ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံေတာတြင္းရိွ ျမန္မာႏိုင္ငံသား တရားမ၀င္အလုပ္သမား ၁၃ ဦး ေတာထဲပိတ္မိပုန္းေအာင္းေနျခင္းအား ထိုင္းကေလး ၁၃ ဦး ဂူထဲပိတ္မိသည့္ျဖစ္ရပ္ကို ကိုယ္ခ်င္းစာသည့္အတြက္ ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္လဲႊအပ္ေပးျခင္းျဖစ္ၿပီး လိုအပ္ေသာအကူအညီမ်ားအား ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ လ၀ကအရာရိွက ျမန္မာျပည္ပအလုပ္အကိုင္ ၀န္ေဆာင္မႈ/ လုပ္ငန္းရွင္မ်ားအဖဲြ႕ခ်ဳပ္ (MOEAF) ဘန္ေကာက္႐ံုးအဖဲြ႕မွဴး ဦးသက္ပိုင္စိုးကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ အလုပ္သမားမ်ားအား ဖမ္းဆီးအေရးယူေနမႈမ်ားေၾကာင့္ ကန္ခ်နပူရီခ႐ိုင္မွ ျမန္မာအလုပ္သမား ၁၃ ဦးသည္ ေတာထဲပုန္းေအာင္း၍ အစာေရစာျပတ္လပ္ခဲ့ကာ MOEAF (ဘန္ေကာက္) Call Center သို႔ ဇူလိုင္ ၆ ရက္တြင္ အကူညီေတာင္းခံခဲ့သည္။ ထို႔ေၾကာင့္ ထိုင္းႏိုင္ငံရိွ ျမန္မာအလုပ္သမားသံအရာရိွ၊ MOEAF မွတာ၀န္ရိွသူမ်ားက ကူညီ ကယ္ဆယ္ခဲ့ကာ ၎ ၁၃ ဦးအပါအ၀င္ တရားမ၀င္အလုပ္သမား ၉ ဦး စုစုေပါင္း ၂၂ ဦးကို ဇူလိုင္ ၁၀ ရက္တြင္ ျမ၀တီ ေက်ာက္လံုးႀကီး ျပန္လည္လက္ခံေရးစခန္းသို႔ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္သည္။

”သူတို႔ေတြ ျမန္မာႏိုင္ငံထဲ ျပန္ေရာက္လာပါၿပီ။ ဟိုဘက္က အာဏာပိုင္ေတြနဲ႔ညိွၿပီး တရား၀င္ျပန္ေခၚလာတာ။ ေက်ာက္လံုးႀကီး ျပန္လည္လက္ခံေရးစခန္းမွာ သူတို႔ရိွတယ္။ အဲဒီေနရာကေန ကိုယ့္ေနရာကိုျပန္ဖို႔အတြက္ ပိုက္ဆံမရိွဘူးဆိုရင္ အစိုးရကေန ပိုက္ဆံထုတ္ေပးမွာပါ။ ကြ်န္ေတာ္တို႔ဘက္ကလည္း ကူညီပါမယ္။ သူတို႔ေနရပ္ကို မျပန္ခ်င္ဘူး၊ ျပည္တြင္းတျခားေနရာမွာ အလုပ္သြားလုပ္မယ္ဆိုရင္လည္း သြားလို႔ရပါတယ္”ဟု MOEAF တဲြဖက္အေထြေထြအတြင္းေရးမွဴး(၁) ဦးျမတ္သူက ေျပာသည္။

အဆိုပါတရားမ၀င္ အေထာက္အထားမဲ့ အလုပ္သမား ၂၂ ဦးမွာ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္မွ ၅ ဦး၊ မေကြးတိုင္းေဒသႀကီးမွ ၁၃ ဦး၊ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္မွ ၁ ဦး၊ က်ဳိက္မေရာၿမိဳ႕နယ္မွ ၁ ဦး၊ ကရင္ျပည္နယ္၊ ဘုရားသံုးဆူမွ ၁ ဦး၊ ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္မွ ၁ ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

”ကြ်န္ေတာ္တို႔ ထိုင္းကေလး ၁၃ ေယာက္ ဂူတြင္းပိတ္မိေနတုန္းက ျမန္မာႏိုင္ငံသားမ်ားလည္း ပူပန္ေနၾကေၾကာင္း၊ ျမန္မာနိုင္ငံဘက္မွလည္း အကူအညီေပးခဲ့ေၾကာင္း သိရပါတယ္။ အခုျမန္မာႏိုင္ငံသား ၁၃ ဦး ေတာတြင္းမွာ အစာေရစာျပတ္ေနသည့္အတြက္ ခင္ဗ်ားတို႔ ျမန္မာႏိုင္ငံသားမ်ားအတြက္ ပူပန္ေနမယ္ဆိုတာ ကိုယ္ခ်င္းစာမိပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့အကူအညီမ်ားကို တံု႔ျပန္ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္”ဟု MOEAF နွင့္အတူ ေတာတြင္းသို႔လိုက္ပါကူညီခဲ့ေသာ ထိုင္းလ၀ကအရာရိွက MOEAF (ဘန္ေကာက္) ႐ံုးအဖဲြ႕မွဴး ဦးသက္ပိုင္စိုးကို ေျပာၾကားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch

#Unicode Version#
ထိုင်းနိုင်ငံတောတွင်းရှိ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမား ၁၃ ဦး တောထဲပိတ်မိပုန်းအောင်းနေခြင်းအား ထိုင်းကလေး ၁၃ ဦး ဂူထဲပိတ်မိသည့်ဖြစ်ရပ်ကို ကိုယ်ချင်းစာသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲအပ်ပေးခြင်းဖြစ်ပြီး လိုအပ်သောအကူအညီများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ လဝကအရာရှိက မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု/ လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ဘန်ကောက်ရုံးအဖွဲ့မှူး ဦးသက်ပိုင်စိုးကို ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများအား ဖမ်းဆီးအရေးယူနေမှုများကြောင့် ကန်ချနပူရီခရိုင်မှ မြန်မာအလုပ်သမား ၁၃ ဦးသည် တောထဲပုန်းအောင်း၍ အစာရေစာပြတ်လပ်ခဲ့ကာ MOEAF (ဘန်ကောက်) Call Center သို့ ဇူလိုင် ၆ ရက်တွင် အကူညီတောင်းခံခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ၊ MOEAF မှတာဝန်ရှိသူများက ကူညီ ကယ်ဆယ်ခဲ့ကာ ၎င်း ၁၃ ဦးအပါအဝင် တရားမဝင်အလုပ်သမား ၉ ဦး စုစုပေါင်း ၂၂ ဦးကို ဇူလိုင် ၁၀ ရက်တွင် မြဝတီ ကျောက်လုံးကြီး ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

”သူတို့တွေ မြန်မာနိုင်ငံထဲ ပြန်ရောက်လာပါပြီ။ ဟိုဘက်က အာဏာပိုင်တွေနဲ့ညှိပြီး တရားဝင်ပြန်ခေါ်လာတာ။ ကျောက်လုံးကြီး ပြန်လည်လက်ခံရေးစခန်းမှာ သူတို့ရှိတယ်။ အဲဒီနေရာကနေ ကိုယ့်နေရာကိုပြန်ဖို့အတွက် ပိုက်ဆံမရှိဘူးဆိုရင် အစိုးရကနေ ပိုက်ဆံထုတ်ပေးမှာပါ။ ကျွန်တော်တို့ဘက်ကလည်း ကူညီပါမယ်။ သူတို့နေရပ်ကို မပြန်ချင်ဘူး၊ ပြည်တွင်းတခြားနေရာမှာ အလုပ်သွားလုပ်မယ်ဆိုရင်လည်း သွားလို့ရပါတယ်”ဟု MOEAF တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးမြတ်သူက ပြောသည်။

အဆိုပါတရားမဝင် အထောက်အထားမဲ့ အလုပ်သမား ၂၂ ဦးမှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ၅ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၃ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ ၁ ဦး၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ ထိုင်းကလေး ၁၃ ယောက် ဂူတွင်းပိတ်မိနေတုန်းက မြန်မာနိုင်ငံသားများလည်း ပူပန်နေကြကြောင်း၊ မြန်မာနိုင်ငံဘက်မှလည်း အကူအညီပေးခဲ့ကြောင်း သိရပါတယ်။ အခုမြန်မာနိုင်ငံသား ၁၃ ဦး တောတွင်းမှာ အစာရေစာပြတ်နေသည့်အတွက် ခင်ဗျားတို့ မြန်မာနိုင်ငံသားများအတွက် ပူပန်နေမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လိုအပ်တဲ့အကူအညီများကို တုံ့ပြန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု MOEAF နှင့်အတူ တောတွင်းသို့လိုက်ပါကူညီခဲ့သော ထိုင်းလဝကအရာရှိက MOEAF (ဘန်ကောက်) ရုံးအဖွဲ့မှူး ဦးသက်ပိုင်စိုးကို ပြောကြားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top