ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေပၚတူဂီအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ လက္ေရြးစင္အသင္းနဲ႔အနာဂတ္မေရမရာျဖစ္ေနခ်ိန္မွာ ပရိသတ္ေတြကို ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုက ကမၻာ့ဖလားၿပိဳင္ပြဲမွာ တခဲနက္အားေပးေထာက္ခံခဲ့ၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္စကားေျပာဆုိခဲ့ၿပီး ႏုိင္ငံအသင္းအတြက္ ဆက္လက္ကစားေပးမလားဆိုတာကိုေတာ့ အတည္ျပဳျခင္းမရွိေသးပါဘူး။ ယူရို ၂၀၁၆ ခ်န္ပီယံ ေပၚတူဂီအသင္းဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏုိင္ခဲ့ၿပီး ဥရုေဂြးအသင္းကို ၂ ဂုိး ၁ ဂိုးနဲ႔ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ၿပိဳင္ဘက္ အာဂ်င္တီးနားၾကယ္ပြင့္တုိက္စစ္မွဴး မက္ဆီဟာလည္း ျပင္သစ္အသင္းကို ၁၆ သင္းရံႈးထြက္အဆင့္မွာ ၄ ဂိုး ၃ ဂိုးနဲ႔ ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲကေန ေရာ္နယ္ဒိုုထက္အရင္ထြက္ခြာခဲ့ရပါတယ္။ ေရာ္နယ္ဒိုက ဥရုေဂြးကို ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ အနာဂတ္နဲ႔ပတ္သက္ၿပီး မေဆြးေႏြးေသးဘဲ ေပၚတူဂီအသင္းရဲ႕နည္းျပ ဖာနန္ဒုိဆန္းတို႔စ္က စက္တင္ဘာလမွာ ယွဥ္ၿပိဳင္ကစားရမယ့္ Nation League ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ ေရာ္နယ္ဒိုအဆင္သင့္ျဖစ္ေနမယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ခရစ္စတီယာႏုိေရာ္နယ္ဒိုက ကမၻာ့ဖလားၿပိဳင္ပြဲမွာ စိတ္ဓာတ္ခြန္အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို လူမႈကြန္ရက္ကေန ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

"ခင္ဗ်ားတို႔ရဲ႕ အားေပးေထာက္ခံမႈက ကၽြန္ေတာ္တို႔အတြက္ အၿမဲတမ္း အေျခခံက်တဲ့အရာတစ္ခုပါ"

"ေက်းဇူးတင္ပါတယ္ ေပၚတူဂီ"ဆုိတဲ့စာသားနဲ႔အတူ ေပၚတူဂီအလံပံုတင္ၿပီး ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းနဲ့အနာဂတ်မရေမရာဖြစ်နေချိန်မှာ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တခဲနက်အားပေးထောက်ခံခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး နိုင်ငံအသင်းအတွက် ဆက်လက်ကစားပေးမလားဆိုတာကိုတော့ အတည်ပြုခြင်းမရှိသေးပါဘူး။ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဥရုဂွေးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ပြိုင်ဘက် အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာလည်း ပြင်သစ်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ရော်နယ်ဒိုထက်အရင်ထွက်ခွာခဲ့ရပါတယ်။ ရော်နယ်ဒိုက ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အနာဂတ်နဲ့ပတ်သက်ပြီး မဆွေးနွေးသေးဘဲ ပေါ်တူဂီအသင်းရဲ့နည်းပြ ဖာနန်ဒိုဆန်းတို့စ်က စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် Nation League ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ရော်နယ်ဒိုအဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ဓာတ်ခွန်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို လူမှုကွန်ရက်ကနေ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

"ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှုက ကျွန်တော်တို့အတွက် အမြဲတမ်း အခြေခံကျတဲ့အရာတစ်ခုပါ"

"ကျေးဇူးတင်ပါတယ် ပေါ်တူဂီ"ဆိုတဲ့စာသားနဲ့အတူ ပေါ်တူဂီအလံပုံတင်ပြီး ရေးသားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top