×

အမ်ိဳးသမီးတစ္ဦးဟာ တလက္လက္ေတာက္ပေနတဲ့အရာ၀တၳဳေတြ ေကာင္းကင္ေပၚက ျပဳတ္က်လာတာကို ျမင္ေတြ ့ခဲ့ရျပီး “စိန္ေတြ” လုိ ့ေအာ္ဟစ္ခဲ့မွဳေၾကာင့္ ေဟာင္ေကာင္ျမိဳ ့၊ Tsim Sha Tsui အရပ္မွာ ယာဥ္ေၾကာ ပိတ္ဆိုိ ့မွဳၾကီး ျဖစ္သြားခဲ့ပါတယ္။

လူေပါင္း အေယာက္ ၅၀ ေက်ာ္ေလာက္ဟာ ေျမၾကီးမွာ ျပန္ ့ႏွံ ့ေနတဲ့ စိန္ပြင့္ေတြကို ဒူးေထာက္ထုိင္ကာ ၊ အလုအယက္လုိက္ေကာက္ခဲ့ၾကပါတယ္။ တစ္ခ်ိဳ ့လူေတြဟာ ညေနခင္း ကားေတြ၊ဘတ္စ္ကားေတြ ရွုပ္ေနတဲ့ လမ္းေပၚအထိ တက္ကာ၊ သူတုိ ့အထင္ စိန္ပြင့္ေလးေတြလုိ ့ယူဆရတဲ့ အရာေတြကို လုိက္ေကာက္ခဲ့ၾကမွဳ ေၾကာင့္ ယာဥ္ေၾကာေတြေတာင္ ပိတ္ဆုိ ့ခဲ့ရတယ္လုိ ့သိရွိရပါတယ္။ ေနာက္ဆုံးမွာေတာ့ ရဲေတြ ဟာ၊ စိန္ရွာသူေတြကို လက္ေလွ်ာ့ၾကဖုိ ့ အမိန္ ့ေပးထိန္းသိမ္းခဲ့ရတယ္လုိ ့ ဆုိပါတယ္။

တာ၀န္ရွိအာဏာပုိင္ေတြဟာ ေနာက္ပုိင္းမွာ ဒီပေဟဋိအျဖစ္အပ်က္ကို ေျဖရွင္းေပးခဲ့ျပီး ဒီ ‘စိန္’ ေတြဟာ တကယ္တမ္းေတာ့၊ တစ္ထုပ္လုံးကိုမွ ၈ ပဲနိေလာက္သာ ေပးရတဲ့ စိန္တုေတြ ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။“ စိန္တုေတြကလည္း ေတာ္ေတာ္ကို အစစ္နဲ ့တူပါတယ္။ လမ္းမီးေရာင္ေအာက္မွာ တလက္လက္ေတာက္ေနတာကိုး။ ဒါေပမယ့္ စိတ္မေကာင္းစရာပဲ။ အဲဒါေတြက ဘာမွတန္ေၾကးမရွိသေလာက္ပါပဲ” လုိ ့ေျပာေရးဆုိခြင့္ရွိသူ အရာရွိတစ္ဦးက ေျပာျပခဲ့ပါတယ္။

ဒီစိန္အတုေတြဟာ တုိက္အျမင့္ၾကီးရဲ့ တစ္ထပ္ထပ္က ျပဳတ္က်လာလုိ ့ယူဆရျပီး တစ္ေယာက္ေယာက္က ေအာက္ကလမ္းသြားလမ္းလာေတြကို စဖုိ ့တမင္ပစ္ခ်ခဲ့တာလား၊ မေတာ္တဆျပဳတ္ခ်ခဲ့တာလား ဆုိတာကို ေတာ့ ေသခ်ာ မသိရေသးပါဘူး။ Rhinestone လုိ ့ေခၚတဲ့ စိန္အတုေတြကို စိန္အစားထုိးအျဖစ္ အသုံးျပဳၾကျပီး တကယ့္ စိန္အစစ္အတုိင္း ရႊန္းလဲ့ေတာက္ပေနတဲ့ပုံစံမ်ိဳးထြက္ေအာင္ တုပထားတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ကလည္း ေဟာင္ေကာင္မွာ အလားတူျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ဖူးပါတယ္။ ေငြေပါင္ ၃ သန္းေလာက္ကို သယ္ေဆာင္လာတဲ့ေငြပုိ ့ယာဥ္ ေမွာက္ျပီးေနာက္ လမ္းမေပၚမွာ ေငြေတြ ျပန္ ့ၾကဲခဲ့ကာ လူ ေတာ္ေတာ္မ်ားမ်ားဟာ လမ္းေပၚအေျပးအလႊားတက္ျပီး ေငြေတြ လုိက္ေကာက္ခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာ ေတာ့ လက္နက္ကိုင္ရဲေတြ ေရာက္လာျပီး ထုိနယ္ေျမကို ထိန္းခ်ဳပ္ခဲ့ရေၾကာင္း သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hlataw

#Unicode Version#
အမျိုးသမီးတစ်ဦးဟာ တလက်လက်တောက်ပနေတဲ့အရာဝတ္ထုတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတာကို မြင်တွေ ့ခဲ့ရပြီး “စိန်တွေ” လို ့အော်ဟစ်ခဲ့မှုကြောင့် ဟောင်ကောင်မြို ့၊ Tsim Sha Tsui အရပ်မှာ ယာဉ်ကြော ပိတ်ဆိို ့မှုကြီး ဖြစ်သွားခဲ့ပါတယ်။

လူပေါင်း အယောက် ၅၀ ကျော်လောက်ဟာ မြေကြီးမှာ ပြန် ့နှံ ့နေတဲ့ စိန်ပွင့်တွေကို ဒူးထောက်ထိုင်ကာ ၊ အလုအယက်လိုက်ကောက်ခဲ့ကြပါတယ်။ တစ်ချို ့လူတွေဟာ ညနေခင်း ကားတွေ၊ဘတ်စ်ကားတွေ ရှုပ်နေတဲ့ လမ်းပေါ်အထိ တက်ကာ၊ သူတို ့အထင် စိန်ပွင့်လေးတွေလို ့ယူဆရတဲ့ အရာတွေကို လိုက်ကောက်ခဲ့ကြမှု ကြောင့် ယာဉ်ကြောတွေတောင် ပိတ်ဆို ့ခဲ့ရတယ်လို ့သိရှိရပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေ ဟာ၊ စိန်ရှာသူတွေကို လက်လျှော့ကြဖို ့ အမိန် ့ပေးထိန်းသိမ်းခဲ့ရတယ်လို ့ ဆိုပါတယ်။

တာဝန်ရှိအာဏာပိုင်တွေဟာ နောက်ပိုင်းမှာ ဒီပဟေဋိအဖြစ်အပျက်ကို ဖြေရှင်းပေးခဲ့ပြီး ဒီ ‘စိန်’ တွေဟာ တကယ်တမ်းတော့၊ တစ်ထုပ်လုံးကိုမှ ၈ ပဲနိလောက်သာ ပေးရတဲ့ စိန်တုတွေ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။“ စိန်တုတွေကလည်း တော်တော်ကို အစစ်နဲ ့တူပါတယ်။ လမ်းမီးရောင်အောက်မှာ တလက်လက်တောက်နေတာကိုး။ ဒါပေမယ့် စိတ်မကောင်းစရာပဲ။ အဲဒါတွေက ဘာမှတန်ကြေးမရှိသလောက်ပါပဲ” လို ့ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒီစိန်အတုတွေဟာ တိုက်အမြင့်ကြီးရဲ့ တစ်ထပ်ထပ်က ပြုတ်ကျလာလို ့ယူဆရပြီး တစ်ယောက်ယောက်က အောက်ကလမ်းသွားလမ်းလာတွေကို စဖို ့တမင်ပစ်ချခဲ့တာလား၊ မတော်တဆပြုတ်ချခဲ့တာလား ဆိုတာကို တော့ သေချာ မသိရသေးပါဘူး။ Rhinestone လို ့ခေါ်တဲ့ စိန်အတုတွေကို စိန်အစားထိုးအဖြစ် အသုံးပြုကြပြီး တကယ့် စိန်အစစ်အတိုင်း ရွှန်းလဲ့တောက်ပနေတဲ့ပုံစံမျိုးထွက်အောင် တုပထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ဟောင်ကောင်မှာ အလားတူဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ဖူးပါတယ်။ ငွေပေါင် ၃ သန်းလောက်ကို သယ်ဆောင်လာတဲ့ငွေပို ့ယာဉ် မှောက်ပြီးနောက် လမ်းမပေါ်မှာ ငွေတွေ ပြန် ့ကြဲခဲ့ကာ လူ တော်တော်များများဟာ လမ်းပေါ်အပြေးအလွှားတက်ပြီး ငွေတွေ လိုက်ကောက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ တော့ လက်နက်ကိုင်ရဲတွေ ရောက်လာပြီး ထိုနယ်မြေကို ထိန်းချုပ်ခဲ့ရကြောင်း သိရှိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top