×

ပဲခူးတိုင္းေဒသႀကီး၊သာယာဝတီခ႐ိုင္၊မိုးၫိုၿမိဳ႕နယ္၊ဆုံကုန္းေက်း႐ြာအုပ္စု၊ ဆုံကုန္းေက်း႐ြာ၌ဇူလိုင္လ (၁၂) ရက္ေန႔၊ ညေန(၁၅:၀၀)နာရီအခ်ိန္က လူသတ္မႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာပတ္ေတာ္ေက်း႐ြာအုပ္စု၊ ဘုရားႀကီးကုန္း႐ြာေနတရားလို ဦးသန္းဦးမွ အိမ္ေရွ႕တာလမ္းေပၚတြင္ထိုင္ေနစဥ္ တစ္႐ြာထဲေနမႈံႀကီးမွ ဆုံကုန္း႐ြာတြင္ လူတစ္ေယာက္လဲေနေၾကာင္းေျပာျပသိရ၍ သမီးျဖစ္သူမွာလည္းေယာက္က်ားစိတ္ေပါက္ေနၿပီးအရက္ေသာက္စားတတ္သူျဖစ္သည့္အျပင္ ေန႔လည္(၁၂)နာရီခန္႔က ဆုံကုန္း႐ြာေနထြန္း ထြန္းျမင့္ႏွင့္ အမည္မသိသူတစ္ေယာက္မွဆိုင္ကယ္ႏွင့္လာေခၚ၍ လိုက္သြားခဲ့ၿပီးေနအိမ္သို႔ျပန္လည္ေရာက္ရွိလာျခင္းမရွိေသးသျဖင့္ သမီးျဖစ္သူအထင္ျဖင့္ မႈံႀကီးႏွင့္သြားေရာက္ၾကည့္႐ႈ ခဲ့ရာ ဆုံကုန္းေက်း႐ြာထြန္းထြန္းျမင့္ေနအိမ္ေအာက္တြင္ သမီးျဖစ္သူ သီတာဝင္းေခၚေဂ်ာက္ဂ်က္မွာဓားထိုးဒဏ္ရာျဖင့္ ေသြးအိုင္ထဲလဲ က်ေသဆုံးေနသည္ကိုေတြ႕ျမင္ရၿပီးသမီးျဖစ္သူအားဓားႏွင့္ထိုးသတ္သြားသူအားအေရးယူေပးပါရန္ တိုင္တန္းလာခဲ့သည္။

 စစ္ေဆးေပၚေပါက္ခ်က္အရတရားခံထြန္းထြန္းျမင့္၏ ေနအိမ္ေအာက္တြင္ ေက်ာ္ဝ၊ ေအာင္မ်ိဳးေဝ၊ ဦးျမသန္း၊ သီတာဝင္းေခၚေဂ်ာက္ဂ်က္ႏွင့္ ထြန္းထြန္းျမင့္တို႔ အရက္အတူေသာက္ေနစဥ္ သီတာဝင္းေခၚေဂ်ာက္ဂ်က္ႏွင့္ ေက်ာ္ဝတို႔စကားမ်ားၾကရာမွ ေက်ာ္ဝ၏အစ္ကိုဝမ္းကြဲျဖစ္သူထြန္းထြန္းျမင့္မွ မေက်နပ္၍ခါးတြင္ အသင့္ပါလာေသာဓားဦးခၽြန္သံ႐ိုးေပၚတြင္ သစ္သားတပ္ထားေသာ အ႐ိုး(၄)လက္မခြဲ၊ အသြား(၈)လက္မရွိဓားဦးခၽြန္ဓားေျမႇာင္ျဖင့္ထိုးခဲ့၍ သီတာဝင္းေခၚေဂ်ာက္ဂ်က္တြင္ ေနာက္ေက်ာအလယ္တည့္တည့္၌ ထိုးသြင္းဒဏ္ရာ(၁)ခ်က္ျဖင့္ ေသဆုံးသြားေၾကာင္းေပၚေပါက္ခဲ့သျဖင့္ အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ၿမိဳ႕နယ္(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ၌ဇူလိုင်လ (၁၂) ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်က လူသတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပတ်တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းရွာနေတရားလို ဦးသန်းဦးမှ အိမ်ရှေ့တာလမ်းပေါ်တွင်ထိုင်နေစဉ် တစ်ရွာထဲနေမှုံကြီးမှ ဆုံကုန်းရွာတွင် လူတစ်ယောက်လဲနေကြောင်းပြောပြသိရ၍ သမီးဖြစ်သူမှာလည်းယောက်ကျားစိတ်ပေါက်နေပြီးအရက်သောက်စားတတ်သူဖြစ်သည့်အပြင် နေ့လည်(၁၂)နာရီခန့်က ဆုံကုန်းရွာနေထွန်း ထွန်းမြင့်နှင့် အမည်မသိသူတစ်ယောက်မှဆိုင်ကယ်နှင့်လာခေါ်၍ လိုက်သွားခဲ့ပြီးနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသဖြင့် သမီးဖြစ်သူအထင်ဖြင့် မှုံကြီးနှင့်သွားရောက်ကြည့်ရှု ခဲ့ရာ ဆုံကုန်းကျေးရွာထွန်းထွန်းမြင့်နေအိမ်အောက်တွင် သမီးဖြစ်သူ သီတာဝင်းခေါ်ဂျောက်ဂျက်မှာဓားထိုးဒဏ်ရာဖြင့် သွေးအိုင်ထဲလဲ ကျသေဆုံးနေသည်ကိုတွေ့မြင်ရပြီးသမီးဖြစ်သူအားဓားနှင့်ထိုးသတ်သွားသူအားအရေးယူပေးပါရန် တိုင်တန်းလာခဲ့သည်။

 စစ်ဆေးပေါ်ပေါက်ချက်အရတရားခံထွန်းထွန်းမြင့်၏ နေအိမ်အောက်တွင် ကျော်ဝ၊ အောင်မျိုးဝေ၊ ဦးမြသန်း၊ သီတာဝင်းခေါ်ဂျောက်ဂျက်နှင့် ထွန်းထွန်းမြင့်တို့ အရက်အတူသောက်နေစဉ် သီတာဝင်းခေါ်ဂျောက်ဂျက်နှင့် ကျော်ဝတို့စကားများကြရာမှ ကျော်ဝ၏အစ်ကိုဝမ်းကွဲဖြစ်သူထွန်းထွန်းမြင့်မှ မကျေနပ်၍ခါးတွင် အသင့်ပါလာသောဓားဦးချွန်သံရိုးပေါ်တွင် သစ်သားတပ်ထားသော အရိုး(၄)လက်မခွဲ၊ အသွား(၈)လက်မရှိဓားဦးချွန်ဓားမြှောင်ဖြင့်ထိုးခဲ့၍ သီတာဝင်းခေါ်ဂျောက်ဂျက်တွင် နောက်ကျောအလယ်တည့်တည့်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးသွားကြောင်းပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top