×

႐ုိင္းသတ္ပြဲကို တိရစာၦန္အခြင့္အေရး လႈပ္ရွားသူေတာ္ေတာ္မ်ားမ်ားက ရာစုႏွစ္တစ္ဝက္နီးပါး ေတာက္ေလွ်ာက္ ဆန္႔က်င္ေဝဖန္ခဲ့ေပမယ့္ အခုအခ်ိန္ထိ ႏြား႐ုိင္းသတ္ပြဲေတြဟာ စပိန္၊ ေပၚတူဂီ အစရွိတဲ့ႏုိင္ငံေတြမွာ တစ္ခမ္းတနား က်င္းပေနဆဲျဖစ္ပါတယ္။ ႏြား႐ုိင္းသတ္ပြဲမွာ အမ်ားအားျဖင့္ သူရဲေကာင္းျဖစ္သူကေတာ့ မႏုႆလူသား ႏြား႐ုိင္းသတ္သမားေတြပါ။

ႏြား႐ုိင္းသတ္သမားေတြဟာ က်င္လည္စြာ ေရွာင္တိမ္းခုန္ပ်ံၾကၿပီး၊ ေဒါသမီး တဟုန္းဟုန္းေတာက္ေနတဲ့ ႏြား႐ုိင္းႀကီးကုိ ေဒါသေတြ ပုိၿပီးထြက္ေအာင္ စလုိက္၊ ႏြား႐ုိင္းႀကီးကို ထိပ္ပုတ္လုိက္၊ ေခါင္းကို ႐ိုက္လုိက္နဲ႔ ပရိသတ္လက္ခုပ္သံကို ခံယူၾကပါတယ္။ ဒါေပမယ့္ ႏြား႐ုိင္းသတ္သမားေတြဟာ အၿမဲတမ္း ကံေကာင္းေနၾကတာေတာ့ မဟုတ္ပါဘူး။

အခုေဖာ္ျပမယ့္ အျဖစ္အပ်က္မွာလည္း မ်က္လုံးတစ္ဖက္လပ္ ႏြား႐ုိင္းသတ္သမားတစ္ဦးဟာ ႏြား႐ိုင္းႀကီးနဲ႔ ယွဥ္ၿပိဳင္သတ္ပုတ္ေနစဥ္မွာ အခန္႔မသင့္ဘဲ ေျခေခ်ာ္ၿပီး လဲခဲ့ပါေတာ့တယ္။ ဒီလုိနဲ႔ ႏြား႐ုိင္းႀကီးရဲ႕ ခ်ိဳအခၽြန္နဲ႔ မိမိရရ အေဝွ႔ခံလုိက္ၿပီး၊ ဦးေခါင္းညာဘက္ျခမ္း ပြင့္ထြက္သြားသည္အထိ ျဖစ္ခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ (၂၀၁၃)ခုႏွစ္က ျဖစ္ခဲ့တာပါ။

ႏြား႐ုိင္းသတ္သမားရဲ႕အမည္ကေတာ့ Jerez de la Frontera ျဖစ္ၿပီး အသက္(၄၅)ႏွစ္ ရွိေနပါၿပီ။ ရရွိတဲ့ဒဏ္ရာဟာ ျပင္းထန္လြန္းလုိ႔  Avila ၿမိဳ႕က ေဆး႐ုံကို ခ်က္ခ်င္းပို႔ခဲ့ရပါတယ္။ ဒါေပမယ့္ Jerez ဟာ ၿပီးခဲ့တဲ့ (၂၀၁၁) ခုႏွစ္တုန္းကလည္း ဇာရာဂုိဇာႏြား႐ုိင္းသတ္ပြဲမွာ အခုလုိ ႏြား႐ုိင္းေဝွ႕တာကုိ ခံရလုိ႔ ဘယ္ဘက္မ်က္လုံးတစ္လုံး ဆုံး႐ႈံးခဲ့ရတဲ့အျဖစ္ဆုိးကို ႀကဳံခဲ့ရပါေသးတယ္။ ဒါေၾကာင့္ တစ္ခ်ိဳ႕က သူ႕ကို မ်က္စိတစ္ဖက္လပ္ ႏြား႐ုိင္းသတ္သမားလုိ႔ အမည္ေပးထားၾကတာပါ။

Jerez ဟာ အခုအျဖစ္အပ်က္မွာေတာ့ ဦးေႏွာက္ကို ဆုိးဆုိးဝါးဝါး မထုိက္ခုိက္ခဲ့လုိ႔သာ အေတာ္ေလး သက္သာရာ ရခဲ့တာပါ။ ေဒါက္တာေတြက CT Scan ဖတ္ၿပီးခ်ိန္မွာ ဘာမွဆုိးဆုိးဝါးဝါး မျဖစ္ဘူးလုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ယင္းေနာက္ ဆီဗီးလာရွိေဆး႐ုံတစ္ခုမွာ ေဒါက္တာ Alberto García-Perla ရဲ႕လက္ေအာက္မွာ ကုသမႈခံယူခဲ့ပါတယ္။

ေဒါက္တာ Alberto ဟာ Maxillo-facial medicine နဲ႔ဆုိင္တဲ့ ေဆးပညာမွာ တစ္ဖက္ကမ္းခပ္ေအာင္ ကၽြမ္းက်င္သူျဖစ္ၿပီး မ်က္လုံးဆုံး႐ႈံးဒဏ္ရာ ရရွိစဥ္တုနး္ကတည္းက Jerez ကုိ တာဝန္ယူကုသေပးခဲ့သူ ျဖစ္ပါတယ္။ ေဒါက္တာက ပြင့္ထြက္သြားတဲ့ ဦးေခါင္းခြံကုိ အခ်က္(၄၀)ေလာက္အထိ ခ်ဳပ္ကာ ျပန္ဖုံးေပးႏုိင္ခဲ့ၿပီး၊ ဒီအတြက္ ေဒါက္တာနဲ႔ သူ႕ကို အားေပးေနတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္မဆုံးပါဘူးလုိ႔ Jerez က ဆုိပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုင်းသတ်ပွဲကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတော်တော်များများက ရာစုနှစ်တစ်ဝက်နီးပါး တောက်လျှောက် ဆန့်ကျင်ဝေဖန်ခဲ့ပေမယ့် အခုအချိန်ထိ နွားရိုင်းသတ်ပွဲတွေဟာ စပိန်၊ ပေါ်တူဂီ အစရှိတဲ့နိုင်ငံတွေမှာ တစ်ခမ်းတနား ကျင်းပနေဆဲဖြစ်ပါတယ်။ နွားရိုင်းသတ်ပွဲမှာ အများအားဖြင့် သူရဲကောင်းဖြစ်သူကတော့ မနုဿလူသား နွားရိုင်းသတ်သမားတွေပါ။

နွားရိုင်းသတ်သမားတွေဟာ ကျင်လည်စွာ ရှောင်တိမ်းခုန်ပျံကြပြီး၊ ဒေါသမီး တဟုန်းဟုန်းတောက်နေတဲ့ နွားရိုင်းကြီးကို ဒေါသတွေ ပိုပြီးထွက်အောင် စလိုက်၊ နွားရိုင်းကြီးကို ထိပ်ပုတ်လိုက်၊ ခေါင်းကို ရိုက်လိုက်နဲ့ ပရိသတ်လက်ခုပ်သံကို ခံယူကြပါတယ်။ ဒါပေမယ့် နွားရိုင်းသတ်သမားတွေဟာ အမြဲတမ်း ကံကောင်းနေကြတာတော့ မဟုတ်ပါဘူး။

အခုဖော်ပြမယ့် အဖြစ်အပျက်မှာလည်း မျက်လုံးတစ်ဖက်လပ် နွားရိုင်းသတ်သမားတစ်ဦးဟာ နွားရိုင်းကြီးနဲ့ ယှဉ်ပြိုင်သတ်ပုတ်နေစဉ်မှာ အခန့်မသင့်ဘဲ ခြေချော်ပြီး လဲခဲ့ပါတော့တယ်။ ဒီလိုနဲ့ နွားရိုင်းကြီးရဲ့ ချိုအချွန်နဲ့ မိမိရရ အဝှေ့ခံလိုက်ပြီး၊ ဦးခေါင်းညာဘက်ခြမ်း ပွင့်ထွက်သွားသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၃)ခုနှစ်က ဖြစ်ခဲ့တာပါ။

နွားရိုင်းသတ်သမားရဲ့အမည်ကတော့ Jerez de la Frontera ဖြစ်ပြီး အသက်(၄၅)နှစ် ရှိနေပါပြီ။ ရရှိတဲ့ဒဏ်ရာဟာ ပြင်းထန်လွန်းလို့  Avila မြို့က ဆေးရုံကို ချက်ချင်းပို့ခဲ့ရပါတယ်။ ဒါပေမယ့် Jerez ဟာ ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်တုန်းကလည်း ဇာရာဂိုဇာနွားရိုင်းသတ်ပွဲမှာ အခုလို နွားရိုင်းဝှေ့တာကို ခံရလို့ ဘယ်ဘက်မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုးကို ကြုံခဲ့ရပါသေးတယ်။ ဒါကြောင့် တစ်ချို့က သူ့ကို မျက်စိတစ်ဖက်လပ် နွားရိုင်းသတ်သမားလို့ အမည်ပေးထားကြတာပါ။

Jerez ဟာ အခုအဖြစ်အပျက်မှာတော့ ဦးနှောက်ကို ဆိုးဆိုးဝါးဝါး မထိုက်ခိုက်ခဲ့လို့သာ အတော်လေး သက်သာရာ ရခဲ့တာပါ။ ဒေါက်တာတွေက CT Scan ဖတ်ပြီးချိန်မှာ ဘာမှဆိုးဆိုးဝါးဝါး မဖြစ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ယင်းနောက် ဆီဗီးလာရှိဆေးရုံတစ်ခုမှာ ဒေါက်တာ Alberto García-Perla ရဲ့လက်အောက်မှာ ကုသမှုခံယူခဲ့ပါတယ်။

ဒေါက်တာ Alberto ဟာ Maxillo-facial medicine နဲ့ဆိုင်တဲ့ ဆေးပညာမှာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်သူဖြစ်ပြီး မျက်လုံးဆုံးရှုံးဒဏ်ရာ ရရှိစဉ်တုန်းကတည်းက Jerez ကို တာဝန်ယူကုသပေးခဲ့သူ ဖြစ်ပါတယ်။ ဒေါက်တာက ပွင့်ထွက်သွားတဲ့ ဦးခေါင်းခွံကို အချက်(၄၀)လောက်အထိ ချုပ်ကာ ပြန်ဖုံးပေးနိုင်ခဲ့ပြီး၊ ဒီအတွက် ဒေါက်တာနဲ့ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်မဆုံးပါဘူးလို့ Jerez က ဆိုပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top