န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
စကားမစပ် အမျိုးသမီး ရော ၊ အမျိုးသား များရော အခြား LGBT များပါမကျန် ” Happy Women’s day ” ပါလို့
(၁) ဒေါ်ဝင်းဝင်းတင့်
(၂) ဂျူး
(၄) အိန္ဒြာကျော်ဇင်
(၅) ဒေါ်ဝေသစ်လွင်
# Unicode Version ဖြင့် ဖတ်ပါ #
ကျွန်မ လက်လှမ်းမှီ သလောက် (၅) ဦးလို့သာ ဆိုလိုက်တာပါ တကယ်တော့ တခြား ဒီထက် ထူးချွန် ကြ ၊ တော်ကြတဲ့ အမျိုးသမီး တွေ ရှိဦးမှာပါ ။
စကားမစပ် အမျိုးသမီး ရော ၊ အမျိူးသား များရော အခြား LGBT များပါမကျန် ” Happy Women’s day ” ပါလို့
(၁) ဒေါ်ဝင်းဝင်းတင့်
သူကတော့ ကျွန်မ တို့ နိုင်ငံ မှာ ပထမဆုံး super market ကို စတင်ဖွင့်လှစ်သူ အမျိုးသမီး ဖြစ်ပါတယ် ။ ဒေါ်ဝင်းဝင်းတင့် ဟာ ၁၉၉၆ ခုနှစ်မှာ City Mart ကို အခက်အခဲတွေကြားက စတင် တည်ထောင်ခဲ့ပြီး အဲ့အချိန်မှာ သူ့ အသက်ဟာ ၂၁ နှစ်သာ ရှိပါသေးတယ် ။ အခုလောလောဆယ် တော့ မြန်မာနိုင်ငံ အနှံ့အပြား မှာ City mart ဆိုင်ခွဲပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး ထူးချွန်တဲ့ Entrepreneur တစ်ယောက်လို့ ဆိုရင် လည်း မမှားပါဘူး ။
(၂) ဂျူ း
ဒီအမျိုးသမီးကတော့ စာဖတ်သူတွေနဲ့ သိပ်မစိမ်းလှပါဘူး ။ ဂျူ း ရဲ့ မြစ်တို့၏ မာယာ ၊ ပင်လယ်နှင့် တူသော မိန်းမများ ၊ မိန်းမ တစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက် အစရှိတဲ့ စာအုပ်တွေဟာ မြန်မာ အမျိုးသမီး တွေကို Women Empowerment ဆိုတာ နဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ ကြားခံနယ် တွေဖြစ်ပါတယ် ။ အခုခေတ်မှာတော့ ဂျူးက ယောကျ်ား မုန်းတီးရေး ဝါဒီ လို့ ကောက်ချက်ချ နေကြပေမယ့် မြန်မာနိုင်ငံရဲ့ Feminism အကြောင်းပြောမယ်ဆို ကြည်အေး နဲ့ ဂျူ း ဟာ လှစ်လျူ ရှူ့ ထားလို့မရတဲ့ Influencer တွေဖြစ်ပါတယ် ။
(၃) ဒေါ်အောင်ဆန်းစုကြည်
ကျွန်မ တို့ အကုန်သိထားပြီးသား အမျိုးသမီး တစ်ဦး ဖြစ်ပါတယ် ။ လောလောဆယ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေမှာ အရေးအပါဆုံး နေရာက ရပ်တည် နေသူလို့ ဆိုရင်လည်း မမှားပါဘူး ။ Nobel ဆုအပြင် အခြားသော နိုင်ငံ အသီးသီး ၊ တက္ကသိုလ် အသီးသီးက ဆုပေါင်း ၊ ဂုဏ်ထူး တံဆိပ် ပေါင်များစွာကို ရရှိထားသူဖြစ်ပြီး သူ့ရဲ့ Freedom from Fear စာအုပ် နဲ့လည်း နိုင်ငံရေး စာပေ လောက ကို ကိုင်လှုပ်ခဲ့ပါသေးတယ် ။
(၄) အိန္ဒြာကျော်ဇင်
မင်းသမီး တွေထဲမှာလည်း ကျွန်မ တို့အပေါ် Influence ကြီးလွန်းတဲ့ အမျိုးသမီး တော်တော်များများရှိပါတယ် ။ ဒါပေမယ့် ကျွန်မ အမြင် အမှားအကင်းဆုံးနဲ့ ပရိသတ် ချစ်ခင်မှုကို အရဆုံးကတော့ အိန္ဒြာကျော်ဇင် ပါပဲ ။ ဟာကွက်မရှိတဲ့ သရုပ်ဆောင် အမူအရာတွေ ၊ အံ့ဩစရာ ကောင်းလောက်တဲ့ နုပျိုမှု တွေက ဆယ်စုနှစ် တွေ ကျော်လာသည့် တိုင်သူ့ကို ဆက်လက်အားပေးနေကြတဲ့ အဓိက အကြောင်းအရင်းပါပဲ ။
(၅) ဒေါ်ဝေသစ်လွင်
ဒေါ်ဝေသစ်လွင် လို့ ပြောလိုက်ရင် လူသိပ်သိချငိမှ သိပါလိမ့်မယ် ။ ဒါပေမယ့် Bella လို့ဆိုလိုက်ရင်တော့ Comestic နဲ့ ကင်းကွာတဲ့ ယောကျ်ားရင့်မ ကြီးတွေတောင် သိကြပါတယ် ။ လူတန်းစား အသုံးပြုနိုင်တဲ့ ဈေးနှုန်း ၊ ပေးရတဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ ကုန်ပစ္စည်း အရည်အသွေး ၊ Marketing Strategy အစရှိတာတွေက Bella ကို အချိန်တို အတွင်းမှာ လူသိများလာစေခဲ့ပါတယ် ။ ဒေါ်ဝေသစ်လွင်က Bella အပြင် ABC Convenience Store နဲ့ အခြားသော လုပ်ငန်းတွေမှာလည်း Founder တစ်ဦးဖြစ်ပါသေးတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media) Page မှ ကူးယူဖော်ပြထားပါသည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top