န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

[၁]အသုဘာနဳပႆီ

အသုဘာနဳပႆီ ကာေယ ဝိဟာရတိ- ကိုယ့္ကာယအေပၚမွာ အသုဘလို့ ရႈျမင္ေနရမယ္။ ငါ့ခႏၶာကိုယ္မွာ တင့္တယ္တာ တစ္ခုမွ မရွိဘူး။

ခႏၶာကိုယ္ဟာ အလြန္စက္ဆုပ္စရာ ေကာင္းတယ္လို့ အဖန္ဖန္ ႏွလံုးသြင္းမႈ ရွိရမယ္။ဒီလိုဆိုတာ။

ျမန္မာလူမ်ိဳးေတြက အသုဘဆိုတာ “မသာ” သြားသြား သတိရေနႀကတယ္။ မသာကို ေျပာတာမဟုတ္ဘူး။ အသုဘဆိုတာ မတင့္တယ္ဘူးလို့ ေျပာတာ။ ကိုယ့္ကိုယ္ကို တင့္တယ္တယ္။

လွပတယ္လို့ ဆိုလို့ရွိရင္ ကိုယ့္ကာယေပၚမွာ တြယ္တာစိတ္ေတြ ပိုမ်ားလာတယ္။

အလွျပင္ခ်င္လာတယ္။ ကိေလသာေတြက ပိုပြားလာတယ္။

အဲဒီေတာ့ ကိုယ့္ကာယဟာ မတင့္တယ္ ရြံစရာေကာင္းတယ္ဆိုတာကို စိတ္ထဲမွာ ႏွလံုးသြင္းဖို့လိုအပ္တယ္။

ဘာျဖစ္လို့ ဒါေတြ ေတြးေနမလဲ?

ဒါေတြ ေတြးရင္ စိတ္ဓာတ္ေတြ က်မွာေပါ့ လို့ လူငယ္ေတြက ေျပာေကာင္း ေျပာႀကလိမ့္မယ္။ စိတ္ဓာတ္က်ဖို့ ေျပာတာမဟုတ္ဘူး။

အမွန္သိဖို့ ေျပာတာ။ တကယ္ကေတာ့ မတင့္တယ္တာ အမွန္ပဲေပါ့။စဥ္းစားႀကည့္၊ အသုဘလား ? သုဘလား ? သုဘဆိုတာ တင့္တယ္တယ္။

သူ့ဟာသူ ထားမယ္ဆိုရင္ ရႈခ်င္စဖြယ္ တင့္တယ္မႈ အျပည့္အဝရွိတယ္။

အသုဘဆိုတာ မတင့္မတယ္ျဖစ္ေနတာ၊ ရြံစရာျဖစ္ေနတာ။

ခႏၶာကိုယ္ႀကီးဟာ ရြံစရာလား? ႏွစ္သက္စရာႀကီးလားဆိုတာကို ျပန္ႀကည့္လိုက္၊ မနက္အိပ္ရာထတဲ့ အခ်ိန္မွာ အိပ္ရာက ႏိုးလာၿပီဆိုရင္ မ်က္ႏွာမသစ္ဘဲ ေနႀကည့္ေလ၊

တစ္ပတ္ေလာက္ေန၊ဒီထက္ မထင္ရွားေသးဘူးဆိုရင္ တစ္လေလာက္ေန၊ မ်က္ႏွာမသစ္နဲ့။ တစ္လေလာက္ေန၊ ေရလည္းမခ်ိဳနဲ့၊ ဘာမွ မဖီးမလိမ္းဘူးဆိုရင္ ဘယ္လိုျဖစ္လာမလဲ?

စဥ္းစားႀကည့္။

လူေတြဟာ ေန့စဥ္နဲ့အမွ် ျပင္ဆင္ဖီးလိ္မ္း လုပ္ေနႀကလို့ တင့္ေတာင့္တင့္တယ္လို့ ျဖစ္ေနတာ။

သဘာဝအတိုင္း ေန့ႀကည့္လိုက္။

သဘာဝအတိုင္း ေန့ႀကည့္လိုက္လို့ရွိရင္ သဘာဝဟာ ေပၚလြင္လာတယ္။

အဲဒီေပၚလြင္လာတဲ့ သဘာဝကို ျမင္ေအာင္ႀကည့္တာကို အသုဘလို့ေခၚတယ္။ မသာအေလာင္းကို ေျပာတာ မဟုတ္ဘူး။

ျမန္မာစကားမွာ အသုဘ ဆိုရင္ လူေတြက မစဥ္းစားခ်င္ဘူး။ အသုဘဆိုတာ မတင့္မတယ္ ရြံစဖြယ္အေျခအေနကို ေျပာတာ။ ဆင္ျခင္သံုးသပ္ႀကည့္ရမယ္။ ဟုတ္ၿပီ။

ကိုယ့္ကိုယ္ကိုႀကည့္ မ်က္လံုးက ထြက္တဲ့ မ်က္ရည္ပဲျဖစ္ေစ၊ မ်က္ေခ်းပဲျဖစ္ေစ၊ ေမႊးႀကိဳင္လို့ သိမ္းထားစရာ ျဖစ္ရဲ ့လား?

ႏွာေခါင္းကထြက္တဲ့ ႏွပ္ေခ်း၊ ႏွပ္ရည္ေတြ၊ စုထားလို့ရမလား? အဖိုးတန္သလား?

ခံတြင္းကထြက္တဲ့ တံေတြးကအစ အားလံုး ခႏၶာကိုယ္က ထြက္သမွ်ေတြဟာ ေမႊးႀကိဳင္တာမ်ား တစ္ခုခုရွိသလား?

တန္ဖိုးရွိၿပီး သိမ္းထားလို့ ရတဲ့အရာမ်ား ရွိသလား? ဆိုေတာ့ ဘယ္အရာမွ မရွိဘူး။ အဲဒီလို ဆင္ျခင္ စဥ္းစားႀကည့္လိုက္ရင္ မတင့္မတယ္ ရြံစဖြယ္ အေျခအေနမ်ိဳးကို ေတြ့ရမွာ ျဖစ္တယ္။

ကိုယ့္ကိုယ္ကို အဲဒီလို ႏွလံုးသြင္းရမယ္။

ႏွာေခါင္းကထြက္တယ္။ နားကထြက္တယ္။ တစ္ျခားခႏၶာကိုယ္ရွိတဲ့ ဒြါရေတြက ထြက္တာေတြ မွန္သမွ်ဟာ တစ္ခုမွ ေမႊးႀကိဳင္တာ မရွိဘူး။ သိမ္းထားစရာ မရွိဘူး။

အားလံုးဟာ ရြံစရာ အနံ့ဆိုးေတြနဲ့ခ်ည္းပဲ။ အဲဒါကို ဆင္ျခင္သံုးသပ္ရမယ္လို့ ဆိုလိုတယ္။

သာမန္ပုဂၢိဳလ္ေတြကေတာ့ ဒါေတြ ေလွ်ာက္ေတြးေနတာ အပိုပဲ လို့ေအာက္ေမ့လိမ့္မယ္။

မဟုတ္ဘူး။ မပိုဘူး။ ဒီလို ေတြးျခင္းအားျဖင့္ ကိုယ့္ကိုယ္ကို တင့္တယ္တယ္၊ လွတယ္လို့ ထင္ေနတဲ့ အထင္တစ္ခုခုကို ခြ်န္းအုပ္မိၿပီးသား ျဖစ္သြားတယ္။

ဘရိတ္အုပ္လိုက္တာ ျဖစ္တယ္။

အဲဒီ ဘရိတ္အုပ္လိုက္ျခင္းအားျဖင့္ မတင့္မတယ္ ျဖစ္လာတဲ့အခါ စိတ္ဓာတ္က်တာ မျဖစ္ဘူး။

ကုိယ့္ကိုယ္ကို လွတယ္လို့ ထင္ေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ မႀကာခင္ အိုမင္း ရႈံ ့တြ ျဖစ္လာတဲ့အခါ စိတ္ဓာတ္ေတြ က်လာတတ္တယ္။

စိ္တ္ဓာတ္ေတြ က်လာၿပီဆိုရင္ လူေတြဟာ ကိုယ့္ကိုယ္ကို သတ္ေသခ်င္သလို ျဖစ္လာတယ္။

အဲဒါမ်ိဳး မျဖစ္ရေအာင္ ျမတ္စြာဘုရားက အမွန္သိဖို့အတြက္ ခႏၶာကိုယ္ရဲ ့မတင့္တယ္မႈကို အဖန္ဖန္ ရႈႀကည့္တတ္ရမယ္လို့ ေဟာတာ။

အနဳပႆီဆိုတာ တကယ့္အျဖစ္အတိုင္း

ႀကည့္တတ္ဖို့ ျမင္တတ္ဖို့ လိုတယ္လို့ ဆိုလိုတယ္။

ေလာကလူေတြဟာ အမ်ိဳသားေတြပဲ ျဖစ္ျဖစ္၊အမ်ိဳးသမီးေတြပဲ ျဖစ္ျဖစ္၊ေရမိုးခ်ိဳး သန့္စင္ၿပီး ဖီးလိမ္းျပင္ဆင္ထားလို့သာ ႀကည့္ေပ်ာ္ ရႈေပ်ာ္ ရွိေနတာ။

ပကတိအတိုင္းထားႀကည့္ပါလား၊ ကိုယ့္ကိုယ္ကိုေတာင္ ႏွာေခါင္းပိတ္ေနရမယ့္ အေနအထားမ်ိဳး ျဖစ္မွာပဲ။

ထမင္းစားတဲ့အခါ လူေတြဟာ ဝိုင္းဖဲြၿပီး ေပ်ာ္လို့ ပါးလို့ စားႀကတယ္။

အဲဒီ စားလိုက္တဲ့ အစာေတြကို အစာေႀကလို့ ေနာက္ဆံုး စြန့္ပစ္ရတဲ့အခ်ိန္က်ရင္ အခန္းထဲဝင္ ဂ်က္ထိုးၿပီး တစ္ေယာက္တည္း ဘာလို့ လုပ္ႀကရသလဲ? ေမႊးႀကိဳင္လို့လား? ေမႊးႀကိဳင္လို့လားဆိုတာ စဥ္းစားႀကည့္ေပါ့။

တကယ္စဥ္းစားႀကည့္မယ္ဆိုရင္ လူရဲ ့ခႏၶာကိုယ္က ထြက္တာဟာ ဘာတစ္ခုမွ အေကာင္းမထြက္ဘူး၊ ဒီသေဘာကို ျမတ္စြာဘုရားက ႀကည့္ခိုင္းတာ။

အဲဒီလို ႀကည့္ျခင္းဟာ စိတ္ဓာတ္က်ဖို့ မဟုတ္ဘဲနဲ့ ခႏၶာကိုယ္ေပၚမွာ တြယ္တာမႈ၊ ကိုယ့္ကိုယ္ကို တြယ္တာျခင္း၊ သူတစ္ပါးကို တြယ္တာျခင္းဆိုတဲ့ တြယ္တာမႈေတြကို ေလွ်ာ့ခ်တဲ့နည္းဟာ အေကာင္းဆံုးပဲ။

ေလွ်ာ့ခ်လိုက္ႏိုင္တာနဲ့ တစ္ၿပိဳင္နက္ လူဟာ အလွျပင္တာေတြ မလုပ္ေတာ့ဘူး။

သန့္သန့္ုျပန့္ုျပန့္ သန့္သန့္ရွင္းရွင္းေနတယ္။

ခႏၶာကိုယ္ႀကီးရဲ ့သဘာဝကို သိရွိနားလည္သြားၿပီး အဲဒီ သိရွိနားလည္သြားလို့ အမွန္သိျခင္းဟာ အင္မတန္မွ တန္ဖိုးရွိတယ္လို့ ဆိုလိုတယ္။ နဂိုတုန္းက အမွန္မသိဘဲနဲ့ အထင္အျမင္ေတြနဲ့ ေနထိုင္ႀကတာ။

ဒီလို အမွန္သိလိုက္ျခင္းအားျဖင့္ ခႏၶာကိုယ္ေပၚမွာ တြယ္တာတဲ့ ေလာဘကို ေလွ်ာ့ခ်ႏိုင္တယ္။

ေလာဘကို ေလွ်ာ့ခ်လိုက္တာနဲ့ မုန္းတီးမႈ ဆိုတာလည္း ေလွ်ာ့က်သြားတယ္။

အမွန္မသိမႈဆိုတဲ့ ေမာဟဟာလည္း ေလွ်ာ့က်သြားတယ္။ ေလာဘကိုလည္း ေလွ်ာ့ခ်ႏိုင္တယ္။ ေဒါသကိုလည္း ေလွ်ာ့ခ်ႏိုင္တယ္။ေမာဟကိုလည္း ေလွ်ာ့ခ်ႏိုင္တယ္။

ေနာက္ဆံုး ကိေလသာ အာသဝေတြ ကင္းၿပီး အမွန္တရားကို သိရွိနားလည္သြားတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ မိမိရဲ ့ခႏၶာအေပၚမွာလည္း တြယ္တာစိတ္ ကုန္သြားတယ္။

သူတစ္ပါးရဲ ့ခႏၶာအေပၚမွာလည္း တြယ္တာစိတ္ကုန္သြားတယ္။

ကုန္သြားသည့္အတြက္ေႀကာင့္ တြယ္တာမႈကို အေႀကာင္းျပဳၿပီး ျဖစ္ေပၚလာတဲ့ ေသာကဆိုတာ မရွိေတာ့ဘူး။ ပရိေဒဝဆိုတာ မရွိဘူး။

ဒုကၡ၊ ေဒါမနႆ ၊ ဥပါယာသဆိုတာ မရွိဘူး။စိတ္ႏွလံုးေတြ ေအးခ်မ္းသြားတယ္။ ဒီလိုဆိုတယ္။

မက်န္းမာတဲ့ ပုဂၢိဳလ္မွသာ ဒီလို ရႈရမွာလားဆိုရင္ မဟုတ္ဘူး။မက်န္းမာတဲ့ အခ်ိန္ေတြမွာ ရႈရင္ ပိုၿပီး သူ့အတြက္ အက်ိဳးျဖစ္မယ္ေပါ့။

က်န္းမာေနတဲ့ ပုဂၢိဳလ္ေတြဟာလည္းပဲ ဒီ အသုဘာနဳပႆနာ လို့ေခၚတဲ့ ဒီ မတင့္မတယ္သေဘာကို အဖန္ဖန္ရႈျခင္းဆိုတဲ့ အလုပ္ကို လုပ္ရမယ္

အနဳပႆနာဆိုတာ အမွန္သိဖို့အတြက္ သတိရယ္။ ပညာရယ္။ လံုလ ဝီရိယရယ္ ေပါင္းစပ္ၿပီးေတာ့ ကိုယ့္ခႏၶာရဲ ့သဘာဝကို အမွန္သိေအာင္ ႀကိဳးစားရႈမွတ္ျခင္းသာ ျဖစ္တယ္။

အဲဒါကို ကမၼ႒ာန္းထိုင္တယ္လို့ ေျပာတာ။

ကမၼ႒ာန္း အားထုတ္တယ္ ဆိုတာလည္း အဲဒါပါပဲ။ အဲဒီလို သိဖို့လုပ္တာ။

အဲဒီလို မသိဘဲနဲ့ ကမၼ႒ာန္းကို ဟန္ျပ အားထုတ္ေနလို့ရွိရင္ကေတာ့ တရားထူး တရားျမတ္ေတာ့ ရမွာမဟုတ္ဘူး။

တကယ္အသိဉာဏ္ရဖို့ရာ ခက္တယ္။

ေလာကလူေတြက ႀကြားစရာဆိုတာ အမ်ိဳးစံု ရွာတတ္တယ္ေလ။

ဘယ္ေနရာကပဲျဖစ္ျဖစ္ ႀကြားဖို့ရာေတာ့ ဝန္မေလးႀကဘူး။ ေယာဂီလုပ္ေတာင္မွ fashion ေလးနဲ့ သြားခ်င္ေသးတာ။ အဲဒီလို

မျဖစ္ေစရဘူး။ အသိဉာဏ္နဲ့ သြားရမွာျဖစ္တယ္။ အဲဒီလိုေနမွ တကယ့္ သဘာဝ အစစ္အမွန္ကို သိရွိမွာ။

ဒါက ႏွလံုးသြင္းရမယ့္ အခ်က္တစ္ခုပဲ။

ဒီလို ႏွလံုးသြင္းျခင္းအားျဖင့္လည္းပဲ ကိေလသာ အာသဝေတြ ကုန္ၿပီး ရဟႏၲာ အျဖစ္ကို ေရာက္သြားနိဳင္တယ္လို့ ဆိုလိုတယ္။

မွတ္ခ်က္။ ။ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ၏ “မက်န္းမာသူမ်ားအတြက္ အထူးႏွလံုးသြင္းတရား” စာအုပ္မွ မိမိဖတ္ရႈသိရွိရသလို ဓမၼမိတ္ေဆြမ်ား အားလံုး

ျပန္လည္သိရွိႏိုင္ေစရန္ ရည္ရြယ္ျပီး မွ်ေဝ ပူေဇာ္ပါ၏။

ဓမၼမိတ္ေဆြမ်ားအားလံုးကိုယ္စိတ္ႏွစ္ပါးေအးခ်မ္းႀကပါေစ။ က်န္ရွိေသာ တရားေတာ္မ်ားကို ဆက္လက္ မွ်ေဝ ပူေဇာပါဦးမည္။

တစ္ဆင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သီလ
# Unicode Version ျဖင့္ ဖတ္ပါ #
[၁]အသုဘာနုပဿီ

အသုဘာနုပဿီ ကာယေ ဝိဟာရတိ- ကိုယ့်ကာယအပေါ်မှာ အသုဘလို့ ရှုမြင်နေရမယ်။ ငါ့ခန္ဓာကိုယ်မှာ တင့်တယ်တာ တစ်ခုမှ မရှိဘူး။

ခန္ဓာကိုယ်ဟာ အလွန်စက်ဆုပ်စရာ ကောင်းတယ်လို့ အဖန်ဖန် နှလုံးသွင်းမှု ရှိရမယ်။ဒီလိုဆိုတာ။

မြန်မာလူမျိုးတွေက အသုဘဆိုတာ “မသာ” သွားသွား သတိရနေကြတယ်။ မသာကို ပြောတာမဟုတ်ဘူး။ အသုဘဆိုတာ မတင့်တယ်ဘူးလို့ ပြောတာ။ ကိုယ့်ကိုယ်ကို တင့်တယ်တယ်။

လှပတယ်လို့ ဆိုလို့ရှိရင် ကိုယ့်ကာယပေါ်မှာ တွယ်တာစိတ်တွေ ပိုများလာတယ်။

အလှပြင်ချင်လာတယ်။ ကိလေသာတွေက ပိုပွားလာတယ်။

အဲဒီတော့ ကိုယ့်ကာယဟာ မတင့်တယ် ရွံစရာကောင်းတယ်ဆိုတာကို စိတ်ထဲမှာ နှလုံးသွင်းဖို့လိုအပ်တယ်။

ဘာဖြစ်လို့ ဒါတွေ တွေးနေမလဲ?

ဒါတွေ တွေးရင် စိတ်ဓာတ်တွေ ကျမှာပေါ့ လို့ လူငယ်တွေက ပြောကောင်း ပြောကြလိမ့်မယ်။ စိတ်ဓာတ်ကျဖို့ ပြောတာမဟုတ်ဘူး။

အမှန်သိဖို့ ပြောတာ။ တကယ်ကတော့ မတင့်တယ်တာ အမှန်ပဲပေါ့။စဉ်းစားကြည့်၊ အသုဘလား ? သုဘလား ? သုဘဆိုတာ တင့်တယ်တယ်။

သူ့ဟာသူ ထားမယ်ဆိုရင် ရှုချင်စဖွယ် တင့်တယ်မှု အပြည့်အဝရှိတယ်။

အသုဘဆိုတာ မတင့်မတယ်ဖြစ်နေတာ၊ ရွံစရာဖြစ်နေတာ။

ခန္ဓာကိုယ်ကြီးဟာ ရွံစရာလား? နှစ်သက်စရာကြီးလားဆိုတာကို ပြန်ကြည့်လိုက်၊ မနက်အိပ်ရာထတဲ့ အချိန်မှာ အိပ်ရာက နိုးလာပြီဆိုရင် မျက်နှာမသစ်ဘဲ နေကြည့်လေ၊

တစ်ပတ်လောက်နေ၊ဒီထက် မထင်ရှားသေးဘူးဆိုရင် တစ်လလောက်နေ၊ မျက်နှာမသစ်နဲ့။ တစ်လလောက်နေ၊ ရေလည်းမချိုနဲ့၊ ဘာမှ မဖီးမလိမ်းဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ?

စဉ်းစားကြည့်။

လူတွေဟာ နေ့စဉ်နဲ့အမျှ ပြင်ဆင်ဖီးလိမ်း လုပ်နေကြလို့ တင့်တောင့်တင့်တယ်လို့ ဖြစ်နေတာ။

သဘာဝအတိုင်း နေ့ကြည့်လိုက်။

သဘာဝအတိုင်း နေ့ကြည့်လိုက်လို့ရှိရင် သဘာဝဟာ ပေါ်လွင်လာတယ်။

အဲဒီပေါ်လွင်လာတဲ့ သဘာဝကို မြင်အောင်ကြည့်တာကို အသုဘလို့ခေါ်တယ်။ မသာအလောင်းကို ပြောတာ မဟုတ်ဘူး။

မြန်မာစကားမှာ အသုဘ ဆိုရင် လူတွေက မစဉ်းစားချင်ဘူး။ အသုဘဆိုတာ မတင့်မတယ် ရွံစဖွယ်အခြေအနေကို ပြောတာ။ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဟုတ်ပြီ။

ကိုယ့်ကိုယ်ကိုကြည့် မျက်လုံးက ထွက်တဲ့ မျက်ရည်ပဲဖြစ်စေ၊ မျက်ချေးပဲဖြစ်စေ၊ မွှေးကြိုင်လို့ သိမ်းထားစရာ ဖြစ်ရဲ့လား?

နှာခေါင်းကထွက်တဲ့ နှပ်ချေး၊ နှပ်ရည်တွေ၊ စုထားလို့ရမလား? အဖိုးတန်သလား?

ခံတွင်းကထွက်တဲ့ တံတွေးကအစ အားလုံး ခန္ဓာကိုယ်က ထွက်သမျှတွေဟာ မွှေးကြိုင်တာများ တစ်ခုခုရှိသလား?

တန်ဖိုးရှိပြီး သိမ်းထားလို့ ရတဲ့အရာများ ရှိသလား? ဆိုတော့ ဘယ်အရာမှ မရှိဘူး။ အဲဒီလို ဆင်ခြင် စဉ်းစားကြည့်လိုက်ရင် မတင့်မတယ် ရွံစဖွယ် အခြေအနေမျိုးကို တွေ့ရမှာ ဖြစ်တယ်။

ကိုယ့်ကိုယ်ကို အဲဒီလို နှလုံးသွင်းရမယ်။

နှာခေါင်းကထွက်တယ်။ နားကထွက်တယ်။ တစ်ခြားခန္ဓာကိုယ်ရှိတဲ့ ဒွါရတွေက ထွက်တာတွေ မှန်သမျှဟာ တစ်ခုမှ မွှေးကြိုင်တာ မရှိဘူး။ သိမ်းထားစရာ မရှိဘူး။

အားလုံးဟာ ရွံစရာ အနံ့ဆိုးတွေနဲ့ချည်းပဲ။ အဲဒါကို ဆင်ခြင်သုံးသပ်ရမယ်လို့ ဆိုလိုတယ်။

သာမန်ပုဂ္ဂိုလ်တွေကတော့ ဒါတွေ လျှောက်တွေးနေတာ အပိုပဲ လို့အောက်မေ့လိမ့်မယ်။

မဟုတ်ဘူး။ မပိုဘူး။ ဒီလို တွေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို တင့်တယ်တယ်၊ လှတယ်လို့ ထင်နေတဲ့ အထင်တစ်ခုခုကို ချွန်းအုပ်မိပြီးသား ဖြစ်သွားတယ်။

ဘရိတ်အုပ်လိုက်တာ ဖြစ်တယ်။

အဲဒီ ဘရိတ်အုပ်လိုက်ခြင်းအားဖြင့် မတင့်မတယ် ဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျတာ မဖြစ်ဘူး။

ကိုယ့်ကိုယ်ကို လှတယ်လို့ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မကြာခင် အိုမင်း ရှုံ့တွ ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ ကျလာတတ်တယ်။

စိတ်ဓာတ်တွေ ကျလာပြီဆိုရင် လူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေချင်သလို ဖြစ်လာတယ်။

အဲဒါမျိုး မဖြစ်ရအောင် မြတ်စွာဘုရားက အမှန်သိဖို့အတွက် ခန္ဓာကိုယ်ရဲ့မတင့်တယ်မှုကို အဖန်ဖန် ရှုကြည့်တတ်ရမယ်လို့ ဟောတာ။

အနုပဿီဆိုတာ တကယ့်အဖြစ်အတိုင်း

ကြည့်တတ်ဖို့ မြင်တတ်ဖို့ လိုတယ်လို့ ဆိုလိုတယ်။

လောကလူတွေဟာ အမျိုသားတွေပဲ ဖြစ်ဖြစ်၊အမျိုးသမီးတွေပဲ ဖြစ်ဖြစ်၊ရေမိုးချိုး သန့်စင်ပြီး ဖီးလိမ်းပြင်ဆင်ထားလို့သာ ကြည့်ပျော် ရှုပျော် ရှိနေတာ။

ပကတိအတိုင်းထားကြည့်ပါလား၊ ကိုယ့်ကိုယ်ကိုတောင် နှာခေါင်းပိတ်နေရမယ့် အနေအထားမျိုး ဖြစ်မှာပဲ။

ထမင်းစားတဲ့အခါ လူတွေဟာ ဝိုင်းဖွဲပြီး ပျော်လို့ ပါးလို့ စားကြတယ်။

အဲဒီ စားလိုက်တဲ့ အစာတွေကို အစာကြေလို့ နောက်ဆုံး စွန့်ပစ်ရတဲ့အချိန်ကျရင် အခန်းထဲဝင် ဂျက်ထိုးပြီး တစ်ယောက်တည်း ဘာလို့ လုပ်ကြရသလဲ? မွှေးကြိုင်လို့လား? မွှေးကြိုင်လို့လားဆိုတာ စဉ်းစားကြည့်ပေါ့။

တကယ်စဉ်းစားကြည့်မယ်ဆိုရင် လူရဲ့ခန္ဓာကိုယ်က ထွက်တာဟာ ဘာတစ်ခုမှ အကောင်းမထွက်ဘူး၊ ဒီသဘောကို မြတ်စွာဘုရားက ကြည့်ခိုင်းတာ။

အဲဒီလို ကြည့်ခြင်းဟာ စိတ်ဓာတ်ကျဖို့ မဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှု၊ ကိုယ့်ကိုယ်ကို တွယ်တာခြင်း၊ သူတစ်ပါးကို တွယ်တာခြင်းဆိုတဲ့ တွယ်တာမှုတွေကို လျှော့ချတဲ့နည်းဟာ အကောင်းဆုံးပဲ။

လျှော့ချလိုက်နိုင်တာနဲ့ တစ်ပြိုင်နက် လူဟာ အလှပြင်တာတွေ မလုပ်တော့ဘူး။

သန့်သန့်ုပြန့်ုပြန့် သန့်သန့်ရှင်းရှင်းနေတယ်။

ခန္ဓာကိုယ်ကြီးရဲ့သဘာဝကို သိရှိနားလည်သွားပြီး အဲဒီ သိရှိနားလည်သွားလို့ အမှန်သိခြင်းဟာ အင်မတန်မှ တန်ဖိုးရှိတယ်လို့ ဆိုလိုတယ်။ နဂိုတုန်းက အမှန်မသိဘဲနဲ့ အထင်အမြင်တွေနဲ့ နေထိုင်ကြတာ။

ဒီလို အမှန်သိလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ပေါ်မှာ တွယ်တာတဲ့ လောဘကို လျှော့ချနိုင်တယ်။

လောဘကို လျှော့ချလိုက်တာနဲ့ မုန်းတီးမှု ဆိုတာလည်း လျှော့ကျသွားတယ်။

အမှန်မသိမှုဆိုတဲ့ မောဟဟာလည်း လျှော့ကျသွားတယ်။ လောဘကိုလည်း လျှော့ချနိုင်တယ်။ ဒေါသကိုလည်း လျှော့ချနိုင်တယ်။မောဟကိုလည်း လျှော့ချနိုင်တယ်။

နောက်ဆုံး ကိလေသာ အာသဝတွေ ကင်းပြီး အမှန်တရားကို သိရှိနားလည်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မိမိရဲ့ခန္ဓာအပေါ်မှာလည်း တွယ်တာစိတ် ကုန်သွားတယ်။

သူတစ်ပါးရဲ့ခန္ဓာအပေါ်မှာလည်း တွယ်တာစိတ်ကုန်သွားတယ်။

ကုန်သွားသည့်အတွက်ကြောင့် တွယ်တာမှုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သောကဆိုတာ မရှိတော့ဘူး။ ပရိဒေဝဆိုတာ မရှိဘူး။

ဒုက္ခ၊ ဒေါမနဿ ၊ ဥပါယာသဆိုတာ မရှိဘူး။စိတ်နှလုံးတွေ အေးချမ်းသွားတယ်။ ဒီလိုဆိုတယ်။

မကျန်းမာတဲ့ ပုဂ္ဂိုလ်မှသာ ဒီလို ရှုရမှာလားဆိုရင် မဟုတ်ဘူး။မကျန်းမာတဲ့ အချိန်တွေမှာ ရှုရင် ပိုပြီး သူ့အတွက် အကျိုးဖြစ်မယ်ပေါ့။

ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲ ဒီ အသုဘာနုပဿနာ လို့ခေါ်တဲ့ ဒီ မတင့်မတယ်သဘောကို အဖန်ဖန်ရှုခြင်းဆိုတဲ့ အလုပ်ကို လုပ်ရမယ်

အနုပဿနာဆိုတာ အမှန်သိဖို့အတွက် သတိရယ်။ ပညာရယ်။ လုံလ ဝီရိယရယ် ပေါင်းစပ်ပြီးတော့ ကိုယ့်ခန္ဓာရဲ့သဘာဝကို အမှန်သိအောင် ကြိုးစားရှုမှတ်ခြင်းသာ ဖြစ်တယ်။

အဲဒါကို ကမ္မဋ္ဌာန်းထိုင်တယ်လို့ ပြောတာ။

ကမ္မဋ္ဌာန်း အားထုတ်တယ် ဆိုတာလည်း အဲဒါပါပဲ။ အဲဒီလို သိဖို့လုပ်တာ။

အဲဒီလို မသိဘဲနဲ့ ကမ္မဋ္ဌာန်းကို ဟန်ပြ အားထုတ်နေလို့ရှိရင်ကတော့ တရားထူး တရားမြတ်တော့ ရမှာမဟုတ်ဘူး။

တကယ်အသိဉာဏ်ရဖို့ရာ ခက်တယ်။

လောကလူတွေက ကြွားစရာဆိုတာ အမျိုးစုံ ရှာတတ်တယ်လေ။

ဘယ်နေရာကပဲဖြစ်ဖြစ် ကြွားဖို့ရာတော့ ဝန်မလေးကြဘူး။ ယောဂီလုပ်တောင်မှ fashion လေးနဲ့ သွားချင်သေးတာ။ အဲဒီလို

မဖြစ်စေရဘူး။ အသိဉာဏ်နဲ့ သွားရမှာဖြစ်တယ်။ အဲဒီလိုနေမှ တကယ့် သဘာဝ အစစ်အမှန်ကို သိရှိမှာ။

ဒါက နှလုံးသွင်းရမယ့် အချက်တစ်ခုပဲ။

ဒီလို နှလုံးသွင်းခြင်းအားဖြင့်လည်းပဲ ကိလေသာ အာသဝတွေ ကုန်ပြီး ရဟန္တာ အဖြစ်ကို ရောက်သွားနိုင်တယ်လို့ ဆိုလိုတယ်။

မှတ်ချက်။ ။ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ “မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား” စာအုပ်မှ မိမိဖတ်ရှုသိရှိရသလို ဓမ္မမိတ်ဆွေများ အားလုံး

ပြန်လည်သိရှိနိုင်စေရန် ရည်ရွယ်ပြီး မျှဝေ ပူဇော်ပါ၏။

ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။ ကျန်ရှိသော တရားတော်များကို ဆက်လက် မျှဝေ ပူဇောပါဦးမည်။

တစ်ဆင့်

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သီလ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top