န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ကခ်င္​ျပည္​နယ္​၊ မိုး​ေမာက္​ၿမိဳ႕နယ္​တြင္​ စက္​ပ်က္​၍ ဆြဲယူထားသည္​့ ​ေမာ္​​ေတာ္​ယာဥ္​အတြင္​းမွ သိန္​း​(၁၅၂၀)တန္​ဖိုးရွိ မူးယစ္​​ေဆးဝါးမ်ား ​ေတြ႕ရွိဖမ္​းဆီးရမိခဲ့​ေၾကာင္​း သိရသည္​။

ဇူလိုင္​ ၁၀ ရက္​ ​ေန႔လည္​ ၁၂ နာရီခန္​႔က မူးယစ္​​ေဆးဝါးတားဆီးနွိမ္​နင္​း​ေရးရဲတပ္​ဖြဲ႕၊တပ္​ဖြဲ႕စု(၁)ဗန္​း​ေမာ္​မွ ရဲအုပ္​ခါးလီနွင္​့အဖြဲ႕၊ခရိုင္​မႈခင္​းနွိမ္​နင္​း​ေရးမွ ရဲအုပ္​ျမင္​့ထူးနွင္​့အဖြဲ႕၊ ​ေက်ာက္​စခန္​းရဲကင္​းမွဴးရဲအုပ္​ထြန္​းျမင္​့နွင္​့အဖြဲ႕တို႔သည္​ မိုး​ေမာက္​ၿမိဳ႕နယ္​၊ ​ေက်ာက္​စခန္​း​​ေက်း႐ြာ၌ လြယ္​ဂ်ယ္​ၿမိဳ႕ဘက္​မွ အငွားယာဥ္​ျဖင္​့ ဆြဲယူလာသည့္MDY-2C/7027 ကိုရိုလာခဲ​ေရာင္​ယာဥ္​အား စစ္​​ေဆးရာ ယာဥ္​ေပၚတြင္​ မဂ်ီးဖာ၊ ​မေကာ့​ေရွာင္​နွင္​့ က​ေလးနွစ္​​ဦး လိုက္​ပါလာသည္​ကို​ေတြ႕ရၿပီး အဆိုပါယာဥ္​အား မသကာၤသျဖင္​့ ဗန္​း​ေမာ္​ၿမိဳ႕၊ မူးယစ္​တပ္​ဖြဲ႕စုရံုးသို႔ ​ေခၚ​ေဆာင္​လာ​စဥ္​ ဗန္​း​ေမာ္​ၿမိဳ႕အဝင္​၌ အဆိုပါယာဥ္​ပိုင္​ရွင္​ မဂ်ီးပါ(ခ)႐ြယ္​ႏူး သည္​ MDY-5K/1928 က​ေရာင္​းယာဥ္​ျဖင္​့ ​​ေရာက္​ရွိလာသျဖင္​့ ထပ္​မံထိန္​းသိမ္​းခဲ့သည္​။

စစ္​​ေဆးခ်က္​အရ မဂ်ီးပါ(ခ)႐ြယ္​ႏူးသည္​ MDY-2C/7027 ယာဥ္​၏ ဒက္​ရွ္​ဘုတ္​အံဝွက္​အတြင္​း အထုပ္​(၁၀)ျဖင္​့ထည္​့ထား​တံဆိပ္​မပါပန္​း​ေရာင္​စိတ္​ႂကြရူးသြပ္​​ေဆးျပား(၁၉၀)ျပားစီပါ အျပာ​ေရာင္​ကပ္​ခြာအိတ္​(၁၀၀)ထုပ္​၊ ယာဥ္​​ေနာက္​ခန္​းရွိ ယာဥ္​အပိုဘီးအတြင္​း အထုပ္​ႀကီး(၃၀)ထုပ္​ျဖင္​့ထည္​့ထား​ေသာ ​တံဆိပ္​မပါပန္​း​ေရာင္​စိတ္​ႂကြရူးသြပ္​​ေဆးျပား(၁၉၀)ျပားစီပါ အျပာ​ေရာင္​ကပ္​ခြာအိတ္​(၃၀၀)ထုပ္​၊ စုစု​ေပါင္​းစိတ္​ႂကြရူးသြပ္​​ေဆးျပား(၇၆၀၀၀)ျပား(​ေဒသ​ေပါက္​​ေစ်း ၁၅၂၀၀၀၀၀၀ က်ပ္​)အား ​ေကာင္​းစတီး​ေက်း႐ြာ၊ ပန္​ဆိုင္​း(ၾကဴကုတ္​)ၿမိဳ႕နယ္​မွ သယ္​​ေဆာင္​လာကာ ၎မိခင္​ျဖစ္​သူ ဂ်ာဖာ၊ အစ္​မ​ေတာ္​စပ္​သူ ​ေကာ့​ေရွာင္​ တို႔နွင္​့အတူ ျမန္​မာ

-တရုတ္​နယ္​စပ္​ၿမိဳ႕ျဖစ္​သည္​့ လြယ္​ဂ်ယ္​လမ္​း​ေၾကာင္​းအတိုင္​း​ေမာင္​းနွင္​လာစဥ္​ လမ္​းခရီး၌ စက္​ပ်က္​သြားသျဖင္​့ အျခား​ေမာ္​​ေတာ္​ယာဥ္​အား ငွားရမ္​း၍ ဆြဲယူလာၿပီး ၎က အျခား​ေမာ္​​ေတာ္​ယာဥ္​ျဖင္​့ ဗန္​း​ေမာ္​ၿမိဳ႕သို႔ လာ​ေရာက္​စဥ္​ ဖမ္​းဆီးခံရျခင္​းျဖစ္​သည္​ဆို၏။

ျဖစ္​စဥ္​နွင္​့ပတ္​သက္​၍ ​ေကာင္​းစတီး​ေက်း႐ြာ၊ ပန္​ဆိုင္​း(ၾကဴကုတ္​)ၿမိဳ႕နယ္​ေနသူမ်ားျဖစ္​သည္​့ ဂ်ီးပါ(ခ)႐ြယ္​ႏူး(၃၀)နွစ္​၊ ဂ်ာဖာ(၅၃)နွစ္​၊ ​ေကာ့​ေရွာင္​(၃၃)နွစ္​တို႔အား မိုး​ေမာက္​ၿမိဳ႕မရဲစခန္​းကမယ(ပ)၁၉/၂၀၁၈ မူးစိတ္​ပုဒ္​မ ၁၉(က)/၂၁ ျဖင္​့ အ​ေရးယူ​ေဆာင္​႐ြက္​လ်က္​ရွိ​ေၾကာင္​း သိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗန္းေမာ္ပြင့္သစ္
# Unicode Version ျဖင့္ ဖတ္ပါ #
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စက်ပျက်၍ ဆွဲယူထားသည့် မော်တော်ယာဉ်အတွင်းမှ သိန်း(၁၅၂၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁)ဗန်းမော်မှ ရဲအုပ်ခါးလီနှင့်အဖွဲ့၊ခရိုင်မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်မြင့်ထူးနှင့်အဖွဲ့၊ ကျောက်စခန်းရဲကင်းမှူးရဲအုပ်ထွန်းမြင့်နှင့်အဖွဲ့တို့သည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာ၌ လွယ်ဂျယ်မြို့ဘက်မှ အငှားယာဉ်ဖြင့် ဆွဲယူလာသည့်MDY-2C/7027 ကိုရိုလာခဲရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် မဂျီးဖာ၊ မကော့ရှောင်နှင့် ကလေးနှစ်ဦး လိုက်ပါလာသည်ကိုတွေ့ရပြီး အဆိုပါယာဉ်အား မသကာၤသဖြင့် ဗန်းမော်မြို့၊ မူးယစ်တပ်ဖွဲ့စုရုံးသို့ ခေါ်ဆောင်လာစဉ် ဗန်းမော်မြို့အဝင်၌ အဆိုပါယာဉ်ပိုင်ရှင် မဂျီးပါ(ခ)ရွယ်နူး သည် MDY-5K/1928 ကရောင်းယာဉ်ဖြင့် ရောက်ရှိလာသဖြင့် ထပ်မံထိန်းသိမ်းခဲ့သည်။

စစ်ဆေးချက်အရ မဂျီးပါ(ခ)ရွယ်နူးသည် MDY-2C/7027 ယာဉ်၏ ဒက်ရှ်ဘုတ်အံဝှက်အတွင်း အထုပ်(၁၀)ဖြင့်ထည့်ထားတံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားစီပါ အပြာရောင်ကပ်ခွာအိတ်(၁၀၀)ထုပ်၊ ယာဉ်နောက်ခန်းရှိ ယာဉ်အပိုဘီးအတွင်း အထုပ်ကြီး(၃၀)ထုပ်ဖြင့်ထည့်ထားသော တံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားစီပါ အပြာရောင်ကပ်ခွာအိတ်(၃၀၀)ထုပ်၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၇၆၀၀၀)ပြား(ဒေသပေါက်ဈေး ၁၅၂၀၀၀၀၀၀ ကျပ်)အား ကောင်းစတီးကျေးရွာ၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်မှ သယ်ဆောင်လာကာ ၎င်းမိခင်ဖြစ်သူ ဂျာဖာ၊ အစ်မတော်စပ်သူ ကော့ရှောင် တို့နှင့်အတူ မြန်မာ

-တရုတ်နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်လမ်းကြောင်းအတိုင်းမောင်းနှင်လာစဉ် လမ်းခရီး၌ စက်ပျက်သွားသဖြင့် အခြားမော်တော်ယာဉ်အား ငှားရမ်း၍ ဆွဲယူလာပြီး ၎င်းက အခြားမော်တော်ယာဉ်ဖြင့် ဗန်းမော်မြို့သို့ လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဆို၏။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကောင်းစတီးကျေးရွာ၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်နေသူများဖြစ်သည့် ဂျီးပါ(ခ)ရွယ်နူး(၃၀)နှစ်၊ ဂျာဖာ(၅၃)နှစ်၊ ကော့ရှောင်(၃၃)နှစ်တို့အား မိုးမောက်မြို့မရဲစခန်းကမယ(ပ)၁၉/၂၀၁၈ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗန်းမော်ပွင့်သစ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top