×

တုိးတက္လာတဲ့ ေခတ္ႀကီးထဲမွာ အိမ္ေထာင္ေရးနဲ ့ပတ္သက္တဲ့ အေတြးအေခၚ အယူအဆ ေတြလည္း အရင္နဲ ့မတူေတာ့ဘဲ တျဖည္းျဖည္း ေျပာင္းလဲလာခဲ့ပါတယ္။ ဟုိးအရင္ကလုိ မိန္းကေလးဆုိတာ အရြယ္ ေရာက္တာနဲ ့အိမ္ေထာင္ျပဳ၊ အိမ္ေထာင္ရွင္မဘ၀နဲ ့က်န္ရွိတဲ့ ဘ၀ကုိ ျဖတ္သန္း ဆုိတဲ့သမာရိုးက်အယူအဆထက္ အိမ္ေထာင္သည္ေတြအဖုိ ့ယေန ့ေခတ္မွာ စား၀တ္ေနေရး အတြက္ ပုိၿပီး လႈပ္ရွားရုန္းကန္ လာရတဲ့ သေဘာမွာရွိတာေၾကာင့္ အိမ္ရွင္မ ဘ၀ကေန ခင္ပြန္းသည္လိုပဲ အျပင္ထြက္ အလုပ္လုပ္ၿပီး အိမ္ေထာင္ဦးစီး ေနရာကုိပါ ပူးတြဲ တာ၀န္ယူလာၾကရပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ျပဳၾကမယ့္ မိန္းကေလး မ်ား အတြက္ စီးတဲ့ေရ ဆည္တဲ့ကန္သင္းအျဖစ္ ေနတာနဲ ့ေမာင္တစ္ထမ္း မယ္တစ္ရြက္အျဖစ္ ရပ္တည္တာ တုိ ့ရဲ ့အက်ိဳးအျပစ္ေတြကုိ ေဖာ္ျပလုိက္ရပါတယ္။

(၁) ၀င္ေငြရရွိမႈ
ဇနီးသည္က အိမ္ရွင္မပဲ လုပ္မယ္ဆုိရင္ေတာ့ ၀င္ေငြအတြက္ ခင္ပြန္းသည္ရဲ႕ အလုပ္အကုိင္တစ္ခုထဲကုိသာ မီွခုိေနရမွာပါ။ အေစာပုိင္းမွာ ခင္ပြန္းရဲ႕၀င္ေငြနဲ ့ႏွစ္ေယာက္လံုး ရပ္တည္ဖုိ႔လံုေလာက္ႏုိင္ေပမယ့္ သားသမီးေတြရလာတဲ့ အခါက်ရင္ေလာက္ခ်င္မွ ေလာက္ေတာ့မွာပါ။ ခင္ပြန္းက လခေကာင္းရင္ေတာ့တစ္မ်ိဳးေပါ့။ ေနာက္ၿပီးေတာ့ ခင္ပြန္းသည္ နာမက်န္းျဖစ္လုိ ့အလုပ္မလုပ္ ႏုိင္တဲ့ အခါမ်ိဳး ေတြက်ရင္ ၀င္ေငြလည္း ရပ္သြားမယ့္ အျပင္ ေဆးကုသဖို ့ပါ အပုိထပ္ကုန္သြားႏိုင္ပါတယ္။ ဇနီးသည္ပါ အျပင္ထြက္ အလုပ္လုပ္မယ္ ဆုိရင္ေတာ့ ၀င္ေငြရလမ္း ႏွစ္ခု ျဖစ္ေနတာမုိ ့တစ္ေယာက္ ေနမ ေကာင္္း လုိ ့ အလုပ္မလုပ္ႏုိင္လည္း က်န္တစ္ေယာက္ရဲ့ ၀င္ေငြနဲ ့အထုိက္အေလ်ာက္ ထိန္းထားလုိ ့ရမွာပါ။ သိပ္ အႀကီး အက်ယ္ ကုန္စရာမရွိတဲ့ သာမန္အခ်ိန္ေတြမွာလည္း ႏွစ္ေယာက္ေပါင္း ၀င္ေငြနဲ ့အိမ္စရိတ္ ကာမိတဲ့ အျပင္ အပုိ အလွ်ံလည္း စုမိေဆာင္းမိႏုိင္ပါတယ္။ တစ္ခုရွိတာကေတာ့ အလုပ္ပဲ လုပ္လုပ္၊ အိမ္မွာပဲေနေန မလုိအပ္တဲ့ စရိတ္ေတြ၊ အပုိသံုးေတြကုိ ေလွ်ာ့ၿပီး ၀င္ေငြ၊ ထြက္ေငြ မွ်တေအာင္လုပ္ၾကရမွာပါ။

(၂) အတူေနခ်ိန္ နည္းျခင္း၊ မ်ားျခင္း ကိစၥ
ဇနီးသည္ပါ အျပင္ထြက္အလုပ္လုပ္တာ ၀င္ေငြအရ ပုိေကာင္းေပမယ့္ တစ္ဖက္က ၾကည့္ရင္ေတာ့ လင္မယား ႏွစ္ေယာက္ အတူရွိခ်ိန္က ပုိနည္းသြားႏုိင္ပါတယ္။ တစ္ေယာက္နဲ ့တစ္ေယာက္ အလုပ္ခ်ိန္ေတြ မတူခဲ့ရင္ တစ္ေယာက္ ျပန္လာတဲ့အခ်ိန္ ေနာက္တစ္ေယာက္က မရွိတာမ်ိဳးေတြ ျဖစ္တတ္သလုိ၊ တစ္ေယာက္ တစ္နယ္စီ အလုပ္လုပ္ရတာေတြလည္း ရွိႏုိင္ပါတယ္။ အစပုိင္းမွာ မသိသာေပမယ့္ ေရရွည္မွာေတာ့ ေႏြးေထြးသာယာမႈ နည္းပါးတာေၾကာင့္ အိမ္ေထာင္ေရး အဆင္မေျပမႈေတြ သံသယပြားတာေတြ ျဖစ္လာႏုိင္ပါတယ္။ ဇနီးသည္က အိမ္မွာပဲေနတာဆုိရင္ေတာ့ အိမ္ကုိလည္း ေတာက္ေတာက္ေျပာင္ေျပာင္ တင့္တင့္တယ္တယ္ ျဖစ္ေအာင္ ပုိၿပီး ထိ္န္းသိမ္းႏုိ္င္တဲ့အျပင္ ခင္ပြန္းသည္ အိမ္ျပန္ေရာက္တာ နဲ ့ႏွစ္ေယာက္ သား ပံုမွန္ ထမင္းလက္ဆံုစားလုိ ့ရသလုိ အတူတူ ပံုမွန္ ေစ်း၀ယ္ထြက္တာေတြ၊ ေလွ်ာက္လည္တာေတြလည္း လုပ္လုိ ့ရပါတယ္။ ရည္းစားဘ၀ကထက္ ပုိၿပီး နီးကပ္ခ်င္လုိ ့အိမ္ေထာင္ျပဳၾကတာမို ့အတူေနခ်ိန္ နည္းျခင္း၊ မ်ားျခင္းကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခုပါ။

(၃) တစ္ေယာက္ရဲ ့အေျခအေနကုိ တစ္ေယာက္က နားလည္ေပးႏုိင္မႈ
ဇနီးသည္ကအိမ္ရွင္မလုပ္ၿပီးေတာ့ ခင္ပြန္းကအျပင္ထြက္ အလုပ္လုပ္တဲ့စံုတြဲေတြမွာ ျဖစ္ေလ့ရွိတဲ့ျပႆနာတစ္ခုကေတာ့ တစ္ေယာက္ရဲ႕ျဖတ္သန္းပံုကုိ တစ္ေယာက္ကနားလည္ဖို႔မလြယ္ကူတဲ့ကိစၥပါ။ ခင္ပြန္းရဲ့လုပ္ငန္းခြင္ ျဖတ္သန္းမႈနဲ ့ဖိအားေတြ၊ ပင္ပန္းမႈေတြကုိ ဇနီးသည္က နားလည္ႏုိင္ဖုိ႕ခက္သလုိ အိမ္မွာက်န္ခဲ့တဲ့ ဇနီးသည္ရဲ ့တစ္ေန႕တာလံုး တစ္ေယာက္ထဲ ေခြ်းတလံုးလံုးနဲ ့အိမ္မႈကိစၥေတြ လုပ္ကုိင္ရတဲ့အျဖစ္ကုိလည္း အလုပ္သြားေနတဲ့ ခင္ပြန္းကနားလည္ခံစားႏုိင္ဖုိ ့မလြယ္ပါဘူး။ ႏွစ္ေယာက္စလံုး အလုပ္ထြက္လုပ္တာဆိုရင္ေတာ့ အလုပ္လုပ္ေနသူခ်င္း ေန ့စဥ္ႀကံဳေတြ ့ေနရတဲ့ ႏြမ္းနယ္မႈေတြ၊ လုပ္ငန္းခြင္ဖိစီးမႈေတြကုိ အျပန္အလွန္ နားလည္ေပးႏုိ္င္မွာမုိ ့အိမ္အျပန္ေနာက္က်တာတုိ ့ဖုန္းေခၚဖုိ ့ေမ့တာတုိ ့လို ေတာ္ရံုတန္ရံု ပ်က္ကြက္မႈေတြ အတြက္ ျဖည့္ေတြးေပးႏုိင္မွာပါ။

(၄) ကေလးမယူခင္နဲ ့ယူၿပီးအေျခအေနမ်ား
ကေလးမယူခင္မွာေတာ့ ဇနီးသည္ရဲ့ အလုပ္ထြက္လုပ္ျခင္း၊ မလုပ္ျခင္းဟာ ေငြေၾကးေျပလည္တဲ့ စံုတြဲေတြအဖုိ ့တျခားကိစၥေတြကုိ ညွိယူႏုိင္မယ္ဆုိရင္ သိပ္မေထာင္းတာလွပါဘူး။ ဒါေပမယ့္ ကေလးယူၿပီးေနာက္မွာ ေတာ့ အလုပ္ထြက္လုပ္မယ္၊ မလုပ္ဘူးဆုိတာက အေတာ္ေလး အေရးႀကီးလာပါၿပီ။ ခင္ပြန္း၀င္ေငြနဲ ့ေလာက္င လုိ ့အိမ္မွာပဲေနတဲ့ ဇနီးသည္ျဖစ္ေနရင္ေတာင္ ကုိိယ္ေလးလက္၀နရိွစဥ္္ ကာလမွာ ေဆြမ်ိဳး အသိအကြ်မ္း တစ္ေယာက္ေယာက္ရဲ့ အကူအညီလုိအပ္လာပါၿပီ။ ကေလးမယူခင္မွာလည္း အလုပ္ထြက္လုပ္ေနတယ္၊ ကူေဖာ္ေလာင္ဖက္ရမယ့္ ေဆြမ်ိဳးအသုိင္းအ၀ုိင္းလည္း မေတာင့္တင္းဘူး ဆုိရင္ေတာ့ အလုပ္တဖက္ နဲ ့ကေလးကုိ ဘယ္လုိမ်ိဳး ၾကည့္ရႈ ့ေစာင့္ေရွာက္မလဲဆုိတာကုိ စဥ္းစားရပါေတာ့မယ္။ ကေလးေမြးဖြားဖုိ ့ ခြင့္ရက္ ဟာလည္း ကေလးရၿပီး လအတန္အသင့္ဆုိရင္ ရက္ေစ့ၾကတာမ်ားပါတယ္။ ဒါ့အျပင္ ေန ့ကေလး ထိန္းနဲ ့မူႀကိဳ ပုိ ့လုိ ့ရတဲ့ ၄ ႏွစ္သား အရြယ္ေလာက္အထိ ကေလးတစ္ဖက္နဲ ့အလုပ္လုပ္ဖုိ ့ဆုိတာ သိပ္ေတာ့ လြယ္တဲ့ ကိစၥမဟုတ္ပါဘူး။ တခ်ိဳ ့မိခင္ေတြကေတာ့ ကေလးမေမြးခင္ ၆ လ ေလာက္မွာ အလုပ္ကေန ထြက္ လုိက္ၿပီး ေက်ာင္းေနတဲ့ အရြယ္ေရာက္ေတာ့မွ လုပ္ငန္းခြင္ ျပန္၀င္တတ္ၾကပါတယ္။

(၅) ေရရွည္အက်ိဳးသက္ေရာက္မႈမ်ား
ဒါကေတာ့ မိမိရဲ့ ဘ၀အေပၚ ခံယူခ်က္နဲ ့သက္ဆုိင္ပါတယ္။ ေနာင္တစ္ခ်ိန္မွာ ေနရာတစ္ခုခု၊ အဆင့္တစ္ခုခု၊ ေအာင္ျမင္မႈတစ္ခုခု ရရမယ္ဆုိတဲ့ စိတ္ကူးယဥ္အိပ္မက္မ်ိဳး ရွိေနရင္ေတာ့ အိမ္ေထာင္သည္ ဘ၀ကုိ ျဖတ္သန္းရင္းနဲ ့တစ္ဖက္က ကုိယ့္ရဲ့ ရည္မွန္းခ်က္လမ္းေၾကာင္းကုိ မ်က္ေခ်ျပတ္သြားတာမိ်ဳး မျဖစ္ ေအာင္ ႀကိဳးစားရမွာပါ။ ကုိယ္ေအာင္ျမင္ခ်င္တဲ့ နယ္ပယ္မွာ တနည္းနည္းနဲ ့ရွိေနရမွာ ျဖစ္လုိ ့အိမ္ရွင္မ အျဖစ္ နဲ ့ကုိယ့္ရဲ့ မိသားစုမွာပဲ တစ္ဘ၀လံုး ျမွဳပ္ႏွံထား ဖုိ ့သိပ္မလြယ္လွပါဘူး။ ေနာက္ၿပီးေတာ့ ခင္ပြန္းေရာ၊ ဇနီးပါ အလုပ္ထဲမွာပဲ အခ်ိန္ကုန္ေနတဲ့အခါ သားသမီးေတြကုိ ဆံုးမသြန္သင္ တည့္မတ္ ေပးဖုိ ့အခ်ိ္န္သိပ္မရတာ မ်ိဳး လည္း ျဖစ္ႏုိင္ပါတယ္။ ဇနီးသည္ အေနနဲ ့အိမ္ရွင္မအျဖစ္နဲ ့မိသားစုကုိ အခ်ိန္ျပည့္ အာရံုစုိက္ၿပီး ထိန္းသိမ္း တည္ေဆာက္ႏုိင္ရင္ေတာ့ ကုိယ့္ရဲ ့ အသိုက္အျမံဳဟာ တျဖည္းျဖည္းနဲ ့ႀကီးထြားေ၀ဆာ လာမွာပါ။

ဘာပဲျဖစ္ျဖစ္ အိမ္ေထာင္ျပဳတယ္ဆုိကတည္းက တစ္ေယာက္ထဲထက္ ပုိေကာင္းတဲ့ ဘ၀တစ္ခုကုိ တည္ေဆာက္ဖုိ ့ရည္ရြယ္ထားၾကတာျဖစ္လုိ ့စီးတဲ့ေရ ဆည္တဲ့ကန္သင္းပဲ လုပ္လုပ္၊ ေမာင္တစ္ထမ္း မယ္တစ္ ရြက္ပဲ လုပ္လုပ္ ခ်စ္ျခင္းေမတၱာနဲ ့ဥာဏ္ပညာကုိ အေျခခံၿပီး အျပန္အလွန္ နားလည္မႈေတြနဲ ့ဘ၀ခရီးၾကမ္းကုိ အတူတူ ျဖတ္သန္းၾကရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Okkar (Myanmar Note)
# Unicode Version ျဖင့္ ဖတ္ပါ #
တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အိမ်ထောင်ရေးနဲ ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ တွေလည်း အရင်နဲ ့မတူတော့ဘဲ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ ဟိုးအရင်ကလို မိန်းကလေးဆိုတာ အရွယ် ရောက်တာနဲ ့အိမ်ထောင်ပြု၊ အိမ်ထောင်ရှင်မဘဝနဲ ့ကျန်ရှိတဲ့ ဘဝကို ဖြတ်သန်း ဆိုတဲ့သမာရိုးကျအယူအဆထက် အိမ်ထောင်သည်တွေအဖို ့ယနေ ့ခေတ်မှာ စားဝတ်နေရေး အတွက် ပိုပြီး လှုပ်ရှားရုန်းကန် လာရတဲ့ သဘောမှာရှိတာကြောင့် အိမ်ရှင်မ ဘဝကနေ ခင်ပွန်းသည်လိုပဲ အပြင်ထွက် အလုပ်လုပ်ပြီး အိမ်ထောင်ဦးစီး နေရာကိုပါ ပူးတွဲ တာဝန်ယူလာကြရပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုကြမယ့် မိန်းကလေး များ အတွက် စီးတဲ့ရေ ဆည်တဲ့ကန်သင်းအဖြစ် နေတာနဲ ့မောင်တစ်ထမ်း မယ်တစ်ရွက်အဖြစ် ရပ်တည်တာ တို ့ရဲ ့အကျိုးအပြစ်တွေကို ဖော်ပြလိုက်ရပါတယ်။

(၁) ၀င်ငွေရရှိမှု
ဇနီးသည်က အိမ်ရှင်မပဲ လုပ်မယ်ဆိုရင်တော့ ၀င်ငွေအတွက် ခင်ပွန်းသည်ရဲ့ အလုပ်အကိုင်တစ်ခုထဲကိုသာ မှီခိုနေရမှာပါ။ အစောပိုင်းမှာ ခင်ပွန်းရဲ့ဝင်ငွေနဲ ့နှစ်ယောက်လုံး ရပ်တည်ဖို့လုံလောက်နိုင်ပေမယ့် သားသမီးတွေရလာတဲ့ အခါကျရင်လောက်ချင်မှ လောက်တော့မှာပါ။ ခင်ပွန်းက လခကောင်းရင်တော့တစ်မျိုးပေါ့။ နောက်ပြီးတော့ ခင်ပွန်းသည် နာမကျန်းဖြစ်လို ့အလုပ်မလုပ် နိုင်တဲ့ အခါမျိုး တွေကျရင် ၀င်ငွေလည်း ရပ်သွားမယ့် အပြင် ဆေးကုသဖို ့ပါ အပိုထပ်ကုန်သွားနိုင်ပါတယ်။ ဇနီးသည်ပါ အပြင်ထွက် အလုပ်လုပ်မယ် ဆိုရင်တော့ ၀င်ငွေရလမ်း နှစ်ခု ဖြစ်နေတာမို ့တစ်ယောက် နေမ ကောင််း လို ့ အလုပ်မလုပ်နိုင်လည်း ကျန်တစ်ယောက်ရဲ့ ၀င်ငွေနဲ ့အထိုက်အလျောက် ထိန်းထားလို ့ရမှာပါ။ သိပ် အကြီး အကျယ် ကုန်စရာမရှိတဲ့ သာမန်အချိန်တွေမှာလည်း နှစ်ယောက်ပေါင်း ၀င်ငွေနဲ ့အိမ်စရိတ် ကာမိတဲ့ အပြင် အပို အလျှံလည်း စုမိဆောင်းမိနိုင်ပါတယ်။ တစ်ခုရှိတာကတော့ အလုပ်ပဲ လုပ်လုပ်၊ အိမ်မှာပဲနေနေ မလိုအပ်တဲ့ စရိတ်တွေ၊ အပိုသုံးတွေကို လျှော့ပြီး ၀င်ငွေ၊ ထွက်ငွေ မျှတအောင်လုပ်ကြရမှာပါ။

(၂) အတူနေချိန် နည်းခြင်း၊ များခြင်း ကိစ္စ
ဇနီးသည်ပါ အပြင်ထွက်အလုပ်လုပ်တာ ၀င်ငွေအရ ပိုကောင်းပေမယ့် တစ်ဖက်က ကြည့်ရင်တော့ လင်မယား နှစ်ယောက် အတူရှိချိန်က ပိုနည်းသွားနိုင်ပါတယ်။ တစ်ယောက်နဲ ့တစ်ယောက် အလုပ်ချိန်တွေ မတူခဲ့ရင် တစ်ယောက် ပြန်လာတဲ့အချိန် နောက်တစ်ယောက်က မရှိတာမျိုးတွေ ဖြစ်တတ်သလို၊ တစ်ယောက် တစ်နယ်စီ အလုပ်လုပ်ရတာတွေလည်း ရှိနိုင်ပါတယ်။ အစပိုင်းမှာ မသိသာပေမယ့် ရေရှည်မှာတော့ နွေးထွေးသာယာမှု နည်းပါးတာကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေ သံသယပွားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဇနီးသည်က အိမ်မှာပဲနေတာဆိုရင်တော့ အိမ်ကိုလည်း တောက်တောက်ပြောင်ပြောင် တင့်တင့်တယ်တယ် ဖြစ်အောင် ပိုပြီး ထိ်န်းသိမ်းနို်င်တဲ့အပြင် ခင်ပွန်းသည် အိမ်ပြန်ရောက်တာ နဲ ့နှစ်ယောက် သား ပုံမှန် ထမင်းလက်ဆုံစားလို ့ရသလို အတူတူ ပုံမှန် စျေးဝယ်ထွက်တာတွေ၊ လျှောက်လည်တာတွေလည်း လုပ်လို ့ရပါတယ်။ ရည်းစားဘဝကထက် ပိုပြီး နီးကပ်ချင်လို ့အိမ်ထောင်ပြုကြတာမို ့အတူနေချိန် နည်းခြင်း၊ များခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။

(၃) တစ်ယောက်ရဲ ့အခြေအနေကို တစ်ယောက်က နားလည်ပေးနိုင်မှု
ဇနီးသည်ကအိမ်ရှင်မလုပ်ပြီးတော့ ခင်ပွန်းကအပြင်ထွက် အလုပ်လုပ်တဲ့စုံတွဲတွေမှာ ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုကတော့ တစ်ယောက်ရဲ့ဖြတ်သန်းပုံကို တစ်ယောက်ကနားလည်ဖို့မလွယ်ကူတဲ့ကိစ္စပါ။ ခင်ပွန်းရဲ့လုပ်ငန်းခွင် ဖြတ်သန်းမှုနဲ ့ဖိအားတွေ၊ ပင်ပန်းမှုတွေကို ဇနီးသည်က နားလည်နိုင်ဖို့ခက်သလို အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ရဲ ့တစ်နေ့တာလုံး တစ်ယောက်ထဲ ချွေးတလုံးလုံးနဲ ့အိမ်မှုကိစ္စတွေ လုပ်ကိုင်ရတဲ့အဖြစ်ကိုလည်း အလုပ်သွားနေတဲ့ ခင်ပွန်းကနားလည်ခံစားနိုင်ဖို ့မလွယ်ပါဘူး။ နှစ်ယောက်စလုံး အလုပ်ထွက်လုပ်တာဆိုရင်တော့ အလုပ်လုပ်နေသူချင်း နေ ့စဉ်ကြုံတွေ ့နေရတဲ့ နွမ်းနယ်မှုတွေ၊ လုပ်ငန်းခွင်ဖိစီးမှုတွေကို အပြန်အလှန် နားလည်ပေးနို်င်မှာမို ့အိမ်အပြန်နောက်ကျတာတို ့ဖုန်းခေါ်ဖို ့မေ့တာတို ့လို တော်ရုံတန်ရုံ ပျက်ကွက်မှုတွေ အတွက် ဖြည့်တွေးပေးနိုင်မှာပါ။

(၄) ကလေးမယူခင်နဲ ့ယူပြီးအခြေအနေများ
ကလေးမယူခင်မှာတော့ ဇနီးသည်ရဲ့ အလုပ်ထွက်လုပ်ခြင်း၊ မလုပ်ခြင်းဟာ ငွေကြေးပြေလည်တဲ့ စုံတွဲတွေအဖို ့တခြားကိစ္စတွေကို ညှိယူနိုင်မယ်ဆိုရင် သိပ်မထောင်းတာလှပါဘူး။ ဒါပေမယ့် ကလေးယူပြီးနောက်မှာ တော့ အလုပ်ထွက်လုပ်မယ်၊ မလုပ်ဘူးဆိုတာက အတော်လေး အရေးကြီးလာပါပြီ။ ခင်ပွန်းဝင်ငွေနဲ ့လောက်င လို ့အိမ်မှာပဲနေတဲ့ ဇနီးသည်ဖြစ်နေရင်တောင် ကိုိယ်လေးလက်ဝနရှိစဉ်် ကာလမှာ ဆွေမျိုး အသိအကျွမ်း တစ်ယောက်ယောက်ရဲ့ အကူအညီလိုအပ်လာပါပြီ။ ကလေးမယူခင်မှာလည်း အလုပ်ထွက်လုပ်နေတယ်၊ ကူဖော်လောင်ဖက်ရမယ့် ဆွေမျိုးအသိုင်းအဝိုင်းလည်း မတောင့်တင်းဘူး ဆိုရင်တော့ အလုပ်တဖက် နဲ ့ကလေးကို ဘယ်လိုမျိုး ကြည့်ရှု ့စောင့်ရှောက်မလဲဆိုတာကို စဉ်းစားရပါတော့မယ်။ ကလေးမွေးဖွားဖို ့ ခွင့်ရက် ဟာလည်း ကလေးရပြီး လအတန်အသင့်ဆိုရင် ရက်စေ့ကြတာများပါတယ်။ ဒါ့အပြင် နေ ့ကလေး ထိန်းနဲ ့မူကြို ပို ့လို ့ရတဲ့ ၄ နှစ်သား အရွယ်လောက်အထိ ကလေးတစ်ဖက်နဲ ့အလုပ်လုပ်ဖို ့ဆိုတာ သိပ်တော့ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ တချို ့မိခင်တွေကတော့ ကလေးမမွေးခင် ၆ လ လောက်မှာ အလုပ်ကနေ ထွက် လိုက်ပြီး ကျောင်းနေတဲ့ အရွယ်ရောက်တော့မှ လုပ်ငန်းခွင် ပြန်ဝင်တတ်ကြပါတယ်။

(၅) ရေရှည်အကျိုးသက်ရောက်မှုများ
ဒါကတော့ မိမိရဲ့ ဘဝအပေါ် ခံယူချက်နဲ ့သက်ဆိုင်ပါတယ်။ နောင်တစ်ချိန်မှာ နေရာတစ်ခုခု၊ အဆင့်တစ်ခုခု၊ အောင်မြင်မှုတစ်ခုခု ရရမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်မျိုး ရှိနေရင်တော့ အိမ်ထောင်သည် ဘဝကို ဖြတ်သန်းရင်းနဲ ့တစ်ဖက်က ကိုယ့်ရဲ့ ရည်မှန်းချက်လမ်းကြောင်းကို မျက်ချေပြတ်သွားတာမျိုး မဖြစ် အောင် ကြိုးစားရမှာပါ။ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ တနည်းနည်းနဲ ့ရှိနေရမှာ ဖြစ်လို ့အိမ်ရှင်မ အဖြစ် နဲ ့ကိုယ့်ရဲ့ မိသားစုမှာပဲ တစ်ဘဝလုံး မြှုပ်နှံထား ဖို ့သိပ်မလွယ်လှပါဘူး။ နောက်ပြီးတော့ ခင်ပွန်းရော၊ ဇနီးပါ အလုပ်ထဲမှာပဲ အချိန်ကုန်နေတဲ့အခါ သားသမီးတွေကို ဆုံးမသွန်သင် တည့်မတ် ပေးဖို ့အချိ်န်သိပ်မရတာ မျိုး လည်း ဖြစ်နိုင်ပါတယ်။ ဇနီးသည် အနေနဲ ့အိမ်ရှင်မအဖြစ်နဲ ့မိသားစုကို အချိန်ပြည့် အာရုံစိုက်ပြီး ထိန်းသိမ်း တည်ဆောက်နိုင်ရင်တော့ ကိုယ့်ရဲ ့ အသိုက်အမြံုဟာ တဖြည်းဖြည်းနဲ ့ကြီးထွားဝေဆာ လာမှာပါ။

ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုတယ်ဆိုကတည်းက တစ်ယောက်ထဲထက် ပိုကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို ့ရည်ရွယ်ထားကြတာဖြစ်လို ့စီးတဲ့ရေ ဆည်တဲ့ကန်သင်းပဲ လုပ်လုပ်၊ မောင်တစ်ထမ်း မယ်တစ် ရွက်ပဲ လုပ်လုပ် ချစ်ခြင်းမေတ္တာနဲ ့ဉာဏ်ပညာကို အခြေခံပြီး အပြန်အလှန် နားလည်မှုတွေနဲ ့ဘဝခရီးကြမ်းကို အတူတူ ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Okkar (Myanmar Note)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top