ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့က်ေစရန္ အတြက္ တည္ေဆာက္မည့္ elevated Expressway (မိုးပ်ံလမ္း) ဒီဇိုင္းပုံစံကို လာမည့္ ၾသဂုတ္လတြင္ ထုတ္ျပန္ေပးမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဝန္ႀကီး႐ုံး ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဧရာဝတီသို႔ ေျပာသည္။

“က်ေနာ္တို႔ ဝန္ႀကီးဌာနက ဒီဇိုင္းေပးလိုက္မယ္။ မိုးပ်ံလမ္းဒီဇိုင္းကေတာ့ ၈ လပိုင္းနဲ႔ ၉ လပိုင္းေလာက္ဆိုရင္ အၿပီးထြက္ရမွာ ျဖစ္တယ္။ အဲဒီအခါက်ရင္ တြက္ခ်က္ရတဲ့ တင္ဒါရ ကုမၸဏီကို ေနာက္တဆင့္တင္ဒါ တင္ခိုင္းေတာ့မွာ ျဖစ္တယ္။ နည္းပညာကိုေတာ့ ႏိုင္ငံတကာမွာ သုံးတဲ့ နည္းပညာကို အသုံးျပဳသြားမွာပါ”ဟု ၎က ေျပာသည္။

အဆိုပါ မိုးပ်ံလမ္းတည္ေဆာက္ရန္အတြက္ အျပည္ျပည္ဆိုင္ရာေငြေၾကးေကာ္ပိုေရးရွင္း (IFC) ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ ေျမျပင္စမ္းသပ္ျခင္း၊ ယာဥ္အသြား အလာအေျခအေန အစရွိသည္တို႔ကို သုေတသနျပဳၿပီး ပုံစံေရးဆြဲေနျခင္းျဖစ္သည္။

မိုးပ်ံလမ္း စီမံကိန္း ဒါ႐ိုက္တာလည္းျဖစ္သူ ဦးၾကည္ေဇာ္ျမင့္က “ဒီဇိုင္းမွာက က်ေနာ္တို႔ လိုခ်င္တဲ့ တန္အားျဖင့္ ဘယ္ေလာက္ခံႏိုင္ရမယ္။ အေလးခ်ိန္ ဘယ္ေလာက္ရွိရမယ္။ ဒါေတြကို အခုမွ က်ေနာ္တို႔ တိုင္းတာ စစ္ေဆးေနတုန္းျဖစ္ပါတယ္။ ေနာက္တဆင့္ တင္ဒါ ေခၚရင္ လိုအပ္တဲ့ အေထာက္အထားေတြ စည္းကမ္းခ်က္ေတြ အကုန္လုံးကို ရင္းႏွီးျမႇဳပ္နံွဖို႔ စိတ္ဝင္စားတဲ့ သူကို ထည့္ေပးရမွာ အဲဒီေတာ့မွ ရင္းႏွီးျမႇဳပ္ႏွံသူက က်ေနာ္တို႔ ေပးလိုက္တဲ့ စာ႐ြက္စာတမ္းကို ယူၿပီး လုပ္ငန္းက တြက္ေခ် ကိုက္၊ မကိုက္တြက္ ၿပီး ျပန္တင္ရမွာ ျဖစ္တယ္”ဟု ရွင္းျပသည္။

ယမန္ေန႔က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အ႒မ အႀကိမ္ အစည္းအေဝးအၿပီးတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ရန္ကုန္ၿမိဳ႕ အတြင္း ပထမဆုံး မိုးပ်ံအျမန္လမ္း စီမံကိန္း ေဆာက္လုပ္ရန္အတြက္ ဘတ္ဂ်က္ အခက္အခဲ ရွိေနသျဖင့္ ရင္းႏွီးျမႇပ္ႏွံမည့္ ျပင္ပ ကုမၸဏီမ်ားကို တင္ဒါစနစ္ျဖင့္ ေခၚဆိုရျခင္းျဖစ္ေၾကာင္း မီဒီယာသို႔ ေျပာၾကားထားသည္။

“ပုဂၢလိကကိုပဲ ေ႐ြးမွာပါ။ PPP ေပါ့၊ အဲဒီလိုသြားမွာပါ။ စီမံကိန္းကာလ ကို အတိအက် သတ္မွတ္ထားတာေတာ့ မရွိေသးဘူး။ အခုက EOI ေခၚတဲ့ အဆင့္ပဲ ရွိပါေသးတယ္။ တခ်ိဳ႕လည္း ႏိုင္ငံျခားက ကုမၸဏီေတြ စိတ္ဝင္စားတာ ရွိတယ္လို႔ ၾကားတယ္” ဟု ဝန္ႀကီးက ေျပာသည္။

ရန္ကုန္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း ခ်ိတ္ဆက္မည့္ မိုင္ ၃၀ ရွည္လ်ားေသာ ျမန္မာ့ ပထမဆုံး အဆင့္ျမင့္မိုးပ်ံ ေလးလမ္းသြား အျမန္လမ္းစီမံကိန္းကို ပုဂၢလိက က႑မွ ကန္ေဒၚလာသန္း ၃၅၀ မွ သန္း ၄၀၀ အထိ အသုံးျပဳမည္ျဖစ္ၿပီး အဆိုပါစီမံကိန္းအတြက္ အရည္အေသြးျပည့္ဝေသာ ပုဂၢလိက ေဆာက္လုပ္ေရးကုမၸဏီတခု ေ႐ြးခ်ယ္ရန္ ႏိုင္ငံတကာအဆင့္မီ တင္ဒါေခၚယူမည္ ျဖစ္သည္။

အဆိုပါ မိုးပ်ံအျမန္လမ္း စီမံကိန္းသည္ ရန္ကုန္ၿမိဳ႕ေတာင္ဘက္ရွိ ရန္ကုန္ဆိပ္ကမ္းမွ စတင္ၿပီး ေျမာက္ဘက္ရွိ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ မဂၤလာဒုံစက္မႈဇုန္ႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္း အထိ မိုးပ်ံေလးလမ္းသြားအျမန္ လမ္းကို ပုဂၢလိက၊ အစိုးရပူး ေပါင္းေဆာင္႐ြက္မႈျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ ျဖစ္ၿပီး၊ အျပည္ျပည္ဆိုင္ရာ ဘ႑ာေရးေကာ္ပိုေရးရွင္း(IFC) တို႔၏အကူအညီျဖင့္ တင္ဒါမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေ႐ြးခ်ယ္မည္ျဖစ္သည္။

မိုးပ်ံလမ္း ရင္းႏွီးျမႇဳပ္ႏွံရန္ တင္ျပလာေသာ ကုမၸဏီမ်ားထဲမွ ျပည္သူမ်ား မိုးပ်ံလမ္းကို ေဈးသက္သက္သာသာႏွင့္ အသုံးျပဳႏိုင္သလား၊ လုပ္ကိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေသခ်ာမႈ ရွိမရွိ၊ ႏိုင္ငံေတာ္သို႔ အခြန္ဘ႑ာေငြ မည္မွ်ျပန္လည္ေပးသြင္းႏိုင္သနည္း အစရွိသည့္ အေၾကာင္းအရာမ်ားကို စဥ္းစားၿပီးမွ သာလွ်င္ တင္ဒါေအာင္ျမင္မည့္ ကုမၸဏီကို ေ႐ြးခ်ယ္သြားမည္ ျဖစ္သည္။

အစီအစဥ္ တဆင့္ခ်င္း အမ်ားျပည္သူသို႔ ခ်ျပသြားမည္ျဖစ္ၿပီး မိုးပ်ံလမ္း စီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ပထမဆုံး လမ္းစီမံကိန္းအတြက္ (PPP) ပေရာဂ်က္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာၾကပ္တည္းမႈကို မည္မွ် ေျဖရွင္းေပးႏိုင္မည္ကိုလည္း ဆန္းစစ္ေနေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ သိရသည္။

ယင္း မိုးပ်ံလမ္းတည္ေဆာက္ရန္အတြက္ စိတ္ဝင္စားမႈေဖာ္ျပျခင္း ေလွ်ာက္လႊာ (EOI) ကို ေမလ ၁၈ ရက္တြင္ ေခၚယူခဲ့ၿပီး ဒုတိယအဆင့္ တင္ဒါကို ဇူလႈိင္လ ကုန္ပိုင္းတြင္ ထပ္မံေခၚယူသြားမည္ ျဖစ္သည္။

မိုးပ်ံလမ္း စီမံကိန္းဒါ႐ိုက္တာ ဦးၾကည္ေဇာ္ျမင့္ က “အခု EOI ေခၚထားတယ္။ လာမယ့္ တပတ္ထဲမွာပဲ ဒုတိယအဆင့္ တင္ဒါေခၚဖို႔ အစည္းအေဝးထိုင္မယ္။ မိုးပ်ံလမ္းကို က်ေနာ္တို႔က ရန္ကုန္အတြင္းပတ္လမ္းလို႔ ေခၚတာေပါ့ေနာ္။ “ဂ”ပုံစံရွိတယ္။ ကမ္းနားလမ္းမွာေတာ့ မိုးပ်ံလမ္းမေဆာက္ဘူး။ ဘာလို႔လဲ ဆိုေတာ့ ၿမိဳ႕ရဲ႕ အလွအပကို ပိတ္သြားမွာဆိုးလို႔။ မိုးပ်ံလမ္း အရွည္က ကီလိုမီတာ ၄၇ ဒသမ ၅ အၾကမ္းဖ်င္းတြက္ထားတယ္”ဟု ၎က ေျပာသည္။

ထိုစီမံကိန္းကို PPP concession agreement အရ စီမံကိန္းဒီဇိုင္းေရးဆြဲျခင္း ၊အင္ဂ်င္နီယာပိုင္းဆိုင္ရာက႑ ၊ေငြေၾကးဆိုင္ရာဘ႑ာေရးက႑ ၊စီမံကိန္းတည္ေဆာက္ျခင္း ၊စီမံကိန္းလည္ပတ္ျခင္းႏွင့္ ျပဳ ျပင္ထိန္းသိမ္းျခင္းဆိုင္ရာက႑မ်ား အတြက္ စိတ္ဝင္စားေသာ ျပည္တြင္း ၊ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားကို ဖိတ္ေခၚလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ကျစေရန် အတွက် တည်ဆောက်မည့် elevated Expressway (မိုးပျံလမ်း) ဒီဇိုင်းပုံစံကို လာမည့် သြဂုတ်လတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဝန်ကြီးဌာနက ဒီဇိုင်းပေးလိုက်မယ်။ မိုးပျံလမ်းဒီဇိုင်းကတော့ ၈ လပိုင်းနဲ့ ၉ လပိုင်းလောက်ဆိုရင် အပြီးထွက်ရမှာ ဖြစ်တယ်။ အဲဒီအခါကျရင် တွက်ချက်ရတဲ့ တင်ဒါရ ကုမ္ပဏီကို နောက်တဆင့်တင်ဒါ တင်ခိုင်းတော့မှာ ဖြစ်တယ်။ နည်းပညာကိုတော့ နိုင်ငံတကာမှာ သုံးတဲ့ နည်းပညာကို အသုံးပြုသွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ မိုးပျံလမ်းတည်ဆောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြေပြင်စမ်းသပ်ခြင်း၊ ယာဉ်အသွား အလာအခြေအနေ အစရှိသည်တို့ကို သုတေသနပြုပြီး ပုံစံရေးဆွဲနေခြင်းဖြစ်သည်။

မိုးပျံလမ်း စီမံကိန်း ဒါရိုက်တာလည်းဖြစ်သူ ဦးကြည်ဇော်မြင့်က “ဒီဇိုင်းမှာက ကျနော်တို့ လိုချင်တဲ့ တန်အားဖြင့် ဘယ်လောက်ခံနိုင်ရမယ်။ အလေးချိန် ဘယ်လောက်ရှိရမယ်။ ဒါတွေကို အခုမှ ကျနော်တို့ တိုင်းတာ စစ်ဆေးနေတုန်းဖြစ်ပါတယ်။ နောက်တဆင့် တင်ဒါ ခေါ်ရင် လိုအပ်တဲ့ အထောက်အထားတွေ စည်းကမ်းချက်တွေ အကုန်လုံးကို ရင်းနှီးမြှုပ်နံှဖို့ စိတ်ဝင်စားတဲ့ သူကို ထည့်ပေးရမှာ အဲဒီတော့မှ ရင်းနှီးမြှုပ်နှံသူက ကျနော်တို့ ပေးလိုက်တဲ့ စာရွက်စာတမ်းကို ယူပြီး လုပ်ငန်းက တွက်ချေ ကိုက်၊ မကိုက်တွက် ပြီး ပြန်တင်ရမှာ ဖြစ်တယ်”ဟု ရှင်းပြသည်။

ယမန်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ အကြိမ် အစည်းအဝေးအပြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန်မြို့ အတွင်း ပထမဆုံး မိုးပျံအမြန်လမ်း စီမံကိန်း ဆောက်လုပ်ရန်အတွက် ဘတ်ဂျက် အခက်အခဲ ရှိနေသဖြင့် ရင်းနှီးမြှပ်နှံမည့် ပြင်ပ ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ဆိုရခြင်းဖြစ်ကြောင်း မီဒီယာသို့ ပြောကြားထားသည်။

“ပုဂ္ဂလိကကိုပဲ ရွေးမှာပါ။ PPP ပေါ့၊ အဲဒီလိုသွားမှာပါ။ စီမံကိန်းကာလ ကို အတိအကျ သတ်မှတ်ထားတာတော့ မရှိသေးဘူး။ အခုက EOI ခေါ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ တချို့လည်း နိုင်ငံခြားက ကုမ္ပဏီတွေ စိတ်ဝင်စားတာ ရှိတယ်လို့ ကြားတယ်” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန် တောင်ပိုင်းနှင့် မြောက်ပိုင်း ချိတ်ဆက်မည့် မိုင် ၃၀ ရှည်လျားသော မြန်မာ့ ပထမဆုံး အဆင့်မြင့်မိုးပျံ လေးလမ်းသွား အမြန်လမ်းစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍမှ ကန်ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိ အသုံးပြုမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတခု ရွေးချယ်ရန် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူမည် ဖြစ်သည်။

အဆိုပါ မိုးပျံအမြန်လမ်း စီမံကိန်းသည် ရန်ကုန်မြို့တောင်ဘက်ရှိ ရန်ကုန်ဆိပ်ကမ်းမှ စတင်ပြီး မြောက်ဘက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အထိ မိုးပျံလေးလမ်းသွားအမြန် လမ်းကို ပုဂ္ဂလိက၊ အစိုးရပူး ပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) တို့၏အကူအညီဖြင့် တင်ဒါများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်မည်ဖြစ်သည်။

မိုးပျံလမ်း ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော ကုမ္ပဏီများထဲမှ ပြည်သူများ မိုးပျံလမ်းကို ဈေးသက်သက်သာသာနှင့် အသုံးပြုနိုင်သလား၊ လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု သေချာမှု ရှိမရှိ၊ နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေ မည်မျှပြန်လည်ပေးသွင်းနိုင်သနည်း အစရှိသည့် အကြောင်းအရာများကို စဉ်းစားပြီးမှ သာလျှင် တင်ဒါအောင်မြင်မည့် ကုမ္ပဏီကို ရွေးချယ်သွားမည် ဖြစ်သည်။

အစီအစဉ် တဆင့်ချင်း အများပြည်သူသို့ ချပြသွားမည်ဖြစ်ပြီး မိုးပျံလမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး လမ်းစီမံကိန်းအတွက် (PPP) ပရောဂျက်ဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို မည်မျှ ဖြေရှင်းပေးနိုင်မည်ကိုလည်း ဆန်းစစ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်း မိုးပျံလမ်းတည်ဆောက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (EOI) ကို မေလ ၁၈ ရက်တွင် ခေါ်ယူခဲ့ပြီး ဒုတိယအဆင့် တင်ဒါကို ဇူလှိုင်လ ကုန်ပိုင်းတွင် ထပ်မံခေါ်ယူသွားမည် ဖြစ်သည်။

မိုးပျံလမ်း စီမံကိန်းဒါရိုက်တာ ဦးကြည်ဇော်မြင့် က “အခု EOI ခေါ်ထားတယ်။ လာမယ့် တပတ်ထဲမှာပဲ ဒုတိယအဆင့် တင်ဒါခေါ်ဖို့ အစည်းအဝေးထိုင်မယ်။ မိုးပျံလမ်းကို ကျနော်တို့က ရန်ကုန်အတွင်းပတ်လမ်းလို့ ခေါ်တာပေါ့နော်။ “ဂ”ပုံစံရှိတယ်။ ကမ်းနားလမ်းမှာတော့ မိုးပျံလမ်းမဆောက်ဘူး။ ဘာလို့လဲ ဆိုတော့ မြို့ရဲ့ အလှအပကို ပိတ်သွားမှာဆိုးလို့။ မိုးပျံလမ်း အရှည်က ကီလိုမီတာ ၄၇ ဒသမ ၅ အကြမ်းဖျင်းတွက်ထားတယ်”ဟု ၎င်းက ပြောသည်။

ထိုစီမံကိန်းကို PPP concession agreement အရ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း ၊အင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍ ၊ငွေကြေးဆိုင်ရာဘဏ္ဍာရေးကဏ္ဍ ၊စီမံကိန်းတည်ဆောက်ခြင်း ၊စီမံကိန်းလည်ပတ်ခြင်းနှင့် ပြု ပြင်ထိန်းသိမ်းခြင်းဆိုင်ရာကဏ္ဍများ အတွက် စိတ်ဝင်စားသော ပြည်တွင်း ၊ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top