×

အသက္(၁၄)ႏွစ္သာရွိေသးတဲ့ ရွာကီရာပဲလုိးအမည္ရ ေကာင္မေလးတစ္ေယာက္ဟာ အဂၤလန္ႏုိင္ငံ၊ Camborne ၿမိဳ႕က Camborne Park အတြင္းမွာ အမည္မသိရေသးတဲ့ ေဆးဝါးတစ္ခ်ိဳ႕ကုိ သုံးစြဲခဲ့တယ္လုိ႔ သိရပါတယ္။ သူမဟာ ေသာၾကာေန႔ည (၁၀.၃၀)မွာ သတိလစ္လဲက်သြားၿပီး၊ ေနာက္ထပ္ (၁၀)မိနစ္အၾကာမွာပင္ ေသဆုံးခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေဆးဝါးေတြကုိ လက္ဝယ္ပုိင္ဆုိင္ထားတဲ့ တစ္ျခားဆယ္ေက်ာ္သက္ႏွစ္ဦးကို ရဲက ဖမ္းဆီးထားၿပီး သူတုိ႔ုကုိ ၾသဂုတ္လ (၃)ရက္ေန႔မတုိင္ခင္အထိ အာမခံနဲ႔လႊတ္ေပးထားတယ္လုိ႔ သိရပါတယ္။ အဆုိပါ အမည္မသိေဆးဝါးေတြကုိ သုံးစြဲခဲ့မိလုိ႔ (၁၅)ႏွစ္အရြယ္ကို အသီးသီးေရာက္ေနၾကတဲ့ ေကာင္မေလး(၂)ဦးနဲ႔ ေကာင္ေလး(၁)ဦးကို ေဆး႐ုံတင္ထားရပါတယ္။

ေဆး႐ုံတက္ရတဲ့ သုံးေယာက္စလုံးဟာ အေျခအေနေကာင္းမြန္ေနေၾကာင္း သိရၿပီး၊ ေကာင္ေလးကေတာ့ ေဆး႐ုံကေန နာရီအနည္းငယ္အတြင္းမွာပင္ ဆင္းခြင့္ရခဲ့ပါတယ္။ ဒီလုိပဲ ေကာင္မေလးႏွစ္ဦးလည္း မၾကာမီမွာ ေဆး႐ုံကေန ဆင္းႏုိင္ဖြယ္ရာ ရွိေနပါတယ္။

အဆုိပါဆယ္ေက်ာ္သက္ (၄)ဦးစလုံးဟာ အတည္ျပဳႏုိင္ျခင္းမရွိေသးတဲ့ ေဆးဝါးတစ္ခုခုကို သုံးစြဲခဲ့ၾကတယ္လုိ႔ ရဲတပ္ဖြဲ႕က ယုံၾကည္ေနၿပီး လက္ရွိအခ်ိန္ထိ ေဆးဘက္ဆုိင္ရာ မွတ္ခ်က္ကုိ ရဲက ေစာင့္ဆုိင္းေနရဆဲ ျဖစ္ပါတယ္။ အစုိးရေရွ႕ေနတစ္ဦးကေတာ့ ဒီလုိ ထင္မွတ္မထားတဲ့ ေသဆုံးမႈဟာ မိသားစုဝင္ေတြအတြက္ အလြန္ရင္နာစရာပါလုိ႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

တားျမစ္ထိန္းခ်ဳပ္ေဆးဝါး လက္ဝယ္ပုိင္ဆုိင္မႈနဲ႔ ဖမ္းဆီးခံထားရတဲ့ ေကာင္ေလးႏွစ္ဦးမွာ တစ္ဦးကေတာ့ အသက္(၁၇)ႏွစ္အရြယ္ျဖစ္ၿပီး Redruth ၿမိဳ႕သားျဖစ္ပါတယ္။ က်န္တစ္ဦးကေတာ့ အသက္(၁၅)ႏွစ္အရြယ္ ေကာင္ေလးျဖစ္ၿပီး Camborn မွာ ေနထိုင္သူျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးရဲ႕ထြက္ဆုိခ်က္ အေသးစိပ္ကိုလည္း မသိရေသးပါဘူး။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၁၄)နှစ်သာရှိသေးတဲ့ ရှာကီရာပဲလိုးအမည်ရ ကောင်မလေးတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံ၊ Camborne မြို့က Camborne Park အတွင်းမှာ အမည်မသိရသေးတဲ့ ဆေးဝါးတစ်ချို့ကို သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သူမဟာ သောကြာနေ့ည (၁၀.၃၀)မှာ သတိလစ်လဲကျသွားပြီး၊ နောက်ထပ် (၁၀)မိနစ်အကြာမှာပင် သေဆုံးခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဆေးဝါးတွေကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ တစ်ခြားဆယ်ကျော်သက်နှစ်ဦးကို ရဲက ဖမ်းဆီးထားပြီး သူတို့ုကို သြဂုတ်လ (၃)ရက်နေ့မတိုင်ခင်အထိ အာမခံနဲ့လွှတ်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ အမည်မသိဆေးဝါးတွေကို သုံးစွဲခဲ့မိလို့ (၁၅)နှစ်အရွယ်ကို အသီးသီးရောက်နေကြတဲ့ ကောင်မလေး(၂)ဦးနဲ့ ကောင်လေး(၁)ဦးကို ဆေးရုံတင်ထားရပါတယ်။

ဆေးရုံတက်ရတဲ့ သုံးယောက်စလုံးဟာ အခြေအနေကောင်းမွန်နေကြောင်း သိရပြီး၊ ကောင်လေးကတော့ ဆေးရုံကနေ နာရီအနည်းငယ်အတွင်းမှာပင် ဆင်းခွင့်ရခဲ့ပါတယ်။ ဒီလိုပဲ ကောင်မလေးနှစ်ဦးလည်း မကြာမီမှာ ဆေးရုံကနေ ဆင်းနိုင်ဖွယ်ရာ ရှိနေပါတယ်။

အဆိုပါဆယ်ကျော်သက် (၄)ဦးစလုံးဟာ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ ဆေးဝါးတစ်ခုခုကို သုံးစွဲခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပြီး လက်ရှိအချိန်ထိ ဆေးဘက်ဆိုင်ရာ မှတ်ချက်ကို ရဲက စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ အစိုးရရှေ့နေတစ်ဦးကတော့ ဒီလို ထင်မှတ်မထားတဲ့ သေဆုံးမှုဟာ မိသားစုဝင်တွေအတွက် အလွန်ရင်နာစရာပါလို့ မှတ်ချက်ပြုခဲ့ပါတယ်။

တားမြစ်ထိန်းချုပ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကောင်လေးနှစ်ဦးမှာ တစ်ဦးကတော့ အသက်(၁၇)နှစ်အရွယ်ဖြစ်ပြီး Redruth မြို့သားဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ အသက်(၁၅)နှစ်အရွယ် ကောင်လေးဖြစ်ပြီး Camborn မှာ နေထိုင်သူဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ထွက်ဆိုချက် အသေးစိပ်ကိုလည်း မသိရသေးပါဘူး။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top