×

ကမာၻ႔အခ်မ္းသာဆုံး ပုဂၢဳိလ္လုိ႔ ဆုိလုိက္ရင္ ဘီဂိတ္စ္ ၊ ေရာခ့္ဖဲလား ၊ အင္ဒရူးကာနယ္ဂ်ီ စတဲ့သူေဌးႀကီးေတြကုိ ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္ အားလုံးနီးပါးလက္ခံထားတဲ့ ကမာၻ႔အခ်မ္းသာဆုံးသူရဲ႕ နာမည္ကုိေတာ့ မိတ္ေဆြၾကားဖူးခ်င္မွ ၾကားဖူးမွာပါ။

သူဟာ ယေန႔အခ်မ္းသာဆုံး သူေဌးႀကီးဘီဂိတ္စ္ထက္ ၅ဆေက်ာ္ ခ်မ္းသာသူျဖစ္ပါတယ္။ သူကေတာ့ မာလီအင္ပါယာရဲ႕ ဘုရင္ Mansa Musa ပဲျဖစ္ပါတယ္။ ၁၃ရာစု၀န္းက်င္မွာ အုပ္စုိးခဲ့တဲ့ ၁၀ဆက္ေျမာက္ Mansa ဘုရင္ျဖစ္ပါတယ္။ Mansa ကို Sultan(king),Conqueror,emperor စသျဖင့္ အမ်ဳိးမ်ဳိးဘာသာျပန္ႏုိင္ပါတယ္။

Mansa Musa ရဲ႕ ဘုရင္နာမည္က Musa Keita I ျဖစ္ၿပီး သူ႔ကုိ ၁၂၈၀ခုႏွစ္ မာလီမွာ ေမြးဖြားခဲ့ပါတယ္။ ၁၃၁၂ ခုႏွစ္ အသက္ ၃၂ႏွစ္အရြယ္မွာ ဘုရင္ Abubakari Keita II ကုိေအာင္ႏုိင္ၿပီးတဲ့ေနာက္ အေနာက္ အာဖရိက မာလီဘုရင္ျဖစ္လာပါတယ္။ မာလီႏုိင္ငံဟာ ယေန႔ေခတ္မွာ ႏုိင္ငံငယ္ေလးျဖစ္ေပမယ့္ သူ႔လက္ထက္မွာတုန္းကေတာ့ မာလီႏုိင္ငံဟာ ဆား နဲ႔ ေရႊ အေျမာက္အမ်ားထြက္ၿပီး အလြန္ၾကြယ္၀တဲ့ႏုိင္ငံျဖစ္ပါတယ္။

ကမာၻ႔ေရႊအမ်ားဆုံးထြက္ခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။ Mansa Musa ရဲ႕ပုိင္ဆုိင္မႈဟာ ေဒၚလာ တန္ဖုိးနဲ႔တြက္ရင္ ၄၀၀ဘီလ်ံေက်ာ္ကို ပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာ အနည္းဆုံးတြက္ခ်က္ထားျခင္းသာျဖစ္ၿပီး သူ႔ရဲ႕ပုိင္ဆုိင္မႈဟာ ဒီထက္မက မ်ားႏုိင္ေသးတယ္ လုိ႔ တြက္ခ်က္သူေတြက ဆုိၾကပါတယ္။

အဲဒီအခ်ိန္တုန္းက မာလီအင္ပါယာဟာ အတၱလန္တိတ္သမုဒၵရာကေန Chad ေရကန္အထိ မုိင္ေပါင္း ၂ေထာင္ေက်ာ္ က်ယ္ျပန္႔ၿပီး ယေန႔ ႏုိင္ဂ်ီးရီးယား ၊ ခ်က္ဒ္(Chad) ၊ ႏုိင္ဂါ ၊ မာလီ ၊ ဘူရီကာဖာဆုိ ၊ ဂြာရာနာ ၊ ဂမ္ဘီယာ ၊ ဆီနီေဂါ ၊ မာရီတန္နီးယား အစရွိတဲ့ႏုိင္ငံေတြဟာ မာလီအင္ပါယာထဲမွာ ပါ၀င္ပါတယ္။ Mansa Musa ဟာ ခရီးအလြန္ထြက္တဲ့ဘုရင္ျဖစ္ၿပီး မုိင္ေပါင္းေထာင္ခ်ီေအာင္ထြက္ေလ့ရွိပါတယ္။ ဒီလုိခရီးထြက္တဲ့အခါမ်ဳိးမွာ အေစခံ ေထာင္ နဲ႔ခ်ီၿပီး ေခၚယူကာထြက္ေလ့ရွိပါတယ္။ သူ႔ရဲ႕အေစခံအားလုံးကိုလည္း တန္ဖုိးႀကီးလွတဲ့ ပါရွားျပည္က ပုိးထည္ေတြကို ၀တ္ဆင္ေစပါတယ္။ ကုလားအုတ္ အေကာင္ ၈၀ နဲ႔ အတူ ေရႊ ေပါင္ ၃၀၀ ခန္႔ကုိလည္း ခရီးထြက္ရင္ သယ္သြားေလ့ရွိပါတယ္။ သူသြားခဲ့တဲ့လမ္းတေလွ်ာက္မွာ လက္ေဆာင္ပစၥည္းေတြကုိ အၿမဲေ၀မွ်ခဲ့ပါတယ္။ သူ႔ရဲ႕အထင္ရွားဆုံးခရီးကေတာ့ မုိင္ေပါင္း ၄၀၀၀ ေက်ာ္ေ၀းတဲ့ ေဆာ္ဒီအာေရဗ်ႏုိင္ငံ မကၠာကုိ သြားခဲ့တဲ့ ခရီးျဖစ္ပါတယ္။

သူ႔လက္ထက္မွာ မာလီဟာ အႀကီးမားဆုံးထြန္းေတာက္ခဲ့တာပဲျဖစ္ပါတယ္။ သူ႔ရဲ႕ၿမဳိ႕ေတာ္ တင္ဘခ္တူဟာ အဲဒီအခ်ိန္က ယဥ္ေက်းမႈ နဲ႔ ကုန္သြယ္မႈ အထြန္းကားဆုံးၿမဳိ႕ျဖစ္ခဲ့ပါတယ္။ သူဟာ ပညာေရးကုိ တန္ဖိုးထားတဲ့ဘုရင္ျဖစ္ၿပီး သူ႔ရဲ႕ၿမဳိ႕ေတာ္မွာ Sankore တကၠသုိလ္ကုိဖြင့္လွစ္ၿပီး ကမာၻတစ္၀န္းက ပညာသင္ဆုရေက်ာင္းသားေတြကို တက္ေရာက္သင္ယူေစခဲ့ပါတယ္။ သူဟာ အသက္ ၅၇ႏွစ္အရြယ္ ၁၃၃၇ ခုႏွစ္မွာ ေသဆုံးခဲ့ပါတယ္။ သူ႔လက္ထက္က မာလီအင္ပါယာကုိ အထြန္းေတာက္ဆုံးျဖစ္ေအာင္ ေဆာင္ရြက္ခဲ့ေပမယ့္ သူ႔ကုိဆက္ခံသူမ်ားရဲ႕လက္ထက္မွာေတာ့ လြဲမွားတဲ့စီမံမႈေတြ ၊ နယ္ခ်ဲ႔ျခင္း နဲ႔ ျပည္တြင္းစစ္ပြဲေတြေၾကာင့္ Mansa Musa တည္ေထာင္ခဲ့တဲ့ အင္ပါယာႀကီး ပ်က္စီးခဲ့ရပါတယ္။ သူ႔ရဲ႕နန္းေတာ္မရွိေတာ့ေပမယ့္ သူတည္ေထာင္ခဲ့တဲ့ အေဆာက္အဦးေတြ တကၠသုိလ္ေတြကေတာ့ ယေန႔တုိင္ရွိေနဆဲပါ။ သမုိင္းတေလွ်ာက္မွာ သူ႔ထက္ခ်မ္းသာတဲ့သူ ထပ္ေပၚလာဖုိ႔ ဆုိတာလည္း မျဖစ္ႏုိင္ေလာက္ေအာင္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thutazone

#Unicode Version#
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လို့ ဆိုလိုက်ရင် ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့သူဌေးကြီးတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အားလုံးနီးပါးလက်ခံထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူရဲ့ နာမည်ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာပါ။

သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာသူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစုဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။ Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။

Mansa Musa ရဲ့ ဘုရင်နာမည်က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂နှစ်အရွယ်မှာ ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီဘုရင်ဖြစ်လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေးဖြစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီနိုင်ငံဟာ ဆား နဲ့ ရွှေ အမြောက်အများထွက်ပြီး အလွန်ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့ရွှေအများဆုံးထွက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ Mansa Musa ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ တန်ဖိုးနဲ့တွက်ရင် ၄၀၀ဘီလျံကျော်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံးတွက်ချက်ထားခြင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူတွေက ဆိုကြပါတယ်။

အဲဒီအချိန်တုန်းက မာလီအင်ပါယာဟာ အတ္တလန်တိတ်သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါ၀င်ပါတယ်။ Mansa Musa ဟာ ခရီးအလွန်ထွက်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထောင်ချီအောင်ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံးကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည်တွေကို ၀တ်ဆင်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီးထွက်ရင် သယ်သွားလေ့ရှိပါတယ်။ သူသွားခဲ့တဲ့လမ်းတလျှောက်မှာ လက်ဆောင်ပစ္စည်းတွေကို အမြဲဝေမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံးခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။

သူ့လက်ထက်မှာ မာလီဟာ အကြီးမားဆုံးထွန်းတောက်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။ သူဟာ ပညာရေးကို တန်ဖိုးထားတဲ့ဘုရင်ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းက ပညာသင်ဆုရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။ သူဟာ အသက် ၅၇နှစ်အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့လက်ထက်မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့နန်းတော်မရှိတော့ပေမယ့် သူတည်ထောင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသိုလ်တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သမိုင်းတလျှောက်မှာ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top