iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Moekalay
# Unicode Version ဖြင့် ဖတ်ပါ #
Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုဟာဆိုရင် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ အသံချိုချိုလေးကြောင့်ပရိသတ်တွေချစ်ခင်အားပေးခြင်းခံရတဲ့ ပြိုင်ပွဲဝင်ပဲ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်အားလုံးက ဒီတစ်ပတ်မှာတော့ Rock သီချင်းလေးတွေနဲ့ ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။မင်းငါ့ကိုသတ်တယ် ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချို ကသူမရဲ့ နဂိုမူလအသံချိုချိုလေးကို လုံးဝမတွေ့ရတော့ပဲ Rocker တစ်ယောက်အသွင်တွေ့မြင်လိုက်ရတာပဲဖြစ်ပါတယ်။
ဒိုင်များထဲမှ တင်ဇာမော်ရဲ့ သုံးသပ်ချက်ကတော့ သူမကို Voting ပေးတဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်စေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲလို့ပြောခဲ့ပါတယ်။တခြားဒိုင်တွေကလည်း အသီးသီးသုံးသတ် ကြတဲ့ အထဲ မြန်မာပြည်သိန်းတန်ကတော့ တခြားဒိုင်တွေနဲ့ မတူပဲချမ်းမြေ့မောင်ချိုရဲ့အမှားတွေနဲ့ သူမဒီတစ်ပတ်မှာကောင်းပေမယ့် မချီးကျူးနိုင်ပါဘူးလို့ပြောခဲ့ တဲ့ အပေါ်ပရိသတ်တချို့နဲ့ အနုပညာရှင်တော်တော်များများက သွေးဆူနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် အနုပညာရှင်တွေရဲ့ ပြောဆိုပုံလေးတွေကိုေဖော်ပြပေးလိုက်ပါတယ်နော်။
မနေ့ညက သူမက အားနဲ့မာန်နဲ့ ဖျော်ဖြေခဲ့တာကြောင့် သူမပရိသတ်တွေကအရမ်းကိုသဘောကျနေကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကိုလည်း ဒီတစ်ပတ် Rock သီချင်းလေးနဲ့ ယှဉ်ပြိုင်မှုမှာပိုပြီးသိသိသာသာတွေ့မြင်ရတာပါ။
အဆိုတော်ဖြိုပြည့်စုံက ” မောင်ချို ရဲ့ကြိုးစားအားထုတ်မှု ကို အကြီးကြီး လက်ခုပ်တီးပါတယ် …Judge တစ်ဦးထဲက ဖိအားတွေ ပေးနေပေမဲ့ ဒီ ဖိအားကို ခွန်အား ဖြစ် အောင် အသုံးချပါ ညီမငယ်” ဆိုပြီးပြောထားပါတယ်။
ဒါရိုက်တာကြည်ဖြူရှင်ကလည်း ခုလိုပြောထားပါသေးတယ်။
အနုပညာရှင်တချို့ကလည်း ခုလို ဝင်မန့်ခဲ့ကြပါသေးတယ်။
Myanmar Idol ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုရဲ့ သီဆိုမှုနဲ့ ပတ်သက်လို့ မြန်မာပြည်သိန်းတန်ရဲ့ သုံးသပ်မှုက လူမှု့ကွန်ယက်မှာ အရမ်းကိုဂယက်ထနေတာပါ။ ပရိသတ်ကြီးကလည်း ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုရဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုတဲ့ အနေနဲ့ သူမကိုအားပေးကြပါဦးနော်။
Source: phyo pyae sone, kyi phyu shin’s facebook
ဖိုးသူတော် (www.phothutaw.com)
Credit: Moekalay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top