ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ထုိင္းႏုိင္ငံမွာ ေနထိုင္တဲ့ အသက္ (၆၂)ႏွစ္အရြယ္ ကေနဒါႏုိင္ငံသား Glenn Pattinson အမည္ရ အမ်ိဳးသားႀကီးဟာ သူ႕ရဲ႕ေနအိမ္ကုတင္ထက္က ေသြးအုိင္ထဲ လဲက်ေသဆုံးေနတယ္လုိ႔ သိရပါတယ္။ Glenn ရဲ႕ အေလာင္းဟာ တစ္ဝက္တစ္ပ်က္သာ က်န္ရွိေတာ့ၿပီး သတၱဝါတစ္ေကာင္ေကာင္က စားေသာက္ထားပါတယ္။

သူရဲ႕ ခ်စ္လွစြာေသာ အိမ္ေမြးေခြးကုိ လုိက္ရွာၿပီး စစ္ေဆးတဲ့အခါမွာ သခင္ျဖစ္သူရဲ႕ အသားေတြကို ဒီရက္ပုိင္းအေတာအတြင္းမွာ စားေသာက္ေနထုိင္ခဲ့တာလုိ႔ ထုိင္အာဏာပုိင္ေတြက ဆုိပါတယ္။ Glenn ဟာ ရဲတပ္ဖြဲ႕က သူ႕အေလာင္းကုိ ရွာေဖြမေတြ႕ရွိခင္မွာ ေသဆုံးေနခဲ့တာ ဆယ္ရက္ေလာက္ ၾကာေနၿပီမုိ႔ အေလာင္းက အေတာ္ေလး အုိေနပါၿပီ။

အိမ္ေမြးေခြးကို စစ္ေဆးတဲ့ခါမွာလည္း ပါးစပ္၊ လက္စသည္တုိ႔မွာ Glenn ရဲ႕ ေသြးေတြ တစက္စက္က်ေနတာကို ေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ ထုိင္းရဲက Glenn ရဲ႕အေလာင္းကို သူရဲ႕ကိုုယ္ပိုင္ေခြးက ကုိက္ျဖတ္စားေသာက္ခဲ့တာလုိ႔ တထစ္ခ်မွတ္ယူလုိက္ပါတယ္။

တစ္ဖက္ကေန တြက္ၾကည့္ရင္လည္း Glenn ေသသြားတဲ့ ရက္ေတြအတြင္းမွာ အိမ္ေမြးေခြးဟာ ဘာမွမစားရလုိ႔ အလြန္ဆာေလာင္ၿပီး သခင္ရဲ႕ အေလာင္းကို ျပန္စားတာျဖစ္ႏုိင္ပါတယ္။ သတၱဝါဆုိတာ သတၱဝါသာျဖစ္ၿပီး ဆယ္ရက္ေလာက္ အေတာ္အတြင္းမွာ သူတုိ႔ ဘာမွမစားရရင္ စားမိစားရာကို စားတတ္ပါတယ္။

ေခြးေလးဟာ (၅)ႏွစ္သားအရြယ္ ရွိေနၿပီး အမည္မွာ Cujo လုိ႔ သိရပါတယ္။ ဒီနာမည္ကပဲ ပညတ္သြားရာ ဓာတ္သက္ပါေလသလား မေျပာတတ္ Stephen King ဇာတ္ကားထဲက လူသားစားေခြး Cujo နဲ႔ေတာင္ လက္ရွိေခြးက ဆင္တူေနတယ္လုိ႔ သတင္းမီဒီယာေတြက ေဖာ္ျပေနပါတယ္။ ေဒါက္တာအဖြဲ႕ေတြ ေရာက္လာတဲ့အခါမွာ Glenn ရဲ႕ အေလာင္းက ေတာ္ေတာ္ေလး ႐ုပ္ပ်က္ေနပါၿပီ။

တစ္ခ်ိဳ႕ေသာဓာတ္ပုံေတြဟာ အလြန္ကို Graphic ျဖစ္ေနလုိ႔ သတင္းမီဒီယာေတြေပၚမွာ ရဲက ေဖာ္ျပခြင့္မျပဳခဲ့ပါဘူး။ ေခြးေလးကို ရဲသားတစ္ဦးက လည္ပင္းကိုဆြဲေနတဲ့ဓာတ္ပုံမွာေတာင္ ၾကမ္းျပင္ေပၚမွာ ေသြးစေသြးနေတြ ေပက်န္ေနတာကို အားလုံးျမင္ရပါလိမ့္မယ္။ ေဆးဘက္ဆုိင္ရာရဲ႕အဆုိအရေတာ့ Glenn ဟာ ဆီးခ်ိဳေရာဂါနဲ႔ ေသဆုံးခဲ့ပုံရၿပီး၊ အနီးအနားမွာ ဆီးခ်ိဳေရာဂါေပ်ာက္ေဆးေတြကိုလည္း ေတြ႕ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အသက် (၆၂)နှစ်အရွယ် ကနေဒါနိုင်ငံသား Glenn Pattinson အမည်ရ အမျိုးသားကြီးဟာ သူ့ရဲ့နေအိမ်ကုတင်ထက်က သွေးအိုင်ထဲ လဲကျသေဆုံးနေတယ်လို့ သိရပါတယ်။ Glenn ရဲ့ အလောင်းဟာ တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့ပြီး သတ္တဝါတစ်ကောင်ကောင်က စားသောက်ထားပါတယ်။

သူရဲ့ ချစ်လှစွာသော အိမ်မွေးခွေးကို လိုက်ရှာပြီး စစ်ဆေးတဲ့အခါမှာ သခင်ဖြစ်သူရဲ့ အသားတွေကို ဒီရက်ပိုင်းအတောအတွင်းမှာ စားသောက်နေထိုင်ခဲ့တာလို့ ထိုင်အာဏာပိုင်တွေက ဆိုပါတယ်။ Glenn ဟာ ရဲတပ်ဖွဲ့က သူ့အလောင်းကို ရှာဖွေမတွေ့ရှိခင်မှာ သေဆုံးနေခဲ့တာ ဆယ်ရက်လောက် ကြာနေပြီမို့ အလောင်းက အတော်လေး အိုနေပါပြီ။

အိမ်မွေးခွေးကို စစ်ဆေးတဲ့ခါမှာလည်း ပါးစပ်၊ လက်စသည်တို့မှာ Glenn ရဲ့ သွေးတွေ တစက်စက်ကျနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ထိုင်းရဲက Glenn ရဲ့အလောင်းကို သူရဲ့ကိုယ်ပိုင်ခွေးက ကိုက်ဖြတ်စားသောက်ခဲ့တာလို့ တထစ်ချမှတ်ယူလိုက်ပါတယ်။

တစ်ဖက်ကနေ တွက်ကြည့်ရင်လည်း Glenn သေသွားတဲ့ ရက်တွေအတွင်းမှာ အိမ်မွေးခွေးဟာ ဘာမှမစားရလို့ အလွန်ဆာလောင်ပြီး သခင်ရဲ့ အလောင်းကို ပြန်စားတာဖြစ်နိုင်ပါတယ်။ သတ္တဝါဆိုတာ သတ္တဝါသာဖြစ်ပြီး ဆယ်ရက်လောက် အတော်အတွင်းမှာ သူတို့ ဘာမှမစားရရင် စားမိစားရာကို စားတတ်ပါတယ်။

ခွေးလေးဟာ (၅)နှစ်သားအရွယ် ရှိနေပြီး အမည်မှာ Cujo လို့ သိရပါတယ်။ ဒီနာမည်ကပဲ ပညတ်သွားရာ ဓာတ်သက်ပါလေသလား မပြောတတ် Stephen King ဇာတ်ကားထဲက လူသားစားခွေး Cujo နဲ့တောင် လက်ရှိခွေးက ဆင်တူနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။ ဒေါက်တာအဖွဲ့တွေ ရောက်လာတဲ့အခါမှာ Glenn ရဲ့ အလောင်းက တော်တော်လေး ရုပ်ပျက်နေပါပြီ။

တစ်ချို့သောဓာတ်ပုံတွေဟာ အလွန်ကို Graphic ဖြစ်နေလို့ သတင်းမီဒီယာတွေပေါ်မှာ ရဲက ဖော်ပြခွင့်မပြုခဲ့ပါဘူး။ ခွေးလေးကို ရဲသားတစ်ဦးက လည်ပင်းကိုဆွဲနေတဲ့ဓာတ်ပုံမှာတောင် ကြမ်းပြင်ပေါ်မှာ သွေးစသွေးနတွေ ပေကျန်နေတာကို အားလုံးမြင်ရပါလိမ့်မယ်။ ဆေးဘက်ဆိုင်ရာရဲ့အဆိုအရတော့ Glenn ဟာ ဆီးချိုရောဂါနဲ့ သေဆုံးခဲ့ပုံရပြီး၊ အနီးအနားမှာ ဆီးချိုရောဂါပျောက်ဆေးတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top