×


 မင္းမဲ့စရိုက္ဆန္ဆန္၊ လူသားတစ္ေယာက္ရဲ့ ဂုဏ္သိကၡာကို တစ္ျပားမွမက်န္ေအာင္ ​ေဒါသအေလၽွာက္ လမ္းမႀကီးေပၚမွာ ရိုက္ႏွက္ေနတဲ့ ဗီဒီဒီယိုတစ္ခု လူမွုကြန္ယက္ေပၚမွာ ဒီေန႔မနက္ ပ်ံ႕ႏွံ့ခဲ့ပါတယ္။

Soe Moe Aung အေကာင့္ပိုင္ရွင္ တင္ထားခဲ့တဲ့ ပိုစ့္မွာေတာ့ -
၁၂.၇.၂၀၁၈ ရက္ေန႔
ရန္ကုန္တိုင္းေဒသႀကီး ခရမ္းၿမိဳ႕နယ္ ကရင္စုေက်းရြာက အုပ္ခ်ဳပ္ေရးမွူးတဲ့ဗ်ာ ေလးဇား(ေလးစား)စရာေကာင္းလိုက္တာ က်ပ္မေျပ့(ျပည့္)တဲ့ ညီကိုႏွစ္ေယာက္ကို ရိုက္ေနလိုက္တာ နာယကဂုဏ္(၆)ပါးႏွင့္ အညီေပါ့

ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွူးတို႔၏ က်မ္းက်ိန္ကတိသစၥာျပဳလႊာႏွင့္အညီလားဗ်ာ

ဟု ဗီဒီယိုဓါတ္ပုံမ်ားနဲ႔တစ္ကြ ေဖာ္ျပခဲ့ပါတယ္။

ဗီဒီယိုပါ အကၤ်ီအျဖဴေရာင္ ဝတ္ဆင္ထားၿပီး ရိုက္ႏွက္ေနတဲ့ လူဟာ တစ္ကယ္ပဲ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွူးလားဆိုတာ အတည္မျပဳနိုင္ေပမယ့္ ရိုက္ႏွက္ခံေနရတဲ့ လူငယ္ရဲ့ ပုံပန္းသ႑န္ကေတာ့ လက္ကေလးေတြ အေၾကာဆြဲသလို ေနာက္ကို ေကာင္ေနတဲ့အတြက္ အသိဉာဏ္အနည္းငယ္ခ်ိဳ႕ယြင္းသူလို႔ ယူဆနိုင္ပါတယ္။

ဒါအျပင္ လမ္းေဘးမွာလည္း တစ္ေယာက္က ထိုင္ရက္ေလးျဖစ္ေနတာကို ျမင္ေတြ႕ရပါတယ္။ မည္သို႔ပင္ျဖစ္ေစကာမူ အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္ကို လမ္းမႀကီးေပၚမွာ ဖိနပ္နဲ႔ မ်က္ႏွာေတြ၊ ဦးေခါင္းေတြႀကီးပဲ အဆက္မျပတ္ အားနဲ႔ရိုက္ႏွက္ေနတာကေတာ့ မင္းမဲ့စရိုက္ဆန္ၿပီး အက်ည္းတန္လြန္းလွပါတယ္။

ဒီလိုအျပဳမူမ်ိဳးဟာ မိရင္းဖရင္းက ျပဳမူေနတယ္ဆိုရင္ေတာင္ လက္ခံနိုင္စရာမရွိပါဘူး။ လူသားတစ္ေယာက္ရဲ့ တန္ဖိုးနဲ႔ ဂုဏ္သိကၡာကို တစ္သက္စာ ေခါင္းမေဖာ္ဝံ့ေအာင္ ျပဳမူတဲ့ လုပ္ရပ္ျဖစ္ပါတယ္။

အကယ္၍ ဒီလူဟာ အမွန္တစ္ကယ္ အုပ္ခ်ဳပ္ေရးမွူး တစ္ေယာက္သာ ျဖစ္ေနမယ္ဆိုပါက သာ၍ပင္ အျပစ္ႀကီးပါေသးသည္။ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက စစ္ေဆးေဆာင္ရြက္နိုင္ရန္ ေဖာ္ျပလိုက္ရပါသည္။ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 မင်းမဲ့စရိုက်ဆန်ဆန်၊ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တစ်ပြားမှမကျန်အောင် ဒေါသအလျှောက် လမ်းမကြီးပေါ်မှာ ရိုက်နှက်နေတဲ့ ဗီဒီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ဒီနေ့မနက် ပျံ့နှံ့ခဲ့ပါတယ်။

Soe Moe Aung အကောင့်ပိုင်ရှင် တင်ထားခဲ့တဲ့ ပိုစ့်မှာတော့ -
၁၂.၇.၂၀၁၈ ရက်နေ့
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကရင်စုကျေးရွာက အုပ်ချုပ်ရေးမှူးတဲ့ဗျာ လေးဇား(လေးစား)စရာကောင်းလိုက်တာ ကျပ်မပြေ့(ပြည့်)တဲ့ ညီကိုနှစ်ယောက်ကို ရိုက်နေလိုက်တာ နာယကဂုဏ်(၆)ပါးနှင့် အညီပေါ့

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ကျမ်းကျိန်ကတိသစ္စာပြုလွှာနှင့်အညီလားဗျာ

ဟု ဗီဒီယိုဓါတ်ပုံများနဲ့တစ်ကွ ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုပါ အင်္ကျီအဖြူရောင် ဝတ်ဆင်ထားပြီး ရိုက်နှက်နေတဲ့ လူဟာ တစ်ကယ်ပဲ ရပ်/ကျေး အုပ်ချုပ်ရေးမှူးလားဆိုတာ အတည်မပြုနိုင်ပေမယ့် ရိုက်နှက်ခံနေရတဲ့ လူငယ်ရဲ့ ပုံပန်းသဏ္ဍန်ကတော့ လက်ကလေးတွေ အကြောဆွဲသလို နောက်ကို ကောင်နေတဲ့အတွက် အသိဉာဏ်အနည်းငယ်ချို့ယွင်းသူလို့ ယူဆနိုင်ပါတယ်။

ဒါအပြင် လမ်းဘေးမှာလည်း တစ်ယောက်က ထိုင်ရက်လေးဖြစ်နေတာကို မြင်တွေ့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို လမ်းမကြီးပေါ်မှာ ဖိနပ်နဲ့ မျက်နှာတွေ၊ ဦးခေါင်းတွေကြီးပဲ အဆက်မပြတ် အားနဲ့ရိုက်နှက်နေတာကတော့ မင်းမဲ့စရိုက်ဆန်ပြီး အကျည်းတန်လွန်းလှပါတယ်။

ဒီလိုအပြုမူမျိုးဟာ မိရင်းဖရင်းက ပြုမူနေတယ်ဆိုရင်တောင် လက်ခံနိုင်စရာမရှိပါဘူး။ လူသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို တစ်သက်စာ ခေါင်းမဖော်ဝံ့အောင် ပြုမူတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အကယ်၍ ဒီလူဟာ အမှန်တစ်ကယ် အုပ်ချုပ်ရေးမှူး တစ်ယောက်သာ ဖြစ်နေမယ်ဆိုပါက သာ၍ပင် အပြစ်ကြီးပါသေးသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးဆောင်ရွက်နိုင်ရန် ဖော်ပြလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top