AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မဂၤလာဦးည ဆိုတာ ညေတြထဲမွာ အမိုက္ဆံုးည ျဖစ္ေနရမယ္ေလ.. သင့္ရဲ႕ မဂၤလာဦးညကို စိတ္ကူးယဥ္ခဲ့ ဖူးပါသလား။ မဂၤလာဦးညကို စိတ္ကူး မယဥ္ဖူးပါဘူး လို႔ ျငင္းၾကရင္ေတာင္မွ လက္ထပ္ မဂၤလာပြဲကေတာ့ မိန္းကေလးတိုင္းရဲ႕ စိတ္ကူး ထဲမွာ ႀကီးစုိးထားတဲ့ အေတြးစတစ္ခုပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ျငင္းလို႔ မရပါဘူး။

မဂၤလာဦးည ဆိုတာနဲ႔ သင္တို႔ စိတ္ကူး ယဥ္ထားသလို ႏွင္းဆီပြင့္ဖက္ေတြ က်ဲျဖန္႔ထားတဲ့ ဖဲေမြ႕ယာႀကီးရယ္၊ ေမႊးပ်ံ႕ လန္းဆန္းေနတဲ့ ေရခ်ိဳးကန္ႀကီးရယ္၊ ေနာက္ၿပီး အရမ္းခ်စ္ခင္ စံုမက္ေနၿပီး ဆႏၵျပင္းျပေနတဲ့ အခ်စ္စိတ္ ေတြရယ္ စိတ္ကူးထဲက အတိုင္း ထပ္တူက်ေနမယ္ လို႔ ေတြးဖူးပါသလား။

လက္ထပ္ မဂၤလာပြဲ ဆိုတာနဲ႔ မဂၤလာဦးည ဆိုတာကလည္း ရင္ခ်င္းဆက္ အျမႊာ ညီအစ္မေတြလို တစ္ပူးတြဲတြဲျဖစ္ေနတာ ဆိုေတာ့ မဂၤလာေဆာင္ မယ့္ ေကာင္မေလး ေတြအတြက္ ဗဟုသုတရဖို႔ မဂၤလာဦးည နဲ႔ ပတ္သက္ၿပီး သင္တို႔ရဲ႕ စီနီယာ မမေတြရဲ႕ အေတြ႕အႀကံဳမ်ားကို မွ်ေ၀ေပးလိုက္ပါတယ္။

မနက္ျဖန္ဆိုတာ ဘယ္ေတာ့မွ မရွိေတာ့ပါဘူး

“ မဂၤလာဦးညမွာ ၿပီးျပည့္စံုတဲ့ ခ်စ္တင္းေႏွာ မႈမ်ိဳးကို ရရွိမယ္လို႔ အရင္ထဲက ေမွ်ာ္လင့္မိတယ္။ စိတ္ႀကိဳက္ ဟိုတယ္မွာ စိတ္ႀကိဳက္ ကိုယ္ေနဟန္ထား ေတြနဲ႔ေပါ့။ ႏွစ္ေယာက္စလံုး ေျခကုန္လက္ပန္း က်တဲ့အထိ ခ်စ္တင္းေႏွာ ခဲ့တယ္။ ေပ်ာ္ရႊင္ၾကည္ႏူး ခဲ့ရၿပီး စိတ္ဆႏၵျပင္းျပမႈနဲ႔ ျပည့္၀မႈ ေတြက မဂၤလာဦးည ၿပီးဆံုးသြားတဲ့ အိမ္ေထာင္သက္ တစ္ေလွ်ာက္လံုးမွာ အဲဒီ့ ခံစားခ်က္ ေတြအတိုင္း ထပ္တူထပ္မွ် လံုး၀ ျပန္မရႏိုင္ေတာ့ဘူး။

မဂၤလာဦးည ဆိုတာ တကယ့္ကို အံ့ၾသေပ်ာ္ရႊင္ ေစႏိုင္တဲ့ တစ္ခုတည္းေသာ အမွတ္တရပါပဲ။ ေနာက္ ဘယ္ေတာ့မွ ျပန္မရႏုိင္ဘူး။ မဂၤလာေဆာင္ ေတာ့မယ္ ဆိုရင္ မဂၤလာဦးညကို ဘာမွ အစီအစဥ္ မဆြဲဘဲ ေပါ့ေပါ့ေလးပဲ ျဖတ္သန္းလိုက္ဖို႔ ဘယ္ေတာ့မွ မေတြးလိုက္ပါနဲ႔။ ဒါ ပထမဆံုးနဲ႔ ေနာက္ဆံုး အေတြ႕အႀကံဳမို႔လို႔ပါ။” _ Kristi, 33

ဓမၼတာ စက္၀န္းကို ေမ့ေနလို႔ မျဖစ္ေသးပါဘူး

“မဂၤလာဦးည ကေတာ့ ကၽြန္မရဲ႕ ေပါ့ဆမႈေၾကာင့္ ၀မ္းနည္းစရာႀကီးကို ျဖစ္လို႔။ မဂၤလာေဆာင္မယ့္ မနက္အေစာႀကီးမွာ ကၽြန္မရဲ႕ ရာသီေသြး ဟာ စတင္လာၿပီး မထင္မွတ္ထားပဲ မဂၤလာဦးညက ဖ်က္စီးခံခဲ့ရတယ္။

အမွန္တကယ္တမ္းေတာ့ တစ္လေလာက္ ႀကိဳၿပီး ဓမၼတာ စက္၀န္းကို တြက္ခ်က္ၿပီး သားဖြားမီးယပ္ ဆရာ၀န္ ေတြဆီမွာ လိုအပ္တဲ့ ကုသမႈကို ခံယူထားရမယ္ ဆိုတဲ့ အခ်က္ကို ကၽြန္မလံုး၀ ေမ့ေလ်ာ့ေနခဲ့ပါတယ္။ ခင္ပြန္းသည္ ရဲ႕ သေဘာထားႀကီးမႈေၾကာင့္သာ မဂၤလာဦးည ကို မုန္႔ေတြစားရင္း၊ စကားေတြေျပာရင္း ေပ်ာ္ရႊင္ၾကည္ႏူးစြာ ျဖတ္ေက်ာ္ခဲ့ရေပမယ့္ အခု အခ်ိန္အထိ ျပန္ေတြးၾကည့္ရင္ သူ႔ကို အားနာေနရတုန္းပါပဲ။

မဂၤလာေဆာင္ေတာ့မယ္ ဆိုရင္ေတာ့ တစ္လႏွစ္လေလာက္ အလိုကတည္းက သင့္ရဲ႕ ရာသီစက္၀န္း ကို တြက္ခ်က္ၿပီး မဂၤလာဦး ညနဲ႔ လြဲေအာင္ ကၽြမ္းက်င္တဲ့ ဆရာ၀န္ေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္တဲ့ ကုသမႈခံယူဖို႔ကေတာ့ သင့္ရဲ႕ အစီအစဥ္ေတြထဲမွာ ထည့္ကိုထည့္ထား ရပါလိမ့္မယ္။”_

ရယ္စရာ အမွတ္တရလည္း ျဖစ္တတ္ပါေသးတယ္

“တကယ္ေတာ့ မဂၤလာေဆာင္ပြဲ စီစဥ္ရတယ္ ဆိုတာ မၿပီးဆံုးႏိုင္တဲ့ ခရီးရွည္ႀကီး သြားေနရသလိုပါပဲ။ မဂၤလာေဆာင္ေရာက္ၿပီ လည္းဆိုေရာ လူေတြကို ဧည့္ခံရတာနဲ႔ ဓာတ္ပံု မွတ္တမ္းေတြ ယူရတာနဲ႔ ဂါ၀န္ရွည္ႀကီး ၀တ္ထားရတာနဲ႔ လူက ပင္ပန္းႏြမ္းနယ္လိုက္တာ မေျပာပါနဲ႔။

မဂၤလာဦးည ကိုေရာက္ေတာ့ ခ်စ္တင္းမေႏွာခင္ ေရခ်ိဳးကန္ထဲမွာ နာရီ၀က္ေလာက္ စိမ္ၿပီး အေမာေျဖလိုက္မိတယ္။ ထြက္လာတဲ့ အခါမွာေတာ့ ကၽြန္မရဲ႕ ခင္ပြန္းက ေမြ႕ယာ ေပၚမွာ အခန္႔သား အိပ္ေပ်ာ္ေနၿပီေလ။ မဂၤလာေဆာင္ေတာ့မယ္ ဆိုရင္ ေပါ့ေပါ့ပါးပါး ေနတတ္ဖို႔ အေရးႀကီးတယ္။

သူေရာ ကိုယ္ေရာ မလိုလားအပ္တဲ့ အေသးအမႊား ကိစၥေလးေတြကို ကိုယ္တိုင္ လိုက္မလုပ္ပါနဲ႔။ တျခားလူကို ခုိင္းပါလို႔ အႀကံေပး ခ်င္တယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ပင္ပန္းလြန္ၿပီး မဂၤလာဦးညမွာ ခ်စ္တင္း မေႏွာရေသးခင္ပဲ ခင္ပြန္းက အိပ္ေပ်ာ္သြားတယ္ ဆိုတဲ့ ရယ္စရာ အမွတ္တရႀကီးသာ တစ္ဘ၀လံုး က်န္ေနခဲ့မွာ အေသအခ်ာပါပဲ။” _

ခ်စ္တင္းေႏွာဖို႔ခ်ည္း သက္သက္လည္း မဟုတ္ေသးပါဘူး

“ သူနဲ႔ ကၽြန္မက အရင္ထဲက အတူတူ ေနၾကတာပါ။ ဒီလို မဂၤလာဦးည ဆိုတာကို ကၽြန္မတို႔ အရမ္းရင္ခုန္ စိတ္လႈပ္ရွားတာမ်ိဳး မရွိခဲ့ဘူး။ ႏွစ္ဦး လက္ထပ္ၿပီး ေအးခ်မ္းတဲ့ ဘ၀ေလးကို ထူေထာင္ဖို႔ပဲ စိတ္ထဲမွာ ရွိခဲ့တယ္။ မိဘေတြကေတာ့ မဂၤလာေဆာင္ ၿပီးတဲ့အခါ ကၽြန္မ တို႔ႏွစ္ေယာက္ကို ဟုိတယ္ကို ပို႔လုိက္ၾကတယ္။

ဟိုတယ္ထဲမွာ ၀ိုင္ေလးေသာက္ရင္း ႏွစ္ဦးအနာဂတ္ေတြကို ေဆြးေႏြးၾကတယ္။ အရင္တုန္းက ေပ်ာ္ရႊင္စရာ အတိတ္ ေတြကို ျပန္ေတြးျပန္ေျပာၾကတယ္။ ရယ္ၾကတယ္။ ေနာက္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခက္ခဲခဲ့တဲ့အခ်ိန္ေတြကို ျပန္ေျပာၾကရင္း ႏွစ္သိမ့္ရင္း ေပြ႕ဖက္ထားၾကတယ္။

ေနာက္ၿပီး ႏွစ္ေယာက္စလံုး စိတ္ဆႏၵၿပီးေျမာက္တဲ့အထိ ခ်စ္တင္းေႏွာၾကတယ္။ ခ်စ္တင္းေႏွာတာက အရင္အတိုင္း မဆန္းျပားဘူး ဆိုေပမယ့္ သမီးရည္းစား ဘ၀မွာ တစ္ခါမွမရဘူးတဲ့ Romantic Night ေလးကေတာ့ အရမ္းလွတာေပါ့ေလ။ မဂၤလာဦးည ဆိုတာ ခ်စ္တင္းေႏွာဖို႔ တစ္ခုတည္း အတြက္ပဲ ျဖစ္တည္ေနတာ မဟုတ္ပါဘူး။ ဘ၀မွာ တစ္ခါမွ မရႏိုင္တဲ့ ခံစားခ်က္မ်ိဳးလည္း ရႏိုင္ပါေသးတယ္။”

စြန္႔စားမႈ ေတြလည္း လိုအပ္ပါတယ္

“ မဂၤလာေဆာင္ေတာ့ ကၽြန္မမွာ ကိုယ္၀န္ ငါးလေလာက္ ရွိေနၿပီ။ မဂၤလာေဆာင္ ရတာနဲ႔ေတာင္ ကၽြန္မမွာ ႏြမ္းနယ္ပင္ပန္းၿပီး စိတ္ေရာကိုယ္ေရာ ပင္ပန္းသြားတယ္။ ေနာက္ၿပီး ကိုယ္၀န္ႀကီးနဲ႔ ဆိုေတာ့ ၀မ္းနည္းသလိုလို၊ ၀မ္းသာသလိုလို စိတ္ခံစားမႈေတြလည္း ျဖစ္လာတယ္။

ညက်ေတာ့ ကၽြန္မတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ဟိုတယ္မွာ ၾကက္ေတာင္ပံေၾကာ္ေတြ မွာစားၾကတယ္။ ေနာက္ၿပီး လွ်ိဳ႕၀ွက္ဆန္းၾကယ္ ရုပ္ရွင္ကားေတြ အတူတူ ထိုင္ၾကည့္ေနခဲ့တယ္။ ပထမေတာ့ မဂၤလာဦးည ခ်စ္တင္းေႏွာဖို႔ကို ထည့္မတြက္ေတာ့ဖို႔ ဆံုးျဖတ္ခဲ့ၾကေပမယ့္လည္း တကယ္တမ္း လက္ေတြ႕မွာေတာ့ အဲဒီ့ညက ကၽြန္မအတြက္ သက္ေတာင့္သက္သာ အရွိဆံုးျဖစ္ေစမယ့္ ကိုယ္ေနဟန္ထားမ်ိဳးနဲ႔ ကေလးကို ထိခိုက္မႈ မရွိေအာင္ ဂရုစိုက္ရင္း ခ်စ္တင္းေႏွာခဲ့ၾကတယ္။ အေတြ႕အႀကံဳသစ္ေတြ ရခဲ့တယ္လို႔ပဲ ဆိုရေတာ့မွာေပါ့။”_

ေမွ်ာ္လင့္ထားသလိုလည္း ျဖစ္မလာတတ္ပါ

“ကၽြန္မ က်ေတာ့ ရယ္ရတယ္။ မဂၤလာေဆာင္ ျပီးေတာ့ Night Party မွာ ကၽြန္မ ခင္ပြန္းက သူ႔သူငယ္ခ်င္းေတြနဲ႔ မူးေနေအာင္ကို ေသာက္တာပါပဲ။ ၿပီးေတာ့လည္း ေဒါင္ခ်ာ ဆိုင္းၿပီး အိပ္ေပ်ာ္သြားတာနဲ႔ပဲ ကၽြန္မရဲ႕ မဂၤလာဦးညကေတာ့ ခ်စ္တင္းေႏွာတယ္ ဆိုတာ ဘာဆိုဘာမွန္းေတာင္ မသိလိုက္ရပါဘူး။

ႏိုးၿပီးလည္း ျပသနာရွာလို႔ ရတဲ့ အေျခအေနမ်ိဳးေတာင္ ကၽြန္မ မွာ အခြင့္အေရး မရလိုက္ေလေတာ့ ခ်စ္တင္းေႏွာတယ္ ဆိုတာ အိမ္ေထာင္သက္ တစ္ေလွ်ာက္လံုး ဘယ္အခ်ိန္မွာမဆို ရရွိႏိုင္တဲ့ အခြင့္အေရး တစ္ခုပဲ ဆိုၿပီးေတာ့ စိတ္ေလွ်ာ့ခဲ့ရတာပါပဲ။

အိမ္ေထာင္ ျပဳေတာ့မယ့္ မိန္းကေလးေတြကို အႀကံေပးခ်င္တာကေတာ့ စိတ္ႀကီးတတ္တဲ့သူမ်ိဳး ဆိုရင္ေတာ့ Night Party မွာ အမ်ားႀကီးမေသာက္ျဖစ္ေအာင္ အလိမၼာနည္းသံုးၿပီး ထိန္းေပးႏိုင္ဖို႔လည္း လိုအပ္ပါေသးတယ္။” _

ဒါကေတာ့ မဂၤလာဦးညကို ျဖတ္ေက်ာ္ခဲ့ဖူးတဲ့ အေတြ႕အႀကံဳရွိ စီနီယာ မမေတြရဲ႕ အေတြ႕အႀကံဳ ေတြနဲ႔ အႀကံေပး စကားေတြပဲ ျဖစ္ပါတယ္။ သင့္အလွည့္မွာေရာ ဘယ္လို မဂၤလာဦးညကို အလိုရွိပါသလဲ။

အမိုက္စား ကိုယ္ေနဟန္ထားေတြနဲ႔ ျပင္းျပတဲ့ စိတ္ဆႏၵေတြလား။ ဒါမွမဟုတ္ ရိုမန္တစ္ဆန္ၿပီး သာယာၾကည္ႏူးဖြယ္ေကာင္းတဲ့ အျပာေရာင္ အခ်စ္ညလား။ သင့္စိတ္ႀကိဳက္ ေရြးခ်ယ္လို႔ ရပါတယ္။

ဒါေပမယ့္ စိတ္ကူးယဥ္ ေနရံုနဲ႔ေတာ့ မျပည့္စံုႏိုင္ပါဘူး။ လိုအပ္တာေတြကို အခုပဲ စတင္ျပင္ဆင္ထားမွာ ေတာ္ကာၾကပါလိမ့္မယ္ လို႔ ထပ္ၿပီးေတာ့ သတိေပးလိုက္ပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Moda
# Unicode Version ျဖင့္ ဖတ္ပါ #
မင်္ဂလာဦးည ဆိုတာ ညတွေထဲမှာ အမိုက်ဆုံးည ဖြစ်နေရမယ်လေ.. သင့်ရဲ့ မင်္ဂလာဦးညကို စိတ်ကူးယဉ်ခဲ့ ဖူးပါသလား။ မင်္ဂလာဦးညကို စိတ်ကူး မယဉ်ဖူးပါဘူး လို့ ငြင်းကြရင်တောင်မှ လက်ထပ် မင်္ဂလာပွဲကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး ထဲမှာ ကြီးစိုးထားတဲ့ အတွေးစတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ ငြင်းလို့ မရပါဘူး။

မင်္ဂလာဦးည ဆိုတာနဲ့ သင်တို့ စိတ်ကူး ယဉ်ထားသလို နှင်းဆီပွင့်ဖက်တွေ ကျဲဖြန့်ထားတဲ့ ဖဲမွေ့ယာကြီးရယ်၊ မွှေးပျံ့ လန်းဆန်းနေတဲ့ ရေချိုးကန်ကြီးရယ်၊ နောက်ပြီး အရမ်းချစ်ခင် စုံမက်နေပြီး ဆန္ဒပြင်းပြနေတဲ့ အချစ်စိတ် တွေရယ် စိတ်ကူးထဲက အတိုင်း ထပ်တူကျနေမယ် လို့ တွေးဖူးပါသလား။

လက်ထပ် မင်္ဂလာပွဲ ဆိုတာနဲ့ မင်္ဂလာဦးည ဆိုတာကလည်း ရင်ချင်းဆက် အမြွှာ ညီအစ်မတွေလို တစ်ပူးတွဲတွဲဖြစ်နေတာ ဆိုတော့ မင်္ဂလာဆောင် မယ့် ကောင်မလေး တွေအတွက် ဗဟုသုတရဖို့ မင်္ဂလာဦးည နဲ့ ပတ်သက်ပြီး သင်တို့ရဲ့ စီနီယာ မမတွေရဲ့ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်။

မနက်ဖြန်ဆိုတာ ဘယ်တော့မှ မရှိတော့ပါဘူး

“ မင်္ဂလာဦးညမှာ ပြီးပြည့်စုံတဲ့ ချစ်တင်းနှော မှုမျိုးကို ရရှိမယ်လို့ အရင်ထဲက မျှော်လင့်မိတယ်။ စိတ်ကြိုက် ဟိုတယ်မှာ စိတ်ကြိုက် ကိုယ်နေဟန်ထား တွေနဲ့ပေါ့။ နှစ်ယောက်စလုံး ခြေကုန်လက်ပန်း ကျတဲ့အထိ ချစ်တင်းနှော ခဲ့တယ်။ ပျော်ရွှင်ကြည်နူး ခဲ့ရပြီး စိတ်ဆန္ဒပြင်းပြမှုနဲ့ ပြည့်ဝမှု တွေက မင်္ဂလာဦးည ပြီးဆုံးသွားတဲ့ အိမ်ထောင်သက် တစ်လျှောက်လုံးမှာ အဲဒီ့ ခံစားချက် တွေအတိုင်း ထပ်တူထပ်မျှ လုံး၀ ပြန်မရနိုင်တော့ဘူး။

မင်္ဂလာဦးည ဆိုတာ တကယ့်ကို အံ့သြပျော်ရွှင် စေနိုင်တဲ့ တစ်ခုတည်းသော အမှတ်တရပါပဲ။ နောက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ မင်္ဂလာဆောင် တော့မယ် ဆိုရင် မင်္ဂလာဦးညကို ဘာမှ အစီအစဉ် မဆွဲဘဲ ပေါ့ပေါ့လေးပဲ ဖြတ်သန်းလိုက်ဖို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံး အတွေ့အကြုံမို့လို့ပါ။” _ Kristi, 33

ဓမ္မတာ စက်ဝန်းကို မေ့နေလို့ မဖြစ်သေးပါဘူး

“မင်္ဂလာဦးည ကတော့ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် ဝမ်းနည်းစရာကြီးကို ဖြစ်လို့။ မင်္ဂလာဆောင်မယ့် မနက်အစောကြီးမှာ ကျွန်မရဲ့ ရာသီသွေး ဟာ စတင်လာပြီး မထင်မှတ်ထားပဲ မင်္ဂလာဦးညက ဖျက်စီးခံခဲ့ရတယ်။

အမှန်တကယ်တမ်းတော့ တစ်လလောက် ကြိုပြီး ဓမ္မတာ စက်ဝန်းကို တွက်ချက်ပြီး သားဖွားမီးယပ် ဆရာဝန် တွေဆီမှာ လိုအပ်တဲ့ ကုသမှုကို ခံယူထားရမယ် ဆိုတဲ့ အချက်ကို ကျွန်မလုံး၀ မေ့လျော့နေခဲ့ပါတယ်။ ခင်ပွန်းသည် ရဲ့ သဘောထားကြီးမှုကြောင့်သာ မင်္ဂလာဦးည ကို မုန့်တွေစားရင်း၊ စကားတွေပြောရင်း ပျော်ရွှင်ကြည်နူးစွာ ဖြတ်ကျော်ခဲ့ရပေမယ့် အခု အချိန်အထိ ပြန်တွေးကြည့်ရင် သူ့ကို အားနာနေရတုန်းပါပဲ။

မင်္ဂလာဆောင်တော့မယ် ဆိုရင်တော့ တစ်လနှစ်လလောက် အလိုကတည်းက သင့်ရဲ့ ရာသီစက်ဝန်း ကို တွက်ချက်ပြီး မင်္ဂလာဦး ညနဲ့ လွဲအောင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့ကတော့ သင့်ရဲ့ အစီအစဉ်တွေထဲမှာ ထည့်ကိုထည့်ထား ရပါလိမ့်မယ်။”_

ရယ်စရာ အမှတ်တရလည်း ဖြစ်တတ်ပါသေးတယ်

“တကယ်တော့ မင်္ဂလာဆောင်ပွဲ စီစဉ်ရတယ် ဆိုတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီး သွားနေရသလိုပါပဲ။ မင်္ဂလာဆောင်ရောက်ပြီ လည်းဆိုရော လူတွေကို ဧည့်ခံရတာနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ယူရတာနဲ့ ဂါဝန်ရှည်ကြီး ဝတ်ထားရတာနဲ့ လူက ပင်ပန်းနွမ်းနယ်လိုက်တာ မပြောပါနဲ့။

မင်္ဂလာဦးည ကိုရောက်တော့ ချစ်တင်းမနှောခင် ရေချိုးကန်ထဲမှာ နာရီဝက်လောက် စိမ်ပြီး အမောဖြေလိုက်မိတယ်။ ထွက်လာတဲ့ အခါမှာတော့ ကျွန်မရဲ့ ခင်ပွန်းက မွေ့ယာ ပေါ်မှာ အခန့်သား အိပ်ပျော်နေပြီလေ။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ အရေးကြီးတယ်။

သူရော ကိုယ်ရော မလိုလားအပ်တဲ့ အသေးအမွှား ကိစ္စလေးတွေကို ကိုယ်တိုင် လိုက်မလုပ်ပါနဲ့။ တခြားလူကို ခိုင်းပါလို့ အကြံပေး ချင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပင်ပန်းလွန်ပြီး မင်္ဂလာဦးညမှာ ချစ်တင်း မနှောရသေးခင်ပဲ ခင်ပွန်းက အိပ်ပျော်သွားတယ် ဆိုတဲ့ ရယ်စရာ အမှတ်တရကြီးသာ တစ်ဘဝလုံး ကျန်နေခဲ့မှာ အသေအချာပါပဲ။” _

ချစ်တင်းနှောဖို့ချည်း သက်သက်လည်း မဟုတ်သေးပါဘူး

“ သူနဲ့ ကျွန်မက အရင်ထဲက အတူတူ နေကြတာပါ။ ဒီလို မင်္ဂလာဦးည ဆိုတာကို ကျွန်မတို့ အရမ်းရင်ခုန် စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ဘူး။ နှစ်ဦး လက်ထပ်ပြီး အေးချမ်းတဲ့ ဘဝလေးကို ထူထောင်ဖို့ပဲ စိတ်ထဲမှာ ရှိခဲ့တယ်။ မိဘတွေကတော့ မင်္ဂလာဆောင် ပြီးတဲ့အခါ ကျွန်မ တို့နှစ်ယောက်ကို ဟိုတယ်ကို ပို့လိုက်ကြတယ်။

ဟိုတယ်ထဲမှာ ဝိုင်လေးသောက်ရင်း နှစ်ဦးအနာဂတ်တွေကို ဆွေးနွေးကြတယ်။ အရင်တုန်းက ပျော်ရွှင်စရာ အတိတ် တွေကို ပြန်တွေးပြန်ပြောကြတယ်။ ရယ်ကြတယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခက်ခဲခဲ့တဲ့အချိန်တွေကို ပြန်ပြောကြရင်း နှစ်သိမ့်ရင်း ပွေ့ဖက်ထားကြတယ်။

နောက်ပြီး နှစ်ယောက်စလုံး စိတ်ဆန္ဒပြီးမြောက်တဲ့အထိ ချစ်တင်းနှောကြတယ်။ ချစ်တင်းနှောတာက အရင်အတိုင်း မဆန်းပြားဘူး ဆိုပေမယ့် သမီးရည်းစား ဘဝမှာ တစ်ခါမှမရဘူးတဲ့ Romantic Night လေးကတော့ အရမ်းလှတာပေါ့လေ။ မင်္ဂလာဦးည ဆိုတာ ချစ်တင်းနှောဖို့ တစ်ခုတည်း အတွက်ပဲ ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ဘဝမှာ တစ်ခါမှ မရနိုင်တဲ့ ခံစားချက်မျိုးလည်း ရနိုင်ပါသေးတယ်။”

စွန့်စားမှု တွေလည်း လိုအပ်ပါတယ်

“ မင်္ဂလာဆောင်တော့ ကျွန်မမှာ ကိုယ်ဝန် ငါးလလောက် ရှိနေပြီ။ မင်္ဂလာဆောင် ရတာနဲ့တောင် ကျွန်မမှာ နွမ်းနယ်ပင်ပန်းပြီး စိတ်ရောကိုယ်ရော ပင်ပန်းသွားတယ်။ နောက်ပြီး ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလို စိတ်ခံစားမှုတွေလည်း ဖြစ်လာတယ်။

ညကျတော့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် ဟိုတယ်မှာ ကြက်တောင်ပံကြော်တွေ မှာစားကြတယ်။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်ကားတွေ အတူတူ ထိုင်ကြည့်နေခဲ့တယ်။ ပထမတော့ မင်္ဂလာဦးည ချစ်တင်းနှောဖို့ကို ထည့်မတွက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာတော့ အဲဒီ့ညက ကျွန်မအတွက် သက်တောင့်သက်သာ အရှိဆုံးဖြစ်စေမယ့် ကိုယ်နေဟန်ထားမျိုးနဲ့ ကလေးကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ရင်း ချစ်တင်းနှောခဲ့ကြတယ်။ အတွေ့အကြုံသစ်တွေ ရခဲ့တယ်လို့ပဲ ဆိုရတော့မှာပေါ့။”_

မျှော်လင့်ထားသလိုလည်း ဖြစ်မလာတတ်ပါ

“ကျွန်မ ကျတော့ ရယ်ရတယ်။ မင်္ဂလာဆောင် ပြီးတော့ Night Party မှာ ကျွန်မ ခင်ပွန်းက သူ့သူငယ်ချင်းတွေနဲ့ မူးနေအောင်ကို သောက်တာပါပဲ။ ပြီးတော့လည်း ဒေါင်ချာ ဆိုင်းပြီး အိပ်ပျော်သွားတာနဲ့ပဲ ကျွန်မရဲ့ မင်္ဂလာဦးညကတော့ ချစ်တင်းနှောတယ် ဆိုတာ ဘာဆိုဘာမှန်းတောင် မသိလိုက်ရပါဘူး။

နိုးပြီးလည်း ပြသနာရှာလို့ ရတဲ့ အခြေအနေမျိုးတောင် ကျွန်မ မှာ အခွင့်အရေး မရလိုက်လေတော့ ချစ်တင်းနှောတယ် ဆိုတာ အိမ်ထောင်သက် တစ်လျှောက်လုံး ဘယ်အချိန်မှာမဆို ရရှိနိုင်တဲ့ အခွင့်အရေး တစ်ခုပဲ ဆိုပြီးတော့ စိတ်လျှော့ခဲ့ရတာပါပဲ။

အိမ်ထောင် ပြုတော့မယ့် မိန်းကလေးတွေကို အကြံပေးချင်တာကတော့ စိတ်ကြီးတတ်တဲ့သူမျိုး ဆိုရင်တော့ Night Party မှာ အများကြီးမသောက်ဖြစ်အောင် အလိမ္မာနည်းသုံးပြီး ထိန်းပေးနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။” _

ဒါကတော့ မင်္ဂလာဦးညကို ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ စီနီယာ မမတွေရဲ့ အတွေ့အကြုံ တွေနဲ့ အကြံပေး စကားတွေပဲ ဖြစ်ပါတယ်။ သင့်အလှည့်မှာရော ဘယ်လို မင်္ဂလာဦးညကို အလိုရှိပါသလဲ။

အမိုက်စား ကိုယ်နေဟန်ထားတွေနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေလား။ ဒါမှမဟုတ် ရိုမန်တစ်ဆန်ပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အပြာရောင် အချစ်ညလား။ သင့်စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။

ဒါပေမယ့် စိတ်ကူးယဉ် နေရုံနဲ့တော့ မပြည့်စုံနိုင်ပါဘူး။ လိုအပ်တာတွေကို အခုပဲ စတင်ပြင်ဆင်ထားမှာ တော်ကာကြပါလိမ့်မယ် လို့ ထပ်ပြီးတော့ သတိပေးလိုက်ပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Moda
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top