မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×




The Union Daily

#Unicode Version#
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၆ နာရီက အရွယ် မရောက်သေးသည့် အသက်ခုနစ် နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အား ပထွေးဖြစ်သူက သားမယား အဖြစ်ကျူးလွန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ္တရာမြို့ အမှတ်(၅)ရပ်ကွက် ရန်နိုင်စိုးရပ်အတွင်းရှိ အမှတ်(၃) အုတ်စက်ရုံတွင် အလုပ်လုပ်ကိုင် သည့် မသန်းသန်းဦးသည် အုတ် စက်ရုံအတွင်း ရွှံ့လုံးနေစဉ်အတူ နေ သမီးဖြစ်သူ မ-----ခုနစ် နှစ်နှင့် မသန်းသန်းဦး၏ နောက် အိမ်ထောင်ဖြစ်သူ သက်နိုင်ဦး (၂၇နှစ်) အုတ်စက်လုပ်သားလုပ် ကိုင်သူတို့ နှစ်ဦးရောက်ရှိလာပြီး မသန်းသန်းဦးက လမ်း၌အကျိုး အကြောင်းမေးမြန်းရာ သမီးဖြစ်သူ ကို သက်နိုင်ဦးက အိပ်ရာထဲတွင် သားမယားအဖြစ်ပြုကျင့်သဖြင့် သွေးများထွက်လာခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မသန်းသန်း ဦးက မတ္တရာမြို့မ ရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သဖြင့် မ-----အား မတ္တရာပြည်သူ့ ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ခဲ့ရာ မတ္တရာပြည်သူ့ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့လွှဲ ပြောင်း ဆေးကုသစေခဲ့သည်။

အဆိုပါဖြစ်စဉ်မှ သမီးဖြစ်သူ အား အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်သူ သက်နိုင်ဦးအား အရေးယူပေးပါရန် မသန်းသန်းဦး က တရားလိုပြုလုပ် တိုင်တန်း သဖြင့် မတ္တရာမြို့မရဲစခန်းမှ (ပ) ၃၉ဝ/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ -၃၇၆အရ အမှုဖွင့်ပြီး ဒုရဲမှူး ခင်ဝင်းဇော်က ပြစ်မှုကျူးလွန်သူ အား ဖမ်းဆီးစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုးကျော်သူထွေး(မတ္တရာ)
The Union Daily
https://www.facebook.com/uniondaily.net
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top