ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကမာၻ႕ဖလားပြဲကေန ႏႈတ္ဆက္ထြက္ခြာခဲ့ရၿပီး အိမ္ျပန္ခဲ့ရတဲ့ ဘရာဇီးလ္အသင္းအတြက္ေတာ့ စိတ္ မေကာင္းပါဘူး။ ေနာက္ပုိင္းပြဲ စဥ္ေတြက်မွ ေျခစြမ္းျပန္ေကာင္းလာၿပီး အေကာင္းဆံုး ကစားခဲ့တဲ့ ေနမာကေတာ့ ဒီႏွစ္ကမာၻ႕ဖလားပြဲမွာ လူေျပာအမ်ားဆံုး ေဘာလံုးသမားျဖစ္လုိ႔ေနပါတယ္။

ဘာလုိ႔ ဆုိသူဟာ ၿပိဳင္ပြဲစဥ္တေလွ်ာက္မွာ ပဲအမ်ားဆံုး၊ မူရာမာယာအမ်ားဆံုး ကစားသမားရယ္လုိ႔ သတ္မွတ္ ျခင္းခံရပါတယ္။

ဘယ္လ္ဂ်ီယံနဲ႔ ဘရာဇီးလ္ေနာက္ဆံုး ယွဥ္ၿပိဳင္ကစားသြားတဲ့ ပြဲမွာလည္း ေနးမားက မၾကာခဏဆုိသ လုိ လဲက်ေနခဲ့တာကုိလည္း သတိထားၿပီး ျမင္ေတြ႔ရပါတယ္။ ဘရာဇီးလ္အေကာင္းဆံုး ေဘာလံုးက စားသမား ေနမာဟာ ဒီႏွစ္ကမာၻ႕ဖလားေဘာလံုးပြဲစဥ္ တေလွ်ာက္မွာဆုိရင္ လူတုိက္မိလုိ႔ လဲက်၊ ဒဏ္ရာရခဲ့တဲ့အခ်ိန္ ၾကာျမင့္ခ်ိန္ေတြအားလံုးေပါင္း ၁၄ မိနစ္ၾကာျမင့္တယ္လုိ႔ ေဘာလံုးအ ဖြဲ႔ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

ဒါဟာ သူ႔ရဲ႕ တကယ္တမ္းနာက်င္အခ်ိန္နဲ႔ ဟန္ေဆာင္ၿပီး လဲက်ခဲ့တဲ့ နာက်င္အခ်ိန္ေတြလည္း ပါဝင္ လိမ့္မယ္လုိ႔ ေျပာၾကပါတယ္။ တစ္ပြဲမွာဆုိရင္ သံုးမိနစ္နဲ႔ သံုးမိနစ္ခြဲၾကာျမင့္ေအာင္ အခ်ိန္ဆြဲၿပီး ကစား ခဲ့တယ္လုိ႔ သိရပါတယ္။ သူ႔ရဲ႕ ဒီလုိမ်ိဳး မၾကာမၾကာ နာက်င္အ ခ်ိန္ေတြ မွတ္မွတ္ေနရလုိ႔ ပြဲၾကည့္ပရိတ္ သတ္ေတြနဲ႔ ဒုိင္ေတြကလည္း သတိထားမိလာၾကပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ ေနးမားဟာ ဒီႏွစ္ကမာၻ႕ဖ လားေဘာလံုးပြဲမွာေတာ့ မူယာမာယာမ်ားတဲ့ အခ်ိန္ဆြဲသူႀကီး အျဖစ္ မွတ္တမ္းတင္သတ္မွတ္ခံရ ၿပီးေတာ့ သူ႔ရဲ႕ လႈပ္ရွားမႈရုပ္ပံုေတြဟာလည္း ဆုိရွယ္မီဒီယာမွာ အေျပာင္အပ်က္အလုပ္ခံရဆံုး ျဖစ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမ

#Unicode Version#
ကမ္ဘာ့ဖလားပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီး အိမ်ပြန်ခဲ့ရတဲ့ ဘရာဇီးလ်အသင်းအတွက်တော့ စိတ် မကောင်းပါဘူး။ နောက်ပိုင်းပွဲ စဉ်တွေကျမှ ခြေစွမ်းပြန်ကောင်းလာပြီး အကောင်းဆုံး ကစားခဲ့တဲ့ နေမာကတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ လူပြောအများဆုံး ဘောလုံးသမားဖြစ်လို့နေပါတယ်။

ဘာလို့ ဆိုသူဟာ ပြိုင်ပွဲစဉ်တလျှောက်မှာ ပဲအများဆုံး၊ မူရာမာယာအများဆုံး ကစားသမားရယ်လို့ သတ်မှတ် ခြင်းခံရပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဘရာဇီးလ်နောက်ဆုံး ယှဉ်ပြိုင်ကစားသွားတဲ့ ပွဲမှာလည်း နေးမားက မကြာခဏဆိုသ လို လဲကျနေခဲ့တာကိုလည်း သတိထားပြီး မြင်တွေ့ရပါတယ်။ ဘရာဇီးလ်အကောင်းဆုံး ဘောလုံးက စားသမား နေမာဟာ ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် တလျှောက်မှာဆိုရင် လူတိုက်မိလို့ လဲကျ၊ ဒဏ်ရာရခဲ့တဲ့အချိန် ကြာမြင့်ချိန်တွေအားလုံးပေါင်း ၁၄ မိနစ်ကြာမြင့်တယ်လို့ ဘောလုံးအ ဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါဟာ သူ့ရဲ့ တကယ်တမ်းနာကျင်အချိန်နဲ့ ဟန်ဆောင်ပြီး လဲကျခဲ့တဲ့ နာကျင်အချိန်တွေလည်း ပါဝင် လိမ့်မယ်လို့ ပြောကြပါတယ်။ တစ်ပွဲမှာဆိုရင် သုံးမိနစ်နဲ့ သုံးမိနစ်ခွဲကြာမြင့်အောင် အချိန်ဆွဲပြီး ကစား ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဒီလိုမျိုး မကြာမကြာ နာကျင်အ ချိန်တွေ မှတ်မှတ်နေရလို့ ပွဲကြည့်ပရိတ် သတ်တွေနဲ့ ဒိုင်တွေကလည်း သတိထားမိလာကြပါတယ်။

ဒါ့ကြောင့်မို့လို့ နေးမားဟာ ဒီနှစ်ကမ္ဘာ့ဖ လားဘောလုံးပွဲမှာတော့ မူယာမာယာများတဲ့ အချိန်ဆွဲသူကြီး အဖြစ် မှတ်တမ်းတင်သတ်မှတ်ခံရ ပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုရုပ်ပုံတွေဟာလည်း ဆိုရှယ်မီဒီယာမှာ အပြောင်အပျက်အလုပ်ခံရဆုံး ဖြစ်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top