×

 အမ်ိဳးသားတစ္ေယာက္ဟာ မိဘေဆြမ်ိဳးအသုိင္းအဝုိင္းက ကန္႔ကြက္ေနတဲ့ၾကားထဲမွ သူတုိ႔သေဘာမတူတဲ့ အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ေပါင္းသင္းဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ဒီအတြက္ ဖခင္နဲ႔ေမြးခ်င္ညီအစ္ကိုေတြက သူ႕ကိုအျပစ္ေပးတဲ့အေနနဲ႔ ဝုိင္းဝန္းဖမ္းခ်ဳပ္ၿပီးေနာက္ မ်က္လုံးႏွစ္လုံးကို အစိမ္းသက္သက္ ေဖာက္ထုတ္ခဲ့ၾကေၾကာင္း သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ပါကစၥတန္ႏုိင္ငံ၊ ဘာလုိခ်ီစတန္ုျပည္နယ္က Nasirabad အမည္ရ ေက်းရြာေလးတစ္ရြာမွာျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္ခံရတဲ့အမ်ိဳးသားဟာ ဖခင္ျဖစ္သူနဲ႔ သူ႕ရဲ႕ေမြးခ်င္းေတြက ဝုိင္းဝန္းခ်ဳပ္ေႏွာင္တာကို ခံလိုက္ရၿပီးေနာက္ မ်က္လုံးေတြကုိ အထုတ္ခံလုိက္ရတာ ျဖစ္ပါတယ္။

အမ်ိဳးသားရဲ႕မည္မွာ Abdul Baqi ျဖစ္ၿပီး အသက္အားျဖင့္ (၂၂)ႏွစ္ ရွိေနပါၿပီ။ သူဟာ သတုိ႔သမီးေလာင္းကို ေဆာင္က်ဥ္းေပးဖုိ႔ မိဘေတြကို သြားေရာက္ေတာင္းရမ္းခုိင္းစဥ္မွာ ကနဦးတုန္းကေတာ့ ဖခင္ျဖစ္သူနဲ႔ ေမြးခ်င္းေတြက သေဘာတူသလုိ အယုံသြင္းခဲ့ပါတယ္။ ေနာက္ မိခင္ျဖစ္သူကိုလည္း အခန္းတစ္ခုထဲမွာ ထိန္းသိမ္းလုိက္ၿပီး Abdul ရဲ႕ မ်က္လုံးကို ေဖာက္ထုတ္ခဲ့ၾကတာပါ။ မိခင္ကလည္း ဘာမွ မကူညီႏုိင္ခဲ့ပါဘူး။

ျပစ္မႈက်ဴးလြန္သူေတြရဲ႕မည္မွာ အသက္(၇၀)အရြယ္ ဖခင္ျဖစ္သူ Dost Muhammmad နဲ႔ ေမြးခ်င္းညီအစ္ကို ေလးေယာက္ျဖစ္တဲ့ Abdul Ghani, Abdul Sattar, Abdul Rehman နဲ႔ Abdul Karim တုိ႔ျဖစ္ၿပီး၊ ဒဏ္ရာျပင္းထန္စြာရရွိသြားတဲ့ Abdul ကုိ ကရာခ်ီၿမိဳ႕က Jinnah Post Graduate Medical Centre ေဆး႐ုံပို႔ေပးခဲ့ေပမယ့္ အျမင္အာ႐ုံျပန္ရဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူးလုိ႔ သိရပါတယ္။

ေလာေလာဆယ္ေတာ့ ရဲတပ္ဖြဲ႕က တရားခံဖခင္နဲ႔ ညီအစ္ကိုႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးေနၿပီး အျခားညီအစ္ကိုႏွစ္ဦးကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနပါတယ္။ ညီျဖစ္သူ အခုလုိရက္ရက္စက္စက္ ညႇင္းပန္းႏွိပ္စက္ခံေနရခ်ိန္မွာ ေနာက္ထပ္ အစ္ကိုတစ္ေယာက္ျဖစ္တဲ့ Abdul Gaffar ကအျပင္ကုိေရာက္ေနၿပီး သူကပဲ ညီျဖစ္သူကို ေဆး႐ုံကုိ ပုိ႔ေပးခဲ့တာလုိ႔ သိရပါတယ္။

Source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနသူရိန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသားတစ်ယောက်ဟာ မိဘဆွေမျိုးအသိုင်းအဝိုင်းက ကန့်ကွက်နေတဲ့ကြားထဲမှ သူတို့သဘောမတူတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်ပေါင်းသင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအတွက် ဖခင်နဲ့မွေးချင်ညီအစ်ကိုတွေက သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ ဝိုင်းဝန်းဖမ်းချုပ်ပြီးနောက် မျက်လုံးနှစ်လုံးကို အစိမ်းသက်သက် ဖောက်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ုပြည်နယ်က Nasirabad အမည်ရ ကျေးရွာလေးတစ်ရွာမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခံရတဲ့အမျိုးသားဟာ ဖခင်ဖြစ်သူနဲ့ သူ့ရဲ့မွေးချင်းတွေက ဝိုင်းဝန်းချုပ်နှောင်တာကို ခံလိုက်ရပြီးနောက် မျက်လုံးတွေကို အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အမျိုးသားရဲ့မည်မှာ Abdul Baqi ဖြစ်ပြီး အသက်အားဖြင့် (၂၂)နှစ် ရှိနေပါပြီ။ သူဟာ သတို့သမီးလောင်းကို ဆောင်ကျဉ်းပေးဖို့ မိဘတွေကို သွားရောက်တောင်းရမ်းခိုင်းစဉ်မှာ ကနဦးတုန်းကတော့ ဖခင်ဖြစ်သူနဲ့ မွေးချင်းတွေက သဘောတူသလို အယုံသွင်းခဲ့ပါတယ်။ နောက် မိခင်ဖြစ်သူကိုလည်း အခန်းတစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပြီး Abdul ရဲ့ မျက်လုံးကို ဖောက်ထုတ်ခဲ့ကြတာပါ။ မိခင်ကလည်း ဘာမှ မကူညီနိုင်ခဲ့ပါဘူး။

ပြစ်မှုကျူးလွန်သူတွေရဲ့မည်မှာ အသက်(၇၀)အရွယ် ဖခင်ဖြစ်သူ Dost Muhammmad နဲ့ မွေးချင်းညီအစ်ကို လေးယောက်ဖြစ်တဲ့ Abdul Ghani, Abdul Sattar, Abdul Rehman နဲ့ Abdul Karim တို့ဖြစ်ပြီး၊ ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ Abdul ကို ကရာချီမြို့က Jinnah Post Graduate Medical Centre ဆေးရုံပို့ပေးခဲ့ပေမယ့် အမြင်အာရုံပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

လောလောဆယ်တော့ ရဲတပ်ဖွဲ့က တရားခံဖခင်နဲ့ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အခြားညီအစ်ကိုနှစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ညီဖြစ်သူ အခုလိုရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံနေရချိန်မှာ နောက်ထပ် အစ်ကိုတစ်ယောက်ဖြစ်တဲ့ Abdul Gaffar ကအပြင်ကိုရောက်နေပြီး သူကပဲ ညီဖြစ်သူကို ဆေးရုံကို ပို့ပေးခဲ့တာလို့ သိရပါတယ်။

Source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နေသူရိန် (MyanmarNote)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top