားစုဟာ ခ်စ္ျမတ္ႏိူးၾကပါတယ္ တခ်ိဳ႕ဆိုရင္ေပြ႕ခ်ီ နမ္းရႈံ႕ ညအတူတူအိပ္ေနတတ္ၾကပါတယ္ တခါတရံမွာလည္း ေၾကာင္ေလးေတြရဲ႕ အညစ္အေၾကး ကိစၥထိရွင္းလင္းေပးၾကရပါတယ္ ဒီေနရာမွာေတာ့ေျပာစရာရွိလာပါျပီ

ေၾကာင္ရဲ႕အညစ္အေၾကးကို ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနနဲ႔ မရွင္းလင္းသင့္ပါဘူး အကယ္၍မျဖစ္မေန ရွင္းလင္းရမယ္ဆိုရင္လည္း လက္အိပ္စြတ္ပါ ျပီးလ်င္လက္ကိုဆပ္ျပာႏွင့္စင္ၾကယ္စြာေဆးပါ တကယ္လိုမ်ား ကိုယ္ဝန္ေဆာင္မိခင္ အေနနဲ႔ ေၾကာင္ရဲ႕အညစ္အေၾကးအခ်ိဳ႕ မိမိ စားေသာက္တဲ႔ ထဲ အနည္းငယ္ သို႔မဟုတ္ မေတာ္တဆမ်ားကပ္ျငိပါသြားခဲ႔မယ္ဆိုရင္ မိမိရဲ႕ရင္ေသြးေလးအတြက္အသက္အႏၲရာယ္အထိ အႏၲရာယ္ရွိပါတယ္

ယင္းအညစ္အေၾကးမွာtoxoplasma gondii လို႔အမည္ရွိတဲ႔ ေရာဂါပိုးတစ္မ်ိဳးပါေနလိုပါပဲ ဒီပိုးဟာ ဗိုက္ထဲကိုတနည္းနည္းျဖင့္ ေရာက္ရွိသြားခဲ႔လ်ွင္ toxiplamosisဆိုတဲ႔ေရာဂါမိခင္မွာရသြားျပီဆိုရင္ ေရာဂါလကၡဏာျပသျခင္းရွိသလို မျပဘဲလည္းျဖစ္ႏိုင္ပါတယ္ လကၡဏာက တုတ္ေကြးဖ်ားနဲ႔ဆင္တူပါတယ္ အက်ိတ္အဖုကေလးေတြထြက္ပါတယ္ ဦးေႏွာက္အေျမွးပါးေရာင္တတ္ပါတယ္ မ်က္စိအျမင္အာရံုကိုလည္းထိခိုက္တတ္ပါတယ္ အဆိုးဆံုးကေတာ့ ကေလးပ်က္က်တတ္တယ္
သို႔မဟုတ္ ကေလးရဲ႕ဦးေႏွာက္ကိုထိခိုက္သြားတတ္တယ္ ေမြးလာတဲ႔ကေလးဟာ ေခါင္းအႀကီးႀကီး သို႔မဟုတ္ေခါင္းေသးေသးေလး ေမြးလာတတ္တယ္

ဦးေႏွာက္က်ပ္မျပည့္ဘဲေမြးဖြားလာတတ္ပါတယ္ ဒါမွမဟုတ္ရင္ ပိုးဟာ မ်က္စိသို႔မဟုတ္နားကိုဒုကၡသြားေပးျပီး စြန္႔အ နာမၾကားသည္အထိ ျဖစ္တတ္ျပန္ပါတယ္ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္မ်ားအေနနဲ႕ ေၾကာင္ေလးမ်ားႏွင့္ပြတ္သီးပြတ္သပ္မေနသင့္ပါဘူး က်န္းမာခ်မ္းသာၾကပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Dr.soe lwin
#Unicode Version#

ကြောင်လေးတွေကို လူအများစုဟာ ချစ်မြတ်နိူးကြပါတယ် တချို့ဆိုရင်ပွေ့ချီ နမ်းရှုံ့ ညအတူတူအိပ်နေတတ်ကြပါတယ် တခါတရံမှာလည်း ကြောင်လေးတွေရဲ့ အညစ်အကြေး ကိစ္စထိရှင်းလင်းပေးကြရပါတယ် ဒီနေရာမှာတော့ပြောစရာရှိလာပါပြီ

ကြောင်ရဲ့အညစ်အကြေးကို ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မရှင်းလင်းသင့်ပါဘူး အကယ်၍မဖြစ်မနေ ရှင်းလင်းရမယ်ဆိုရင်လည်း လက်အိပ်စွတ်ပါ ပြီးလျင်လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးပါ တကယ်လိုများ ကိုယ်ဝန်ဆောင်မိခင် အနေနဲ့ ကြောင်ရဲ့အညစ်အကြေးအချို့ မိမိ စားသောက်တဲ့ ထဲ အနည်းငယ် သို့မဟုတ် မတော်တဆများကပ်ငြိပါသွားခဲ့မယ်ဆိုရင် မိမိရဲ့ရင်သွေးလေးအတွက်အသက်အန္တရာယ်အထိ အန္တရာယ်ရှိပါတယ်

ယင်းအညစ်အကြေးမှာtoxoplasma gondii လို့အမည်ရှိတဲ့ ရောဂါပိုးတစ်မျိုးပါနေလိုပါပဲ ဒီပိုးဟာ ဗိုက်ထဲကိုတနည်းနည်းဖြင့် ရောက်ရှိသွားခဲ့လျှင် toxiplamosisဆိုတဲ့ရောဂါမိခင်မှာရသွားပြီဆိုရင် ရောဂါလက္ခဏာပြသခြင်းရှိသလို မပြဘဲလည်းဖြစ်နိုင်ပါတယ် လက္ခဏာက တုတ်ကွေးဖျားနဲ့ဆင်တူပါတယ် အကျိတ်အဖုကလေးတွေထွက်ပါတယ် ဦးနှောက်အမြှေးပါးရောင်တတ်ပါတယ် မျက်စိအမြင်အာရုံကိုလည်းထိခိုက်တတ်ပါတယ် အဆိုးဆုံးကတော့ ကလေးပျက်ကျတတ်တယ်
သို့မဟုတ် ကလေးရဲ့ဦးနှောက်ကိုထိခိုက်သွားတတ်တယ် မွေးလာတဲ့ကလေးဟာ ခေါင်းအကြီးကြီး သို့မဟုတ်ခေါင်းသေးသေးလေး မွေးလာတတ်တယ်

ဦးနှောက်ကျပ်မပြည့်ဘဲမွေးဖွားလာတတ်ပါတယ် ဒါမှမဟုတ်ရင် ပိုးဟာ မျက်စိသို့မဟုတ်နားကိုဒုက္ခသွားပေးပြီး စွန့်အ နာမကြားသည်အထိ ဖြစ်တတ်ပြန်ပါတယ် ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များအနေနဲ့ ကြောင်လေးများနှင့်ပွတ်သီးပွတ်သပ်မနေသင့်ပါဘူး ကျန်းမာချမ်းသာကြပါစေ


ဖိုးသူတော် (www.phothutaw.com)
Credit:  Dr.soe lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top