န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×

မ​ကွေးတိုင်းဒေသကြီး၊ ​တောင်တွင်းကြီးမြို့နယ်၊ ဆူးကောက်ကြီးအုပ်စု၊ ​ညောင်ပင်သာရွာနေ မဇင်မာနွယ်(သ)၁၃နှစ်(ဘ)ဦးထွန်းမြင့်နိုင်သည် (၈.၇.၂၀၁၈) နံနက် (၀၇.၀၀) နာရီအချိန်တွင်ရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ရန်ပါယ်ချောင်းထဲသို့၎င်း၏ဖခင်ဖြစ်သူ ထွန်းမြင်နိုင်(ခေါ်)ကံတင်(သ)၃၃နှစ်နှင့်အတူ ပိတ်စွယ်ဖူးချိုးရန်သွားရောက်ခဲ့ကြောင်း၊ ပိတ်စွယ်ဖူးချိုးနေစဉ် ​နေ့လည်(၁၁.၀၀)နာရီအချိန်ခန့်တွင် ၎င်း၏ဖခင်ဖြစ်သူထွန်းမြင့်နိုင်(ခေါ်)ကံတင်မှဘာမှပြောဆိုခြင်းမရှိဘဲ တွန်းလှဲကာထမီလှန်၍ (၅)မိနစ်ခန့်သားမယားအဖြစ် ဆက်ဆံပြီးနောက်၊ (၅)မိနစ်တစ်ကြိမ်ခန့် (၅)ကြိမ်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊





Credit: The Author

# Unicode Version ဖြင့် ဖတ်ပါ #

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆူးကောက်ကြီးအုပ်စု၊ ညောင်ပင်သာရွာနေ မဇင်မာနွယ်(သ)၁၃နှစ်(ဘ)ဦးထွန်းမြင့်နိုင်သည် (၈.၇.၂၀၁၈) နံနက် (၀၇.၀၀) နာရီအချိန်တွင်ရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ရန်ပါယ်ချောင်းထဲသို့၎င်း၏ဖခင်ဖြစ်သူ ထွန်းမြင်နိုင်(ခေါ်)ကံတင်(သ)၃၃နှစ်နှင့်အတူ ပိတ်စွယ်ဖူးချိုးရန်သွားရောက်ခဲ့ကြောင်း၊ ပိတ်စွယ်ဖူးချိုးနေစဉ် နေ့လည်(၁၁.၀၀)နာရီအချိန်ခန့်တွင် ၎င်း၏ဖခင်ဖြစ်သူထွန်းမြင့်နိုင်(ခေါ်)ကံတင်မှဘာမှပြောဆိုခြင်းမရှိဘဲ တွန်းလဲှကာထမီလှန်၍ (၅)မိနစ်ခန့်သားမယားအဖြစ် ဆက်ဆံပြီးနောက်၊ (၅)မိနစ်တစ်ကြိမ်ခန့် (၅)ကြိမ်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊

မဇင်မာနွယ်မှအမေနှင့်တိုင်ပြောမည်ဟု ပြောဆိုသော်လည်း နင်အရှက်ကွဲချင်ရင်တိုင်ပေါ့ဟု ထွန်းမြင့်နိုင်မှပြောဆိုခဲ့ကြောင်း၊

(၇.၇.၂၀၁၈)ရက်နေ့ နေ့လည် (၁၁.၀၀) အချိန်ခန့်ကလည်း ယင်းကဲ့သို့ရန်ပါယ်ချောင်းထဲတွင် ပိတ်စွယ်ဖူးချိုးယူနေစဉ် ဖခင်ဖြစ်သူထွန်းမြင့်နိုင်(ခေါ်)ကံတင်မှသားမယားအဖြစ် (၂)ကြိမ်ဆက်ဆံခဲ့ကြောင်း၊

ထို့ကြောင့်အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သောထွန်းမြင့်နိုင် (ခေါ်)ကံတင်(သ)၃၃နှစ်(ဘ ဦးကျေးမောင်အားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ဆတ်သွားနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းလာသဖြင့် ဆတ်သွားနယ်မြေရဲခန်းမှ(ပ)၁၀၇/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ. ၃၇၆ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရှိပါသည်။

သတင်း,ဓာတ်ပုံ – ပြည်စိုးအောင်(ဇနပုဒ်) #HA

ဖိုးသူတော် (www.phothutaw.com)
Credit: The Author

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top