×

ဗီယက္နမ္ႏုိင္ငံေတာင္ပိုင္းကုန္းျမင့္ေဒသက ဒက္ႏြန္ခရိုင္မွာ မိသားစုပိုင္ ေကာ္ဖီထုတ္လုပ္ေရးလုပ္ငန္းတစ္ခုဟာ ေကာ္ဖီထုတ္လုပ္ရာမွာ အႏၱရာယ္ျဖစ္ေစတဲ့ပစၥည္း ေတြ ထည့္သြင္းျပဳလုပ္တာေၾကာင့္ဖမ္းဆီခံခဲ့ရပါတယ္။

ညစ္ပတ္တဲ့ ေကာ္ဖီေတြကို ထုတ္လုပ္တဲ့လုပ္ငန္းရဲ႕ပိုင္ရွင္ ငုယဥ္သီလြမ္ အပါအဝင္ ပါဝင္ပတ္သတ္ေနသူအားလံုးကိုလဲ တရားစြဲဆိုသြားမွာျဖစ္တယ္လို႔ ဒက္ႏြန္ခရိုင္ရဲက ေျပာပါတယ္။

ရဲေတြက သူ႔ရဲ႕ေကာ္ဖီလုပ္ငန္းကို ဝင္ေရာက္ရွာေဖြရာမွာ အသင့္ေသာက္သံုးရန္အဆင့္ရိွျပီးသား ေကာ္ဖီမႈန္႔တန္ခ်ိန္အမ်ားအျပား ေတြ႕ရိွခဲ့သလို ေကာ္ဖီထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ ကုန္ၾကမ္းပစၥည္းေတြျဖစ္တဲ့ ဘက္ထရီအေဟာင္းေတြကထုတ္လုပ္ထားတဲ့ အမႈန္႔နဲ႔ အရည္ေတြကိုပါ ရွာေဖြေတြ႕ရိွခဲ့ၾကတာျဖစ္ပါတယ္။

ညစ္ပတ္တဲ့ ေကာ္ဖီေတြကို ေစ်းေပါေပါနဲ႔ရတဲ့ အဆင့္မမွီတဲ့ေကာ္ဖီေစ့ေတြကို အမႈန္႔ၾကိတ္ျပီး တျခားပါဝင္ပစၥည္းေတြျဖစ္တဲ့ ဖုန္မႈန္႔၊ ေက်ာက္မႈန္႔နဲ႔ သံုးျပီးသားဘက္ထရီအေဟာင္းေတြက ရတဲ့ အမႈန္႔ေတြနဲ႔ ေရာစပ္ျပဳလုပ္တာျဖစ္တယ္လို႔ ပိုင္ရွင္ျဖစ္သူ လြမ္က ေျပာပါတယ္။

လြမ္ဟာ ဒီလို ညစ္ပတ္တဲ့ေကာ္ဖီမႈန္႔လုပ္ငန္းကို ၂၀၁၈ ခုႏွစ္အစပိုင္းကတည္းက စတင္လုပ္ကိုင္ခဲ့တာျဖစ္ျပီး အခုဆိုရင္ သူ႔ဆီက အႏၱရာယ္မ်ားတဲ့ ေကာ္ဖီမႈန္႔ေတြဟာ ေစ်းကြက္ထဲမွာ ၃တန္ေလာက္အထိ ေရာင္းခ်ျပီးျပီလို႔ ဝန္ခံထြက္ဆိုခဲ့ပါတယ္။

ရဲေတြဟာ ဖမ္းဆီးရမိတဲ့ ေကာ္ဖီမႈန္႔ေတြရဲ႕ အႏၱရာယ္ကို သိရိွႏိုင္ဖို႔ ဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးခဲ့ပါတယ္။ ေကာ္ဖီမွာ အသံုးျပဳထားတဲ့ ဘက္ထရီအေဟာင္းေတြက ရတဲ့ အမႈန္႔ေတြထဲမွာ မက္ဂနီဆီယမ္ ဒိုင္ေအာက္ဆိုဒ္ဓာတ္ေတြအဓိက ပါဝင္ျပီး ခဲ၊ ျပဒါး၊ ဇင့္၊ ကတ္မီယမ္ နဲ႔ အာဆင္းနစ္လို ဓာတ္ေတြပါဝင္ေနတယ္လို႔ ဗီယက္နမ္အမ်ိဳးသား တကၠသိုလ္က ဓာတုေဗဒပညာရွင္ တြဲဖက္ပါေမာကၡ ထရန္ဟြမ္ကြန္ ကေျပာပါတယ္။

ပါဝင္တဲ့ ဓာတုေဗဒပစၥည္းအားလံုးဟာ အလြန္အမင္း အဆိပ္သင့္ေစတတ္တဲ့ ဓာတုေဗဒပစၥည္းေတြျဖစ္ျပီး ေသာက္သံုးမိသူေတြကို ဦးေႏွာက္၊ ေက်ာက္ကပ္၊ ႏွလံုးေသြးလႊတ္ေၾကာ နဲ႔ မ်ိဳးပြားျခင္းဆိုင္ရာေရာဂါေတြကို ျဖစ္ေစႏုိင္ျပီး အမ်ားအျပားေသာက္မိရင္ အသက္ေသဆံုးတဲ့ထိ ျပင္းထန္တယ္လို႔ ဗီယက္နမ္အမိ်ဳးသားတကၠသိုလ္ရဲ႕ အာဟာရဆိုင္ရာ ကြ်မ္းက်င္သူပညာရွင္က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ေကာ္ဖီမစ္ေတြ ဘာနဲ႔လုပ္ထားသလဲဆိုတာ စစ္ေဆးဖို႔ လိုအပ္ေနပါျပီ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popinvdo
# Unicode Version ျဖင့္ ဖတ္ပါ #
ဗီယက်နမ်နိုင်ငံတောင်ပိုင်းကုန်းမြင့်ဒေသက ဒက်နွန်ခရိုင်မှာ မိသားစုပိုင် ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဟာ ကော်ဖီထုတ်လုပ်ရာမှာ အန္တရာယ်ဖြစ်စေတဲ့ပစ္စည်း တွေ ထည့်သွင်းပြုလုပ်တာကြောင့်ဖမ်းဆီခံခဲ့ရပါတယ်။

ညစ်ပတ်တဲ့ ကော်ဖီတွေကို ထုတ်လုပ်တဲ့လုပ်ငန်းရဲ့ပိုင်ရှင် ငုယဉ်သီလွမ် အပါအဝင် ပါဝင်ပတ်သတ်နေသူအားလုံးကိုလဲ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒက်နွန်ခရိုင်ရဲက ပြောပါတယ်။

ရဲတွေက သူ့ရဲ့ကော်ဖီလုပ်ငန်းကို ဝင်ရောက်ရှာဖွေရာမှာ အသင့်သောက်သုံးရန်အဆင့်ရှိပြီးသား ကော်ဖီမှုန့်တန်ချိန်အများအပြား တွေ့ရှိခဲ့သလို ကော်ဖီထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီအဟောင်းတွေကထုတ်လုပ်ထားတဲ့ အမှုန့်နဲ့ အရည်တွေကိုပါ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ညစ်ပတ်တဲ့ ကော်ဖီတွေကို ဈေးပေါပေါနဲ့ရတဲ့ အဆင့်မမှီတဲ့ကော်ဖီစေ့တွေကို အမှုန့်ကြိတ်ပြီး တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဖုန်မှုန့်၊ ကျောက်မှုန့်နဲ့ သုံးပြီးသားဘက်ထရီအဟောင်းတွေက ရတဲ့ အမှုန့်တွေနဲ့ ရောစပ်ပြုလုပ်တာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ လွမ်က ပြောပါတယ်။

လွမ်ဟာ ဒီလို ညစ်ပတ်တဲ့ကော်ဖီမှုန့်လုပ်ငန်းကို ၂၀၁၈ ခုနှစ်အစပိုင်းကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ဆီက အန္တရာယ်များတဲ့ ကော်ဖီမှုန့်တွေဟာ ဈေးကွက်ထဲမှာ ၃တန်လောက်အထိ ရောင်းချပြီးပြီလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ရဲတွေဟာ ဖမ်းဆီးရမိတဲ့ ကော်ဖီမှုန့်တွေရဲ့ အန္တရာယ်ကို သိရှိနိုင်ဖို့ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပါတယ်။ ကော်ဖီမှာ အသုံးပြုထားတဲ့ ဘက်ထရီအဟောင်းတွေက ရတဲ့ အမှုန့်တွေထဲမှာ မက်ဂနီဆီယမ် ဒိုင်အောက်ဆိုဒ်ဓာတ်တွေအဓိက ပါဝင်ပြီး ခဲ၊ ပြဒါး၊ ဇင့်၊ ကတ်မီယမ် နဲ့ အာဆင်းနစ်လို ဓာတ်တွေပါဝင်နေတယ်လို့ ဗီယက်နမ်အမျိုးသား တက္ကသိုလ်က ဓာတုဗေဒပညာရှင် တွဲဖက်ပါမောက္ခ ထရန်ဟွမ်ကွန် ကပြောပါတယ်။

ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းအားလုံးဟာ အလွန်အမင်း အဆိပ်သင့်စေတတ်တဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်ပြီး သောက်သုံးမိသူတွေကို ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးသွေးလွှတ်ကြော နဲ့ မျိုးပွားခြင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပြီး အများအပြားသောက်မိရင် အသက်သေဆုံးတဲ့ထိ ပြင်းထန်တယ်လို့ ဗီယက်နမ်အမျိုးသားတက္ကသိုလ်ရဲ့ အာဟာရဆိုင်ရာ ကျွမ်းကျင်သူပညာရှင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ကော်ဖီမစ်တွေ ဘာနဲ့လုပ်ထားသလဲဆိုတာ စစ်ဆေးဖို့ လိုအပ်နေပါပြီ

ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top