န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မတရားျပဳက်င့္မွဳ နဲ႔ စြပ္စြဲ တရားစြဲဆိုခံထားရတဲ့ အဆိုေတာ္ အစၥဏီ အား ဒီကေန႔ ဇူလိုင္လ (၉) ရက္ေန႔က တာေမြျမိဳ့နယ္၊ တရား႐ုံးတြင္ (၉) ၾကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆး ခဲ့ပါတယ္။

ဒီတပတ္႐ုံးခ်ိန္းမွာေတာ့ တရားလိုျဖစ္တ့ဲ ေမာ္ဒယ္ဆူးရွထက္ကို ဆက္လက္စစ္ေဆးသြားမွာ ျဖစ္ေပမယ့္ စူးရွထက္ကေတာ့ ရံုးခ်ိန္းကိုတက္ေရာက္လာခဲ့ျခင္းမရွိပါဘူး။ ၿပီးခ့ဲတ့ဲ ႐ုံးခ်ိန္းမွာေတာ့ ႐ုပ္သံတခုမွာ ေျဖဆိုထားတ့ဲ အခ်က္အလက္ေတြနဲ႔ တရားလိုရဲ႕ထြက္ဆိုခ်က္ေတြ ကြဲလြဲေနတာေၾကာင့္ တရားခံဘက္က သက္ေသတင္သြင္းတာကို တရား႐ုံးက လက္ခံခ့ဲပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁၂ ရက္က ေမာ္ဒယ္စူးရွထက္ရဲဲ႕ေနအိမ္တိုက္ခန္းမွာ ရည္းစားေဟာင္း အဆိုေတာ္ အစၥဏီက စူးရွထက္အား တကုိယ္လုံးကို ဖ်စ္ညႇစ္ျခင္း၊ လက္ေခ်ာင္းေတြနဲ႔ လက္သည္းခြံေတြကို လွန္ခ်ိဳးလို႔ နာက်င္ၿပီး သတိေမ့ေနတုန္း ႏွစ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့တယ္လို႔ ရဲက သတင္းထုတ္ျပန္ထားပါတယ္။

လက္႐ွိမွာေတာ့ အဆိုေတာ္အစၥဏီကို မုဒိမ္းမႈ၊ ျပင္းထန္စြာနာက်င္ေစမႈ၊ တံုးတဲ့ လက္နက္နဲ႔ ျပင္းထန္စြာနာက်င္ေစမႈတို႔နဲ႔ တာေမြတရား႐ုံးမွာ ႐ုံးတင္စစ္ေဆးေနေပမယ့္ တရားလို ျဖစ္သူ ေမာ္ဒယ္ ဆူးရွထက္ ဟာ ဒီကေန႔ ႐ုံးခ်ိန္းကို ပ်က္ကြက္ခဲ့ျပီး တရား႐ုံးေျပာင္း ေလ်ာက္ထား ထားတယ္လို႔ သိရပါတယ္။

Myanmar Celebrity Update: Singer Issani appeared at the Tamwe Court in Yangon on July 9, 2018. #Issani

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ShuuShaHtet
# Unicode Version ျဖင့္ ဖတ္ပါ #
မတရားပြုကျင့်မှု နဲ့ စွပ်စွဲ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီ အား ဒီကနေ့ ဇူလိုင်လ (၉) ရက်နေ့က တာမွေမြို့နယ်၊ တရားရုံးတွင် (၉) ကြိမ်မြောက် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။

ဒီတပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ မော်ဒယ်ဆူးရှထက်ကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပေမယ့် စူးရှထက်ကတော့ ရုံးချိန်းကိုတက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ ရုပ်သံတခုမှာ ဖြေဆိုထားတဲ့ အချက်အလက်တွေနဲ့ တရားလိုရဲ့ထွက်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် တရားခံဘက်က သက်သေတင်သွင်းတာကို တရားရုံးက လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်အား တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့ နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို မုဒိမ်းမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ တုံးတဲ့ လက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတို့နဲ့ တာမွေတရားရုံးမှာ ရုံးတင်စစ်ဆေးနေပေမယ့် တရားလို ဖြစ်သူ မော်ဒယ် ဆူးရှထက် ဟာ ဒီကနေ့ ရုံးချိန်းကို ပျက်ကွက်ခဲ့ပြီး တရားရုံးပြောင်း လျောက်ထား ထားတယ်လို့ သိရပါတယ်။

Myanmar Celebrity Update: Singer Issani appeared at the Tamwe Court in Yangon on July 9, 2018. #Issani

ဖိုးသူတော် (www.phothutaw.com)
Credit: ShuuShaHtet
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top