မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×




Photo – Amazing Grace
# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်တို့ရေ အနုပညာရှင်စုံတွဲတွေထဲမှာ လိုက်ဖက်တဲ့ စုံတွဲလို့ ပြောလိုက်တာနဲ့ ပရိသတ်အချစ်တော် နိုက်တင်ဂေးလေးနှစ်ယောက်ဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်) တို့နှစ်ယောက် ကို ပြေမြင်မိကြမှာ မလွဲပါပဲနော် ၊ အဆိုတော် လွမ်းပိုင်ဟာ လက်တလောမှာ သီချင်းတွေအပြင် သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းလာပြီး မနေ့က ” ကြွေ ” ရုပ်ရှင်ဇာတ်ကားရဲ့ red carpet show ကို စုံတွဲတက်ရောက်ခဲ့ကြပါတယ်။ အနက်ရောင် ဝတ်စုံကိုယ်စီနဲ့ လိုက်ဖက်လွန်းတဲ့ နှစ်ယောက်သားရဲ့ ပုံရိပ်တွေဟာ ပရိသတ်တွေကြားမှ တကယ်ကိုရေပန်းစားသွားခဲ့ပါတယ်။

သူတို့ နှစ်ယောက်သားရဲ့ အချစ်သက်တမ်းဟာလည်း ကိုးနှစ်ကျော်ခဲ့ပြီဖြစ်ပြီး တကယ်ကိုတွဲ လက်တွေ ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်လျောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ယနေ့ထက်တိုင် အချစ်မလျော့သေးပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်မြဲ ချစ်ဆဲ သူတို့အတွဲလေးဟာ ပရိသတ်တွေရဲ့ Idol Couple ဆိုလည်း မမှားပါဘူး။ ဝါသနာလည်းတူ ရပ်တည်မှုတွေ လည်းတူတဲ့ အဆိုတော်စုံတွဲလေးမို့ ပရိသတ်တွေကလည်း အချစ်ပိုနေတာပဲဖြစ်ပါတယ်

ကြွေရုပ်လေးလိုလှတဲ့ ထက်ထက်နဲ့ ယောကျာ်းပီသတဲ့ ပုံရိပ်တွေနဲ့ လွှမ်းပိုင်တို့ နှစ် ယောက်ရဲ့ ပွဲတက်ပုံရိပ်တွေကို ဓာတ်ပုံဆရာနေမင်းထွန်းက အကောင်းဆုံးအနေအထားနဲ့ ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။ ကဲ သူတို့နှစ်ဦးပုံလေးတွေကို ကြည့်ပြီး အားကျလိုက်ကြပါဦးနော်

Photo – Amazing Grace
ဖိုးသူတော် (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top