ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္က က်ဴရွင္ (သို႕) ေက်ာင္းသြားေနတဲ့လမ္းမွာျဖစ္ျဖစ္၊ ေဈးသြားဝယ္ဖုိ႔ျဖစ္ျဖစ္ ရုတ္တရက္ဆိုသလိုႀကီး အကုသိုလ္တက္လို႔ျဖစ္ျဖစ္ ကိုယ့္ရည္းစားေဟာင္းကို ရုတ္တရက္ျမင္လိုက္ရတဲ့အခါ အနည္းနဲ႔အမ်ားဆိုသလို ေၾကာင္အမ္းအမ္းေတာ့ ျဖစ္ေနမွာပါပဲ။ ဘယ္လိုပဲ ရင္ထဲမွာဗေလာင္ေတြဆူေနပါေစ တကယ္တမ္းလုပ္ရမွာကေတာ့ ကိုယ္ကတည္တည္ၿငိမ္ၿငိမ္ေနဖို႔နဲ႔ သူ႕ကိုလည္းေအးေဆးပံုမွန္ဆက္ဆံဖို႔ပါပဲ။ ဒါေပမဲ့ တကယ္တမ္း မလုပ္သင့္ဘဲလုပ္မိေနတဲ့ အျပဳအမူေတြကေတာ့…

(၁) အတင္းကာေရာ ေပ်ာ္ခ်င္ေယာင္ေဆာင္တာမ်ိဳးေတြ မလုပ္ပါနဲ႔။

ရည္းစားနဲ႔ျပတ္သြားတဲ့အခါ ေတာ္ေတာ္မ်ားမ်ားက ကိုယ္တကယ္တမ္းေပ်ာ္သည္ျဖစ္ေစ၊ မေပ်ာ္သည္ျဖစ္ေစ သူတို႔မရွိတဲ့ဘဝမွာ ကိုယ္ကအစစအရာရာတိုးတက္ၿပီး ပိုေကာင္းတဲ့ဘဝတစ္ခုမွာ ေနေနတယ္ဆိုတာကို မသိမသာေရာ သိသိသာသာပါ ျပတတ္ၾကပါတယ္။ အဲဒီထဲမွာ တစ္ခ်ိဳ႕က ဟန္ေဆာင္မေကာင္းေတာ့ အပူရုပ္ကို ဟန္လုပ္ၿပီး အတင္းကာေရာဟန္ေဆာင္ျပေနတာက တျခားလူရဲ႕အျမင္မွာ ကိုယ္ေရွ႕ဆက္မသြားႏိုင္ေသးဘူးဆိုတာကို ပိုသိသာေစပါတယ္။ အဲဒါေၾကာင့္ ကိုယ့္ဘာသာေပ်ာ္ေပ်ာ္ မေပ်ာ္ေပ်ာ္ ပံုမွန္သာေနပါ။

(၂) အရမ္းလြမ္းေဆြးၿပီး တမ္းတေနတဲ့မ်က္လံုးမ်ိဳးနဲ႔ လံုးဝမၾကည့္ပါနဲ႔။

‘လြမ္းစရာရွိလည္း နာစရာနဲ႔ေျဖမယ္’ ဆိုတဲ့ သီခ်င္းေလးအတိုင္း ကိုယ့္မွာဘယ္ေလာက္ပဲ လြမ္းၿပီး ခံစားေနရပါေစ ၿပီးျပတ္သြားတဲ့ဇာတ္လမ္းတစ္ခုကို အတိတ္မွာပဲ လႊင့္ပစ္လိုက္ပါ။ (တကယ္ႏွစ္ဖက္လံုးက မျပတ္ႏိုင္လို႔ ျပန္ေတြ႔ၿပီး ညွိတာကတစ္မ်ိဳးေလ။) အကယ္၍ ဒီအတိုင္းရုတ္တရက္လမ္းမွာ ေတြ႔ရင္ေတာ့ ခ်စ္မ်က္ဝန္းရြဲေတြနဲ႔ ၾကည့္မေနဘဲ သာမန္သူငယ္ခ်င္းတစ္ေယာက္လိုပဲၾကည့္တာက ႏွစ္ဦးႏွစ္ဖက္အတြက္ ပိုၿပီးအဆင္ေျပလိုက္ပါလိမ့္မယ္။ (မဟုတ္ရင္ ေနရထိုင္ရခက္ေနမွာေပါ့။)

(၃) သူ႔ရဲ႕ေနာက္ေကာင္မေလးကို မႏွစ္ၿမိဳ႕တဲ့မ်က္လံုးနဲ႔မၾကည့္ပါနဲ႔။

မႏွစ္ၿမိဳ႕ဘူးဆိုတာ သူ႕ကိုကိုယ္က သံေယာဇဥ္ရွိေနေသးလို႔ ေနာက္တစ္ေယာက္တြဲတာကို သေဘာမက်တဲ့ မ်က္လံုးနဲ႔ၾကည့္တယ္ဆိုတဲ့ အၾကည့္အျပင္ သူကေကာင္မေလးနဲ႔ မိတ္ဆက္ေပးတဲ့အခ်ိန္မွာလည္း ‘ဟင္း သူ႔ေကာင္မေလးကလည္း ငါ့ေလာက္ေတာင္မလွဘူး၊ မေတာ္ဘူး’ စသည္ျဖင့္အထင္ေသးတဲ့ မ်က္လံုးမ်ိဳးနဲ႔ၾကည့္လိုက္တာပါ။ သူ႕ဘာသာ ဘယ္လိုေကာင္မေလးမ်ိဳးပဲျဖစ္ေနပါေစ၊ မိန္းကေလးအခ်င္းခ်င္း ေလးစားတတ္ပါေစ။ မႏွစ္ၿမိဳ႕ရင္လည္း ရင္ထဲမွာပဲထားထားပါ။

(၄) သူသဝန္တိုေအာင္ တမင္လုပ္ျပတဲ့ အျပဳအမူေတြ မလုပ္ပါနဲ႔။

ကိုယ္က ရည္းစားအသစ္နဲ႔ သြားေနတုန္း ရည္းစားအေဟာင္းကို လမ္းမွာေတြ႔လိုက္တဲ့အခါ သူသဝန္တိုေအာင္ ကိုယ့္အေဖာ္ကို တမင္နမ္းျပလိုက္တာ၊ ဖက္ျပလိုက္တာမ်ိဳး စသည္ျဖင့္ ရည္ရြယ္ခ်က္ရွိရွိမလုပ္ျပပါနဲ႔။ ပံုမွန္အတိုင္းေနပါ။ ကိုယ့္ရည္းစားက သဝန္တိုတတ္တယ္ဆိုရင္လည္း လက္ကိုပဲတင္းတင္းဆုပ္ၿပီး ကိုယ္ကသူနဲ႔အတူရွိေနတဲ့အေၾကာင္း သတိေပးလိုက္ပါ။ ကိုယ္က အပိုေတြလုပ္ျပေလေလ သူတို႔စိတ္ထဲမွာ သူတို႔ကိုမေမ့ႏိုင္ေသးလို႔ တျခားတစ္ေယာက္ကို အစားထိုးလိုက္တာလို႔ ထင္သြားတတ္တာေၾကာင့္ပါ။

(၅) သူ႔အေၾကာင္း အတင္းတုပ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။

သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေမြးေန႔ပြဲမွာျဖစ္ျဖစ္ ရုတ္တရက္ေတြ႔လိုက္ရတဲ့အခ်ိန္မွာ တစ္မိနစ္ေလာက္ ၿငိမ္သက္သြားေပမဲ့ ခဏေနလည္းက်ေရာ ကိုယ့္ေဘးက သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို လွမ္းၿပီးအတင္းတုပ္ေနတာမ်ိဳး လက္ညွိဳးႀကီးတစ္ထိုးထိုးနဲ႔ ပြစိပြစိလုပ္ေနတာမ်ိဳးေတြ လံုးဝ (လံုးဝ) မလုပ္မိပါေစနဲ႔ေနာ္။ အဲ့အျပဳအမူက ကိုယ္လူႀကီးမဆန္တဲ့အေၾကာင္း ကိုယ့္အထုပ္ကိုယ္ျဖည္ခ်လိုက္သလိုပါပဲ။

တစ္ခ်ိန္က အတိတ္ေတြနဲ႔ လမ္းမွာေတြ႔တဲ့အခါ ပံုမွန္စကားေျပာ ဆက္ဆံပါ၊ ရွက္ကိုးရွက္ကန္းမျဖစ္ဘဲ တည္တည္ၿငိမ္ၿငိမ္ ယံုၾကည္မႈရွိရွိ ေနပါ၊ အတိတ္အေၾကာင္းေတြကို ျပန္ေျပာင္းေျပာမေနေတာ့ဘဲ လက္ရွိမွာပဲႀကိဳးစားေနထိုင္ပါ။ တစ္ေယာက္ကိုတစ္ေယာက္ ေလးေလးစားစားနဲ႔ ဘာမွမျဖစ္ခဲ့တဲ့လူေတြလိုပဲ ေအးေဆးထားလိုက္ပါေတာ့။ ေယာင္းဘယ္ေလာက္ လူႀကီးဆန္သြားၿပီဆိုတဲ့အေၾကာင္း ဒီလိုနည္းလမ္းေတြနဲ႔ပဲ ျပလိုက္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်က ကျူရှင် (သို့) ကျောင်းသွားနေတဲ့လမ်းမှာဖြစ်ဖြစ်၊ ဈေးသွားဝယ်ဖို့ဖြစ်ဖြစ် ရုတ်တရက်ဆိုသလိုကြီး အကုသိုလ်တက်လို့ဖြစ်ဖြစ် ကိုယ့်ရည်းစားဟောင်းကို ရုတ်တရက်မြင်လိုက်ရတဲ့အခါ အနည်းနဲ့အများဆိုသလို ကြောင်အမ်းအမ်းတော့ ဖြစ်နေမှာပါပဲ။ ဘယ်လိုပဲ ရင်ထဲမှာဗလောင်တွေဆူနေပါစေ တကယ်တမ်းလုပ်ရမှာကတော့ ကိုယ်ကတည်တည်ငြိမ်ငြိမ်နေဖို့နဲ့ သူ့ကိုလည်းအေးဆေးပုံမှန်ဆက်ဆံဖို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်း မလုပ်သင့်ဘဲလုပ်မိနေတဲ့ အပြုအမူတွေကတော့…

(၁) အတင်းကာရော ပျော်ချင်ယောင်ဆောင်တာမျိုးတွေ မလုပ်ပါနဲ့။

ရည်းစားနဲ့ပြတ်သွားတဲ့အခါ တော်တော်များများက ကိုယ်တကယ်တမ်းပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ သူတို့မရှိတဲ့ဘဝမှာ ကိုယ်ကအစစအရာရာတိုးတက်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုမှာ နေနေတယ်ဆိုတာကို မသိမသာရော သိသိသာသာပါ ပြတတ်ကြပါတယ်။ အဲဒီထဲမှာ တစ်ချို့က ဟန်ဆောင်မကောင်းတော့ အပူရုပ်ကို ဟန်လုပ်ပြီး အတင်းကာရောဟန်ဆောင်ပြနေတာက တခြားလူရဲ့အမြင်မှာ ကိုယ်ရှေ့ဆက်မသွားနိုင်သေးဘူးဆိုတာကို ပိုသိသာစေပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာပျော်ပျော် မပျော်ပျော် ပုံမှန်သာနေပါ။

(၂) အရမ်းလွမ်းဆွေးပြီး တမ်းတနေတဲ့မျက်လုံးမျိုးနဲ့ လုံးဝမကြည့်ပါနဲ့။

‘လွမ်းစရာရှိလည်း နာစရာနဲ့ဖြေမယ်’ ဆိုတဲ့ သီချင်းလေးအတိုင်း ကိုယ့်မှာဘယ်လောက်ပဲ လွမ်းပြီး ခံစားနေရပါစေ ပြီးပြတ်သွားတဲ့ဇာတ်လမ်းတစ်ခုကို အတိတ်မှာပဲ လွှင့်ပစ်လိုက်ပါ။ (တကယ်နှစ်ဖက်လုံးက မပြတ်နိုင်လို့ ပြန်တွေ့ပြီး ညှိတာကတစ်မျိုးလေ။) အကယ်၍ ဒီအတိုင်းရုတ်တရက်လမ်းမှာ တွေ့ရင်တော့ ချစ်မျက်ဝန်းရွဲတွေနဲ့ ကြည့်မနေဘဲ သာမန်သူငယ်ချင်းတစ်ယောက်လိုပဲကြည့်တာက နှစ်ဦးနှစ်ဖက်အတွက် ပိုပြီးအဆင်ပြေလိုက်ပါလိမ့်မယ်။ (မဟုတ်ရင် နေရထိုင်ရခက်နေမှာပေါ့။)

(၃) သူ့ရဲ့နောက်ကောင်မလေးကို မနှစ်မြို့တဲ့မျက်လုံးနဲ့မကြည့်ပါနဲ့။

မနှစ်မြို့ဘူးဆိုတာ သူ့ကိုကိုယ်က သံယောဇဉ်ရှိနေသေးလို့ နောက်တစ်ယောက်တွဲတာကို သဘောမကျတဲ့ မျက်လုံးနဲ့ကြည့်တယ်ဆိုတဲ့ အကြည့်အပြင် သူကကောင်မလေးနဲ့ မိတ်ဆက်ပေးတဲ့အချိန်မှာလည်း ‘ဟင်း သူ့ကောင်မလေးကလည်း ငါ့လောက်တောင်မလှဘူး၊ မတော်ဘူး’ စသည်ဖြင့်အထင်သေးတဲ့ မျက်လုံးမျိုးနဲ့ကြည့်လိုက်တာပါ။ သူ့ဘာသာ ဘယ်လိုကောင်မလေးမျိုးပဲဖြစ်နေပါစေ၊ မိန်းကလေးအချင်းချင်း လေးစားတတ်ပါစေ။ မနှစ်မြို့ရင်လည်း ရင်ထဲမှာပဲထားထားပါ။

(၄) သူသဝန်တိုအောင် တမင်လုပ်ပြတဲ့ အပြုအမူတွေ မလုပ်ပါနဲ့။

ကိုယ်က ရည်းစားအသစ်နဲ့ သွားနေတုန်း ရည်းစားအဟောင်းကို လမ်းမှာတွေ့လိုက်တဲ့အခါ သူသဝန်တိုအောင် ကိုယ့်အဖော်ကို တမင်နမ်းပြလိုက်တာ၊ ဖက်ပြလိုက်တာမျိုး စသည်ဖြင့် ရည်ရွယ်ချက်ရှိရှိမလုပ်ပြပါနဲ့။ ပုံမှန်အတိုင်းနေပါ။ ကိုယ့်ရည်းစားက သဝန်တိုတတ်တယ်ဆိုရင်လည်း လက်ကိုပဲတင်းတင်းဆုပ်ပြီး ကိုယ်ကသူနဲ့အတူရှိနေတဲ့အကြောင်း သတိပေးလိုက်ပါ။ ကိုယ်က အပိုတွေလုပ်ပြလေလေ သူတို့စိတ်ထဲမှာ သူတို့ကိုမမေ့နိုင်သေးလို့ တခြားတစ်ယောက်ကို အစားထိုးလိုက်တာလို့ ထင်သွားတတ်တာကြောင့်ပါ။

(၅) သူ့အကြောင်း အတင်းတုပ်တာမျိုးတွေ မလုပ်ပါနဲ့။

သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲမှာဖြစ်ဖြစ် ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ တစ်မိနစ်လောက် ငြိမ်သက်သွားပေမဲ့ ခဏနေလည်းကျရော ကိုယ့်ဘေးက သူငယ်ချင်းတစ်ယောက်ယောက်ကို လှမ်းပြီးအတင်းတုပ်နေတာမျိုး လက်ညှိုးကြီးတစ်ထိုးထိုးနဲ့ ပွစိပွစိလုပ်နေတာမျိုးတွေ လုံးဝ (လုံးဝ) မလုပ်မိပါစေနဲ့နော်။ အဲ့အပြုအမူက ကိုယ်လူကြီးမဆန်တဲ့အကြောင်း ကိုယ့်အထုပ်ကိုယ်ဖြည်ချလိုက်သလိုပါပဲ။

တစ်ချိန်က အတိတ်တွေနဲ့ လမ်းမှာတွေ့တဲ့အခါ ပုံမှန်စကားပြော ဆက်ဆံပါ၊ ရှက်ကိုးရှက်ကန်းမဖြစ်ဘဲ တည်တည်ငြိမ်ငြိမ် ယုံကြည်မှုရှိရှိ နေပါ၊ အတိတ်အကြောင်းတွေကို ပြန်ပြောင်းပြောမနေတော့ဘဲ လက်ရှိမှာပဲကြိုးစားနေထိုင်ပါ။ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားနဲ့ ဘာမှမဖြစ်ခဲ့တဲ့လူတွေလိုပဲ အေးဆေးထားလိုက်ပါတော့။ ယောင်းဘယ်လောက် လူကြီးဆန်သွားပြီဆိုတဲ့အကြောင်း ဒီလိုနည်းလမ်းတွေနဲ့ပဲ ပြလိုက်ပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top