န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×





# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေ သဘောတူနေကြပြီး အဆိုတော် ရွှေထူးနှင့် ယမင်းဦးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ပြီးခဲ့တဲ့ မေလကပဲ အဆုံးသတ်သွားခဲ့တယ်လို့ ကြော်ငြာခဲ့ပြီး ပရိသတ်တွေက ပြန်လည်ပြီးအဆင်ပြေစေချင်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကြားမှာ သူတို့နှစ်ဦးရဲ့အကြောင်းအရာတွေက သို့လောသို့လောနဲ့ ပြောမဆုံးဖြစ်နေခဲ့ကြတာပါ။ တချို့သောပရိသတ်တွေကတော့ ချစ်ရတဲ့အနုပညာရှင်ကို ပြန်လည်အဆင်ပြေစေချင်ကြတာကြောင့် မဆိုင်တဲ့သူတွေကိုပါ ပုတ်ခတ်သလိုဖြစ်ခဲ့တာမို့ ဒီနေ့လေးမှာတော့ ယမင်းဦးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းထားတာပါ။

အထင်မှားခံနေရတဲ့ မိုးစက်ဝိုင်ကတော့ “😌 ပြီးခဲ့တဲ့ ၂ပတ်က live chat တော့ ပန်ကိတ်ဒါဒါနဲ့ တွေ့လို့ video call လေးပြောရင်းအားလုံးလည်းပျော်ရွှင်စွာ chat ကြပါတယ် . အဲလောက်ဆိုအမြင်ရှင်းစေမယ်လို့ ယုံကြည်မိသလိုဖြစ်မိတာဝန်ခံပါရစေ . . ဒီကောမန့်ကို ခုနကမှတွေ့တာပါ .မိုးစက်ကိုဟောဒီကအမထင်နေသလိုမျိုးတွေ ထင်နေတုန်းပဲလားတော့မသိ . စိတ်တော့မကောင်းဘူးပေါ့ အဲလိုထင်နေသူများရှင်းဖို့နည်းလေးပါပြောခဲ့ကြတော့ . ကိုယ့်ဉာဏ်မမှီတော့ပါ” ဆိုပြီး အထင်အမြင်လွဲခံနေရတာတွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရတာပါ။

ယမင်းဦးကတော့ အခုလိုပြဿနာတွေ ဖြစ်နေတာနဲ့ ပတ်သတ်ပြီး “ပါတ်သက်ခဲ့ဖူးတယ်ဆိုတဲ့ စိတ် နဲ့ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တိတ်တိတ်လေးနေခဲ့တယ် ခုမဆိုင်တဲ့သူကို တော့ မဆိုင်သလိုပဲထားပြီး အေးအေးချမ်းချမ်းပဲနေစေချင်တယ် (တိတ်တိတ်လေးနေတာကိုလည်း အသနားခံရအောင်နေနေတာဆိုပြီး လာပြောတာလည်း မမြင်ချင်တော့ဘူး သနားတယ်ဆိုပြီး မဆိုင်တဲ့သူကိုသွားပြောတာတွေက ဒါဒါတို့ကြား မိတ်ပျက်တာပဲ အဖတ်တင်လိမ့်မယ် ပန်ကိတ်ဒါဒါစိုး ကို သနားစရာ မလိုဘူး ပဲ ထပ်ပြောပါရစေ) Let me move on, uh??” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရတာပါ။

ယမင်းဦးကတော့ လတ်တလောမှာ အချစ်ရေးကို မေ့ထားပြီး Single ဘဝနဲ့ အေးချမ်းသာယာစွာ ရှိနေတာပါ။ ချစ်ပရိသတ်တွေလည်း ဒါဒါပြောသလိုပဲ ဘယ်သူ့ကြောင့်ဆိုပြီး အထင်အမြင်မလွဲကြဖို့ ပြောချင်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top