ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဇြန္ ၂၃ ရက္ကစၿပီး ခ်င္းရုိင္ဂူထဲမွာ ေဘာလံုးသမား ၁၂ ဦးနဲ႔အတူ ေပ်ာက္ဆံုးခဲ့တဲ့ လက္ေထာက္နည္းျပဟာ ကေလးေတြကို ေစာင့္ေရွာက္ႏုိင္စြမ္းရွိတယ္လုိ႔ သူ ယံုၾကည္ေၾကာင္း မူပားေဘာလံုးအသင္းရဲ႕ နည္းျပခ်ဳပ္က ေျပာပါတယ္။
လက္ေထာက္ျဖစ္တဲ့ အက္ကာပြန္ ခ်န္တာ၀မ္ဆီဟာ ေက်ာပုိးအိတ္နွစ္လံုးယူတဲ့ အေလ့အက်င့္ရွိတယ္လုိ႔ နည္းျပ ေနာ့ပါရက္ ကန္တာ၀မ္က ေျပာပါတယ္။ ေက်ာပိုးအိတ္ႀကီးထဲမွာ ရြက္ဖ်င္တဲထုိးစရာတစ္ခု၊ ၾကက္ေျခနီပစၥည္းေတြ၊ ၾကြက္သားနာက်င္ရင္ ဖ်န္းရတဲ့ေဆးနဲ႔ မုန္႔ေတြ၊ လိေမၼာ္ရည္ဗူးေတြ၊ ကုိကာကုိလာဗူးေတြ ပါ၀င္ေလ့ရွိေၾကာင္း ေျပာပါတယ္။ အဲဒီေန႔မွာ ဂူထဲကုိ အက္ကာပြန္မ၀င္ခင္ ေက်ာပိုးအိတ္ႀကီးတစ္လံုးကို ယူသြားတာကို အသင္းသားတစ္ေယာက္က ေတြ႕ခဲ့ေၾကာင္း သူက ေျပာပါတယ္။

“အက္ကာပြန္ဆီမွာ ေက်ာပိုးအိတ္က အတူရွိေနမယ္လုိ႔ ယံုၾကည္ပါတယ္။ ဘာလုိ႔လဲဆိုေတာ့ ကယ္ဆယ္ေရးအေစာပိုင္းရက္တုန္းက ဂူ၀မွာ ကယ္ဆယ္ေရးေတြ ေတြ႔ရတဲ့ပစၥည္းေတြထဲမွာ အဲဒီေက်ာပုိးအိတ္ မပါလုိ႔ပါ”လု႔ိ နည္းျပက ဆုိပါတယ္။တကယ္လုိ႔ ေပ်ာက္ဆံုးေနတဲ့အဖဲြ႔ဟာ ခန္႔မွန္းထားတဲ့အတုိင္း ပတၱယားကမ္းေျခလုိ႔ေခၚတဲ့ေနရာမွာ ရွိေနရင္ သူတုိ႔အေနနဲ႔ ၀င္အိပ္စရာ ရြက္ဖ်က္တဲရွိေၾကာင္း နည္းျပက ေျပာပါတယ္။ အက္ကာပြန္မွာ စားစရာမုန္႔နဲ႔ ေရလုိမ်ိဳး မရွိမျဖစ္ ပစၥည္းေတြ ပါလာရင္ ေပ်ာက္ေနတဲ့အဖြဲ႔ဟာ ဂူထဲမွာ စားစရာတစ္ခုခုရွိမွာျဖစ္ေၾကာင္း နည္းျပခ်ဳပ္က ေျပာပါတယ္။
“အက္ကာပြန္က ဒီကာလအတြင္းမွာ စားစရာနဲ႔ေရအျပင္ တျခားကိစၥေတြကိုလည္း စီမံခန္႔ခြဲနို္င္စြမ္းရွိမယ္လုိ႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္”လို႔ သူက ေျပာပါတယ္။ အက္ကာပြန္နဲ႔ အလုပ္အၾကာႀကီးလုပ္လာတဲ့အတြက္ သူ႔လက္ေထာက္ဟာ စိတ္ရင္းေစတနာေကာင္းရွိတဲ့ လူေတာ္တစ္ေယာက္ျဖစ္ၿပီး ကေလးေတြကုိ ေစာင့္ေရွာက္ႏုိင္စြမ္းရွိမယ္လုိ႔ သူ ယံုၾကည္ေၾကာင္း သူက ေျပာပါတယ္။

သူသာ ရာထူးကဆင္းခဲ့ရင္ အက္ကာပြန္ကုိ အသင္းရဲ႕နည္းျပခ်ဳပ္အျဖစ္ လုပ္ကိုင္ေစခ်င္ေၾကာင္း သူက ေျပာပါတယ္။ “ဒါေပမဲ့ ဒီအေၾကာင္းကိုေတာ့ အက္ကာပြန္ကို ကၽြန္ေတာ္ မေျပာရေသးဘူး”
မူပားေဘာလံုးအသင္းမွာ ကစားသမား ၇၀ ေလာက္ရွိၿပီး ေပ်ာက္ဆံုးေနသူေတြဟာ အသင္းထဲမွာ အငယ္ဆံုးမ်ိဳးဆက္ျဖစ္ပါတယ္။ သူတုိ႔အဖြဲ႔ဟာ စက္ဘီးစီးတာကိုလည္း ႀကိဳက္တဲ့အတြက္ အဖြဲ႔ဖြဲ႕ၿပီး စက္ဘီးစီးၾကတယ္လု႔ိ ဆုိပါတယ္။
“အက္ကာပြန္ေရ..အဖြဲ႔ကို ဂူထဲကေန ေဘးကင္းကင္းနဲ႔ ခ်က္ျခင္းထြက္ႏုိ္င္ေအာင္ လုပ္ေပးပါ။ မင္းကိုငါ လံုး၀ အေရးမယူပါဘူး။ မငး္ကို ငါ ယံုပါတယ္” လို႔ နည္းျပက လိႈက္လိႈက္လွဲလဲွဲေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

#Unicode Version#
ဇွန် ၂၃ ရက်ကစပြီး ချင်းရိုင်ဂူထဲမှာ ဘောလုံးသမား ၁၂ ဦးနဲ့အတူ ပျောက်ဆုံးခဲ့တဲ့ လက်ထောက်နည်းပြဟာ ကလေးတွေကို စောင့်ရှောက်နိုင်စွမ်းရှိတယ်လို့ သူ ယုံကြည်ကြောင်း မူပားဘောလုံးအသင်းရဲ့ နည်းပြချုပ်က ပြောပါတယ်။
လက်ထောက်ဖြစ်တဲ့ အက်ကာပွန် ချန်တာဝမ်ဆီဟာ ကျောပိုးအိတ်နှစ်လုံးယူတဲ့ အလေ့အကျင့်ရှိတယ်လို့ နည်းပြ နော့ပါရက် ကန်တာဝမ်က ပြောပါတယ်။ ကျောပိုးအိတ်ကြီးထဲမှာ ရွက်ဖျင်တဲထိုးစရာတစ်ခု၊ ကြက်ခြေနီပစ္စည်းတွေ၊ ကြွက်သားနာကျင်ရင် ဖျန်းရတဲ့ဆေးနဲ့ မုန့်တွေ၊ လိမ္မော်ရည်ဗူးတွေ၊ ကိုကာကိုလာဗူးတွေ ပါဝင်လေ့ရှိကြောင်း ပြောပါတယ်။ အဲဒီနေ့မှာ ဂူထဲကို အက်ကာပွန်မဝင်ခင် ကျောပိုးအိတ်ကြီးတစ်လုံးကို ယူသွားတာကို အသင်းသားတစ်ယောက်က တွေ့ခဲ့ကြောင်း သူက ပြောပါတယ်။

“အက်ကာပွန်ဆီမှာ ကျောပိုးအိတ်က အတူရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကယ်ဆယ်ရေးအစောပိုင်းရက်တုန်းက ဂူဝမှာ ကယ်ဆယ်ရေးတွေ တွေ့ရတဲ့ပစ္စည်းတွေထဲမှာ အဲဒီကျောပိုးအိတ် မပါလို့ပါ”လု့ိ နည်းပြက ဆိုပါတယ်။တကယ်လို့ ပျောက်ဆုံးနေတဲ့အဖွဲ့ဟာ ခန့်မှန်းထားတဲ့အတိုင်း ပတ္တယားကမ်းခြေလို့ခေါ်တဲ့နေရာမှာ ရှိနေရင် သူတို့အနေနဲ့ ဝင်အိပ်စရာ ရွက်ဖျက်တဲရှိကြောင်း နည်းပြက ပြောပါတယ်။ အက်ကာပွန်မှာ စားစရာမုန့်နဲ့ ရေလိုမျိုး မရှိမဖြစ် ပစ္စည်းတွေ ပါလာရင် ပျောက်နေတဲ့အဖွဲ့ဟာ ဂူထဲမှာ စားစရာတစ်ခုခုရှိမှာဖြစ်ကြောင်း နည်းပြချုပ်က ပြောပါတယ်။
“အက်ကာပွန်က ဒီကာလအတွင်းမှာ စားစရာနဲ့ရေအပြင် တခြားကိစ္စတွေကိုလည်း စီမံခန့်ခွဲနိုင်စွမ်းရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ သူက ပြောပါတယ်။ အက်ကာပွန်နဲ့ အလုပ်အကြာကြီးလုပ်လာတဲ့အတွက် သူ့လက်ထောက်ဟာ စိတ်ရင်းစေတနာကောင်းရှိတဲ့ လူတော်တစ်ယောက်ဖြစ်ပြီး ကလေးတွေကို စောင့်ရှောက်နိုင်စွမ်းရှိမယ်လို့ သူ ယုံကြည်ကြောင်း သူက ပြောပါတယ်။

သူသာ ရာထူးကဆင်းခဲ့ရင် အက်ကာပွန်ကို အသင်းရဲ့နည်းပြချုပ်အဖြစ် လုပ်ကိုင်စေချင်ကြောင်း သူက ပြောပါတယ်။ “ဒါပေမဲ့ ဒီအကြောင်းကိုတော့ အက်ကာပွန်ကို ကျွန်တော် မပြောရသေးဘူး”
မူပားဘောလုံးအသင်းမှာ ကစားသမား ၇၀ လောက်ရှိပြီး ပျောက်ဆုံးနေသူတွေဟာ အသင်းထဲမှာ အငယ်ဆုံးမျိုးဆက်ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ စက်ဘီးစီးတာကိုလည်း ကြိုက်တဲ့အတွက် အဖွဲ့ဖွဲ့ပြီး စက်ဘီးစီးကြတယ်လု့ိ ဆိုပါတယ်။
“အက်ကာပွန်ရေ..အဖွဲ့ကို ဂူထဲကနေ ဘေးကင်းကင်းနဲ့ ချက်ခြင်းထွက်နိုင်အောင် လုပ်ပေးပါ။ မင်းကိုငါ လုံး၀ အရေးမယူပါဘူး။ မင်းကို ငါ ယုံပါတယ်” လို့ နည်းပြက လှိုက်လှိုက်လှဲလဲှဲပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top