AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

  အိမ္မွာေန႔တိုင္း အသုံးျပဳေနၾကရတဲ့    အိမ္အသုံးအေဆာင္ေတြထဲမွာ က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ေစနိုင္တဲ့ ပစၥည္းေတြ ရွိေနပါတယ္။ ေန႔စဥ္ျမင္ေတြ႕ေနၾကမို႔ မထူးဆန္းဘူးလို႔ ထင္ရေပမယ့္ တစ္ကယ္ကို အႏၲရာယ္ရွိတဲ့ အဆိပ္ေတြက အိမ္တိုင္းနီးပါးရဲ့ အိမ္ဦးခန္းေတြမွာ ပ်ံ႕လြင့္ေနပါတယ္။

အိမ္ေတြမွာ ဘာသာေရးကိုင္းရွိုင္းမွုအရျဖစ္ေစ၊ အိမ္ခန္းေလး ခမ္းနားေအာင္ အနံ႔ေလးရွိေနေစဖို႔ျဖစ္ေစ ေမႊးရနံ႔ပါတဲ့ ဆီမီးတိုင္ေတြ ထြန္းညႇိထားတတ္ၾကပါတယ္။
ဒါေတြဟာ တစ္ကယ္ေတာ့ မိသားစုရဲ့ က်န္းမာေရးကို အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနတဲ့ အႏၲရာယ္ အဆိပ္ေငြ႕ေတြ ျဖစ္ေနတယ္ဆိုတာ သင္သတိထားမိပါရဲ့လား..?

ဘာေၾကာင့္လဲဆိုေတာ့ ဖေယာင္းတိုင္အမ်ားစုဟာ ေရနံဆီပါဝင္တာေၾကာင့္ ျဖစ္ပါတယ္။ ဖေယာင္းတိုင္ ထုတ္လုပ္တဲ့ စက္႐ုံအမ်ားစုဟာ ေစ်းသက္သာၿပီး ေရနံကေန ခ်က္လုပ္ရရွိတဲ့ ဖေယာင္းသားေတြကိုပဲ သုံးတတ္ၾကပါတယ္။

ဒီလိုဖေယာင္းသား အေငြ႕ေတြကို အျမဲရွုရွိုက္မိသူဟာ ေဆးလိပ္ေသာက္တဲ့ သူနဲ႔မျခားပါဘူး။ အသက္ရွုလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ။ ေခါင္းကိုက္ေဝဒနာနဲ႔ ကင္ဆာေရာဂါထိပါ ျဖစ္ပြားေစပါတယ္။
ရင္ၾကပ္ေရာဂါရွိသူဟာ ဖေယာင္းတိုင္က ရနံ႔ေလး ရလိုက္တာနဲ႔ သူ႔ရဲ့ ေရာဂါခ်က္ျခင္း ထေဖာက္လာေတာ့တာပါပဲ၊ ဒါဟာဖ​ေယာင္းတိုင္ေတြမွာ ေရနံဆီပါဝင္မွု ဘယ္ေလာက္ေတာင္မ်ားေနလဲဆိုတာ သက္ေသျပလိုက္တာပါပဲ။

ဖေယာင္းတိုင္ဟာ မီးေလာင္ကၽြမ္းၿပီး အရည္ေပ်ာ္လာတာနဲ႔အမၽွ ထြက္လာတဲ့ အေငြ႕က ဒီဇယ္အင္ဂ်င္ကို စက္ႏွိုးထားလို႔ ထြက္လာတဲ့ အေငြနဲ႔ သေဘာတရားျခင္း အတူတူပါပဲ။ တစ္ျဖည္းျဖည္းနဲ႔ ပတ္ဝန္းက်င္ ေလထုထဲမွာ ကာဆီနိုဂ်င္ ဆိုတဲ့ ကင္ဆာျဖစ္ေစနိုင္တဲ့ ဓာတ္ေတြ ျပည့္လာပါတယ္။ ဒါဟာ သင္နဲ႔ မိသားစုအတြက္ က်န္းမာေရးအရ အႏၲရာယ္ရွိေနပါတယ္။
ေခါင္းကိုက္ေဝဒနာနဲ႔ အသက္ရွုလမ္းေၾကာင္း ျပႆနာေတြအျပင္ အဆုပ္ကင္ဆာပါ ျဖစ္ေစနိုင္ပါတယ္။

လတ္တေလာ သုေတသနျပဳထားခ်က္အရ သင္းရနံ႔ေမႊးတဲ့ ဖေယာင္းတိုင္ေတြက ထြက္လာတဲ့ အေငြ႕ဟာ ထင္ထားတာထက္ကို ပိုၿပီးဆိုးရြားေနပါတယ္။ အသက္ရွုျပသနာနဲ႔ ကင္ဆာေရာဂါသာမက ေက်ာက္ကပ္နဲ႔ အသည္းတို႔မွာ အဖုအက်ိတ္အလုံး တည္ေစနိုင္ပါတယ္။ ဒါေၾကာင့္မို႔ အမ်ိဳးသားက်န္းမာေရးနဲ႔ လုံျခဳံေရး အင္စတီက်ဳ႕က ေရနံကေနထုပ္လုပ္ထားတဲ့ ေမႊးရနံ႔ပါတဲ့ ဖေယာင္းတိုင္ေတြကို အကန႔္အသတ္နဲ႔ သတိထားၿပီး သုံးစြဲၾကဖို႔ သတိေပးညႊန္ၾကားထားပါတယ္။

ေစ်းသက္သာတဲ့ ဖေယာင္းတိုင္ေတြ၊ ေမႊးရနံ႔သင္းပ်ံ႕တဲ့ ဆီမီးတိုင္ေတြကို တတ္နိုင္သေလာက္ ေရွာင္က်ဥ္သုံးစြဲပါ။
ဒီလိုဆိုရင္ ဘုရားဆီမီး မပူေဇာ္ရေတာ့ဘူးလား..? အိပ္ခန္းေလး ေမႊးသန႔္ေနေအာင္ မထြန္းရေတာ့ဘူးလာ..? လို႔ ေမးစရာရွိပါတယ္။
အဲဒီဖေယာင္းတိုင္ေတြအစား “Soy candle” ပဲပိစပ္ကေန ဖန္တီးျပဳလုပ္ထားတဲ့ ဖေယာင္းတိုင္နဲ႔ “Beeswax candle” လို႔ေခၚတဲ့ ပ်ားကေနထုတ္လုပ္ထားတဲ့ ပ်ားဖေယာင္းတိုင္တို႔ကို အစားထိုးေျပာင္းလဲ သုံးစြဲနိုင္ပါတယ္။

ဖေယာင္းတိုင္ ႏွစ္မ်ိဳးစလုံးဟာ သဘာဝစစ္စစ္ ေအာ္ဂန္းနစ္ကေန ျပဳျပင္ထုတ္လုပ္ထားတာမို႔ ေရနံဆီဖေယာင္းတိုင္ထက္လည္း ပိုၿပီးအထြန္းခံသလို သင္းပ်ံ႕တဲ့ ရနံ႔ကိုလည္း ရရွိေစပါတယ္။ ပ်ားဖေယာင္းတိုင္ဟာ သာမန္ဖေယာင္းတိုင္ထက္ ၅ ဆပိုၿပီး တာရွည္အထြန္းခံသလို ရနံ႔ေၾကာင့္လည္း ရင္ၾကပ္တာ၊ အသက္ရွုၾကပ္တာ စတဲ့ ျပႆနာေတြ မရွိပါဘူး။

ဒါေၾကာင့္မို႔ ကိုယ္ခ်စ္ရတဲ့ မိသားစုဝင္ေတြ အားလုံးက်န္းမာဖို႔ သင့္ရဲ့ အိမ္ဦးခန္းက အဆိပ္သင့္ေနတဲ့ ဖေယာင္းတိုင္ေတြကို အျမန္ဆုံး အစားထိုးလဲသုံးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 အိမ်မှာနေ့တိုင်း အသုံးပြုနေကြရတဲ့ အိမ်အသုံးအဆောင်တွေထဲမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ ရှိနေပါတယ်။ နေ့စဉ်မြင်တွေ့နေကြမို့ မထူးဆန်းဘူးလို့ ထင်ရပေမယ့် တစ်ကယ်ကို အန္တရာယ်ရှိတဲ့ အဆိပ်တွေက အိမ်တိုင်းနီးပါးရဲ့ အိမ်ဦးခန်းတွေမှာ ပျံ့လွင့်နေပါတယ်။

အိမ်တွေမှာ ဘာသာရေးကိုင်းရှိုင်းမှုအရဖြစ်စေ၊ အိမ်ခန်းလေး ခမ်းနားအောင် အနံ့လေးရှိနေစေဖို့ဖြစ်စေ မွှေးရနံ့ပါတဲ့ ဆီမီးတိုင်တွေ ထွန်းညှိထားတတ်ကြပါတယ်။
ဒါတွေဟာ တစ်ကယ်တော့ မိသားစုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အန္တရာယ် အဆိပ်ငွေ့တွေ ဖြစ်နေတယ်ဆိုတာ သင်သတိထားမိပါရဲ့လား..?

ဘာကြောင့်လဲဆိုတော့ ဖယောင်းတိုင်အများစုဟာ ရေနံဆီပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဖယောင်းတိုင် ထုတ်လုပ်တဲ့ စက်ရုံအများစုဟာ ဈေးသက်သာပြီး ရေနံကနေ ချက်လုပ်ရရှိတဲ့ ဖယောင်းသားတွေကိုပဲ သုံးတတ်ကြပါတယ်။

ဒီလိုဖယောင်းသား အငွေ့တွေကို အမြဲရှုရှိုက်မိသူဟာ ဆေးလိပ်သောက်တဲ့ သူနဲ့မခြားပါဘူး။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ။ ခေါင်းကိုက်ဝေဒနာနဲ့ ကင်ဆာရောဂါထိပါ ဖြစ်ပွားစေပါတယ်။
ရင်ကြပ်ရောဂါရှိသူဟာ ဖယောင်းတိုင်က ရနံ့လေး ရလိုက်တာနဲ့ သူ့ရဲ့ ရောဂါချက်ခြင်း ထဖောက်လာတော့တာပါပဲ၊ ဒါဟာဖယောင်းတိုင်တွေမှာ ရေနံဆီပါဝင်မှု ဘယ်လောက်တောင်များနေလဲဆိုတာ သက်သေပြလိုက်တာပါပဲ။

ဖယောင်းတိုင်ဟာ မီးလောင်ကျွမ်းပြီး အရည်ပျော်လာတာနဲ့အမျှ ထွက်လာတဲ့ အငွေ့က ဒီဇယ်အင်ဂျင်ကို စက်နှိုးထားလို့ ထွက်လာတဲ့ အငွေနဲ့ သဘောတရားခြင်း အတူတူပါပဲ။ တစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင် လေထုထဲမှာ ကာဆီနိုဂျင် ဆိုတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပြည့်လာပါတယ်။ ဒါဟာ သင်နဲ့ မိသားစုအတွက် ကျန်းမာရေးအရ အန္တရာယ်ရှိနေပါတယ်။
ခေါင်းကိုက်ဝေဒနာနဲ့ အသက်ရှုလမ်းကြောင်း ပြဿနာတွေအပြင် အဆုပ်ကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။

လတ်တလော သုတေသနပြုထားချက်အရ သင်းရနံ့မွှေးတဲ့ ဖယောင်းတိုင်တွေက ထွက်လာတဲ့ အငွေ့ဟာ ထင်ထားတာထက်ကို ပိုပြီးဆိုးရွားနေပါတယ်။ အသက်ရှုပြသနာနဲ့ ကင်ဆာရောဂါသာမက ကျောက်ကပ်နဲ့ အသည်းတို့မှာ အဖုအကျိတ်အလုံး တည်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားကျန်းမာရေးနဲ့ လုံခြုံရေး အင်စတီကျု့က ရေနံကနေထုပ်လုပ်ထားတဲ့ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်တွေကို အကန့်အသတ်နဲ့ သတိထားပြီး သုံးစွဲကြဖို့ သတိပေးညွှန်ကြားထားပါတယ်။

ဈေးသက်သာတဲ့ ဖယောင်းတိုင်တွေ၊ မွှေးရနံ့သင်းပျံ့တဲ့ ဆီမီးတိုင်တွေကို တတ်နိုင်သလောက် ရှောင်ကျဉ်သုံးစွဲပါ။
ဒီလိုဆိုရင် ဘုရားဆီမီး မပူဇော်ရတော့ဘူးလား..? အိပ်ခန်းလေး မွှေးသန့်နေအောင် မထွန်းရတော့ဘူးလာ..? လို့ မေးစရာရှိပါတယ်။
အဲဒီဖယောင်းတိုင်တွေအစား “Soy candle” ပဲပိစပ်ကနေ ဖန်တီးပြုလုပ်ထားတဲ့ ဖယောင်းတိုင်နဲ့ “Beeswax candle” လို့ခေါ်တဲ့ ပျားကနေထုတ်လုပ်ထားတဲ့ ပျားဖယောင်းတိုင်တို့ကို အစားထိုးပြောင်းလဲ သုံးစွဲနိုင်ပါတယ်။

ဖယောင်းတိုင် နှစ်မျိုးစလုံးဟာ သဘာဝစစ်စစ် အော်ဂန်းနစ်ကနေ ပြုပြင်ထုတ်လုပ်ထားတာမို့ ရေနံဆီဖယောင်းတိုင်ထက်လည်း ပိုပြီးအထွန်းခံသလို သင်းပျံ့တဲ့ ရနံ့ကိုလည်း ရရှိစေပါတယ်။ ပျားဖယောင်းတိုင်ဟာ သာမန်ဖယောင်းတိုင်ထက် ၅ ဆပိုပြီး တာရှည်အထွန်းခံသလို ရနံ့ကြောင့်လည်း ရင်ကြပ်တာ၊ အသက်ရှုကြပ်တာ စတဲ့ ပြဿနာတွေ မရှိပါဘူး။

ဒါကြောင့်မို့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ အားလုံးကျန်းမာဖို့ သင့်ရဲ့ အိမ်ဦးခန်းက အဆိပ်သင့်နေတဲ့ ဖယောင်းတိုင်တွေကို အမြန်ဆုံး အစားထိုးလဲသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top