န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

သူ႔ကို ငိုေအာင္ လုပ္ပစ္ခဲ့တယ္ ဆိုၿပီး မီဒီယာေတြ ေရွ႕မွာ ဂုဏ္ယူစြာ ဟားတိုက္ရယ္ေမာခဲ့တဲ့ Selena ထက္ သူငိုေနတဲ့အခ်ိန္ သူ႔မ်က္ရည္ေတြကို တိတ္တဆိတ္ သုတ္ေပးခဲ့တဲ့ Hailey ကို ေရြးခဲ့တယ္

သူ႔ကို မီဒီယာေတြ ေရွ႕မွာ ႐ိုက္ပုတ္ၿပီး ငါေဟ့ ဆိုၿပီး JB ရဲ႕ မာနေတြကို ႐ိုက္ခ်ိဳးခဲ့တဲ့ Selena ထက္ အၿမဲတမ္းသူ႔ကို ၾကင္နာစြာ ေငးႀကည့္ေနတတ္တဲ့ အဲ့ဒီ ကေလးမေလးကို ေရြးခ်ယ္ခဲ့တယ္

JB က ပန္းစည္းေလး ယူသြားၿပီး ေမြးေန႔ပြဲကို သြားတာေတာင္ security ေတြနဲ႔ ႏွင္လႊတ္လိုက္တဲ့ Selena ထက္ အၿမဲတမ္း JB ကို အထင္ႀကီးတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနတတ္တဲ့ Hailey ကို သူေရြးခဲ့တယ္

Selena အိမ္ေရွ႕မွာ တစ္ညလံုး ေတာင္းပန္ခဲ့တာေတာင္ ထြက္ေတြ႕ဖို႔ ေနေနသာသာ လက္ခလယ္ ေထာင္ျပၿပီး မ်က္ႏွာလႊဲခဲ့တဲ့ Selena ထက္ JB ကိုဆို အရိပ္တၾကည့္ၾကည့္ ၾကည့္ေနတတ္တဲ့ Hailey ကို သူေရြးခဲ့တယ္

JB ကိုဆို လူရာမသြင္းတဲ့ Selena တို႔ရဲ႕ အသိုင္းအဝိုင္းထက္ အၿမဲတမ္း တံခါးမရွိ ဓားမရွိ ၾကည္ျဖဴစြာနဲ႔ ေလးစားခ်စ္ခင္တဲ့ Hailey တို႔ အသိုင္းအဝိုင္းကို သူေရြးခ်ယ္ခဲ့တယ္.. Selena ေၾကာင့္ သူငိုခဲ့ရခ်ိန္တိုင္း Hailey က အႀကိမ္ႀကိမ္ ႏွစ္သိမ့္ေပးခဲ့မွာပဲ ဆိုတာ ေတြးၾကည့္လို႔ ရပါတယ္

ေယာက်ာ္းတစ္ေယာက္ဟာ သူ႔တကယ္ ခ်စ္တဲ့သူအတြက္ မ်က္ရည္ က်ေကာင္းက်လိမ့္မယ္.. ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ သူ႔ကို ေပ်ာ္ရႊင္ေစတဲ့ မိန္းကေလးကိုပဲ ေရြးခ်ယ္လိမ့္မယ္

JB မွန္ပါတယ္… ကိုယ္ခ်စ္တဲ့သူကို တန္ဖိုးထားတဲ့ သူရဲ႕ လက္ထဲပဲ ထည့္ေပးခ်င္ပါတယ္

မေပ်ာ္ေတာ့ဘူးဆို အခ်ိန္မေရြး လွည့္ထြက္ခဲ့ပါ.. ေနာက္လွည့္ ၾကည့္လိုက္တိုင္း အၿမဲ ရွိေနမယ့္ ထာဝရ ပရိသတ္ပါ ❤

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Em

#Unicode Version#
သူ့ကို ငိုအောင် လုပ်ပစ်ခဲ့တယ် ဆိုပြီး မီဒီယာတွေ ရှေ့မှာ ဂုဏ်ယူစွာ ဟားတိုက်ရယ်မောခဲ့တဲ့ Selena ထက် သူငိုနေတဲ့အချိန် သူ့မျက်ရည်တွေကို တိတ်တဆိတ် သုတ်ပေးခဲ့တဲ့ Hailey ကို ရွေးခဲ့တယ်

သူ့ကို မီဒီယာတွေ ရှေ့မှာ ရိုက်ပုတ်ပြီး ငါဟေ့ ဆိုပြီး JB ရဲ့ မာနတွေကို ရိုက်ချိုးခဲ့တဲ့ Selena ထက် အမြဲတမ်းသူ့ကို ကြင်နာစွာ ငေးကြည့်နေတတ်တဲ့ အဲ့ဒီ ကလေးမလေးကို ရွေးချယ်ခဲ့တယ်

JB က ပန်းစည်းလေး ယူသွားပြီး မွေးနေ့ပွဲကို သွားတာတောင် security တွေနဲ့ နှင်လွှတ်လိုက်တဲ့ Selena ထက် အမြဲတမ်း JB ကို အထင်ကြီးတဲ့ အကြည့်တွေနဲ့ ကြည့်နေတတ်တဲ့ Hailey ကို သူရွေးခဲ့တယ်

Selena အိမ်ရှေ့မှာ တစ်ညလုံး တောင်းပန်ခဲ့တာတောင် ထွက်တွေ့ဖို့ နေနေသာသာ လက်ခလယ် ထောင်ပြပြီး မျက်နှာလွှဲခဲ့တဲ့ Selena ထက် JB ကိုဆို အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ Hailey ကို သူရွေးခဲ့တယ်

JB ကိုဆို လူရာမသွင်းတဲ့ Selena တို့ရဲ့ အသိုင်းအဝိုင်းထက် အမြဲတမ်း တံခါးမရှိ ဓားမရှိ ကြည်ဖြူစွာနဲ့ လေးစားချစ်ခင်တဲ့ Hailey တို့ အသိုင်းအဝိုင်းကို သူရွေးချယ်ခဲ့တယ်.. Selena ကြောင့် သူငိုခဲ့ရချိန်တိုင်း Hailey က အကြိမ်ကြိမ် နှစ်သိမ့်ပေးခဲ့မှာပဲ ဆိုတာ တွေးကြည့်လို့ ရပါတယ်

ယောကျာ်းတစ်ယောက်ဟာ သူ့တကယ် ချစ်တဲ့သူအတွက် မျက်ရည် ကျကောင်းကျလိမ့်မယ်.. ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ကို ပျော်ရွှင်စေတဲ့ မိန်းကလေးကိုပဲ ရွေးချယ်လိမ့်မယ်

JB မှန်ပါတယ်… ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားတဲ့ သူရဲ့ လက်ထဲပဲ ထည့်ပေးချင်ပါတယ်

မပျော်တော့ဘူးဆို အချိန်မရွေး လှည့်ထွက်ခဲ့ပါ.. နောက်လှည့် ကြည့်လိုက်တိုင်း အမြဲ ရှိနေမယ့် ထာဝရ ပရိသတ်ပါ ❤

ဖိုးသူတော် (www.phothutaw.com)
Credit: Em


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top