ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တခါတုန္​းက ရြာ​ေလး တရြာမွာ ​ေမရီ ဆိုတဲ့ မိန္​းခေလး တေယာက္ ​႐ွိတယ္ ။ အဲ့ဒီရြာ​ေလးရဲ႕ ထံုးတမ္​းစဥ္​လာ အရ အရြယ္​​ေရာက္​တဲ့ သူတိုင္​းဟာ ကိုယ္နဲ႔ သင့္​ေတာ္​မယ့္ ဖိနပ္​တရံကို ​ေရြးယူၿပီး ဘဝ ဆိုတဲ့ ခရီးလမ္​းကို ​ေလ်ွာက္​ၾက ရတယ္ ။

အဲဒီလိုနဲ႔ အရြယ္ ​​ေရာက္​လာၿပီ ျဖစ္​တဲ့ ​ေမရီလည္​း သူနဲ႔ သင့္ေတာ္​မယ့္ ဖိနပ္​ကို ​ေရြးခ်ယ္​ရမယ့္ အခ်ိန္​​ ေရာက္​လာတယ္ ။

ဖိနပ္​​ေပါင္​း ​ေျမာက္​မ်ားစြာ ထဲ ကမွ ​ေမရီဟာ အနီရင့္​ရင့္ ​ေဒါက္​ဖိနပ္​ကို အရမ္​း သ​ေဘာက် သြားတယ္ ​။

​ေမရီ႕ လိုပဲ အဲ့ဖိနပ္​ကို လိုခ်င္​ၾကတဲ့ မိန္​းခေလး​ေတြ လည္​း အမ်ားႀကီး ႐ွိတယ္ ။ ၿပိဳင္​ဆိုင္​မႈ အမ်ားႀကီး ထဲမွာ ​ေမရီဟာ လံုးဝ အားမ​ေလ်ွာ့ပဲ ႀကိဳးစားခဲ့တာ​ေၾကာင့္ ​ေနာက္​ဆံုး သူဟာ အဲဒီ ဖိနပ္​​ေလးကို ရသြားတယ္ ​။

ေမရီဟာ ဝမ္​းသာ အားရ နဲ႔ ဖိနပ္​ကို စီးၾကည့္​ေတာ့ ဖိနပ္​က​ ေသး​ေနတယ္ ။ ဒါ​ေပမယ့္ ​ေမရီဟာ သူအရမ္​းႀကိဳက္​​ေနတဲ့ ဖိနပ္​လည္​းျဖစ္​ ၊ သူ အဲ့​ေလာက္ ​ႀကိဳးစားၿပီးမွ ရလာတဲ့ ဖိနပ္​လည္​း ျဖစ္​​ေနတဲ့ အတြက္​​ေၾကာင့္ မ​ေတာ္​​ေပမယ့္ တျခား ဖိနပ္​နဲ႔ လဲမ​ေနေတာ့ဘဲ ဘဝခရီးကို စတင္​​ပါတယ္ ​။

ဘဝခရီး ႏွင္​ရင္​း အဆင္​​ေျပသြား မွာပါ​ေလ လို႔ ​ေမ်ွာ္​လင့္​ေန မိတယ္ ​။

ဒါ​ေပမယ့္ ဘဝ ခရီးလမ္​းက ​ေမရီ ထင္​ထားသလို သာယာ ​ေျဖာင့္ျဖဴး​ေနတာ မဟုတ္​ပါဘူး ။ ​လမ္​း​ေကာင္​းတဲ့ အခ်ိန္​မွာ ဖိနပ္​ဟာ သိပ္​ျပႆနာ မ႐ွိ​ေပမယ့္ ​ေတာင္​ကုန္​း​ေတြ ခ်ဳိင့္​ေတြနဲ႔ ၾကံဳရတဲ့ အခ်ိန္​​ေတြမွာ ဖိနပ္​ဟာ အ​ေထာက္​အကူ မျဖစ္​တဲ့ အျပင္​ ခရီး ​ေ႐ွ႕​ေရာက္​ဖို႔ ဆြဲထားသလို ျဖစ္​လာတယ္ ။

မ​ေတာ္​တဲ့ ဖိနပ္​ကို စီးထားတဲ့ ​ေမရီ ရဲ႕ ​ေျခ​ေထာက္​ဟာလည္​း ​ေသြး တစိမ့္စိမ့္ ယို​ေန​ ေလၿပီ ။ ခရီး တဝက္​​ေရာက္​​ေနၿပီ ျဖစ္​လို႔ ​ေမရီဟာ ဖိနပ္​နဲ႔ ​ေတာ္​​ေတာ္​​ေလး သံ​ေယာဇဥ္ ​တြယ္​​ေနမိ ပါၿပီ ။ ဖိနပ္​​ေၾကာင့္ သူ႔​ေျခ​ေထာက္​​ဟာ ေသြးေတြ ထြက္​​ေန​ေပမယ့္လည္း ဖိနပ္​ကို မစြန္​႔ပစ္​ရက္ ႏိုင္ဘူး ။

အၿမဲ ရႊင္​လန္​း တက္​ႂကြ​ၿပီး ျပံဳး ​ေပ်ာ္​​ေနတဲ့ ​ေမရီဟာ သူနဲ႔ မ​ေတာ္​တဲ့ ဖိနပ္​နဲ႔ လက္​တြဲခဲ့မိ​တဲ့ အတြက္​​ေၾကာင္​့ ဘဝကိုပဲ အျပစ္​ ပံုခ်ရ မလိုလို ၊ မိမိကိုယ္​ကိုပဲ အျပစ္​ တင္​ရ မလိုလို၊ ဖိနပ္​ကိုပဲ အျပစ္ ​ျမင္​ရ မလိုလိုနဲ႔ ဘဝခရီးလမ္​းကုိ ​ေလ်ွာက္​လွမ္​း​ေနရတယ္ ​။

အေပၚက ဇာလမ္းေလးလိုပဲ​ လူ႔ဘဝ ခရီးလမ္​းကို ​ေလ်ွာက္​လွမ္​းဖို႔ ပညာ​ေရး ဖိနပ္​၊ အလုပ္​အကိုင္ ​ဖိနပ္​၊ လူမႈ​ေရး ဖိနပ္​၊ အိမ္​​ေထာင္​​ေရး ဖိနပ္​၊ စသျဖင့္ ဖိနပ္​ မ်ဳိးစံုကို ​ေရြးခ်ယ္​ရ ပါတယ္ ​။

တခ်ဳိ့ကလည္​း ဒီပညာဟာ ကိုယ္​နဲ႔ မကိုက္​မွန္​း သိ​ေန​ေသာ္​လည္​း တခ်ိန္​ခ်ိန္ ​က်ရင္​ အဆင္​​ေျပသြား မွာပါ​ေလလို႔ ​ေတြး​ၿပီး ထိုပညာ ကိုပင္​ ဆက္​လက္​ ဆည္​းပူး​ေနသည္​ ။

ကိုယ္နဲ႔ မ​ေတာ္​မွန္​း သိရင္​ အခ်ိန္ ​မလြန္​ခင္​မွာ ​ေျပာင္​းလိုက္​တာ အ​ေကာင္​းဆံုး ပါပဲ ။

ဒါ​ေပမယ့္ အ​ေဝးက​ေနပဲ ၾကည့္ၿပီး အဲ့ဖိနပ္ ​ငါနဲ႔ ​ေတာ္​မွာ မဟုတ္​ဘူး လို႔ ​ေကာက္​ခ်က္​​ေတာ့ မခ်လိုက္ ​ပါနဲ႔ ။ မ​ေတာ္​ဘူးလို႔ ထင္​​ေပမယ့္ ကိုယ္​နဲ႔ အသင့္​ေတာ္​ဆံုး ဖိနပ္​ျဖစ္​​ေနရင္​ ဘယ္​လို လုပ္​မွာလဲ ? အနည္​းဆံုး​ေတာ့ ထိ​ေတြ႔ ကိုင္​တြယ္​ တိုင္​းထြာ ၾကည့္ၿပီးမွ ​ေတာ္​ မ​ေတာ္ ​ဆိုတာကို ဆံုးျဖတ္​ပါ ။

စာဖတ္​သူမ်ားအားလံုး မိမိနဲ႔ သင့္​ေတာ္​တဲ့ ဖိနပ္​​ေတြနဲ႔ အတူ ဘဝ ခရီးလမ္​းကို သာယာ​ေျဖာင့္ျဖဴးစြာ ​ေလ်ွာက္​လွမ္​းႏိုင္​ၾက ပါ​ေစ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ThetThant (Mary)

#Unicode Version#
တခါတုန်းက ရွာလေး တရွာမှာ မေရီ ဆိုတဲ့ မိန်းခလေး တယောက် ရှိတယ် ။ အဲ့ဒီရွာလေးရဲ့ ထုံးတမ်းစဉ်လာ အရ အရွယ်ရောက်တဲ့ သူတိုင်းဟာ ကိုယ်နဲ့ သင့်တော်မယ့် ဖိနပ်တရံကို ရွေးယူပြီး ဘဝ ဆိုတဲ့ ခရီးလမ်းကို လျှောက်ကြ ရတယ် ။

အဲဒီလိုနဲ့ အရွယ် ရောက်လာပြီ ဖြစ်တဲ့ မေရီလည်း သူနဲ့ သင့်တော်မယ့် ဖိနပ်ကို ရွေးချယ်ရမယ့် အချိန် ရောက်လာတယ် ။

ဖိနပ်ပေါင်း မြောက်များစွာ ထဲ ကမှ မေရီဟာ အနီရင့်ရင့် ဒေါက်ဖိနပ်ကို အရမ်း သဘောကျ သွားတယ် ။

မေရီ့ လိုပဲ အဲ့ဖိနပ်ကို လိုချင်ကြတဲ့ မိန်းခလေးတွေ လည်း အများကြီး ရှိတယ် ။ ပြိုင်ဆိုင်မှု အများကြီး ထဲမှာ မေရီဟာ လုံးဝ အားမလျှော့ပဲ ကြိုးစားခဲ့တာကြောင့် နောက်ဆုံး သူဟာ အဲဒီ ဖိနပ်လေးကို ရသွားတယ် ။

မေရီဟာ ဝမ်းသာ အားရ နဲ့ ဖိနပ်ကို စီးကြည့်တော့ ဖိနပ်က သေးနေတယ် ။ ဒါပေမယ့် မေရီဟာ သူအရမ်းကြိုက်နေတဲ့ ဖိနပ်လည်းဖြစ် ၊ သူ အဲ့လောက် ကြိုးစားပြီးမှ ရလာတဲ့ ဖိနပ်လည်း ဖြစ်နေတဲ့ အတွက်ကြောင့် မတော်ပေမယ့် တခြား ဖိနပ်နဲ့ လဲမနေတော့ဘဲ ဘဝခရီးကို စတင်ပါတယ် ။

ဘဝခရီး နှင်ရင်း အဆင်ပြေသွား မှာပါလေ လို့ မျှော်လင့်နေ မိတယ် ။

ဒါပေမယ့် ဘဝ ခရီးလမ်းက မေရီ ထင်ထားသလို သာယာ ဖြောင့်ဖြူးနေတာ မဟုတ်ပါဘူး ။ လမ်းကောင်းတဲ့ အချိန်မှာ ဖိနပ်ဟာ သိပ်ပြဿနာ မရှိပေမယ့် တောင်ကုန်းတွေ ချိုင့်တွေနဲ့ ကြုံရတဲ့ အချိန်တွေမှာ ဖိနပ်ဟာ အထောက်အကူ မဖြစ်တဲ့ အပြင် ခရီး ရှေ့ရောက်ဖို့ ဆွဲထားသလို ဖြစ်လာတယ် ။

မတော်တဲ့ ဖိနပ်ကို စီးထားတဲ့ မေရီ ရဲ့ ခြေထောက်ဟာလည်း သွေး တစိမ့်စိမ့် ယိုနေ လေပြီ ။ ခရီး တဝက်ရောက်နေပြီ ဖြစ်လို့ မေရီဟာ ဖိနပ်နဲ့ တော်တော်လေး သံယောဇဉ် တွယ်နေမိ ပါပြီ ။ ဖိနပ်ကြောင့် သူ့ခြေထောက်ဟာ သွေးတွေ ထွက်နေပေမယ့်လည်း ဖိနပ်ကို မစွန့်ပစ်ရက် နိုင်ဘူး ။

အမြဲ ရွှင်လန်း တက်ကြွပြီး ပြုံး ပျော်နေတဲ့ မေရီဟာ သူနဲ့ မတော်တဲ့ ဖိနပ်နဲ့ လက်တွဲခဲ့မိတဲ့ အတွက်ကြောင့် ဘဝကိုပဲ အပြစ် ပုံချရ မလိုလို ၊ မိမိကိုယ်ကိုပဲ အပြစ် တင်ရ မလိုလို၊ ဖိနပ်ကိုပဲ အပြစ် မြင်ရ မလိုလိုနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေရတယ် ။

အပေါ်က ဇာလမ်းလေးလိုပဲ လူ့ဘဝ ခရီးလမ်းကို လျှောက်လှမ်းဖို့ ပညာရေး ဖိနပ်၊ အလုပ်အကိုင် ဖိနပ်၊ လူမှုရေး ဖိနပ်၊ အိမ်ထောင်ရေး ဖိနပ်၊ စသဖြင့် ဖိနပ် မျိုးစုံကို ရွေးချယ်ရ ပါတယ် ။

တချို့ကလည်း ဒီပညာဟာ ကိုယ်နဲ့ မကိုက်မှန်း သိနေသော်လည်း တချိန်ချိန် ကျရင် အဆင်ပြေသွား မှာပါလေလို့ တွေးပြီး ထိုပညာ ကိုပင် ဆက်လက် ဆည်းပူးနေသည် ။

ကိုယ်နဲ့ မတော်မှန်း သိရင် အချိန် မလွန်ခင်မှာ ပြောင်းလိုက်တာ အကောင်းဆုံး ပါပဲ ။

ဒါပေမယ့် အဝေးကနေပဲ ကြည့်ပြီး အဲ့ဖိနပ် ငါနဲ့ တော်မှာ မဟုတ်ဘူး လို့ ကောက်ချက်တော့ မချလိုက် ပါနဲ့ ။ မတော်ဘူးလို့ ထင်ပေမယ့် ကိုယ်နဲ့ အသင့်တော်ဆုံး ဖိနပ်ဖြစ်နေရင် ဘယ်လို လုပ်မှာလဲ ? အနည်းဆုံးတော့ ထိတွေ့ ကိုင်တွယ် တိုင်းထွာ ကြည့်ပြီးမှ တော် မတော် ဆိုတာကို ဆုံးဖြတ်ပါ ။

စာဖတ်သူများအားလုံး မိမိနဲ့ သင့်တော်တဲ့ ဖိနပ်တွေနဲ့ အတူ ဘဝ ခရီးလမ်းကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြ ပါစေ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ThetThant (Mary)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top