(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

မိန္းကေလးတစ္ေယာက္ရဲ႕ ခႏၶာကုိယ္၊ လိင္မႈကိစၥ၊ အပ်ိဳစင္ဘ၀တို႕နဲ႕ ပတ္သက္ၿပီး လြဲမွားတဲ့အသိေတြ ရွိေနပါတယ္။ရာသီလာေနခ်ိန္မွာဆုိ ကိုယ္၀န္မရႏုိင္ပါဘူး။

ရာသီလာေနခ်ိန္မွာ ကုိယ္၀န္ရႏုိင္ေခ်နည္းေပမယ့္ ရလည္းရသြားႏုိင္ပါတယ္။ ရာသီလာေနတဲ့ရက္ေတြမွာ မမ်ိဳးဥ မေၾကြႏုိင္ဘူးလို႔ ပံုမွန္အားၿဖင့္ သိထားၾကပါတယ္။ တကယ္ေတာ့ အဲဒီလို တထစ္ခ် ေၿပာလို႔မရပါဘူး။ ရာသီလာတဲ့ရက္နဲ႕ မမ်ိဳးဥေၾကြခ်ိန္ကို အတိအက် မွန္းဆရခက္ပါတယ္။ ရာသီလာေနစဥ္မွာေရာ ၿပီးၿပီးခ်င္းမွာပါ မမ်ိဳးဥေၾကြႏုိင္ပါတယ္။ အထူးသၿဖင့္ ကုိယ့္ရဲ႕ ရာသီစက္၀န္းက ပံုမမွန္ၿဖစ္ေနရင္ေပါ့။ ေနာက္ၿပီး ရာသီမလာေပမယ့္ ေသြးဆင္းတာမ်ိဳး ရွိတတ္တယ္။ အဲဒါကို သင့္အေနနဲ႕ ရာသီလာတယ္လို႔ ထင္ေနတာမ်ိဳးလည္း ရွိႏုိင္ပါတယ္။ အဲဒီအၿပင္ လိင္ဆက္ဆံခ်ိန္မွာ မမ်ိဳးဥေၾကြမေနဘူး ဆုိရင္ေတာင္ သုက္ပိုးေတြက သင့္ခႏၶာကုိယ္ထဲမွာ ၅ရက္ေလာက္အထိ ရွိေနႏုိင္ပါေသးတယ္။ ဒါေၾကာင့္ အဲဒီ ၅ရက္အတြင္း မမ်ိဳးဥေၾကြလာခဲ့မယ္ဆုိရင္ ကုိယ္၀န္ရသြားႏုိင္ပါတယ္။

တကယ္လို႔ သင့္အေနနဲ႕ ပံုမွန္ ရာသီလာတဲ့သူဆုိရင္ေတာ့ အဲဒီအခ်ိန္မွာ လိင္ဆက္ဆံရင္ ကုိယ္၀န္ရႏုိင္ေခ် နည္းပါတယ္။ ဒါေပမယ့္လည္း လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြေတာ့ ရႏုိင္ပါတယ္။ ဒါေၾကာင့္ လိင္ဆက္ဆံတဲ့အခါတုိင္း ကြန္ဒံုးသံုးဖို႔လိုပါမယ္။

မိန္းမကိုယ္ အေၿမွးပါးရွိမွ အပ်ိဳစစ္တယ္

မိန္းမကိုယ္ အေျမွးပါးသည္ မိန္းမကိုယ္တစ္ခုလုံးကို အျပည့္အ၀ ဖံုးကာထားျခင္းေတာ့ မဟုတ္ေပ။ အဲဒီလိုသာဆုိရင္ အပ်ိဳေလးေတြ ရာသီေသြး ဘယ္ဆင္းပါေတာ့မလဲ။ သို႔ေသာ္ အေျမွးပါးသည္ ဒုိးနတ္ကြင္းလို အေပါက္ၾကီးျဖစ္ေနျခင္းေတာ့ မဟုတ္ပါ။ တခ်ိဳ ႔ အမ်ိဳးသမီးမ်ားတြင္ ေလွကားသ႑ာန္ တစ္ရွဴးေလးေတြ တစ္ဖက္ကေနတစ္ဖက္ကို သြယ္တန္းေနတတ္သည္ တခ်ိဳ ႔ကေတာ့ ပ်ားအံုကဲ့သို႔ အေပါက္ေသးေသးေလးေတြ အမ်ားၾကီးရွိတာမ်ိဳးလည္း ၿဖစ္ႏုိင္ပါတယ္။ ရွားရွားပါးပါးအေနနဲ႕ ၂၀၀ မွာ တစ္ေယာက္ေလာက္ ေတြ႕ႏုိင္တာကေတာ့ အေၿမွးပါးရဲ႕ အေပါက္က ေသးငယ္လြန္းလို႕ ရာသီေသြးေတာင္ ဆင္းလို႔မရေလာက္တဲ့အထိ ၿဖစ္တာမ်ိဳးလည္း ရွိပါတယ္။ အဲဒီလိုမိန္းကေလးမ်ိဳးကေတာ့ အေသးစားခြဲစိတ္မႈေလး ၿပဳလုပ္ၿပီး အေၿမွးပါးကို ေဖာက္တာမ်ိဳး လုပ္ရတတ္ပါတယ္။ အမ်ိဳးသမီးအမ်ားစုမွာေတာ့ ဆယ္ေက်ာ္သက္ အရြယ္ေရာက္ၿပီဆုိရင္ လိင္ဆက္ဆံမႈကို အေႏွာင့္အယွက္ ၿဖစ္ရေလာက္တဲ့အထိ အေၿမွးပါးက်န္ေနတာမ်ိဳးေတာ့ မရွိေတာ့ပါဘူး။

မိန္းကေလးတစ္ေယာက္ရဲ႕ တန္ဖိုးဟာ အပ်ိဳစစ္မစစ္နဲ႕ ဆုိင္တယ္

ပထမဆံုးအေနနဲ႕ အပ်ိဳစင္ဘ၀ကို ဆံုးရံႈးလိုက္ရတာ ၿပႆနာတစ္ခုၿဖစ္တယ္ ဆုိတဲ့ အၿမင္မ်ိဳးက မွားယြင္းပါတယ္။ ေနာက္ၿပီး လိင္နဲ႕ပတ္သက္ၿပီး ရွက္စရာေကာင္းတယ္ ဆိုတဲ့အယူအဆမ်ိဳးကလည္း မွားယြင္းပါတယ္။ တကယ္ေတာ့ လိင္ဆက္ဆံမယ္၊ မဆက္ဆံဘူးဆုိတာက လူတစ္ေယာက္ရဲ႕ ကုိယ္ပုိင္လြတ္လပ္ခြင့္ၿဖစ္ပါတယ္။ ယဥ္ေက်းမႈနဲ႕ ကုိက္ညီစြာ လိင္ဆက္ဆံၿခင္းကိစၥကို လက္မထပ္ေသးဘဲ မလုပ္သင့္ဘူးလို႔ ယူဆမယ္ဆုိလည္း ရပါတယ္။ ဒါေပမယ့္ အဲဒီလို မဟုတ္တဲ့ မိန္းကေလးေတြကိုေတာ့ တန္ဖုိးမရွိေတာ့သလိုမ်ိဳး မယူဆသင့္ပါဘူး။ အဲဒီလိုယူဆမႈေတြေၾကာင့္ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြအေပၚ အခြင့္အေရးယူတာ၊ အၾကပ္ကုိင္တာေတြ ၿဖစ္လာပါတယ္။

ရာသီလာေနတဲ့ရက္ေတြမွာ လိင္ဆက္ဆံရင္ ရာသီေသြးဆင္းမ်ားတတ္တယ္

ဒါက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ထင္တတ္ၾကတဲ့ အယူအဆမွားတစ္ခုပါ။ အတူေနလို႔ ဆႏၵၿပီးေၿမာက္ခ်ိန္မွာ သားအိမ္ကုိက်ံဳ႕မိ၊ ညွစ္မိတာမ်ိဳးေတြ ရွိႏုိင္ေပမယ့္ အဲဒါက သင့္ရာသီေသြးပမာဏကို ပိုမ်ားေစတာ၊ ရက္ရွည္ေစတာမ်ိဳးေတြ မရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ လိင်မှုကိစ္စ၊ အပျိုစင်ဘဝတို့နဲ့ ပတ်သက်ပြီး လွဲမှားတဲ့အသိတွေ ရှိနေပါတယ်။ရာသီလာနေချိန်မှာဆို ကိုယ်ဝန်မရနိုင်ပါဘူး။

ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်ချေနည်းပေမယ့် ရလည်းရသွားနိုင်ပါတယ်။ ရာသီလာနေတဲ့ရက်တွေမှာ မမျိုးဥ မကြွေနိုင်ဘူးလို့ ပုံမှန်အားဖြင့် သိထားကြပါတယ်။ တကယ်တော့ အဲဒီလို တထစ်ချ ပြောလို့မရပါဘူး။ ရာသီလာတဲ့ရက်နဲ့ မမျိုးဥကြွေချိန်ကို အတိအကျ မှန်းဆရခက်ပါတယ်။ ရာသီလာနေစဉ်မှာရော ပြီးပြီးချင်းမှာပါ မမျိုးဥကြွေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရာသီစက်ဝန်းက ပုံမမှန်ဖြစ်နေရင်ပေါ့။ နောက်ပြီး ရာသီမလာပေမယ့် သွေးဆင်းတာမျိုး ရှိတတ်တယ်။ အဲဒါကို သင့်အနေနဲ့ ရာသီလာတယ်လို့ ထင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီအပြင် လိင်ဆက်ဆံချိန်မှာ မမျိုးဥကြွေမနေဘူး ဆိုရင်တောင် သုက်ပိုးတွေက သင့်ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် အဲဒီ ၅ရက်အတွင်း မမျိုးဥကြွေလာခဲ့မယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ပုံမှန် ရာသီလာတဲ့သူဆိုရင်တော့ အဲဒီအချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေ နည်းပါတယ်။ ဒါပေမယ့်လည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေတော့ ရနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့လိုပါမယ်။

မိန်းမကိုယ် အမြှေးပါးရှိမှ အပျိုစစ်တယ်

မိန်းမကိုယ် အမြှေးပါးသည် မိန်းမကိုယ်တစ်ခုလုံးကို အပြည့်အ၀ ဖုံးကာထားခြင်းတော့ မဟုတ်ပေ။ အဲဒီလိုသာဆိုရင် အပျိုလေးတွေ ရာသီသွေး ဘယ်ဆင်းပါတော့မလဲ။ သို့သော် အမြှေးပါးသည် ဒိုးနတ်ကွင်းလို အပေါက်ကြီးဖြစ်နေခြင်းတော့ မဟုတ်ပါ။ တချို့ အမျိုးသမီးများတွင် လှေကားသဏ္ဍာန် တစ်ရှူးလေးတွေ တစ်ဖက်ကနေတစ်ဖက်ကို သွယ်တန်းနေတတ်သည် တချို့ကတော့ ပျားအုံကဲ့သို့ အပေါက်သေးသေးလေးတွေ အများကြီးရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ ၂၀၀ မှာ တစ်ယောက်လောက် တွေ့နိုင်တာကတော့ အမြှေးပါးရဲ့ အပေါက်က သေးငယ်လွန်းလို့ ရာသီသွေးတောင် ဆင်းလို့မရလောက်တဲ့အထိ ဖြစ်တာမျိုးလည်း ရှိပါတယ်။ အဲဒီလိုမိန်းကလေးမျိုးကတော့ အသေးစားခွဲစိတ်မှုလေး ပြုလုပ်ပြီး အမြှေးပါးကို ဖောက်တာမျိုး လုပ်ရတတ်ပါတယ်။ အမျိုးသမီးအများစုမှာတော့ ဆယ်ကျော်သက် အရွယ်ရောက်ပြီဆိုရင် လိင်ဆက်ဆံမှုကို အနှောင့်အယှက် ဖြစ်ရလောက်တဲ့အထိ အမြှေးပါးကျန်နေတာမျိုးတော့ မရှိတော့ပါဘူး။

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ အပျိုစစ်မစစ်နဲ့ ဆိုင်တယ်

ပထမဆုံးအနေနဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရတာ ပြဿနာတစ်ခုဖြစ်တယ် ဆိုတဲ့ အမြင်မျိုးက မှားယွင်းပါတယ်။ နောက်ပြီး လိင်နဲ့ပတ်သက်ပြီး ရှက်စရာကောင်းတယ် ဆိုတဲ့အယူအဆမျိုးကလည်း မှားယွင်းပါတယ်။ တကယ်တော့ လိင်ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ ကိုက်ညီစွာ လိင်ဆက်ဆံခြင်းကိစ္စကို လက်မထပ်သေးဘဲ မလုပ်သင့်ဘူးလို့ ယူဆမယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်တဲ့ မိန်းကလေးတွေကိုတော့ တန်ဖိုးမရှိတော့သလိုမျိုး မယူဆသင့်ပါဘူး။ အဲဒီလိုယူဆမှုတွေကြောင့် အမျိုးသားတွေက အမျိုးသမီးတွေအပေါ် အခွင့်အရေးယူတာ၊ အကြပ်ကိုင်တာတွေ ဖြစ်လာပါတယ်။

ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရင် ရာသီသွေးဆင်းများတတ်တယ်

ဒါက အမျိုးသမီးတော်တော်များများ ထင်တတ်ကြတဲ့ အယူအဆမှားတစ်ခုပါ။ အတူနေလို့ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကိုကျုံ့မိ၊ ညှစ်မိတာမျိုးတွေ ရှိနိုင်ပေမယ့် အဲဒါက သင့်ရာသီသွေးပမာဏကို ပိုများစေတာ၊ ရက်ရှည်စေတာမျိုးတွေ မရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top