×

နိုင္ငံတစ္ကာ ကေလးပစၥည္း(အထူးသျဖင့္ ေပါင္ဒါ) နာမည္ႀကီးတဲ့ Johnson & Johnson အမွတ္တံဆိပ္ဟာ အေမရိကန္နိုင္ငံရဲ့ ထိပ္တန္းေဆးပစၥည္းေတြ ထုတ္လုပ္တဲ့ အႀကီးစားကုမၸဏီျဖစ္ပါတယ္။
Johnson & Johnson ေပါင္ဒါဟာ ကင္ဆာျဖစ္ေစတယ္ဆိုတဲ့ တရားစြဲဆိုခံခဲ့ရၿပီး အမွုရွုံးနိမ့္ကာ အေမရိကန္ေဒၚလာ ၄.၆၉ ဘီလီယံ အေလ်ာ္ေပးဖို႔ တရား႐ုံးက အမိန႔္ခ်ခဲ့ပါတယ္။

Missouri ျပည္နယ္ St Louis တရား႐ုံးမွာ အမ်ိဳးသား ၆ ဦး၊ အမ်ိဳးသမီး ၆ ဦးပါ ဂ်ဴရီအဖြဲ႕ဝင္ေတြက တရားစြဲဆိုခဲ့တဲ့ အမ်ိဳးသမီးကို ၆ ပတ္ၾကာ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ ဂ်ဴရီလူႀကီးမ်ား ၈ နာရီၾကာတိုင္ပင္ေဆြးေႏြးခဲ့ၾကၿပီးမွ အခုလို ဆုံးျဖတ္ခဲ့ၾကတယ္လို႔ တရားလိုေရွ႕ေနျဖစ္သူ Mark Lanier က ဆိုပါတယ္။
ထိခိုက္နစ္နာမွုအတြက္ ေဒၚလာ သန္း ၅၅၀ ေလ်ာ္ေၾကးနဲ႔ ျပင္းထန္တဲ့ ပ်က္ဆီးထိခိုက္မွုေတြအတြက္ ေဒၚလာ ၄.၁ ဘီလီယံ ဒဏ္ခတ္ခဲ့တာျဖစ္ပါတယ္။

တရားလို၏ အဆိုရ Johnson & Johnson ေပါင္ဒါကို တစ္ကိုယ္ေရ သန႔္ရွင္းမွုအတြက္ သုံးစြဲခဲ့တာေၾကာင့္ သားအိမ္ကင္ဆာျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

“Johnson & Johnson ဟာ သူတို႔ရဲ့ ေပါင္ဒါထဲမွာ ေက်ာက္ဂြမ္းမွုန႔္ေတြ ထည့္ၿပီး ထုတ္လုပ္တယ္ဆိုတာကို ႏွစ္ေပါင္း ၄၀ ေလာက္ ဖုံးကြယ္ထားခဲ့တယ္” လို႔ ေရွ႕ေန Lanier က ေၾကာညာခ်က္မွာ ေဖာ္ျပထားပါတယ္။

“အခုလိုဂ်ဴရီအဖြဲ႕ရဲ့ အဆုံးအျဖတ္ေၾကာင့္ J&J ကုမၸဏီဘုတ္အဖြဲ႕က အာ႐ုံပိုစိုက္လာမယ္၊ အဲဒီေနာက္ ေက်ာက္ဂြမ္းမွုန႔္၊ ေပါင္ဒါ နဲ႔ သားအိမ္ကင္ဆာတို႔ရဲ့ ဆက္စပ္မွုကို ေဆးပညာေလာကနဲ႔ အမ်ားျပည္သူေတြသိေအာင္ အသိေပးသြားၿပီး ေစ်းကြက္ထဲမွာ ေရာက္ေနတဲ့ ေပါင္ဒါေတြ ျပန္သိမ္းမယ္လို႔ ေမၽွာ္လင့္တယ္” လို႔ သူက ဆိုပါတယ္။

Johnson & Johnson ကုမၸဏီကေတာ့ “ဒီကိစၥနဲ႔ ပက္သက္ၿပီး ဂ်ဴရီအဖြဲ႕ရဲ့ ဆုံးျဖတ္ခ်က္က အရမ္းကို စိတ္ပ်က္စရာေကာင္းတယ္” လို႔ ဆိုပါတယ္။
“အေျခခံအခ်က္ေတြအရ ဒီလုပ္ထုံးလုပ္နည္းက တရားမၽွတမွုမရွိပါဘူး၊ တရားလို အမ်ိဳးသမီး ၂၂ ေယာက္ပါတဲ့ အဖြဲ႕ကို တင္ျပလာတယ္၊ သူတို႔ေတြထဲက အေတာ္မ်ားမ်ားက Missouri က မဟုတ္ၾကဘူး၊ တစ္ေယာက္ျခင္းစီက သူတို႔မွာ သားအိမ္ကင္ဆာ ျဖစ္ေနပါၿပီလို႔ တစ္ညီတညြတ္ထဲ စြပ္စြဲေနတာၾကတယ္” J&J ရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုမၸဏီက သူတို႔ရဲ့ ေပါင္ဒါထဲမွာ ေက်ာက္ဂြမ္းမွုန႔္မပါသလို သားအိမ္ကင္ဆာလည္း မျဖစ္နိုင္ပါဘူးလို႔ အခိုင္အမာ ေျပာဆိုပါတယ္။ J&J ကို အလားတူ တရားစြဲဆိုမွုေတြ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ေလာစ့္အိန္းဂ်လိစ္မွာ ျဖစ္ခဲ့ၿပီး တရားစြဲဆိုတိုင္းတန္းခ်က္ေတြက မေရရာမျပည့္စုံမွုေတြေၾကာင့္ ပယ္ခ်ခံခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Popolay

#Unicode Version#
နိုင်ငံတစ်ကာ ကလေးပစ္စည်း(အထူးသဖြင့် ပေါင်ဒါ) နာမည်ကြီးတဲ့ Johnson & Johnson အမှတ်တံဆိပ်ဟာ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းဆေးပစ္စည်းတွေ ထုတ်လုပ်တဲ့ အကြီးစားကုမ္ပဏီဖြစ်ပါတယ်။

Johnson & Johnson ပေါင်ဒါဟာ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တရားစွဲဆိုခံခဲ့ရပြီး အမှုရှုံးနိမ့်ကာ အမေရိကန်ဒေါ်လာ ၄.၆၉ ဘီလီယံ အလျော်ပေးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။


Missouri ပြည်နယ် St Louis တရားရုံးမှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးပါ ဂျူရီအဖွဲ့ဝင်တွေက တရားစွဲဆိုခဲ့တဲ့ အမျိုးသမီးကို ၆ ပတ်ကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် ဂျူရီလူကြီးများ ၈ နာရီကြာတိုင်ပင်ဆွေးနွေးခဲ့ကြပြီးမှ အခုလို ဆုံးဖြတ်ခဲ့ကြတယ်လို့ တရားလိုရှေ့နေဖြစ်သူ Mark Lanier က ဆိုပါတယ်။

ထိခိုက်နစ်နာမှုအတွက် ဒေါ်လာ သန်း ၅၅၀ လျော်ကြေးနဲ့ ပြင်းထန်တဲ့ ပျက်ဆီးထိခိုက်မှုတွေအတွက် ဒေါ်လာ ၄.၁ ဘီလီယံ ဒဏ်ခတ်ခဲ့တာဖြစ်ပါတယ်။


တရားလို၏ အဆိုရ Johnson & Johnson ပေါင်ဒါကို တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် သုံးစွဲခဲ့တာကြောင့် သားအိမ်ကင်ဆာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


“Johnson & Johnson ဟာ သူတို့ရဲ့ ပေါင်ဒါထဲမှာ ကျောက်ဂွမ်းမှုန့်တွေ ထည့်ပြီး ထုတ်လုပ်တယ်ဆိုတာကို နှစ်ပေါင်း ၄၀ လောက် ဖုံးကွယ်ထားခဲ့တယ်” လို့ ရှေ့နေ Lanier က ကြောညာချက်မှာ ဖော်ပြထားပါတယ်။


“အခုလိုဂျူရီအဖွဲ့ရဲ့ အဆုံးအဖြတ်ကြောင့် J&J ကုမ္ပဏီဘုတ်အဖွဲ့က အာရုံပိုစိုက်လာမယ်၊ အဲဒီနောက် ကျောက်ဂွမ်းမှုန့်၊ ပေါင်ဒါ နဲ့ သားအိမ်ကင်ဆာတို့ရဲ့ ဆက်စပ်မှုကို ဆေးပညာလောကနဲ့ အများပြည်သူတွေသိအောင် အသိပေးသွားပြီး စျေးကွက်ထဲမှာ ရောက်နေတဲ့ ပေါင်ဒါတွေ ပြန်သိမ်းမယ်လို့ မျှော်လင့်တယ်” လို့ သူက ဆိုပါတယ်။


Johnson & Johnson ကုမ္ပဏီကတော့ “ဒီကိစ္စနဲ့ ပက်သက်ပြီး ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အရမ်းကို စိတ်ပျက်စရာကောင်းတယ်” လို့ ဆိုပါတယ်။

“အခြေခံအချက်တွေအရ ဒီလုပ်ထုံးလုပ်နည်းက တရားမျှတမှုမရှိပါဘူး၊ တရားလို အမျိုးသမီး ၂၂ ယောက်ပါတဲ့ အဖွဲ့ကို တင်ပြလာတယ်၊ သူတို့တွေထဲက အတော်များများက Missouri က မဟုတ်ကြဘူး၊ တစ်ယောက်ခြင်းစီက သူတို့မှာ သားအိမ်ကင်ဆာ ဖြစ်နေပါပြီလို့ တစ်ညီတညွတ်ထဲ စွပ်စွဲနေတာကြတယ်” J&J ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ကုမ္ပဏီက သူတို့ရဲ့ ပေါင်ဒါထဲမှာ ကျောက်ဂွမ်းမှုန့်မပါသလို သားအိမ်ကင်ဆာလည်း မဖြစ်နိုင်ပါဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်။ J&J ကို အလားတူ တရားစွဲဆိုမှုတွေ ပြီးခဲ့တဲ့ အောက်တိုဘာလက လောစ့်အိန်းဂျလိစ်မှာ ဖြစ်ခဲ့ပြီး တရားစွဲဆိုတိုင်းတန်းချက်တွေက မရေရာမပြည့်စုံမှုတွေကြောင့် ပယ်ချခံခဲ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)

Credit:Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top