ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကားသူခုိးတစ္ဦးဟာ ကားတစ္စီးအနီးကို ခ်ဥ္းကပ္ၿပီး၊ ကားတံခါးကို ဖြင့္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ သူရဲ႕ လႈပ္ရွားမႈေတြကို CCTV ကေန မွတ္တမ္းတင္ထားၿပီး၊ ကားသူခုိးခမ်ာ ကားတံခါးကို ဖြင့္ၿပီးမွ ထင္မွတ္မထားတဲ့ အရာတစ္ခုကို ျမင္ခဲ့ရပါတယ္။ အဲဒါကေတာ့ သူ တံခါးဖြင့္လုိက္တာနဲ႔ အမ်ိဳးသားဟာ ေဘာင္းဘီကၽြတ္လ်က္ အေနအထားနဲ႔ ထြက္လာပါတယ္။

ေနာက္မွ သူနဲ႔အတူရွိေနတဲ့ အမ်ိဳးသမီးကိုပါ ေတြ႕လုိက္ရပါတယ္။ သူခုိးဟာ လူလစ္ၿပီအထင္နဲ႔ အပုိင္ဆုိၿပီး လုပ္မိကာမွ ထင္မွတ္မထားတဲ့ ျမင္ကြင္းကို ျမင္လုိက္ရလုိ႔ အံ့ၾသမင္တက္ေနပါေသးတယ္။ ေနာက္မွ ဖေနာင့္နဲ႔တင္ပါး တစ္သားတည္းျဖစ္ေအာင္ ေျပးသြားတာကို ေတြ႔ရပါတယ္။

ကားထဲက အမ်ိဳးသားကလည္း သူ႕ေနာက္ကုိ ေဘာင္းဘီမႏုိင္မနင္းနဲ႔ လုိက္သြားတာကို ေတြ႕ရပါတယ္။ သူခုိးဟာ အက်ႌအျဖဴ၊ ေဘာင္ဘီအျဖဴကို ၀တ္ဆင္ထားၿပီး၊ ကားခုိးတဲ့ေနရာမွာ အသုံးျပဳလုိ႔ရမယ့္ ကိရိယာတန္ဆာပလာေတြကိုေတာ့ ေက်ာပုိးအိတ္ထဲမွာ ထည့္ထားပုံရပါတယ္။

သူဟာ ကားကုိ ခပ္လွမ္းလွမ္းကတည္းက ျမင္ရပုံရၿပီး၊ ကားဆီကုိ မေရာက္ခင္မွာ လူအေျခအေနရွင္းသလားဆုိၿပီး ေတာင္ေတာင္ အီအီ အကဲခတ္ပါေသးတယ္။ ေနာက္မွ သူဟာ ကားအနီးကို ခ်ဥ္းကပ္ၿပီး၊ တံခါးဂ်က္ကုိ ဖြင့္တာပါ။ ကားတံခါးဟာ သိပ္ၾကာၾကာ မဖြင့္လုိက္ရပါဘဲ လြယ္လြယ္ကူကူ ပြင့္သြားပါတယ္။

ဒါေပမယ့္ ထင္မွတ္မထားပါဘဲ၊ အခ်စ္နယ္လြန္ေနတဲ့ စုံတြဲကုိ ေတြ႕ရလုိ႔ သူခမ်ာ လာရာလမ္းကို အျမန္လစ္ၿပီး ေျပးသြားတာကို ေတြ႕လုိက္ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ တရုတ္ႏုိင္ငံ၊ ၀ူအန္ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ ကားပိုင္ရွင္က ရဲကို အေၾကာင္းၾကားခဲ့ၿပီး၊ သူတုိ႔ စုံတြဲ ကားထဲမွာ ဘာလုပ္ေနတယ္ဆုိတာကိုေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္း မရွိပါဘူး။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
ကားသူခိုးတစ်ဦးဟာ ကားတစ်စီးအနီးကို ချဉ်းကပ်ပြီး၊ ကားတံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ သူရဲ့ လှုပ်ရှားမှုတွေကို CCTV ကနေ မှတ်တမ်းတင်ထားပြီး၊ ကားသူခိုးခမျာ ကားတံခါးကို ဖွင့်ပြီးမှ ထင်မှတ်မထားတဲ့ အရာတစ်ခုကို မြင်ခဲ့ရပါတယ်။ အဲဒါကတော့ သူ တံခါးဖွင့်လိုက်တာနဲ့ အမျိုးသားဟာ ဘောင်းဘီကျွတ်လျက် အနေအထားနဲ့ ထွက်လာပါတယ်။

နောက်မှ သူနဲ့အတူရှိနေတဲ့ အမျိုးသမီးကိုပါ တွေ့လိုက်ရပါတယ်။ သူခိုးဟာ လူလစ်ပြီအထင်နဲ့ အပိုင်ဆိုပြီး လုပ်မိကာမှ ထင်မှတ်မထားတဲ့ မြင်ကွင်းကို မြင်လိုက်ရလို့ အံ့သြမင်တက်နေပါသေးတယ်။ နောက်မှ ဖနောင့်နဲ့တင်ပါး တစ်သားတည်းဖြစ်အောင် ပြေးသွားတာကို တွေ့ရပါတယ်။

ကားထဲက အမျိုးသားကလည်း သူ့နောက်ကို ဘောင်းဘီမနိုင်မနင်းနဲ့ လိုက်သွားတာကို တွေ့ရပါတယ်။ သူခိုးဟာ အကျႌအဖြူ၊ ဘောင်ဘီအဖြူကို ၀တ်ဆင်ထားပြီး၊ ကားခိုးတဲ့နေရာမှာ အသုံးပြုလို့ရမယ့် ကိရိယာတန်ဆာပလာတွေကိုတော့ ကျောပိုးအိတ်ထဲမှာ ထည့်ထားပုံရပါတယ်။

သူဟာ ကားကို ခပ်လှမ်းလှမ်းကတည်းက မြင်ရပုံရပြီး၊ ကားဆီကို မရောက်ခင်မှာ လူအခြေအနေရှင်းသလားဆိုပြီး တောင်တောင် အီအီ အကဲခတ်ပါသေးတယ်။ နောက်မှ သူဟာ ကားအနီးကို ချဉ်းကပ်ပြီး၊ တံခါးဂျက်ကို ဖွင့်တာပါ။ ကားတံခါးဟာ သိပ်ကြာကြာ မဖွင့်လိုက်ရပါဘဲ လွယ်လွယ်ကူကူ ပွင့်သွားပါတယ်။

ဒါပေမယ့် ထင်မှတ်မထားပါဘဲ၊ အချစ်နယ်လွန်နေတဲ့ စုံတွဲကို တွေ့ရလို့ သူခမျာ လာရာလမ်းကို အမြန်လစ်ပြီး ပြေးသွားတာကို တွေ့လိုက်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ၀ူအန်မြို့မှာ ဖြစ်ခဲ့တာပါ။ ကားပိုင်ရှင်က ရဲကို အကြောင်းကြားခဲ့ပြီး၊ သူတို့ စုံတွဲ ကားထဲမှာ ဘာလုပ်နေတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top