မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×








#Unicode Version#
လှိုင်သာယာမြို့နယ် ဒိုင်းစုကျေးရွာရှိ ဂေါက်ကွင်းပတ်လမ်း(ကျူး)နေအိမ်တခု၌ ၁၀ နှစ်အရွယ် ကလေးငယ်အား သက်ငယ်မုဒိန်းကျင့်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ် ဒိုင်းစုကျေးရွာရှိ ဂေါက်ကွင်ပတ်လမ်း (ကျုး)နေအိမ်တခု၌(၇.၇.၂၀၁၈) ညနေ(၄)နာရီ အချိန်တွင် သက်ငယ်မဒိန်းမှု့တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်အရ တရားလို မ———– သည် (၈.၇.၂၀၁၈)ရက်နေ့ နံနက် (၉)နာရီ အချိန့်တွင် မြို့ထဲသွားရန် မိမိအိမ်မှ အမေဖြစ်သူ ဒေါ်ခင်မြတ်အုန်း၏ နေအိမ်ဘက်သို့ ရောက်ရှိစဉ် သမီးဖြစ်သူ မ—– (၁၀)နှစ် သည် မိခင်နှင့်တွေ့ဆုံ၍

ငိုယိုနေခြင်းကြောင့် သမီးဘာဖြစ်တာလည်းဟုမေးရာ အဖိုးကသမီးကို သူ့အိပ်ခန်းထဲ အတင်းခေါ်ပြီး တွန်းလှဲကာ ဘောင်းဘီကိုချွတ်၍ အပေါ်မှ မုဒိန်းကျင့်သည်ဟု ငိုယိုကာ ပြောပြခဲ့သည်။



၎င်းဖြစ်စဉ်အားသေချာအောင် မိခင်မှ စီစစ်ကြည့်သောအခါ သမီးလေး၏ တန်ဆာမှာထိခိုက်မှု့များနှင့် သွေးစများ တွေ့ရှိခဲ့ရကြောင့် အမေဖြစ်သူ၏နောက်ယောင်္ကျား ဦးရွှေဝင်း(၆၃)နှစ် (ဘ)ဦးမောင်စိန်အား လူမဆန်တဲ့လုပ် ရက်ကြောင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံသို့ (၈.၇.၂၀၁၈) ရက်နေ့ည (၇)နာရီ အချိန်ခန့်တွင် အမှု့ဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အရ လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ရဲနိုင် နှင့် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းစုကျေးရွာသို့ သွားရောက်၍ အချိန်နှင့် တပြေးညီ တရားခံ ဦးရွှေဝင်းအား ဖမ်းစီးပြီး ရဲမှူးအောင်မြတ်စိုးက(ပ) ၂၅၆၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် ဥပဒေနှင့် အညီပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုင်းလင်းဇော်(လှိုင်သာယာ)

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top