ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

” ဗိုလ္​ခ်ဳပ္​ရင္​ဘတ္​က က်ည္​ ၁၃ ခ်က္​ ဆြဲႏႈတ္​ခြင္​့​ေပးပါ​”———————————————————

​ေက်ာင္​းဆရာကစာသင္​ခန္​းထဲက ​ေက်ာင္​းသား​ေတြကို ​ေမးခြန္​း​ေလးတစ္​ခု ​ေမးလိုက္​တယ္​။

ဗိုလ္​ခ်ဳပ္​ကို က်ည္​ဆံ ဘယ္​​ႏွစ္​ခ်က္​ မွန္​ခဲ့လဲ ?

သိပ္​ကို လြယ္​တဲ့ ​ေမးခြန္​းပါ။

ျမန္​မာႏိုင္​ငံသား​ေတြ ဟာ ကမ႓ာႀကီး ဘယ္​ဘက္​ကုိ ဘယ္​​ေလာက္​ ဒီဂရီ တိမ္​း​ေစာင္​း​ေနလဲဆိုတာ မသိတဲ့ သူ ရွိရင္​ ရွိမွာ။

၁၉၄၇ ခုႏွစ္​ ဇူလိုင္​ ၁၉ ရက္​​ေန႔ ​မနက္​ ၁၀ နာရီ ၃၇ မိနစ္​မွာ ဗိုလ္​ခ်ဳပ္​ ရင္​ဘတ္​ထဲကို က်ည္​ ၁၃ ခ်က္​ဝင္​ခဲ့တာ​ေတာ့ ​အတိအက် ေကာင္​း​ေကာင္​းသိၾကပါတယ္​။

ဆိုိလုိခ်င္​တာက​ေတာ့ ျမန္​မာ​ေတြအတြက္​ ကမ႓ာႀကီး ထက္​ ဗိုလ္​ခ်ဳပ္​က ပိုၿပီး အ​ေရးႀကီးတယ္​ဆိုတာကိုပါ။

တစ္​ခန္​းလံုး က ​ေက်ာင္​းသား​ေတြက ၁၃ ခ်က္​ လို႔ ​ေအာ္​တယ္​။

ဒါ​ေပမဲ့

​ေမာင္​​​ေဝယံက​ေတာ့ တစ္​ခ်က္​မွ မမွန္​ပါဘူး လို႔​​ေျဖလိုက္​တယ္​။

၁၃ ခ်က္​ ၾကားထဲ တစ္​ခ်က္​မွ မမွန္​ပါဘူးက သဲသဲကြဲကြဲ ထြက္​လာတယ္​။

​ေက်ာင္​းဆရာက နားၾကားလြဲလား ဆိုၿပီး တစ္​ခ်က္​မွ မမွန္​ပါဘူး လို႔ ​ေျဖတဲ့ သူရွိလားလို႔​ေမးလိုက္​တဲ့အခ်ိန္​။

​ေမာင္​​ေဝယံက လက္​က​ေလး​ေထာင္​ၿပီး သူ​ေျဖတာပါလို႔ ဝန္​ခံလိုက္​တယ္​။

ဆရာက မ်က္​​ခံုး ၂ ဖက္​ ပင္​့တင္သြားၿပီး​ေနာက္​။​ ​ေမာင္​​ေဝယံ ကို​ေမးလိုက္​တယ္​။

” ​သား ဗိုလ္​ခ်ဳပ္​ ရဲ႕ ခႏၶာကိုယ္​ထဲကုိ က်ည္​ ၁၃ ခ်က္​ နစ္​ဝင္​ခဲ့တယ္​ဆိုတာ တစ္​တိုင္​းျပည္​လံုးသိတယ္​ သားက ဘာျဖစ္​လို႔ တစ္​ခ်က္​မွ မမွန္​ပါဘူးလို႔ ​ေျဖတာလဲ ​ေျပာပါဦး ကြယ္​ ?”

​ေမာင္​​ေဝယံ က လက္​က​ေလးပိုက္​ၿပီး မတ္​တပ္​ရပ္​ ဆရာ႕ကို ရိုရို​ေသ​ေသ ျပန္​​ေျဖတယ္​။

” ဗိုလ္​ခ်ဳပ္​ကို ပစ္​တဲ့ ၁၃ ခ်က္​လံုး ဗိုလ္​ခ်ဳပ္​ ကိုမမွန္​ပါဘူး။ အဲ့ဒီ ၁၃ ခ်က္​လံုး က တိုင္​းျပည္​ ရဲ႕ ႏွလံုးသား ၊ တိုင္​းျပည္​ ရဲ႕ ဦး​ေႏွာက္​ ၊တိုင္​းျပည္​ ရဲ႕ ပညာ​ေရး ၊ ကြၽန္​​ေတာ္​တို႔ က​ေလး​ေတြ ရဲ႕ အနာဂတ္​ကိုလာမွန္​တာပါ ဆရာ ”

​ဆရာ​ေလးဟာ မိုး​ေရ ယိုက်ေနတဲ့ ​ေက်ာင္​း​ေခါင္​မိုးကို ​ေမာ့ၾကည္​့ရင္​း

” ဟုတ္​တယ္​ သိပ္​မွန္​တယ္​ အဲ့ဒီက်ည္​ဆံ​ေတြ အခုထိ မႏႈတ္​္​ရ​ေသးဘူး ​ေမာင​္​​ေဝယံ ”

တိုးညင္​းစြာ ေရ႐ြတ္​လိုက္​တဲ့ ဆရာ​ေလးရဲ႕ စကားသံ နဲ႔ အတူ​ မလံု႔တလံု ​ေက်ာင္​း​​ေခါင္​မိုအလယ္​တည္​့တည္​့ က မိုး​ေရစက္​က​ေလး ​​ေႂကြက်လာသံ ေတာက္​ခနဲ ျမည္​သြား​ေတာ့တယ္​။

ဗိုလ္​ခ်ဳပ္​ရင္​ဘတ္​က က်ည္​ ၁၃ ခ်က္​ ဆြဲႏႈတ္​ခြင္​့​ေပးပါ​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းရသ
# Unicode Version ျဖင့္ ဖတ္ပါ #


” ဗိုလ်ချုပ်ရင်ဘတ်က ကျည် ၁၃ ချက် ဆွဲနှုတ်ခွင့်ပေးပါ”———————————————————

ကျောင်းဆရာကစာသင်ခန်းထဲက ကျောင်းသားတွေကို မေးခွန်းလေးတစ်ခု မေးလိုက်တယ်။

ဗိုလ်ချုပ်ကို ကျည်ဆံ ဘယ်နှစ်ချက် မှန်ခဲ့လဲ ?

သိပ်ကို လွယ်တဲ့ မေးခွန်းပါ။

မြန်မာနိုင်ငံသားတွေ ဟာ ကမ္ဘာကြီး ဘယ်ဘက်ကို ဘယ်လောက် ဒီဂရီ တိမ်းစောင်းနေလဲဆိုတာ မသိတဲ့ သူ ရှိရင် ရှိမှာ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ် ရင်ဘတ်ထဲကို ကျည် ၁၃ ချက်ဝင်ခဲ့တာတော့ အတိအကျ ကောင်းကောင်းသိကြပါတယ်။

ဆိုလိုချင်တာကတော့ မြန်မာတွေအတွက် ကမ္ဘာကြီး ထက် ဗိုလ်ချုပ်က ပိုပြီး အရေးကြီးတယ်ဆိုတာကိုပါ။

တစ်ခန်းလုံး က ကျောင်းသားတွေက ၁၃ ချက် လို့ အော်တယ်။

ဒါပေမဲ့

မောင်ဝေယံကတော့ တစ်ချက်မှ မမှန်ပါဘူး လို့ဖြေလိုက်တယ်။

၁၃ ချက် ကြားထဲ တစ်ချက်မှ မမှန်ပါဘူးက သဲသဲကွဲကွဲ ထွက်လာတယ်။

ကျောင်းဆရာက နားကြားလွဲလား ဆိုပြီး တစ်ချက်မှ မမှန်ပါဘူး လို့ ဖြေတဲ့ သူရှိလားလို့မေးလိုက်တဲ့အချိန်။

မောင်ဝေယံက လက်ကလေးထောင်ပြီး သူဖြေတာပါလို့ ဝန်ခံလိုက်တယ်။

ဆရာက မျက်ခုံး ၂ ဖက် ပင့်တင်သွားပြီးနောက်။ မောင်ဝေယံ ကိုမေးလိုက်တယ်။

” သား ဗိုလ်ချုပ် ရဲ့ ခန္ဓာကိုယ်ထဲကို ကျည် ၁၃ ချက် နစ်ဝင်ခဲ့တယ်ဆိုတာ တစ်တိုင်းပြည်လုံးသိတယ် သားက ဘာဖြစ်လို့ တစ်ချက်မှ မမှန်ပါဘူးလို့ ဖြေတာလဲ ပြောပါဦး ကွယ် ?”

မောင်ဝေယံ က လက်ကလေးပိုက်ပြီး မတ်တပ်ရပ် ဆရာ့ကို ရိုရိုသေသေ ပြန်ဖြေတယ်။

” ဗိုလ်ချုပ်ကို ပစ်တဲ့ ၁၃ ချက်လုံး ဗိုလ်ချုပ် ကိုမမှန်ပါဘူး။ အဲ့ဒီ ၁၃ ချက်လုံး က တိုင်းပြည် ရဲ့ နှလုံးသား ၊ တိုင်းပြည် ရဲ့ ဦးနှောက် ၊တိုင်းပြည် ရဲ့ ပညာရေး ၊ ကျွန်တော်တို့ ကလေးတွေ ရဲ့ အနာဂတ်ကိုလာမှန်တာပါ ဆရာ ”

ဆရာလေးဟာ မိုးရေ ယိုကျနေတဲ့ ကျောင်းခေါင်မိုးကို မော့ကြည့်ရင်း

” ဟုတ်တယ် သိပ်မှန်တယ် အဲ့ဒီကျည်ဆံတွေ အခုထိ မနှုတ်ရသေးဘူး မောင်ဝေယံ ”

တိုးညင်းစွာ ရေရွတ်လိုက်တဲ့ ဆရာလေးရဲ့ စကားသံ နဲ့ အတူ မလုံ့တလုံ ကျောင်းခေါင်မိုအလယ်တည့်တည့် က မိုးရေစက်ကလေး ကြွေကျလာသံ တောက်ခနဲ မြည်သွားတော့တယ်။

ဗိုလ်ချုပ်ရင်ဘတ်က ကျည် ၁၃ ချက် ဆွဲနှုတ်ခွင့်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းရသ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top