iMyanmarHouse.com - Best Property Website for Myanmar
×

ၾကာခဲ့ပါၿပီ။ ေႏြရာသီ မနက္ခင္းတစ္ခုတြင္ ျဖစ္၏။ ထိုေန႔က အဘႏွင့္က်ေနာ္ ရြာထိပ္လက္ဖက္ရည္ဆိုင္သို႔ လမ္းေလ်ွာက္ထြက္ခဲ့၏။

ထိုစဥ္ အိမ္ငွါးတန္းတစ္ခုေ႐ွ႕မွအျဖတ္ “လူေလး ဟိုးမွာၾကည့္စမ္း”ဟု အဘက ေျပာ၍ လွမ္းၾကည့္ရာ အိမ္အတက္အဆင္း ျပဳလုပ္ရာ ဖိနပ္ခံုတြင္ ဘုရားပန္းအိုးမ်ား တန္းစီခ်၍ ပန္းအိုး လဲေနေသာ အမ်ိဳးသမီးတစ္ဦးကို ေတြ႔ရ၏။

“အဲ့ဒီအိမ္မွာ သားသမီး႐ွိခဲ့ရင္ မိုက္ရိုင္းတဲ့ သားသမီးမ်ိဳး ျဖစ္လိမ့္မယ္ကြ “ဟု ေျပာ၏။ “ေနာက္ၿပီး မိသားစုအခ်င္းခ်င္း စိတ္၀မ္းကြဲမႈေတြ မၾကာခဏ ၾကံဳရတတ္တယ္” ဟုေျပာရာ ကြၽန္ုပ္လည္း မွတ္ထားလိုက္၏။

ဤသို႔ႏွင့္ အျပန္တြင္ ထိုအိမ္႐ွင္၏ သမီးျဖစ္ဟန္တူသူက “အေမတို႔က ဘာနားလည္လို႔လဲ လုပ္လိုက္ရင္ အလြဲလြဲ အေခ်ာ္ေခ်ာ္နဲ႔ ေနာက္နားမလည္ရင္ ဘာမွမေျပာနဲ႔…” စသျဖင့္ မၾကား၀ံ့မနာသာ စကားမ်ိဳးတို႔ျဖင့္ အေမျဖစ္သူကို ဆဲဆိုႀကိမ္းေမာင္းေနေတာ့၏။

အထက္ပါအျဖစ္အပ်က္ႏွင့္ ပတ္သက္၍  အဘယ့္ေၾကာင့္ ထုိသုိ႔ ျဖစ္ရသနည္းဟု အဘကို ေမးျမန္းရာ အဘက

“ဘုရားပန္းဆိုတာ ျမင့္ျမတ္တဲ့ သေဘာ လူကေလးရာ။ ပန္းနဲ႔ ပန္းအိုးဟာ နိမ့္က်တဲ့ ဖိနပ္ခြၽတ္မွာ မထားအပ္၊ မလဲအပ္ဘူးကြ။ အဲ့ဒါ ၿမဲၿမဲ မွတ္ထား။ မိဘဆိုတာ ဥယ်ာဥ္မွဴးသဖြယ္ တင္စားၾကတယ္။ သားသမီးေလးေတြဟာ ပန္းပြင့္ေလးေတြနဲ႔ တူတယ္ေလ။”

“ဒီေတာ့ ေကာင္းျမတ္တဲ့ပန္းကို မေကာင္းတဲ့ေနရာ ဖိနပ္ခြၽတ္မွာ လဲၿပီ ဆိုကတည္းက သားသမီး ႐ိုင္းမယ္လို႔ အဘေျပာခဲ့တာေပါ့ကြ။ ေနာက္တစ္ခုက ပန္းဆိုတဲ့ သေဘာဟာ တစ္ပြင့္တည္း ပြင့္ခဲတယ္ကြ။ စုစည္းညီၫြတ္စြာ ပြင့္ၾကတယ္။ သူတို႔ရဲ႕လုပ္ရပ္က စိတ္၀မ္းကြဲမႈေတြ ျဖစ္တည္ေစတဲ့ သေဘာေပါ့ကြာ..”ဟု ရွင္းျပေလ၏။

ကြၽန္ေတာ္လည္း အေသအခ်ာ မွတ္သားခဲ့ဖူးပါ၏။

ဤတြင္ ဘုရားပန္းအိုးအား နိမ့္က်ေသာေနရာတြင္ လဲလွယ္ျခင္းမွ ဆင္ျခင္၍ သားေကာင္းသမီးေကာင္းမ်ား ပိုင္ဆိုင္ၿပီး ေပ်ာ္ရႊင္ဖြယ္ မိသားစုမ်ား ပိုင္ဆိုင္ႏုိင္ၾကရန္ ဆႏၵျပဳလိုက္ရပါ၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆရာလင္းေဝေအာင္ (ေဗဒင္ပညာသုေတသီ)

#Unicode Version#



ကြာခဲ့ပါပြီ။ နွေရာသီ မနက်ခင်းတစ်ခုတွင် ဖြစ်၏။ ထိုနေ့က အဘနှင့်ကျနော် ရွာထိပ်လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်ထွက်ခဲ့၏။

ထိုစဉ် အိမ်ငှါးတန်းတစ်ခုရှေ့မှအဖြတ် “လူလေး ဟိုးမှာကြည့်စမ်း”ဟု အဘက ပြော၍ လှမ်းကြည့်ရာ အိမ်အတက်အဆင်း ပြုလုပ်ရာ ဖိနပ်ခုံတွင် ဘုရားပန်းအိုးများ တန်းစီချ၍ ပန်းအိုး လဲနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ၏။

“အဲ့ဒီအိမ်မှာ သားသမီးရှိခဲ့ရင် မိုက်ရိုင်းတဲ့ သားသမီးမျိုး ဖြစ်လိမ့်မယ်ကွ “ဟု ပြော၏။ “နောက်ပြီး မိသားစုအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ မကြာခဏ ကြုံရတတ်တယ်” ဟုပြောရာ ကျွန်ုပ်လည်း မှတ်ထားလိုက်၏။

ဤသို့နှင့် အပြန်တွင် ထိုအိမ်ရှင်၏ သမီးဖြစ်ဟန်တူသူက “အမေတို့က ဘာနားလည်လို့လဲ လုပ်လိုက်ရင် အလွဲလွဲ အချော်ချော်နဲ့ နောက်နားမလည်ရင် ဘာမှမပြောနဲ့…” စသဖြင့် မကြားဝံ့မနာသာ စကားမျိုးတို့ဖြင့် အမေဖြစ်သူကို ဆဲဆိုကြိမ်းမောင်းနေတော့၏။

အထက်ပါအဖြစ်အပျက်နှင့် ပတ်သက်၍  အဘယ့်ကြောင့် ထိုသို့ ဖြစ်ရသနည်းဟု အဘကို မေးမြန်းရာ အဘက

“ဘုရားပန်းဆိုတာ မြင့်မြတ်တဲ့ သဘော လူကလေးရာ။ ပန်းနဲ့ ပန်းအိုးဟာ နိမ့်ကျတဲ့ ဖိနပ်ချွတ်မှာ မထားအပ်၊ မလဲအပ်ဘူးကွ။ အဲ့ဒါ မြဲမြဲ မှတ်ထား။ မိဘဆိုတာ ဥယျာဉ်မှူးသဖွယ် တင်စားကြတယ်။ သားသမီးလေးတွေဟာ ပန်းပွင့်လေးတွေနဲ့ တူတယ်လေ။”

“ဒီတော့ ကောင်းမြတ်တဲ့ပန်းကို မကောင်းတဲ့နေရာ ဖိနပ်ချွတ်မှာ လဲပြီ ဆိုကတည်းက သားသမီး ရိုင်းမယ်လို့ အဘပြောခဲ့တာပေါ့ကွ။ နောက်တစ်ခုက ပန်းဆိုတဲ့ သဘောဟာ တစ်ပွင့်တည်း ပွင့်ခဲတယ်ကွ။ စုစည်းညီညွတ်စွာ ပွင့်ကြတယ်။ သူတို့ရဲ့လုပ်ရပ်က စိတ်ဝမ်းကွဲမှုတွေ ဖြစ်တည်စေတဲ့ သဘောပေါ့ကွာ..”ဟု ရှင်းပြလေ၏။

ကျွန်တော်လည်း အသေအချာ မှတ်သားခဲ့ဖူးပါ၏။

ဤတွင် ဘုရားပန်းအိုးအား နိမ့်ကျသောနေရာတွင် လဲလှယ်ခြင်းမှ ဆင်ခြင်၍ သားကောင်းသမီးကောင်းများ ပိုင်ဆိုင်ပြီး ပျော်ရွှင်ဖွယ် မိသားစုများ ပိုင်ဆိုင်နိုင်ကြရန် ဆန္ဒပြုလိုက်ရပါ၏။

ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာလင်းဝေအောင် (ဗေဒင်ပညာသုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top