ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ (Vaginal discharge) ေတြဟာ အမ်ိဳးသမီး မ်ိဳးပြားအဂၤါစနစ္ထဲက သန႔္ရွင္းေရးပိုင္းကို တာဝန္ယူထားတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္း (vagina) နဲ႔ သားအိမ္ေခါင္းထဲက ဂလင္းေတြ စစ္ထုတ္တဲ့ အရည္ေတြဟာ ဆဲလ္အေသေတြနဲ႔ ဘတ္တီးရီးယားေတြကို အျပင္ထုတ္ေပးၿပီး ေမြးလမ္းေၾကာင္း သန႔္ရွင္းေရးနဲ႔ ကူးစက္ေရာဂါေတြကို ကာကြယ္ေပးေနတာ ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ဆင္းျခင္းဟာ အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ားမွာ ပုံမွန္ျဖစ္တတ္တဲ့ အရာတစ္ခုပါ။ ဓမၼတာ စက္ဝန္းလာတဲ့ အခ်ိန္ေပၚ မူတည္ၿပီး ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြရဲ႕ အနံ႔နဲ႔ အေရာင္ေတြဟာ ေျပာင္းလဲႏိုင္ပါတယ္။ မ်ိဳးဥေႂကြခ်ိန္၊ ႏို႔ခ်ိဳတိုက္ေကြၽးခ်ိန္နဲ႔ လိင္ပိုင္းဆိုင္ရာ စိတ္တက္ႂကြမႈ ျဖစ္တဲ့အခ်ိန္ေတြမွာ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြဟာ ပိုမ်ားႏိုင္ၿပီး ကိုယ္ဝန္ေဆာင္ျခင္းနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္းေရးေပၚမူတည္ၿပီး ေမြးလမ္းေၾကာင္း စြန႔္ပစ္ပစၥည္းေတြရဲ႕ အနံ႔အသက္က ေျပာင္းလဲႏိုင္ပါတယ္။ ဒီလို သာမန္ေျပာင္းလဲမႈ ေတြေလာက္က ဘာမွ စိုးရိမ္စရာမရွိပါဘူး။ ဒါေပမဲ့ ေမြးလမ္းေၾကာင္း စြန႔္ပစ္ပစၥည္းေတြရဲ႕ အေရာင္နဲ႔ အနံ႔ေတြက သာမန္ထက္ ထူးထူးျခားျခားေျပာင္းလဲသြားမယ္၊ တစ္ျခားေသာ ေဝဒနာေတြပါ ခံစားလာရမယ္ဆိုရင္ေတာ့ ကူးစက္ေရာဂါ တစ္မ်ိဳးမ်ိဳး ခံစားေနရတာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးတိုင္ပင္သင့္ပါတယ္။ ဒီေဆာင္းပါးထဲမွာေတာ့ Hello ဆရာ၀န္အမ်ိဳးသမီးပရိတ္သတ္ေတြအတြက္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္မ်ားရဲ႕ အေရာင္ေတြက ေျပာျပေနတဲ့ က်န္းမာေရး အေျခအေနေတြ အေၾကာင္းကို ေဖာ္ျပေပးသြားမွာပါ။

၁။ အနီေရာင္နဲ႔ အညိဳေရာင္

ဓမၼတာ လာေနခ်ိန္မွာ အနီေရာင္နဲ႔ အညိဳေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြထြက္ရွိတယ္ဆိုတာ ပုံမွန္ပါပဲ။ အေရာင္အေနနဲ႔ေတာ့ အနီေရာင္ေတာက္ေတာက္ကေန အညိဳေရာင္ အထိ ေျပာင္းလဲေနႏိုင္ပါတယ္။ ဒါေပမဲ့ ဓမၼတာ လာေနတဲ့အခ်ိန္သာမကဘဲ လတစ္လလုံး ဒီလို အေရာင္ စြန႔္ပစ္အရည္ေတြ ဆင္းေနတယ္ဆိုရင္ေတာ့ ကူးစက္ေရာဂါ ခံစားေနရတယ္ဆိုတာကိုျပေနတာ ျဖစ္ပါတယ္။ ဒီလို အနီေရာင္နဲ႔ အညိဳေရာင္ စြန႔္ပစ္အရည္ေတြ ဆင္းေနရျခင္းဟာ ဓမၼတာ ပုံမမွန္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြက်ေတာ့ ဓမၼတာ ပုံမမွန္ျခင္း၊ သေႏၶတားနည္းေတြနဲ႔ ေဟာ္မုန္းေျပာင္းလဲျခင္းေၾကာင္ ဒီလို ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြရဲ႕ အေရာင္ေျပာင္းလဲရတာပါ။

၂။ ႏို႔ႏွစ္ေရာင္နဲ႔ အျဖဴေရာင္။

ဥခြံေရာင္နဲ႔ ႏို႔ႏွစ္ေရာင္ လို႔ အျဖဴေရာင္ စြန႔္ပစ္အရည္ေတြ ဆင္းျခင္းကလည္း ပုံမွန္သာ ျဖစ္ပါတယ္။
ဒီလို အျဖဴေရာင္ စြန႔္ပစ္အရည္ေတြ ဆင္းရျခင္းရဲ႕ အေၾကာင္းရင္းကေတာ့ ေမြးလမ္းေၾကာင္း သဘာဝ ေခ်ာဆီအျဖစ္ ထုတ္လုပ္ေပးျခင္းသာျဖစ္ပါတယ္။
ဒီလို စြန္႕ပစ္အရည္ေတြဟာ ေမြးလမ္းေၾကာင္း တစ္ရႈးက်န္းမာေစဖို႔နဲ႔ လိင္ဆက္ဆံခ်ိန္ ပြတ္တိုက္မႈ နည္းပါးေအာင္ ျပဳလုပ္ေပးတာ ျဖစ္ပါတယ္။

၃။ အဝါေရာင္ေဖ်ာ့နဲ႔ အစိမ္းႏုေရာင္။

အဝါေရာင္ေဖ်ာ့နဲ႔ အစိမ္းေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြ ဆင္းျခင္းကလည္း ပုံမွန္သာ ျဖစ္ပါတယ္။ ဒီလို စြန႔္ပစ္အရည္ေတြ ဆင္းရျခင္းရဲ႕ အဓိက အေၾကာင္းရင္းက အစားအစာနဲ႔ တစ္ျခားေသာ ျဖည့္စြက္စာေတြေၾကာင့္ ေျပာင္းရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခါတည္းမဟုတ္ဘဲ အႀကိမ္ေရမ်ားစြာ ျဖစ္လာၿပီဆိုရင္ေတာ့ ကူးစက္ေရာဂါ ျဖစ္ေနႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ သြားေရာက္ျပသသင့္ပါတယ္။

၄။ ပန္းေရာင္ရင့္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္။

အနီေရာင္ေဖ်ာ့ကေန ပန္းေရာင္ရင့္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ေတြ ဆင္းျခင္းက ဓမၼတာ စက္ဝန္းရဲ႕ အစ ကို ၫႊန္ျပေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့ပုံမွန္ ဓမၼတာ စက္ဝန္း အစ လာရမယ့္ အခ်ိန္မဟုတ္ဘဲ တစ္ျခား အခ်ိန္ေတြမွာပါဆင္းေနတယ္ဆိုရင္ေတာ့ ျပင္းထန္တဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္ ျဖစ္ပါတယ္။ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကေတာ့ လိင္ဆက္ဆံျခင္းေၾကာင့္ျဖစ္ၿပီး လိင္ဆက္ဆံၿပီး ခ်ိန္ ေသြးအနည္းငယ္ထြက္ရင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ကို ပန္းေရာင္ ျဖစ္ေစႏိုင္ပါတယ္။

၅။ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ အၾကည္ေရာင္။

ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ အၾကည္ေရာင္ကေန အျဖဴေရာင္ အထိ ဆင္းျခင္းဟာ သာမန္အားျဖင့္ ပုံမွန္ ျဖစ္စဥ္တစ္ခုသာ ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္းဟာ သူ႔ဘာသာ သန႔္ရွင္းေရး လုပ္ႏိုင္တဲ့ အဂၤါတစ္မ်ိဳး ျဖစ္ၿပီး ဒီလို ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ အၾကည္ေရာင္ ဆင္းျခင္းဟာ က်န္းမာတဲ့ ခႏၶာကိုယ္က သန႔္ရွင္းေရး လုပ္ေနတဲ့ ျဖစ္စဥ္သာ ျဖစ္ပါတယ္။ ဓမၼတာ စက္ဝန္းရဲ႕ ၁၄ ရက္ကာလေလာက္အေရာက္မွာေတာ့ မ်ိဳးဥေႂကြၿပီး သားအိမ္ေခါင္း အက်ိအခြၽဲေတြ ထုတ္လုပ္တဲ့အတြက္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ အၾကည္ေရာင္ဆင္းႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္တဲ့အခါမွာလည္း ေဟာ္မုန္းေတြ ေျပာင္းလဲႏိုင္တဲ့အတြက္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္အၾကည္ေရာင္ဆင္းႏိုင္ၿပီး ပမာဏ ပိုမ်ားလာႏိုင္ပါတယ္။ လိင္စိတ္ထႂကြတဲ့အခ်ိန္မွာလည္း ေမြးလမ္းေၾကာင္းအတြင္းက ေသြးေၾကာေတြဟာ ျပန႔္ကားလာႏိုင္ၿပီး အရည္ေတြက ေသြးေၾကာတြင္းမွ ျဖတ္သန္းလာကာ ေရကဲ့သို႔ ၾကည္လင္တဲ့
ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေတြကို ဆင္းေစႏိုင္ပါတယ္။ ဒါက ပုံမွန္ျဖစ္စဥ္တစ္ရပ္ပါပဲ။

၆။ မီးခိုးေရာင္၊ ခဲေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္။

ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္အျဖဴေရာင္ကေန မီးခိုးေရာင္ ေျပာင္းသြားမယ္ဆိုရင္ ဆရာဝန္ (သို႔မဟုတ္) သားဖြားမီးယပ္ ဆရာဝန္ (OB/GYN) ထံ အျမန္ဆုံးသြားေရာင္ျပသသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ မီးခိုးေရာင္ဆင္းရျခင္းဟာ bacterial vaginosis (BV) လို႔ေခၚတဲ့ ေမြးလမ္းေၾကာင္း ဘတ္တီးရီးယား ကူးစက္ေရာဂါ ျဖစ္ေနႏုိင္တဲ့ အတြက္ေၾကာင့္ပါ။ ဒီေရာဂါဟာ အမ်ိဳးသမီးေတြမွာ အင္မတန္ အျဖစ္မ်ားၿပီးၿပီး ဘတ္တီးရီးယား တိုက္ဖ်က္လိမ္းေဆးေတြနဲ႔ ပဋိဇီဝေဆးေတြ ေသာက္သုံးလိုက္ရင္ေတာ့ ေပ်ာက္ကင္းသြားတတ္ပါတယ္။

ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္ေတြ အေရာင္ေျပာင္းတယ္ဆိုတာ ခႏၶာကိုယ္က ေကာင္းေကာင္း အလုပ္လုပ္ေနေသးတဲ့ အဓိပၸါယ္ပါ။ ဒါေပမဲ့ ဒီလို ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္ေတြ အေရာင္ေျပာင္းတဲ့အျပင္ ေအာက္ပါ ေဝဒနာေတြကိုပါ ပူးတြဲခံစားေနရမယ္ဆုိရင္ေတာ့ က်န္းမာေရး ျပႆနာ ျဖစ္ေနေၾကာင္းကို ျပေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္အေရာင္ေျပာင္းျခင္းနဲ႕ အတူ ေအာက္ပါ ေဝဒနာေတြျဖစ္လာၿပီဆုိရင္ ဆရာဝန္ထံ သြားေရာက္ ျပသသင့္ပါတယ္။ ေဝဒနာေတြကေတာ့-

    ယားယံျခင္း၊
    နာက်င္ျခင္း
    ဆီးသြားခ်ိန္ ပူေလာင္ျခင္း၊
     ျပင္းထန္တဲ့ အနံ႔အသက္ေတြ၊
    အျမဳပ္ကဲ့သို႔ေသာ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္၊
    ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ပ်စ္မ်ား၊
    ေမြးလမ္းေၾကာင္းမွ ေသြးထြက္ျခင္း၊
    မီးခိုးေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္၊
    ဓမၼတာ လာျခင္းေၾကာင့္ မဟုတ္တဲ့ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္။

ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္အေရာင္ေျပာင္းျခင္းနဲ႕ အတူအထက္ပါ ေဝဒနာေတြက ျပေနႏုိင္တဲ့ က်န္းမာေရး အေျခအေနေတြကေတာ့

၁။ ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္ အၾကည္ေရာင္ဆိုရင္ ေဟာ္မုန္း မညီမွ်မႈကို ျပေနတာ ျဖစ္ပါတယ္။

၂။ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ အျဖဴေရာင္ဆင္းတာနဲ႕ အတူ အထက္ပါ ေဝဒနာေတြကိုပါ ခံစားေနရမယ္ဆုိရင္ေတာ့ မႈိကူးစက္ေရာဂါ နဲ႔ ဘတ္တီးရီးယား ကူးစက္ေရာဂါ (bacterial vaginosis (BV)) ခံစားေနရတာကိုျပေနတာပါ။

၃။ အဝါေရာင္ေဖ်ာ့နဲ႔ အစိမ္းႏုေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ဆင္းတာနဲ႕ အတူ အထက္ပါ ေဝဒနာေတြကိုပါ ခံစားေနရမယ္ဆုိရင္ေတာ့ ဆီးပူေညာင္းက် (gonorrhea) နဲ႕ Chlamydia trachomatis ဆိုတဲ့ ဘတ္တီးရီးယားေၾကာင့္ ျဖစ္ရတဲ့ လိင္မွတဆင့္ ကူးစက္တဲ့ Chlamydia ေရာဂါ၊ Trichomonas vaginalis လို႔ေခၚတဲ့ ကပ္ပါး ပို႐ိုတုိဇြန္ ေကာင္ေၾကာင့္ ျဖစ္ရတဲ့ လိင္မွတစ္ဆင့္တဲ့ ကူးစက္တဲ့ Trichomoniasis ကူးစက္ေရာဂါ နဲ႕
Desquamative Inflammatory Vaginitisလို႔ေခၚတဲ့ ေမြးလမ္းေၾကာင္း အနားသတ္ေတြ ေရာင္ကိုင္းလာတဲ့ ေဝဒနာ ခံစားေနရတယ္ဆုိတဲ့ အဓိပၸါယ္ပါ။

၄။ အနီေရာင္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ဆင္းတာနဲ႕ အတူ အထက္ပါ ေဝဒနာေတြကိုပါ ခံစားေနရမယ္ဆုိရင္ေတာ့ ေမြးလမ္းေၾကာင္း ကူးစက္ေရာဂါ၊ သားအိမ္ေခါင္းနဲ႔ သားအိမ္ကင္ဆာ ခံစားေနရတယ္ဆုိတဲ့ အဓိပၸါယ္ပါ။

၅။ ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္ပန္းေရာင္နဲ႕ အတူ အထက္ပါ ေဝဒနာေတြခံစားေနရမယ္ဆုိရင္ေတာ့ သားအိမ္ေခါင္းနဲ႔ ဆိုင္တဲ့ ေဝဒနာခံစားေနရတာကို ျပေနတာပါ။

၆။ မီးခိုးေရာင္ ေမြးလမ္းေၾကာင္း စြန္႕ပစ္အရည္နဲ႕ အထက္ပါ ေဝဒနာေတြပါ ျဖစ္ေနမယ္ဆုိရင္ ဘတ္တီးရီးယား ကူးစက္ေရာဂါ (bacterial vaginosis (BV)) ခံစားေနရတာကိုျပေနတာပါ။

ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ဆင္းျခင္းဆုိတာ သူ႕ခ်ည္းသက္သက္ဆုိရင္ သာမန္အခ်ိန္မွာ ေမြးလမ္းေၾကာင္းက သန႔္ရွင္းေရး၊ ကူးစက္ေရာဂါေတြကို ဖယ္ရွားျခင္းနဲ႔ ေခ်ာဆီ အျဖစ္ေဆာင္႐ြက္ေပးဖို႔ လုပ္ေဆာင္တဲ့ အရာ တစ္မ်ိဳးပါ။ ခႏၶာကိုယ္ ရဲ႕ လိုအပ္ခ်က္အရ
ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္အေရာင္ေျပာင္းလဲႏိုင္ပါတယ္။ ဥပမာေျပာရမယ္ဆိုရင္ လိင္ဆက္ဆံခ်ိန္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ဆင္းျခင္းဟာ လိင္ဆက္ဆံရာမွာ ေခ်ာဆီအျဖစ္ ေဆာင္႐ြက္ေပးဖို႔နဲ႔ မ်ိဳးဥေႂကြခ်ိန္ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ပ်စ္လာျခင္းက သုတ္ေကာင္ေတြ မ်ိဳးဥဆီသို႔ သြားရာလမ္းမွာ လြယ္ကူေစဖို႔ အတြက္ လုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ေရာင္နဲ႔ ပမာဏဟာ လူတစ္ေယာက္နဲ႕ တစ္ေယာက္ မတူႏုိင္ပါဘူး။ ဒါေပမဲ့ ေမြးလမ္းေၾကာင္း စြန႔္ပစ္အရည္ ေတြက ႐ုတ္တရက္ အေရာင္ေျပာင္းသြားမယ္၊ ဆက္တုိက္ျဖစ္လာမယ္၊ ပမာဏပိုမ်ားလာမယ္၊ အနံ႔အသက္ေျပာင္းလာမယ္၊ အထက္မွာေဖာ္ျပခဲ့တဲ့ေဝဒနာေတြ ျဖစ္တဲ့ ေမြးလမ္းေၾကာင္းယားယံျခင္းနဲ႔ ဆီးခုံဧရိယာ တစ္ဝိုက္ နာက်င္ျခင္း စတာေတြနဲ႕ အတူပူးတြဲ ျဖစ္လာမယ္ဆိုရင္ေတာ့ ေရာဂါတစ္ခုျဖစ္ေနတာကို ျပေနႏုိင္တာ ျဖစ္တဲ့အတြက္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မွေးလမ်းကြောင်း စွန့်ပစ်အရည် (Vaginal discharge) တွေဟာ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်ထဲက သန့်ရှင်းရေးပိုင်းကို တာဝန်ယူထားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (vagina) နဲ့ သားအိမ်ခေါင်းထဲက ဂလင်းတွေ စစ်ထုတ်တဲ့ အရည်တွေဟာ ဆဲလ်အသေတွေနဲ့ ဘတ်တီးရီးယားတွေကို အပြင်ထုတ်ပေးပြီး မွေးလမ်းကြောင်း သန့်ရှင်းရေးနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ အမျိုးသမီး တော်တော်များများမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဓမ္မတာ စက်ဝန်းလာတဲ့ အချိန်ပေါ် မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အနံ့နဲ့ အရောင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မျိုးဥကြွေချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှု ဖြစ်တဲ့အချိန်တွေမှာ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေဟာ ပိုများနိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ်မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့အသက်က ပြောင်းလဲနိုင်ပါတယ်။ ဒီလို သာမန်ပြောင်းလဲမှု တွေလောက်က ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အရောင်နဲ့ အနံ့တွေက သာမန်ထက်ထူးထူးခြားခြားပြောင်းလဲသွားမယ်၊ တစ်ခြားသော ဝေဒနာတွေပါ ခံစားလာရမယ်ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ခံစားနေရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန်အမျိုးသမီးပရိတ်သတ်တွေအတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည်များရဲ့ အရောင်တွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေ အကြောင်းကို ဖော်ပြပေးသွားမှာပါ။

၁။ အနီရောင်နဲ့ အညိုရောင်

ဓမ္မတာ လာနေချိန်မှာ အနီရောင်နဲ့ အညိုရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေထွက်ရှိတယ်ဆိုတာ ပုံမှန်ပါပဲ။ အရောင်အနေနဲ့တော့ အနီရောင်တောက်တောက်ကနေ အညိုရောင် အထိ ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမဲ့ ဓမ္မတာ လာနေတဲ့အချိန်သာမကဘဲ လတစ်လလုံး ဒီလို အရောင် စွန့်ပစ်အရည်တွေ ဆင်းနေတယ်ဆိုရင်တော့ ကူးစက်ရောဂါ ခံစားနေရတယ်ဆိုတာကိုပြနေတာ ဖြစ်ပါတယ်။ ဒီလို အနီရောင်နဲ့ အညိုရောင် စွန့်ပစ်အရည်တွေ ဆင်းနေရခြင်းဟာ ဓမ္မတာ ပုံမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေကျတော့ ဓမ္မတာ ပုံမမှန်ခြင်း၊ သန္ဓေတားနည်းတွေနဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင် ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အရောင်ပြောင်းလဲရတာပါ။

၂။ နို့နှစ်ရောင်နဲ့ အဖြူရောင်။

ဥခွံရောင်နဲ့ နို့နှစ်ရောင် လို့ အဖြူရောင် စွန့်ပစ်အရည်တွေ ဆင်းခြင်းကလည်း ပုံမှန်သာ ဖြစ်ပါတယ်။
ဒီလို အဖြူရောင် စွန့်ပစ်အရည်တွေ ဆင်းရခြင်းရဲ့ အကြောင်းရင်းကတော့ မွေးလမ်းကြောင်း သဘာဝ ချောဆီအဖြစ် ထုတ်လုပ်ပေးခြင်းသာဖြစ်ပါတယ်။
ဒီလို စွန့်ပစ်အရည်တွေဟာ မွေးလမ်းကြောင်း တစ်ရှုးကျန်းမာစေဖို့နဲ့ လိင်ဆက်ဆံချိန် ပွတ်တိုက်မှု နည်းပါးအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

၃။ အဝါရောင်ဖျော့နဲ့ အစိမ်းနုရောင်။

အဝါရောင်ဖျော့နဲ့ အစိမ်းရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ ဆင်းခြင်းကလည်း ပုံမှန်သာ ဖြစ်ပါတယ်။ ဒီလို စွန့်ပစ်အရည်တွေ ဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်းက အစားအစာနဲ့ တစ်ခြားသော ဖြည့်စွက်စာတွေကြောင့် ပြောင်းရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတည်းမဟုတ်ဘဲ အကြိမ်ရေများစွာ ဖြစ်လာပြီဆိုရင်တော့ ကူးစက်ရောဂါ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

၄။ ပန်းရောင်ရင့် မွေးလမ်းကြောင်း စွန့်ပစ်အရည်။

အနီရောင်ဖျော့ကနေ ပန်းရောင်ရင့် မွေးလမ်းကြောင်း စွန့်ပစ်အရည် တွေ ဆင်းခြင်းက ဓမ္မတာ စက်ဝန်းရဲ့ အစ ကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ပုံမှန် ဓမ္မတာ စက်ဝန်း အစ လာရမယ့် အချိန်မဟုတ်ဘဲ တစ်ခြား အချိန်တွေမှာပါဆင်းနေတယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ လိင်ဆက်ဆံခြင်းကြောင့်ဖြစ်ပြီး လိင်ဆက်ဆံပြီး ချိန် သွေးအနည်းငယ်ထွက်ရင် မွေးလမ်းကြောင်း စွန့်ပစ်အရည်ကို ပန်းရောင် ဖြစ်စေနိုင်ပါတယ်။

၅။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်။

မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ကနေ အဖြူရောင် အထိ ဆင်းခြင်းဟာ သာမန်အားဖြင့် ပုံမှန် ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါတစ်မျိုး ဖြစ်ပြီး ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင် ဆင်းခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်က သန့်ရှင်းရေး လုပ်နေတဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဓမ္မတာ စက်ဝန်းရဲ့ ၁၄ ရက်ကာလလောက်အရောက်မှာတော့ မျိုးဥကြွေပြီး သားအိမ်ခေါင်း အကျိအချွဲတွေ ထုတ်လုပ်တဲ့အတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ဆင်းနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ဟော်မုန်းတွေ ပြောင်းလဲနိုင်တဲ့အတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည်အကြည်ရောင်ဆင်းနိုင်ပြီး ပမာဏ ပိုများလာနိုင်ပါတယ်။ လိင်စိတ်ထကြွတဲ့အချိန်မှာလည်း မွေးလမ်းကြောင်းအတွင်းက သွေးကြောတွေဟာ ပြန့်ကားလာနိုင်ပြီး အရည်တွေက သွေးကြောတွင်းမှ ဖြတ်သန်းလာကာ ရေကဲ့သို့ ကြည်လင်တဲ့
မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေကို ဆင်းစေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ရပ်ပါပဲ။

၆။ မီးခိုးရောင်၊ ခဲရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်။

မွေးလမ်းကြောင်း စွန့်ပစ်အရည်အဖြူရောင်ကနေ မီးခိုးရောင် ပြောင်းသွားမယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် ဆရာဝန် (OB/GYN) ထံ အမြန်ဆုံးသွားရောင်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးလမ်းကြောင်း စွန့်ပစ်အရည် မီးခိုးရောင်ဆင်းရခြင်းဟာ bacterial vaginosis (BV) လို့ခေါ်တဲ့ မွေးလမ်းကြောင်း ဘတ်တီးရီးယား ကူးစက်ရောဂါ ဖြစ်နေနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒီရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန် အဖြစ်များပြီးပြီး ဘတ်တီးရီးယား တိုက်ဖျက်လိမ်းဆေးတွေနဲ့ ပဋိဇီဝဆေးတွေ သောက်သုံးလိုက်ရင်တော့ ပျောက်ကင်းသွားတတ်ပါတယ်။

မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတယ်ဆိုတာ ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်လုပ်နေသေးတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမဲ့ ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတဲ့အပြင် အောက်ပါ ဝေဒနာတွေကိုပါ ပူးတွဲခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ဖြစ်နေကြောင်းကို ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူ အောက်ပါ ဝေဒနာတွေဖြစ်လာပြီဆိုရင် ဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။ ဝေဒနာတွေကတော့-

    ယားယံခြင်း၊
    နာကျင်ခြင်း
    ဆီးသွားချိန် ပူလောင်ခြင်း၊
     ပြင်းထန်တဲ့ အနံ့အသက်တွေ၊
    အမြုပ်ကဲ့သို့သော မွေးလမ်းကြောင်း စွန့်ပစ်အရည်၊
    မွေးလမ်းကြောင်း စွန့်ပစ်အရည်ပျစ်များ၊
    မွေးလမ်းကြောင်းမှ သွေးထွက်ခြင်း၊
    မီးခိုးရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်၊
    ဓမ္မတာ လာခြင်းကြောင့် မဟုတ်တဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်။

မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူအထက်ပါ ဝေဒနာတွေက ပြနေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကတော့

၁။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ဆိုရင် ဟော်မုန်း မညီမျှမှုကို ပြနေတာ ဖြစ်ပါတယ်။

၂။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အဖြူရောင်ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မှိုကူးစက်ရောဂါ နဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။

၃။ အဝါရောင်ဖျော့နဲ့ အစိမ်းနုရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ ဆီးပူညောင်းကျ (gonorrhea) နဲ့ Chlamydia trachomatis ဆိုတဲ့ ဘတ်တီးရီးယားကြောင့် ဖြစ်ရတဲ့ လိင်မှတဆင့် ကူးစက်တဲ့ Chlamydia ရောဂါ၊ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါး ပိုရိုတိုဇွန် ကောင်ကြောင့် ဖြစ်ရတဲ့ လိင်မှတစ်ဆင့်တဲ့ ကူးစက်တဲ့ Trichomoniasis ကူးစက်ရောဂါ နဲ့
Desquamative Inflammatory Vaginitisလို့ခေါ်တဲ့ မွေးလမ်းကြောင်း အနားသတ်တွေ ရောင်ကိုင်းလာတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

၄။ အနီရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မွေးလမ်းကြောင်း ကူးစက်ရောဂါ၊ သားအိမ်ခေါင်းနဲ့ သားအိမ်ကင်ဆာ ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

၅။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ပန်းရောင်နဲ့ အတူ အထက်ပါ ဝေဒနာတွေခံစားနေရမယ်ဆိုရင်တော့ သားအိမ်ခေါင်းနဲ့ ဆိုင်တဲ့ ဝေဒနာခံစားနေရတာကို ပြနေတာပါ။

၆။ မီးခိုးရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်နဲ့ အထက်ပါ ဝေဒနာတွေပါ ဖြစ်နေမယ်ဆိုရင် ဘတ်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။

မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဆိုတာ သူ့ချည်းသက်သက်ဆိုရင် သာမန်အချိန်မှာ မွေးလမ်းကြောင်းက သန့်ရှင်းရေး၊ ကူးစက်ရောဂါတွေကို ဖယ်ရှားခြင်းနဲ့ ချောဆီ အဖြစ်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်တဲ့ အရာ တစ်မျိုးပါ။ ခန္ဓာကိုယ် ရဲ့ လိုအပ်ချက်အရ
မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းလဲနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် လိင်ဆက်ဆံချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းခြင်းဟာ လိင်ဆက်ဆံရာမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးဖို့နဲ့ မျိုးဥကြွေချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည် ပျစ်လာခြင်းက သုတ်ကောင်တွေ မျိုးဥဆီသို့ သွားရာလမ်းမှာ လွယ်ကူစေဖို့ အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ရောင်နဲ့ ပမာဏဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည် တွေက ရုတ်တရက် အရောင်ပြောင်းသွားမယ်၊ ဆက်တိုက်ဖြစ်လာမယ်၊ ပမာဏပိုများလာမယ်၊ အနံ့အသက်ပြောင်းလာမယ်၊ အထက်မှာဖော်ပြခဲ့တဲ့ဝေဒနာတွေ ဖြစ်တဲ့ မွေးလမ်းကြောင်းယားယံခြင်းနဲ့ ဆီးခုံဧရိယာ တစ်ဝိုက် နာကျင်ခြင်း စတာတွေနဲ့ အတူပူးတွဲ ဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုဖြစ်နေတာကို ပြနေနိုင်တာ ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top